အရိယသာဝက
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
(ခ) အရိယာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်။ (ပြလတ္တံ့သော သာဓကတို့တွင် အံ၊ ဋ္ဌ-၌ ၄-ချက် ခွဲပြထား၏။ [၂]
- (၁) မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့သည် အရိယာပုဂ္ဂိုလ်သာ ဟုတ်၍ တပည့်သာဝက မဟုတ်ကြ။
- (၂) မဂ်ဖိုလ် မရသေးသော ဗုဒ္ဓဘာသာဝင် လူဒါယကာများသည် သာဝကသာ ဟုတ်၍ အရိယာမဟုတ်။
- (၃) ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့သည် အရိယာလည်း မဟုတ် သာဝကလည်း မဟုတ်။
- (၄) မဂ်ဖိုလ် ရရှိပြီးသော ရဟန်း သံဃာများသည် အရိယာလည်း ဟုတ်၏၊ သာဝကလည်းဟုတ်၏။
ဤသို့ လေးချက်ခွဲပြီးနောက်တဖန် “ခန္ဓာ အာယတန စသည်တို့ကို ကြားနာပြီး ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် သိမြင်ပြီး၍ သုတရှိသော အရိယ သာဝက”ဟု အထူးဆိုရာ၌ကား ၎င်းသုတရှိသော လူ၊ ရဟန်းအားလုံးကို အရိယသာဝက ဟု ခေါ်နိုင်ကြောင်း မိန့်ဆို၏။
ဣတိဝုတ်၊ ဋ္ဌ-၌ကား
- (၁) မြတ်စွာဘုရား၏ တပည့် သာဝကဖြစ်လိုသောသူ၊
- (၂) မြတ်စွာဘုရား၏ တပည့်သာဝက ဧကန်ဖြစ်လတ္တံ့ သူများကို အရိယသာဝက ခေါ်ဆိုနိုင်ကြောင်း မိန့်ဆိုထားသည်။)[၃]
ပိဋကတ်လမ်းညွန်မှ အရိယသာဝကအကြောင်းများ
[ပြင်ဆင်ရန်]အရိယာသာဝကတို့ ပြည့်စုံသောတရား ၁၅-ပါးကို “သေခသုတ်”၌ ဟောထား၏။ [၄]
အရိယာသာဝကတို့ မကြောက်သောဘေး ၅-ပါးမှာ [၅]
- (၁) အာဇီဝိကဘယ၊
- (၂) အသိလောကဘယ
- (၃) ပရိသသာရဇ္ဇဘယ
- (၄) မရဏဘယ၊
- (၅) ဒုဂ္ဂတိဘယ၊ ဤဘေး ၅-ပါးမှ လွန်မြောက်သောကြောင့်တည်း။
အရိယာသာဝကတို့မှာ လူ နတ် ဗြဟ္မာ ဈာန် ပဋိပဒါ သညာ စသည်တို့၌ ငြီးငွေ့ကြကြောင်း ပဌမကောသလသုတ် [၆]၌ ပါ၏။
အရိယာသာဝကတို့မှာ ဘုရားရှင်နှင့် ဘုရားရှင်၏ သာသနာတော်၌ ယုံမှားမှု မရှိကြကြောင်းနှင့် ဣန္ဒြေ ၅-ပါး (သဒ္ဓိန္ဒြေ စသည်) ဖြစ်ကြ၏။ အာပဏသုတ်။ ။ [၇]
အရိယသာဝကသုတ်[၈] အရိယာသာဝကတို့မှာ ပဋိစ္စသမုပ္ပါဒ်၌ အမှန်အတိုင်း သိကြ၏ဟူလို။
[၉] အရိယာပုဂ္ဂိုလ်တို့မှာအံ့ဩဘွယ်ရှိအောင် မပြုလုပ်တော့ပြီ၊ (ဝါ) သာဌေယျအမှု မပြုတော့ပြီ ဟူလို။
[၁၀] အရိယာပုဂ္ဂိုလ်တို့အား မာယာ သာဌေယျတရားများ မရှိတော့ပြီ ဟူလို။ ။ မာယာ-လွန်ကျူးမိသောအပြစ်ကို သူတပါးတို့ မသိအောင်ဖုံးထားတတ်မှု။ ။ သာဌေယျ-မရှိသော ဂုဏ်ကို ရှိလေဟန် ကြွားဝါတတ်မှုတည်း။
အရိယာသာဝကဟူ၍ စခေါ်ရပုံ [၁၁] အရိယာနှင့် သာဝကခွဲပြပုံ၊ [၁၂] လေးချက်လှည့်ပြထား၏။
[၁၃] အရိယာပုဂ္ဂိုလ်တို့မှာ များသောအားဖြင့် လက်ယာနံတောင်း စောင်းလျက်သာ သေလွန်ကြ၏ဟု ဆိုထားပုံ။ ။ [၁၄]
အာဒိယသုတ်၌ [၁၅] အရိယာတို့ ပစ္စည်းရှာကြခြင်းအကြောင်း ၅-မျိုးကို ဟောထား၏၊ ဂါထာများပါ၏။
အာပဏသုတ်၌ [၁၆] အရိယာသာဝကတို့မှာ ဘုရားရှင်နှင့် ဘုရားရှင်၏ သာသနာတော်၌ ယုံမှားမရှိကြကြောင်းနှင့် ဣန္ဒြေ ၅-ပါးဖြစ်ပုံကို ဟောထား၏။
ဣန္ဒြေ ၅-ပါး၏ အဿာဒ အာဒီနဝ နိဿရဏ ဤသုံးချက်ကိုသိလျှင် အရိယာ ဖြစ်ကြောင်း ဟောသော သောတာပန္နသုတ် (ပ-ဒု) [၁၇] ။ အရဟန္တသုတ်၊ (ပ-ဒု)။
အဂ္ဂပ္ပသာဒသုတ်၌ [၁၈] အမြတ်၌ ကြည်ညိုလျှင်(ဘုရားရှင်, သမ္မာမဂ္ဂင် ၈-ပါး, နိဗ္ဗာန် အရိယာသံဃ) မြတ်သော အကျိုးကို ရကြောင်း ဟော၏၊
အမျိုးအနွယ် ၈-မျိုးတွင် အရိယာဝံသသာ အမြတ်ဆုံး ဖြစ်ကြောင်း၊ [၁၉] ၁-ခတ္တိယဝံသ၊ ၂-ဗြာဟ္မဏဝံသ၊ ၃-ဝေဿဝံသ၊ ၄-သုဒ္ဒဝံသ၊ ၅-သမဏဝံသ၊ ၆-ကုလဝံသ၊ ၇-ရာဇဝံသ၊ ၈-အရိယဝံသ၊
အရိယာ ဖြစ်သော ရောဇမည်သော မလ္လာမင်းက သူ၏ပစ္စည်းလေးပါးကိုသာ အလှူခံတော်မူကြရန် သူတပါး၏ ပစ္စည်းလေးပါးကို အလှူမခံကြရန် တောင်းပန်ခန်း။ ။ [၂၀] ဘုရားရှင် ခွင့်ပြုတော်မမူ။
အရိယာ သာဝကတို့ ကြီးပွားကြောင်း ၅-ပါး၊ ဝုဍ္ဎီသုတ်၊ [၂၁] (သဒ္ဓါ သီလ သုတ စာဂ ပညာ)။ ။ ၁၀မျိုး၊ ဝဍ္ဎီသုတ်၊ [၂၂] အထက်ပါ ၅-ပါးနှင့် ခေတ္တဝတ္တု၊ ဓနဓည၊ ပုတ္တဒါရ၊ ဒါသကမ္မကရပေါရိသ၊ စတုပ္ပဒ၊ ပေါင်း ၁၀-ပါး။
အရိယာတို့ ဝိနည်း (ဆုံးမမှု) ၌ သီချင်းဆိုခြင်းသည် ငိုသည်မည်၏။ ။ ကခြင်း သည် ရူးသည်မည်၏၊ ပြင်းစွာရယ်ခြင်းသည် လူငယ်ဆံ၏ဟု ဟောထားသော ရုဏ္ဏသုတ်၊ [၂၃]
အရိယာကထာ ၁၀-မျိုး
[ပြင်ဆင်ရန်]ရထဝီနီတသုတ်၊ [၂၄] အကျယ်ဟောထား၏။ ။ [၂၅] ၎င်း ကထာ ၁၀-မျိုးကို သီလ, သမာဓိ, ပညာထဲ သွင်းပြပုံ။ ။ [၂၆] (ပ-ဒု) ကထာဝတ္ထုသုတ်။ ။ [၂၇]
- (၁) အပိစ္ဆကထာ-အလိုနည်းမှုနှင့် စပ်သောစကား။
- (၂) သန္တုဋ္ဌီကထာ-ရောင့်ရဲလွယ်မှုနှင့် စပ်သောစကား။
- (၃) ပဝိဝေကကထာ-ဆိတ်ငြိမ်မှုနှင့် စပ်သော စကား။
- (၄) အသံသဂ္ဂကထာ-ရှင် လူ ရဟန်းတို့နှင့် မရောနှော မဆက်ဆံကြောင်း စကား။
- (၅) ဝီရိယာရမ္ဘကထာ-ဝိပဿနာအားထုတ်မှုနှင့် စပ်သောစကား။
- (၆) သီလကထာ-သီလပြည့်စုံစေမှုနှင့် စပ်သောစကား။
- (၇) သမာဓိကထာ-သမာဓိပြည့်စုံစေမှုနှင့် စပ်သောစကား။
- (၈) ပညာကထာ-ပညာပြည့်စုံစေမှုနှင့် စပ်သော စကား။
- (၉) ဝိမုတ္တိကထာ-မဂ်ဖိုလ်နှင့်စပ်သောစကား။
- (၁၀) ဝိမုတ္တိဉာဏဒဿနကထာ-ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သော စကား။
အရိယဝေါဟာရ... အရိယာတို့ပြောဆိုသောစကားများ။ [၂၈]။ အနရိယဝေါဟာရသုတ်များ၊ [၂၉] ဝေါဟာရသုတ်၊ [၃၀] [၃၁] ပိလိန္ဒဝစ္ဆမထေရ်ဝတ္ထု။
အရိယဝေါဟာရ ၁၂-ချက် ရေတွက်ပြပုံ
[ပြင်ဆင်ရန်]မုသာဝါဒါ ဝေရမဏိ၊ ပိသုဏာယ ဝါစာယ ဝေရမဏိ၊ ဖရုသာယ ဝါစာယ ဝေရမဏိ၊ သမ္ဖပ္ပလာပါ ဝေရမဏိ၊ ဤ ၄-ချက်မှာ သိသာပြီ။ ။
- (၅) အဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ... မမြင်သည်ကို မမြင်ဟု ပြောဆိုခြင်း။
- (၆) အဿုတေ အဿုတဝါဒိတာ... မကြားသည်ကို မကြားဟုပြောဆိုခြင်း။
- (၇) အမုတေ အမုတဝါဒိတာ... မတွေ့သည်ကို မတွေ့ဟု ပြောဆိုခြင်း။
- (၈) အဝိညာတေ အဝိညာတဝါဒိတာ... မသိသည်ကို မသိဟုပြောဆိုခြင်း။
- (၉) ဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ... မြင်သည်ကို မြင်၏ဟု ပြောဆိုခြင်း၊
- (၁၀) သုတေ သုတဝါဒိတာ... ကြားသည်ကို ကြား၏ဟု ပြောဆိုခြင်း။
- (၁၁) မုတေ မုတဝါဒိတာ... တွေ့သည်ကို တွေ့၏ဟု ပြောဆိုခြင်း။
- (၁၂) ဝိညာတေ ဝိညာတဝါဒိတာ... သိသည်ကို သိ၏ဟု ပြောဆိုခြင်း။
တနည်း၊ အရိယာတို့ မပြောသော စကားများ၊ [၃၂]
