မာတိကာသို့ ခုန်သွားရန်

ခင်ခင်ထွေး (အပြေးမယ်)

ဝီကီပီးဒီးယား မှ
ဝဏ္ဏကျော်ထင်[] ဒေါ်
ခင်ခင်​ထွေး
Khin Khin Htwe
အားကစားပြတိုက်ရှိ ရုပ်တု
ကိုယ်ရေးအချက်အလက်
နိုင်ငံသား မြန်မာ
မွေးဖွား(1967-11-29)နိုဝင်ဘာ ၂၉၊ ၁၉၆၇
ကွယ်လွန်၃၀ စက်တင်ဘာ၊ ၂၀၂၁(2021-09-30) (အသက် ၅၃)
အားကစား
အားကစား​ပြေးခုန်ပစ်
ပြိုင်ပွဲစဉ်(များ)အ​ပြေး (၁၅၀၀မီတာ၊ မီတာ ၃၀၀၀)

ခင်ခင်​ထွေး (၁၉၆၇ - ၂၀၂၁) သည် မြန်မာ့ဂုဏ်​ဆောင် အ​ပြေးမယ်​တစ်ဦးဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှ ရွှေတံဆိပ်၂၈ ဆုရှင် ဖြစ်သည်။[]အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၀ခုအထိရယူ​ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲ​ပေါင်းစုံတွင် ရွှေတံဆိပ် ၂၈ ခု ရရှိထားသူဖြစ်သည်။အိုလံပစ် အားကစားပွဲတော်တွင်လည်း ၁၉၈၈ဆိုလ်းပွဲ​တော်၊ ၁၉၉၂ ဘာစီလိုနာပွဲ​တော်၊ ၁၉၉၆ အတ္တလန္တာပွဲ​တော်တို့တွင်တို့တွင် ၃ ကြိမ် ဆက်တိုက် နိုင်ငံကိုယ်စားပြု ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။ မီတာ ၁,၅၀၀ နှင့် ၃,၀၀၀ တို့တွင် စံချိန်တင်နိုင်ခဲ့သူလည်းဖြစ်သည်။

စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြောငြာစာအမှတ် (၁၂/၂၀၂၃) ဖြင့် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ အဆိုပါဘွဲ့တံဆိပ်ရရှိသူများအား အောက်တွင် လင့်ခ်ဖော်ပြပေးထားပါသည်။

ပြိုင်ပွဲဝင် မှတ်တမ်းများနှင့် ဆုတံဆိပ်များ

[ပြင်ဆင်ရန်]
​ဒေါ်ခင်ခင်​ထွေး ရရှိခဲ့​သော ဆုတံဆိပ်အချို့
 မြန်မာနိုင်ငံကိုယ်စားပြု
၁၉၈၅ ၁၉၈၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ထိုင်းနိုင်ငံဘန်​ကောက်မြို့ ၁၅၀၀ မီတာ ၄:၃၁.၂၆
၃၀၀၀ ၉:၃၃.၀၆
၁၉၈၇ ၁၉၈၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့ ၃၀၀၀ ၉:၃၅.၃၅
၁၉၈၈ ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကိုရီးယားသမ္မတနိုင်ငံဆိုလ်းမြို့ ၂၃ ၁၅၀၀ ၄:၂၀.၉၂
၂၉ ၃၀၀၀ ၉:၂၆.၅၇
၁၉၈၉ အာရှ​ပြေးခုန်ပစ် တံခွန်စိုက်ပြိုင်ပွဲ  အိန္ဒိယနယူး​​ဒေလီမြို့ ၁၅၀၀ ၄:၂၁.၀၆
၃၀၀၀ ၉:၂၂.၈၀
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ ၈၀၀ ၂:၀၈.၉၉
၁၅၀၀ ၄:၂၂.၂၅
၃၀၀၀ ၉:၂၆.၁၅
၁၉၉၀ ၁၉၉၀ အာရှအားကစားပြိုင်ပွဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ​ဘေကျင်းမြို့ ၁၅၀၀ 4:25.03၄:၂၅.၀၃
၁၉၉၁ အာရှ​ပြေးခုန်ပစ် တံခွန်စိုက်ပြိုင်ပွဲ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ ၁၅၀၀ ၄:၂၆.၀၈
၃၀၀၀ ၉:၁၉.၃၆
ကမ္ဘာ့​ပြေးခုန်ပစ် တံခွန်စိုက်ပြိုင်ပွဲ ဂျပန်နိုင်ငံတိုကျိုမြို့ ၂၂ ၁၅၀၀ ၄:၁၂.၂၁
၂၅ ၃၀၀၀ ၉:၀၇.၃၄
၁၉၉၂ ၁၉၉၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲ စပိန်နိုင်ငံဘာစီလိုနာမြို့ ၂၉ ၁၅၀၀ ၄:၁၈.၈၁
၂၈ ၃၀၀၀ ၉:၃၁.၇၀
၁၉၉၄ ၁၉၉၄ အာရှအားကစားပြိုင်ပွဲ ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ ၁၅၀၀ ၄:၁၈.၀၀
၁၉၉၅ ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲ ဆွီဒင်နိုင်ငံဂိုသန်ဘာ့ဂ်မြို့ ၂၇ ၁၅၀၀ ၄:၂၆.၆၉
၁၉၉၆ ၁၉၉၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲ အမေရိကန်ပြည်ထောင်စုအတ္တလန္တာမြို့ ၃၂ ၁၅၀၀ ၄:၃၀.၆၄

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

ဒေါ်ခင်ခင်ထွေးသည် အသဲကင်ဆာရောဂါအား ကုသနေရင်း ၂၀၂၁ခုနှစ် စက်တင်ဘာ ၃၀ရက်နေ့ည ၁၁နာရီကျော်တွင် ကွယ်လွန်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]

ဝဏ္ဏကျော်ထင်ဘွဲ့၊ မြန်မာ့အလင်း သတင်းစာ/စာမျက်နှာ ၁၂/Ref:https://www.mdn.gov.mm/newspaper/public/ebooks/read/8286#12 4 February 2023 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .