ရဟန္တာဓာတ်တော်

ဝီကီပီးဒီးယား မှ

ဂေါပကတွေ အလှူငွေ ရချင်တဲ့အခါလည်း ဓါတ်တော်ကျအောင် ဖန်တီးတတ်ကျပါသေးတယ် ။ သုသေသနပညာရှင်များ အနေနဲ့ ဓါတ်တော်တွေကို သိပ္ပံဆန်းသပ်ချက်မှ ပြုလုပ်သည်စု မကြုံဖူး မကြားဖူးသေးပါ ။ တစ်ခါတစ်ရံ ကျောက်ကပ်မှ ကျောက်တည်သည်ကိုလည်း ဓါတ်တော်ဟု မှားယွင်း ယုံစား မိတ်တတ်ပါသေးသည် ။ ဗုဒ္ဓဘာသာထွန်းကားသော အခြားဒေသများတွင် ဓါတ်တော်မကျချင်းမှာလည်း ထူးခြားမှု တစ်ခု ထြစ်နေသည် ။ ဘုရားဝိနည်းတော်၏ ငွေကိုင်လျင် အာပတ်သင့်သည်ကို ချိုးဖောပ်သူများလည်း ဓါတ်တော် ကျသည်ဆိုချင်းမှာ သုံးသပ်ချင့်ချိန်၍ ယုံသင့်ဖွယ်ဖြစ်သည် ။ အောက်တွင်ဖော်ပြသည်များမှာ ဘာသာရေးယုံကြည်သူများ၏ သဒ္ဒါလွန်မှုများသာ ဖြစ်သည် ။ (မနောကံ) editသည် ရဟန္တာတိုင်း ဓာတ်တော်မကျပါဘူး။ အ ဓိဋ္ဌာန်မှသာဓာတ်တော်ကျပါတယ်။ ဓာတ်တော်များဟာလည်း တစ်ပါးနဲ့တစ်ပါး ပုံစံချင်းမတူကြပါဘူး။ အလုံးချည်းပဲ မဟုတ်ပါဘူး။ အစုံဖြစ်ပါတယ်။ ကွန့်မြူးအောင် အ ဓိဋ္ဌာန်ရင် ကွန့်မြူးကြပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ဘာမှ မကျန်စေနဲ့ အကုန်ပြာဖြစ်ပါစေ လို့ အဓိဋ္ဌာန်တာလဲ ရှိပါတယ်။ နောက် အလောင်းအတိုင်း မပုပ်မသိုး ကာလတစ်ခုအထိရှိစေတာလဲ ရှိပါတယ်။ အကိုမှတ်ထားဖူးတာ- ရှင်သာရိပုတြာ ဆို ပွတ်သစ်စ ခရုသင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဓာတ်တော်၊ ရှင်မောဂ္ဂလန် ဆို မြတ်လေးပန်းငုံ နှင့်တူသော ဓာတ်တော် စသည်ဖြင့်ကွာပါတယ်။

သေချာတဲ့ သာဓကတွေ အနေနဲ့ကတော့ -ဘုရားရှင်လက်ထက်တော်က အရှင်ဒဗ္ဗ ဆိုတာ ကျောင်းအိပ်ရာနေရာခင်းကျင်းရာမှာ သေချာ ကောင်းမွန်သင့်တော်မှုအရာ၌ အဂ္ဂ သောနာသန ပညာပက ဘွဲ့ချီးမြှင်ခံရပါတယ်။ သူကပရိနိဗ္ဗာန်ပြုကာနီးတော့ သူ့အလောင်းကြောင့် သတ္တဝါတွေ ကိစ္စမများဖို့ ရည်စူးပြီး အ ဓိဋ္ဌာန် ခဲ့လို့ ပရိနိဗ္ဗာန်ပြုတာနဲ့ အလောင်းကသူ့ဟာသူတေဇောဓာတ်လောင်ပြီး ပြာဖြစ်တယ်။ ဘာမှ မချန်ခဲ့ဘူး။ ဓာတ်ဆီကို မီးရှို့သလိုပဲ လို့ ဆိုပါတယ်။

အရှင်ဗာကုလ ဆိုရင် သူများအကျိုးကို အမြဲရွတ်ဆောင်ခဲ့တယ်။ ဒါကြောင့် သူ့အလောင်းကြောင့်လဲ သူများတွေ မဆင်းရဲစေသတည်းလို့ အ ဓိဋ္ဌာန် ခဲ့လို့ ပရိနိဗ္ဗာန်ပြုတာနဲ့ အလောင်းကသူ့ဟာသူတေဇောဓာတ်လောင်ပြီး ပြာဖြစ်တယ်။ ဘာမှ မကျန်ဘူး။

ရဟန္တာတင်မဟုတ်ပါဘူး။ ဂေါတမဘုရားရှင်နဲ့ ကဿပ ဘုရားရှင်နှစ်ဆူအကြားမှာ ပစ္စေက ဗုဒ္ဓါတွေ အများကြီးရှိခဲ့တယ်။ နောက်ဆုံးတစ်ဆူကတော့ ရှင်မာတင်ဂ လို့ ဘွဲ့တော်ခေါ်ပါတယ်။ ဂေါတမဘုရားလောင်း သေတကေတု နတ်သား နတ်သက်ကြွေခံပြီး မယ်တော်မာယာ ဝမ်းကြာတိုက်မှာ သန္ဓေယူတဲ့ အခါမှာ( မဟာသက္ကရာဇ် ၆၇ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့ပေါ့ ) နတ်တွေက ရှင်မာတင်ဂ ကို သွားလျှောက်ကြတယ် လို့ ဆိုပါတယ်။ အရှင်ဘုရား သုံးလောကထွတ်ထား ၊ သဗ္ဗညုတ ဘုရားရှင် ပွင့်တော်မူဖို့ လူသားမိခင်ဝမ်းမှာ သန္ဓေစယူနေပါပြီ လို့ လျှောက်ထားကြတဲ့ အခါ ၊ ရှင်မာတင်ဂ က လောကမှာ သဗ္ဗညုတ ဘုရားရှင် နဲ့ ပစ္စေကဗုဒ္ဓ ယှဉ်ပြိုင်ပြီး ပွင့်ရိုးထုံးစံ မရှိဘူးလို့ သိတယ်။ သူ ပရိနိဗ္ဗာန်ပြုဖို့ အချိန်ရောက်ပြီဆိုတာလဲ သိတယ်။ နောင်တော် ပစ္စေက ဗုဒ္ဓါတွေ ပရိနိဗ္ဗာန်ပြုထားတဲ့ နေရာမှာ သွားကြည့်တော့ အရိုးတွေ အချောင်းလိုက်ရှိနေသေးတာ တွေ့ရတယ်။ ဒီတော့ သူလဲ ဘယ်လို ပရိနိဗ္ဗာန်ပြုသင့်လဲဆိုတာ ဆင်ခြင်လိုက်တော့ ဓာတ်တော်ချန်လို့ရတယ်။ အရိုးချန်လို့ ရတယ်။ ဘာမှ မကျန်လို့ ရတယ်။ အလောင်းကျန်လို့ရတယ် စသဖြင့် လုပ်နိုင်တာတွေ သိတယ် ။ ဒီတော့ သူ့တစ်ကိုယ်စာနေရာရအောင် နောင်တော် ပစ္စေက ဗုဒ္ဓါတွေ ရဲ့ ကျန်နေတဲ့ အရိုးပုံကြီးကို တောင်အောက်ပစ်ချပြီး သူ့အတွက်နေရာ တစ်နေရာလဲ ရရော တေဇောဓာတ်လောင်ဖို့ အဓိဋ္ဌာန်ပြီး ၊ လောင်ကျွမ်းလိုက်တယ်။ အရိုးချန်တယ်ဆိုပါတော့ ။

ဒီဘက်ခေတ်မှာလဲ ရဟန္တာတွေ အများကြီးကို ရှိနေတာ မျိုးစုံပရိနိဗ္ဗာန်ပြုကြတာတွေ့ရပါတယ်။ စွန်းလွန်းဆရာတော်ကြီး ဦးကဝိ ဆို အလောင်းကို မပုပ်မသိုးအောင် ချန်ခဲ့တယ်။ ထားဝယ် ဘုတ်ပြင်းရွာက ဆရာတော်ကြီးလဲ အလောင်းကို မပုပ်မသိုးအောင် ချန်ခဲ့တယ်။