အရိယာပုဂ္ဂိုလ်တို့မှာ အပါယ်လေးပါးမှအပ ဖြစ်ပြီး (ဝါ) ကင်းလွတ်ပြီးသော်လည်း ဝဋ်ကြွေးကိုမူ ခံကြရသေးကြောင်း၊ ထို့ကြောင့် ဝဋ်မှာအမြဲ-ငရဲမှာအပဟု ပြောစမှတ်ပြုကြ၏။ ကြည့်ပါ။
အရိယာတို့၏ ကိုယ်ကျင့်သီလ
[ပြင်ဆင်ရန်]အဂတိ ၄-ပါးကို အရိယာပုဂ္ဂိုလ်တို့ လုံးဝမလွန်ကျူးကြတော့ကြောင်း အဘိ၊ ဝိသုဒ္ဓိ-ဝိနယ-ဒီဃတို့၌ ဟောပြ ဖွင့်ပြထား၏။ ။ [၃၃]
အဘိသန္ဒသုတ်၌ [၃၄] ရတနာသုံးပါး၌ သက်ဝင် ယုံကြည်မှု ၅-ပါးသီလ လုံခြုံမှုနှင့် ပြည့်စုံသော အရိယာပုဂ္ဂိုလ်တို့၏ ကုသိုလ် ပမာဏကို ရေတွက်ခြင်းငှါ မတတ်နိုင်ကြောင်း ဟောထား၏။
အရိယာ ပုဂ္ဂိုလ်တို့မှာ ပါဏာတိပါတ အမှုကို ကိုယ်တိုင်မပြုရုံသာ မဟုတ်၊ တိုက်တွန်းခြင်း၊ ချီးမွမ်းခြင်းကိုပင် မပြုကြကြောင်း။ ။ [၃၅]
အရိယာ ရဟန်းတော်တို့မှာ မဂ်ရသည်နှင့်တပြိုင်နက် ဝိကာလဘောဇန သိက္ခာပုဒ် လုံခြုံတော့ကြောင်း။ ။ [၃၆] ဝိကာလဘောဇန သိက္ခာပုဒ်ကိုမပညတ်မီကပင် အရိယာပုဂ္ဂိုလ်တို့မှာ နေလွဲအခါ၌ စားသောက် မှုမရှိတော့ကြောင်း။
အရိယာ ရဟန်းတော်တို့မှာ သံဃာ့လာဘ်တည်းဟူသော အကြောင်းကြောင့် ငြင်းခုံမှု၊ ခိုက်ရန်ဖြစ်မှု မရှိတော့ကြောင်း ဂါထာ။ ။ [၃၇]
အရိယာဖြစ်ပြီးသောရဟန်း သာမဏေတို့ လူအဖြစ်သို့ ပြန်၍ မဆင်းသက်တော့ကြောင်း၊ [၃၈] မေထုန်မှီဝဲမှုလည်းမရှိတော့ကြောင်း။ ။ [၃၉] ။ ပုတ္တသုတ် [၄၀] ။ ပပတိတသုတ် [၄၁] ။ ပါရာဇိက လေးပါး လုံခြုံတော့ကြောင်း၊ [၄၂] ပဌမသိက္ခာသုတ်။ ။ ကဠာရသုတ်၊ [၄၃]
အရိယာလင်မယားတို့ ကိုယ့်ဘို မငဲ့ကြဘဲ လှူကြမှုအတွက် တတိယပါဋိဒေသနီယသိက္ခာပုဒ်ကို ပညတ်တော်မူရပုံ။ ။ [၄၄] ။ ဦနပဉ္စဗန္ဓန သိက္ခာပုဒ်၊ ဝိ-၁-ပါ-၃၅၅၊ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၂၈၆။ ။ အရိယာလူတို့မှာ ရဟန်းကိုမြင်လျှင် မလှူဘဲ မနေနိုင်ကြပုံ၊ [၄၅]
အရိယာရဟန်းတော်တို့ တောင်းခြင်းကား ရပ်ခြင်းသာတည်းဟုမိန့်ဆိုထားပုံ [၄၆] မူရင်းမှာ အဋ္ဌိသေနကဇာတ် [၄၇]
အရိယာပုဂ္ဂိုလ်တို့အား သင့်တတ်သောအာပတ်များ
