ရန်နိုင်စိန်၊ ဝဏ္ဏကျော်ထင်

ဝီကီပီးဒီးယား မှ
ရန်နိုင်စိန်
မွေးဖွားခင်​မောင်စိန်
၁၉၁၉ခုနှစ်
သစ်ဆိပ်ရွာထန်းတပင်မြို့ရန်ကုန်တိုင်းဗြိတိသျှဘားမား
ကွယ်လွန်၁၉၉၆ခုနှစ်
အလုပ်အကိုင်​တေး​ရေးဆရာ
အိမ်ထောင်ဖက်(များ)ခင်ခင်ရီ(၁၉၄၄)
မိဘ(များ)ဦးချစ် + ​ဒေါ်မှုန်
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်

အမည်ရင်းမှာ ဦးခင်မောင်စိန်ဖြစ်သည်။ ၁၉၁၉ခုနှစ်တွင် အဘဦးချစ်၊ အမိဒေါ်မှုန် တို့မှ မွေးဖွားသည်။ မွေးရာဇာတိမှာ ရန်ကုန်တိုင်းထန်းတပင်မြို့နယ်၊သစ်ဆိပ်ရွာဖြစ်သည်။

ရန်ကုန်မြို့၊ မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အသက်၁၆နှစ် အရွယ်မှစ၍ သီချင်းများရေးစပ်ခဲ့သည်။ အေဝမ်းကုမ္ပဏီ အသံထွက်ရုပ်ရှင် လပြာသို ဇာတ်ကားတွင် သီချင်းစတင်ရေးသားသည်ဟု သိရ၏။ မယ်ဒလင်၊ တယော၊ ဘင်ချိုတို့ကို ကျွမ်းကျင်စွာတီးနိုင်ပြီး ဝိုင်အမ်စီအေအသင်းကြီးက ကျင်းပခဲ့သော တူရိယာအတီး ပြိုင်ပွဲတွင် မယ်ဒလင် ပထမဆုရရှိခဲ့သည်။

လက်ဦးဆရာများမှာ ဘဏ်မန်နေဂျာ ဦးပြုံး(မယ်ဒလင်)၊ ဒေါ်​စောမြဧကြည်နှင့် မန္တလေးမှ ဆရာဘကလေး (အဆိုပညာ)တို့ ဖြစ်၏။ စာရေးဆရာကြီး ရွှေတိုင်ညွန့်ထံတွင် သီချင်းအရေးပညာကို လေ့လာဆည်းပူးခဲ့သည်။ အေဝမ်း၊ ဗြိတိသျှဘားမားနဲ့ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတို့တွင် တေးသီချင်းအများအပြား ရေးသားခဲ့၏။ ခင်ခင်ရီ၏ ဖန်ပေါင်းချောင်၊ စိန်ပါတီ၏ ဝတစ်လုံး၊ ဥဩဘသောင်း ၏ မဟာဒုက်၊ အလောင်းတော်ကုသ၊ ဘိလပ်ပြန်သန်း၏ လသာတဲ့ည၊ ပြည်လှဖေမေရှင်တို့၏ မိန်ရာသီ သီချင်းများမှာ ထင်ရှားကျော်ကြားသည်။

မူလက ရွှေဂုဏ်စိန်အမည်ဖြင့် ရေးသားသည်။ ဓာတ်ပြားခေတ်တွင် ရေးသားသော ပြန်လည်ထူထောင်ရေးသီချင်းနှင့် လွတ်လပ်ရေးသီချင်းတို့မှာလည်း ရန်နိုင်စိန်၏ ထင်ရှားသောတေးများဖြစ်သည်။

၁၉၄၄ ခုနှစ်တွင် ဗြိတိသျှဘာမား ရုပ်ရှင်မင်းသမီး အဆိုတော်ခင်ခင်ရီနှင့် အကြောင်းပါ၍ သားတစ်ယောက် ထွန်ကားခဲ့သည်။

မြန်မာ့အသံတွင် ခေတ်ပေါ်တေးဂီတ စိစစ်ရေးအဖွဲ့၊ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ခုနှစ်တွင် ကွယ်လွန်သည်။ နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့သည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိသူဂီတစာဆိုတော်တစ်ဦးဖြစ်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]