မြန်အောင်ဆရာတော်ကြီး ဦးသာသန ၁၃၅၄ ခု၊ ပြာသိုလဆန်း(၅)ရက် ၊ နံနက် (၆း၃၀) မှာ ပရိနိဗ္ဗာန်ပြုတော့ (၁၁)ရက်ကြာမှ အရိုးပြာကောက်ကြတာ ဓာတ်တော်တွေအများကြီးကို ချန်တယ်။ အမျိုးစုံချန်တယ်။ အသီး ၊အခိုင်၊အခဲ ၊ အရွယ်စုံ စသည်….ဓာတ်တော်တွေကို ကွန့်မြူးခိုင်းတယ် ။ နေတိုင်းညနေဆို ဓာတ်တော်တွေ မြူးနေကြတယ်။ ဒါကြောင့် မြန်အောင်က မူစလင်တွေတောင် ဗုဒ္ဓဘာသာဝင်ဖြစ်လာကြတယ် လို့ ဆိုပါတယ်။ အဲဒီတုန်းကပေါ့ ။

မိုးကုတ်ဆရာတော်ကြီး ဓာတ်တော် အလုံးတွေ မျက်လုံးတော်၊သွားတော် စသည်ကျန်တယ်။ ဖူး ဖူးကြပါလိမ့်မယ်။ ဆားတောင်ဆရာတော်ကြီး( မကြာသေးဘူး) ပရိနိဗ္ဗာန်ပြုတာ။ စွန်းလွန်းဆရာတော်ကြီး ဦးကဝိ ရဲ့ ကျင့်စဉ်နဲ့ပဲ ရဟန္တာဖြစ်တယ်။ သွေးတော်၊ ဆံတော် ၊ အရိုးတော်၊ အစုံပဲ တော်တော်ကို ထူးဆန်းတဲ့ ဓာတ်တော်တွေ ချန်ခဲ့ တယ်။ လယ်တီဆရာတော် ၊ မဟာစည် ဆရာတော် ၊ ဝေဘူဆရာတော် ၊ ဦးသီလ ၊ မိုးညှင်းဆရာတော် စသည် ထူးဆန်းတာတွေ အများကြီးပါပဲ ။ ဓမ္မစရိယ ဦးဋ္ဌေးလှိုင်ရေးတဲ့ ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများစာအုပ် မှာ ဖတ်ကြည့်ပါ ။

ဆရာတော် အရှင်ဆန္ဒါဓိက ၏ ဆောင်းပါး ။ ရဟန္တာ နဲ့ အရိုးဆက်ပြဿနာ ။

…ဒကာလေးတစ်ယောက်က ဦးဇင်းကိုလျှောက်ဖူးပါတယ်။

ဆရာတော်တစ်ပါး ရဟန္တ္တာလို့ နာမည်ကြီးလာရင် ဆေးရုံပင့်သွားပြီး ဓာတ်မှန်ရိုက်ကြည့်မယ်။ အရိုးကွင်းဆက်ဆိုရင် ရဟန္တာ၊ အရိုးကွင်းဆက်မဟုတ်ရင် ရဟန္တာမဟုတ်ဘူးပေါ့။ ရှင်းနေတာပဲ၊ ဘာမှအငြင်းပွားစရာ မလိုတော့ဘူး…တဲ့

ရဟန္တာမှန်ရင် အရိုးကွင်းဆက် ဆိုတဲ့ ကြားဖူးနားဝ တစ်ဆင့်စကားတွေကို အမှန်လို့ ထင်မြင်ယူဆပြီး လျှောက်ထားလိုက်တာပါပဲ။ ဓာတ်မှန်ရိုက်ကြည့်လို့ အရိုးကွင်းဆက်မဟုတ်ရင် ရဟန္တာမဟုတ်ဘူးလို့ သူသတ်မှတ်မှာသေချာပါတယ်။ တကယ်လို့များဓာတ်မှန်ရှင်က ရဟန္တာဖြစ်နေခဲ့ရင် ရဟန္တာကိုပြစ်မှားတဲ့ အကုသိုလ်ကံကြီးထိုက်တော့မှာ မလွဲပါဘူး။