[ပြင်ဆင်ရန်][၄၈] ဂရုကအာပတ်တွင် ကုဋိကာရသိက္ခာပုဒ်နှင့် တူသော လဟုကအာပတ်တွင် သဟသေယျသိက္ခာပုဒ်နှင့်တူသော အစိတ္တက အာပတ် များတည်း၊ သင့်သော အာပတ်များကိုလည်း ဖုံး၍ မထားတတ်ကြပေ။ ။ စေတနာနှင့် အာပတ်ကို မလွန်ကြူးတော့ကြောင်း၊ [၄၉] ။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် အချို့ကို လွန်ကြူကြသေးကြောင်း၊ သို့သော် ဓုဝသီလ ဌိတသီလ ဖြစ်ကြောင်း ဟောသော ပဌမသိက္ခာသုတ်၊ [၅၀] ။ လောကဝဇ္ဇသိက္ခာပုဒ်ကို အသက်ပင် စွန့်ရစေကာမူ မလွန်ကြူးတော့ကြောင်း၊ [၅၁]
အရိယာ ၄-မျိုး
[ပြင်ဆင်ရန်][၅၂] ဤ၌ အကျယ်ပြထား
- (၁) အာစာရအရိယာ... မြတ်သော အကျင့်ကို ကျင့်သော လူ ရှင်, ရဟန်း တိရစ္ဆာန်၊ မဟာဟံသဇာတက-ပါ-ပ-အုပ်-၉၂၊ ဇာတက-ဋ္ဌ-မ-အုပ်-၃၈၆။
- (၂) ဒဿနအရိယာ... ဣရိယာပုထ်လေးပါး၌ ကြည်ညိုဘွယ် ရှိသော လူ ရှင်, ရဟန်း တိရစ္ဆာန်၊ သင်္ခပါလဇာတက-ပါ-ပ-အုပ်-၁၆၊ ဇာတက-ဋ္ဌ-မ-အုပ်-၁၇၅။
- (၃) လိင်္ဂအရိယာ... ရဟန်းတော်များနှင့် ဝတ်ရုံ ပုံချင်း အသွင် အပြင် တူသော ပုဂ္ဂိုလ်၊ သုတ္တ-ပါ-၂၉၄၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၁၄၇။
- (၄) ပဋိဝေဓ... အရိယာမဂ်ဖိုလ်ကို ထိုးထွင်း၍ သိသော ဘုရားစသော အရိယာပုဂ္ဂိုလ် ရှစ်ယောက်။
အရိယာ ပုဂ္ဂိုလ်တို့သာ သိ၍ ကျင့်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသော အရာ(၇)မျိုး
[ပြင်ဆင်ရန်]- (၁) ကာမစ္ဆန္ဒ နီဝရဏ စသည် ၅-ပါး၌ ပရိယုဋ္ဌိတစိတ်မဖြစ်(ဝါ) လှုပ်ရှားသော စိတ်မဖြစ်ဟူ၍၎င်း၊ ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု ရိုက်ပုတ်မှု စသည်လည်း မရှိဟူ၍၎င်း သိခြင်း။
- (၂) မိမိ၏စိတ်၌ ကိလေသာ ပူပန်မှုမရှိ၍ အေးငြိမ်းမှုကိုရ၏ဟု သိခြင်း။
- (၃) ဗုဒ္ဓသာသနာမှတပါး အခြားသော သာသနာ၌ အရိယာသမဏမရှိဟု သိခြင်း
- (၄) သင့်ရောက်မိသော အာပတ်ကို ဖုံးလွှမ်းမထားတတ်ဘဲ ထင်စွာပြု၍ အာယတိံ သံဝရ ရှိ၏ဟု သိခြင်း။
- (၅) သီတင်းသုံးဘော်တို့၏ ကိစ္စကြီးငယ်၌ ကြောင့်ကြမှုရှိ၍ သိက္ခာသုံးပါး၌ အားကြီး တောင့်တ၏ဟု သိခြင်း။
