အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဗိုလ်ချုပ်ကြီး မိုးအောင်

၈ ဇန်နဝါရီ ၂၀၂၄ မှစ၍
စံအိမ်နေပြည်တော်
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဖွဲ့စည်းခြင်း၁၀ ဇန်နဝါရီ ၂၀၁၇

မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် သည် မြန်မာအစိုးရအဖွဲ့ရှိ ရာထူးနေရာတစ်ခု ဖြစ်သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်တွင် စတင်ပေါ်ပေါက်လာသည့် ရာထူးတခုလည်း ဖြစ်သည်။ ထိုရာထူးနေရာကို သမ္မတဦးထင်ကျော် က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၆) ဖြင့် သဘောတူဆုံးဖြတ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုး ခန့်အပ်တာဝန်ပေးသည်။[၁] ဤရာထူးကို ဦးသောင်းထွန်း အား စတင်ခန့်အပ်သည်။

တာဝန်နှင့် လုပ်ပိုင်ခွင့်များ[ပြင်ဆင်ရန်]

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် သည် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြည်တွင်းပြည်ပ အန္တရာယ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်အကြံပြုရသည်။ အကြံပေးပုဂ္ဂိုလ်ရာထူး ကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်သည်။ ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တွင်လည်း အဆိုပါရာထူးနေရာအား ဆက်လက်ခန့်ထားသည်။[၂] ထိုသို့ဆက်လက်ခန့်ထားရာတွင် တာဝန် နှင့် လုပ်ပိုင်ခွင့် အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက် ဟု သတ်မှတ်ပေးသည်။[၃]


အကြံပေးပုဂ္ဂိုလ်များ စာရင်း[ပြင်ဆင်ရန်]

စဉ် ပုံ အမည် ရာထူးသက်တမ်း အစိုးရအဖွဲ့
တာဝန်စတင် တာဝန်ပြီးဆုံး ရက်ပေါင်း
ဦးသောင်းထွန်း ၁၀ ဇန်နဝါရီလ ၂၀၁၇ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁ ၁၄၈၃


သမ္မတဦးထင်ကျော် အစိုးရအဖွဲ့
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၂၂ မေ ၂၀၂၁ ၈ ဇန်နဝါရီ ၂၀၂၄ ၉၆၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီး နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်
ဗိုလ်ချုပ်ကြီး မိုးအောင် ၈ ဇန်နဝါရီ ၂၀၂၄ လက်ရှိ ၉၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ဝန်ကြီး အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်


ကိုးကား[ပြင်ဆင်ရန်]

  1. အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ခန့်အပ်RFA Burmese (၁၁ ဇန်နဝါရီ ၂၀၁၇)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. စစ်ကောင်စီ ဥက္ကဋ္ဌ၏ လုံခြုံရေးဆိုင်ရာ အကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဖြစ်လာThe Irrawaddy (၂၄ ဇွန် ၂၀၂၁)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အစားထိုးခန့်အပ်ခြင်းMOI Myanmar (၈ ဇန်နဝါရီ ၂၀၂၄)။ ၁၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။