လူသားတွေရဲ့ အရိုး တစ်ခုနဲ့တစ်ခု ဆက်ပုံက ကွင်းဆက်၊ ချိတ်ဆက်၊ တေ့ဆက် လို့ သုံးမျိုးရှိပါတယ်။ အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက ကွင်းဆက် ဖြစ်ပြီး အလယ်အလတ် မြင့်မြတ်သူတွေရဲ့ အရိုးက ချိတ်ဆက် ဖြစ်ပါတယ်။ သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေရဲ့ အရိုးကတော့ တေ့ဆက် တွေချည်းပါပဲ။ အမြင့်မြတ်ဆုံး လူသားတွေဆိုတာ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လည်းသိ၊ ကျွတ်ထိုက်သမျှ ဝေနေယျတွေကိုလည်း သိအောင် ဟောပြော ညွှန်ပြတော်မူနိုင်တဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တွေပါပဲ။ သမ္မာသမ္ဗုဒ္ဓဘုရားရှင် အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု ကွင်းဆက်ဆက်နေကြပါတယ်။ သံကွင်းတစ်ကွင်းနဲ့ တစ်ကွင်းကို ဂဟေဆော်ပြီး တွဲဆက်ထားသလို တစ်လုံးတစ်ခဲတည်း၊ တစ်ဆက်တစ်စပ်တည်း ဆက်နေကြပါတယ်။

အလယ်အလတ် မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်သာသိမြင်ပြီး သတ္တဝါဝေနေယျတွေကို သိအောင် ဟောပြတော် မမူနိုင်တဲ့ ပစ္စေကဗုဒ္ဓါဘုရားရှင် တွေပါပဲ။ ပစ္စေကဗုဒ္ဓါဘုရားရှင်အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆက်နေကြပါတယ်။ ချွန်းချိတ်တွေ အချင်းချင်း ချိတ်တွယ်ငြိကပ် ဆက်စပ်နေကြပါတယ်။

သာမန်မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်မသိမြင်နိုင်ဘဲ ဘုရားဟောတဲ့တရားကို ဘုရားထံက တိုက်ရိုက်ဖြစ်စေ၊ သာဝက ( ဘုရားတပည့် )ထံက ထပ်ဆင့်ဖြစ်စေ နာယူရမှ သိမြင်နိုင်တဲ့ သောတာပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ၊ အရိယာပုဂ္ဂိုလ်ကြီးတွေပါပဲ။

ရိုးရိုးလူသားတွေ ဆိုတာကတော့ ကံနဲ့ကံရဲ့အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်ပြီး ရုပ်နာမ်ဖြစ်ပျက်ကို မြင်နိုင်စွမ်းတဲ့ ကလျာဏပုထုဇဉ် ( ပုထုဇဉ် အကောင်း ) ပုဂ္ဂိုလ်တွေနဲ့ ကံ ကံရဲ့အကျိုးကို မယုံကြည်တဲ့၊ ရုပ်နာမ်ဖြစ်ပျက်ကို မမြင်ဘဲ ပုဂ္ဂိုလ်သတ္တဝါ ပညတ်တွေမှာ အစွဲအလမ်းကြီးနေတဲ့ အန္ဓပုထုဇဉ် ( ပုထုဇဉ်အကန်း ) ပုဂ္ဂိုလ်တွေပါပဲ။

ရဟန္တာပုဂ္ဂိုလ်ကြီးများ အပါအဝင် သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေအားလုံးရဲ့ အရိုးတွေဟာ တစ်ခုနဲ့တစ်ခု တေ့ဆက် ဆက်နေကြပါတယ်။ အရိုးတစ်ခုရဲ့ ထိပ်နဲ့ တခြားအရိုးတစ်ခုရဲ့ထိပ်၊ ထိပ်ထိပ်ခြင်း ထိစပ်ပြီး တေ့တွဲတွဲ ပူးကပ်ဆက်စပ်နေကြပါတယ်။

အရိုးစုကမ္မဌာန်း ရှုပွားကြတဲ့ တချို့ တရားရိပ်သာတွေမှာ ဦးခေါင်းခွံနဲ့တကွ တစ်ကိုယ်လုံးက အရိုးစုတွေကို သံကြိုးလေးတွေနဲ့ တွဲသီပြထားတာ တွေ့နိုင်ပါတယ်။ ဆေးကုခန်းတွေက နံရံတွေမှာ ကပ်ပြထားတတ်တဲ့ အရိုးစုပိုစတာတွေမှာလည်း လူ့အရိုးတွေ တစ်ခုနဲ့တစ်ခု ဘယ်လို တွဲဆက်နေကြတယ် ဆိုတာ လေ့လာနိုင်ပါတယ်။