- (၆) တရားတော်ကိုနာယူရာ၌ အိပ်ငိုက်ခြင်းမရှိ စကားလည်းမပြော စိတ်လည်း မပျံ့လွင့်ဘဲ ရိုသေစွာ နာယူ၏ဟု သိခြင်း။
- (၇) ထိုသို့နာယူရာ၌ အတ္ထဓမ္မကို ထိုးထွင်းသိ၍ တရားနှင့်စပ်သော နှစ်သက် ဝမ်းမြောက်မှုရှိ၏ဟု သိခြင်း။
အရိယာတိုနှလုံးမသွင်းသော၊ မပြုလုပ်သော အရာများ
[ပြင်ဆင်ရန်]- (၁) သင်္ခါရဟူသမျှ၌ သုခဟူ၍ နှလုံးမသွင်း။
- (၂) အတ္တဟူ၍ နှလုံးမသွင်း၊ ပဉ္စာနန္တရိယကံ ၅ ပါးကိုလည်း မလွန်ကြူး၊
- (၃) ဗုဒ္ဓသာသနာမှတပါး အခြားသော အညတိတ္ထိယ သာသနာ၌ ဆရာမရှာခြင်း၊ ပေါင်း ၈-ပါး၊
၎င်းတို့ မပြုသောအရာများ၊ အဘဗ္ဗသုတ်၊ ၅-သုတ်၊ [၅၅] ဤ၌ ပဉ္စာနန္တရိယကံ ၅-ပါး၊ ဘုရားရှင်၏ ဓာတ်တော်များ ကိန်းဝပ်ရာစေတီတော်ကို ဖျက်ဆီးခြင်း၊ အညတိတ္ထိယ သာသနာ၌ ဆရာရှာခြင်း၊ အလှူခံရှာခြင်း၊ လောကီမင်္ဂလာဖြင့် သံသရာမှ လွတ်မြောက်နိုင်၏ဟု ယုံကြည်ခြင်း၊ ဤအချက်များကိုလည်း မပြုလုပ်တော့ကြောင်း ဖွင့်ပြထား၏။
မျက်နှာလိုက်၍ ပေးကမ်းမှု မရှိကြောင်း ဟောသော ဂုဏဇာတ် [၅၆] ကျေးဇူးရှိဘူးသူအား ပို၍ ပေးကမ်းသည် ချီးမြှင့်သည်မှာ အရိယာ ပုဂ္ဂိုလ်များသော်ပင် ကတညုတ ကတဝေဒီတရားအရ ပြုလုပ်ကြခြင်းဖြစ်၏။
အသက်ပင် စွန့်ရစေကာမူ အဂတိလေးပါးကို မလိုက်စားတော့ကြောင်း၊ (အဂတိလေးပါးခဏ်း၌ ရေးခဲ့ပြီ။)
နို့ရည်နှင့် သေအရက်ကို ရောစပ်၍ တိုက်လျှင် (မသိသော်လည်း) နို့ရည်သာ ဝင်၍ သေအရက်မဝင်ကြောင်း မိန့်ဆိုထားပုံ၊ [၅၇]
အရိယာတို့ မလွန်ကြူးတော့သော အရာများကို ရှင်းပြ ဇီဝိတာဝေါရော ပန ကထာ၊ [၅၈]
အရိယာပုဂ္ဂိုလ်တို့ ငြင်းခုံမှု လုံးဝမရှိတော့ကြောင်း [၅၉] လောကုတ္တရမဂ္ဂ ပတွာ ဝိဝါဒေါ နာမ သဗ္ဗသော ဝူပသမ္မတိဟု ဖွင့်ပြထား၏။ ။ လူတို့ကွဲပြားလျှင် ကိုယ်စောင့်နတ်လည်း ကွဲပြားကြကြောင်း ဟူသော အခန်း၌ များစွာရှိ၏။
အရိယာဝိနယတရား ၈-ပါး- (အရိယာတို့ ဆင်ခြင်၍ ရှောင်ကြဉ်သော တရား ဟူလို။) [၆၀] ပါဏာတိပါတ၊ အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဂိဒ္ဓိလောဘ၊ တပ်မက်မှုလောဘ၊ နိန္ဒာရောသ... ကဲ့ရဲ့မှု၊ ချုတ်ချယ်မှု၊ ကောဓပါယာသ... အမျက်ထွက်မှု၊ ရန်ငြိုးဖွဲ့မှု၊ အတိမာန လွန်ကဲသော မာနထားမှု၊ ဤအမှု ၈-ပါးကို အရိယာပုဂ္ဂိုလ်တို့ အကြွင်းမဲ့ ပယ်နိုင်အောင် ကျင့်ကြသည် ဟူလို။