တရားရိပ်သာနဲ့ ဆေးခန်းပိုစတာတွေမှာ ပြသထားတဲ့ အဲဒီအရိုးတွေအားလုံးဟာ ဘုရား၊ ပစ္စေကဗုဒ္ဓါ မဟုတ်တဲ့ လူသားတွေရဲ့ အရိုးတွေချည်းဖြစ်လို့ အရိုးအားလုံးဟာ တေ့ဆက် ဆက်နေကြတာချည်းပါပဲ။

အနှစ်ချုပ် ပြန်ပြောရရင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ အရိုးဟာ ကွင်းဆက်၊ ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ရဲ့ အရိုးဟာ ချိတ်ဆက်၊ ရဟန္တာအပါအဝင် ကျန်လူသားအားလုံးရဲ့ အရိုးဟာ တေ့ဆက် ဖြစ်ပါတယ်။

ဦးဇင်းတို့ မြတ်စွာဘုရားရှုင်ရဲ့ အရိုးတော်တွေဟာ အဆက်ကြီး တစ်ဆက်နှစ်ဆက်နဲ့ လက်ချောင်းတော် အဆစ်နေရာတွေလွဲရင် တစ်ကိုယ်တော်လုံးက အရိုးတွေအားလုံး သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေကြပါတယ်။

အဆက်ကြီး တစ်ဆယ့်နှစ်ဆက်ဆိုတာက လက်ဝဲလက်ယာ လက်ကောက်ဝတ်နှစ်ခုနဲ့ လက်ဆက်တဲ့ အဆက်နှစ်ခု၊ လက်ကောက်ဝတ်ကနေ တံတောင်ဆစ်ထိ လက်နဲ့ လက်မောင်းဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲလက်ယာ )၊ လက်မောင်းနဲ့လက်ပြင်ရိုး ဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲလက်ယာ)၊ ခြေဖမိုးတော်နဲ့ ခြေသလုံးတော်ဆက်တဲ့ အဆက်နှစ်ခု ( ဝဲ၊ယာ )၊ ခြေသလုံးရိုးနဲ့ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ၊ယာ )၊ ပေါင်ရိုးနဲ့တင်ပါးဆုံရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ၊ယာ ) တို့ပါပဲ။

မြတ်စွာဘုရားရှင်ရဲ့ လည်ပင်းရိူးတော်တွေဟာ သံကွင်းဆက်တွေ ဂဟေဆော်ထားသလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေတဲ့အတွက် တစ်နေရာရာကို နောက်ပြန်လှည့်ကြည့်တော့မယ်ဆိုရင် လည်ပင်းတော်ချည်းသက်သက် လှည့်ကြည့်လို့ မရပါဘူး။ တစ်ကိုယ်တော်လုံး လှည့်ကြည့်မှရပါတယ်။

ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ ပါရမီတော်ဘုန်းကံကြောင့် ကိုယ်တော်တိုင် တမင် နောက်ပြန်လှည့်နေစရာ မလိုပါဘူး။ တစ်နေရာကို နောက်ပြန် လှည့်ကြည့်မယ်လို့ စိတ်တော်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် မဟာပထဝီမြေကြီးက အရှင်ဘုရား ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေဟာ ကိုယ်တိုင် နောက်ပြန်လှည့်ရမယ့် ပါရမီမျိုးတွေ မဟုတ်ပါဘူး။ လှည့်မယ်လို့ မပြောသော်လည်း၊ ပြောသကဲ့သို့ဖြစ်ပြီး အိုးထိန်းစက်လို ပတ်ချာလည်သွားလိုက်တာ မြတ်စွာဘုရား ကြည့်တော်မူလိုရာ အရပ်ကို မျက်နှာတော်မူမိပြီဆိုမှ ရပ်သွားပါတော့တယ်။

မြတ်စွာဘုရား ကြည့်တော်မူလိုရာအရပ်နဲ့ မျက်နှာချင်းဆိုင်မိအောင် မဟာပထဝီမြေကြီးက မြတ်စွာဘုရားရှင်ရဲ့ ကိုယ်တော်ကို လှည့်ပေးလိုက်တာပါပဲ။ ဆံပင်ညှပ်ဆရာက သူညှပ်လိုတဲ့နေရာရောက်အောင် ဆုံလည်ကုလားထိုင်ကိုလှည့်ပြီး ဆံပင်ညှပ်သူကို အနေအထား ပြောင်းပေးသလိုမျိုးပေါ့။ ကြည့်တော်မူ လိုရာအရပ်ကို ကြည့်ပြီးပြီဆိုမှ သွားတော်မူလိုရာ အရပ်ကိုမျက်နှာပြန်မူမိအောင် မဟာပထဝီမြေကြီးက ပြန်လှည့်ပေးပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ အဲဒီလိုကြည့်တော်မူခြင်းမျိုးကို ဆင်ပြောင်ကြီးရဲ့လှည့်ကြည့်ခြင်း ( နာဂါပလောကိတ ) လို့ခေါ်ပါတယ်။ ဆင်ပြောင်ကြီးတွေ နောက်ပြန်လှည့်ကြည့်မယ်ဆိုရင် လည်ပင်းသက်သက် လှည့်ကြည့်လို့မရဘဲ တစ်ကိုယ်လုံး လှည့်ပြီးကြည့်မှ ရလို့ပါပဲ။

ပရိနိဗ္ဗာန်စံတော်မူဖို့ သုံးလအလို ဝေသာလီမြို့မှာ အာယုသင်္ခါရ လွှတ်တော်မူပြီးတဲ့နောက် ဝေသာလီမြို့ကနေ ပရိနိဗ္ဗာန်စံမယ့် ကုသိနာရုံကို ကြွတဲ့ခရီးမှာ မြတ်စွာဘုရားရှင်ဟာ ဝေသာလီမြို့တံခါးပေါက် နေရာအရောက် ဝေသာလီမြို့ကို နောက်ဆုံးကြည့်ခြင်းအနေနဲ့ နောက်ပြန်လှည့်ကြည့်တော်မူခဲ့ပါတယ်။ ဆင်ပြောင်ကြီးရဲ့ လှည့်ကြည့်ခြင်းမျိုးနဲ့ပါပဲ။

ဝေသာလီမြို့ကို မြတ်စွာဘုရား လှည့်ကြည့်တာဟာ အလွမ်းပြေ လှည့်ကြည့်တာ မဟုတ်ပါဘူး။ မခွဲနိုင်မခွာရက်လို့ လှည့်ကြည့်တာလည်း မဟုတ်ပါဘူး။ မြတ်စွာဘုရား နောက်ပြန်လှည့်ကြည့်တဲ့ မြို့တံခါးပေါက်နေရာမှာ ဝေသာလီမင်းတွေ စေတီတည်ပြီး ပန်းရေချမ်း ဆွမ်းဆီမီး စသည်နဲ့ လှူဒါန်းပူဇော်ကြရင် အဲဒီကုသိုလ်က နောက်သုံးနှစ်အကြာမှာ သေကြေပျက်စီးကြတော့မယ့် ဝေသာလီမင်းတွေအတွက် အားကိုးအားထားရာ သံသရာ ရိက္ခာဖြစ်လိမ့်မယ်လို့ ကြိုတင်သိမြင်တော်မူတဲ့အတွက် ဝေသာလီမင်းတွေကို ချီးမြှောက်စောင့်ရှောက်တဲ့အနေနဲ့ နောက်ပြန်လှည့်ကြည့်တော်မူခြင်း ဖြစ်ပါတယ်။

အရိုးကွင်းဆက် ဆိုတာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေနဲ့သာ သက်ဆိုင်တဲ့ သီးခြားဂုဏ်ထူးတစ်ခုဖြစ်သလို အရိုးချိတ်ဆက်ဆိုတာလည်း ပစ္စေကဗုဒ္ဓါဘုရားရှင် တို့နဲ့သာ သက်ဆိုင်တဲ့ သီးခြားဝိသေသ တစ်ခုဖြစ်ပါတယ်။ ရဟန္တာဆိုတာ ဘုရား၊ ပစ္စေကဗုဒ္ဓါတို့နဲ့ နှိုင်းယှဉ်ရင် ပါရမီချင်းရော၊ အသိဉာဏ်ခြင်းရော အဆင့်အတန်း အများကြီးနိမ့်တာမို့ ဘုရားနဲ့ပြိုင်ပြီး အရိုးကွင်းဆက်လို့ မယူဆသင့်သလို ပစ္စေကဗုဒ္ဓါနဲ့ ပြိုင်ပြီးလည်း အရိုးချိတ်ဆက်လို့ မသတ်မှတ်သင့်ပါဘူး။ သာမန်လူတွေလို အရိုးတေ့ဆက်လို့ပဲ ပိဋကတ်တော်နဲ့အညီ သံသယမရှိ မှတ်သားထားသင့်ပါတယ်။

တကယ်တော့ ဘုရားသားတော် ရဟန်းတော်တွေကို ရဟန္တာ ဟုတ်မဟုတ် စိစစ်ဝေဖန်တဲ့ အလုပ်ဟာ လူဝတ်ကြောင် ဒကာဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။ သူပြောတဲ့စကား၊ သူဟောတဲ့တရားက ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ဘဝကို ကောင်းရာမြတ်ရာ ငြိမ်းချမ်းရာဘက် တိုးတက်ပြောင်းလဲ စေနိုင်တယ်ဆိုရင် ရဟန်းတာတာ-မတာတာ ယုံကြည်လေးမြတ်စွာ ကိုးကွယ်ဆည်းကပ်ရုံပါပဲ။ ( ဘုရားဟော ထေရဝါဒ ပိဋကတ်တော်နဲ့ ကိုက်ညီတဲ့ အဆုံးအမတွေ ဖြစ်ဖို့တော့ အထူးအရေးကြီးပါတယ်။ )

ရဟန္တာဆီတပည့်ခံ အားထုတ်မှ ရဟန္တာဖြစ်မှာ မဟုတ်ပါဘူး၊ ပုထုဇဉ်ဆီ တပည့်ခံအားထုတ်ရင်လည်း ဘုရားဟောကျင့်စဉ်နဲ့ ကိုက်ညီရင် ရဟန္တာ ဖြစ်နိုင်ပါတယ်။ ရဟန္တာလို့ နာမည်ကြီးပေမယ့် သူညွှန်ကြားတဲ့ကျင့်စဉ်တွေက ဘုရားဟောထေရဝါဒကျင့်စဉ်တွေနဲ့ ဆန့်ကျင်နေမယ်ဆိုရင်တော့ ဆရာမှားရင် တစ်သံသရာလုံးမှောက် ဆိုတဲ့ စကားအတိုင်း အကြီးအကျယ်ကို ကိုယ်ကျိုးနည်းကြရပါလိမ့်မယ်…လို့…။

ဆရာတော်ရေးတဲ့ အတိုင်း ပြန်ကူးပေးလိုက်တာပါ ။

သိဒ္ဓိစွမ်းအားကျင့်စဉ်များ၊ဘုရားဟော သမထပိုင်းဆိုင်ရာ ကမ္မဋ္ဌာန်းကျင့်စဉ်များ မှာ စုတိစိတ်ကို အရမ်းကို ညင်သာစွာချုပ်နိုင်ရင် အလောင်းကောင်းမပုပ်သိုးပဲ ကျန်တတ်ပါတယ်။

သတိထားမိတာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ရဟန္တာ အရိုး ချိတ်ဆက်နေတတ်တယ်လို့ မိုးကုတ်ဆရာတော်ကြီးဟောတာရှိပါတယ်။ ဆရာတော်အရှင် အရှင်ဆန္ဒါဓိက ၏ ဆောင်းပါးကတော့ အဋ္ဌကထာ သုတ်မဟာဝါကို ကိုးကားပြီး ရေးထားတာပါ။ မိုးကုတ်ဆရာတော်ကြီးနဲ့ အဋ္ဌကထာမတူတာတော့ သတိထားမိတယ်။ မိုးကုတ်ဆရာတော်ကြီး ကတော့ ကိုယ်တိုင်လဲ ရဟန္တာဆိုတော့ အဋ္ဌကထာဆရာဟောတာထက် ပိုတိကျမှန်ကန်မယ်လို့ ယုံမိပါတယ် ။ အခုနောက်ပိုင်းမှာလဲ ချိတ်ဆက်နေသော အရိုးတော်ဆိုတာကို မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ ၊ ဦးဃောသိတ တို့ရဲ့ အန္တိမဈာပန အပြီးတွေမှာ ဓာတ်ပုံတွေကနေဖူးနေရပါတယ်။ ဒါကြောင့် ရဟန္တာမှာအရိုး ချိတ်ဆက်နိုင်တယ်လို့ လဲ ယူဆမိပါကြောင်း။