အရိယာပုဂ္ဂိုလ်တို့မှာ မပယ်နိုင်သေးသော အကုသိုလ်ကို ပြုမိသော် ဖုံးကွယ်၍ မထားတတ်ကြောင်း [၆၁] ဤ၌ပါသော ဂါထာကား... ရတနသုတ်တွင် ပါသော “ကိဉ္စာပိသော ကမ္မံ ကရောတိ ပါပကံ” စသော ဂါထာပင်တည်း။ ။ အရိယာ ပုဂ္ဂိုလ်တို့မှာ မကောင်းမှု၌ မမွေ့လျော်တော့ကြောင်း [၆၂]
အရိယာပုဂ္ဂိုလ်တို့မှာ လာဘ်ရခြင်းစသည်ကြောင့် ဝါကြွားမှုမရှိ၊ လာဘ်မရခြင်း စသည်ကြောင့် သူတပါးတို့ကို ကဲ့ရဲ့မှုမရှိကြောင်း ဂါထာ၊ အရိယာပုဂ္ဂိုလ်တို့၏ စိတ်ထားကို ဖေါ်ပြထားသော ဂါထာများ။ ။ [၆၃]
အရိယာပုဂ္ဂိုလ်တို့မှာ လောကီမင်္ဂလာများကို ယုံကြည်မှုမရှိတော့ကြောင်း [၆၄]
ဘဝပြောင်း၍ အရိယာ အဖြစ်ကို မသိသော်လည်း အသက်ကိုစွန့်ရစေကာမူ ၅-ပါးသီလကို လုံးဝ မလွန်ကြူကြတော့ကြောင်း၊ [၆၅] ဂိဉ္ဇကာဝသထသုတ်၊ [၆၆] ။ ဆရာလည်း မပြောင်းတော့ကြောင်း၊ [၆၇] သရဏဂမနကထာခဏ်း၌ရှိ၏။ [၆၈] မည်သည့်အခါမှ သရဏဂုံညစ်နွမ်းခြင်း၊ ပျက်စီးခြင်း မဖြစ်တော့ကြောင်း၊ [၆၉] ။ ၎င်းတို့၏ ၅-ပါးသီလကို ချီးကျူးခဏ်း၊ [၇၀] မိတ္တာမစ္စ (ဒုတိယ)သုတ်-သံ။
ဂုဏ်ကို ပြောခြင်း, မပြောခြင်း
[ပြင်ဆင်ရန်]အရိယာတို့မှာ ဟုတ်မှန်သော ဂုဏ်ကိုပင် ထင်ပေါ်ကျော်ကြားအောင် ပစ္စည်း ရအောင် ဟူသောရည်ရွယ်ချက်ဖြင့် ကိုယ် ဂုဏ်ကို ထုတ်ဖေါ်၍ မပြောဆိုကြကြောင်း။ ။ [၇၁] ။ အချို့ အရိယာပုဂ္ဂိုလ်တို့ ကိုယ့်ဂုဏ်ကို ထုတ်ဖေါ်ပြောဆို တတ်ကြရာ ထိုသို့ပြောဆိုတတ်ကြပုံ အကြောင်းကို ရှင်းပြထားခဏ်း၊ [၇၂] ပီတိအဟုန်သည် ဖြစ်စေအပ်သော ဥဒါန်းကျူးခြင်း၊ သာသနာတော်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း အစစ်ဖြစ်သည်ကို ထင်ရှားပြလိုခြင်း၊ ဤနှစ်ကြောင်းကြောင့် ထုတ်ဖေါ်၍ အချို့ ပြောဆိုကြခြင်းဖြစ်၏။ ။ သဘာဂရဟန်းတော် များထံ၌ကား ထုတ်ဖေါ်၍ ပြောသင့်က ပြောရကြောင်း၊ [၇၃] မဂ်ဖိုလ် ရပြီးနောက် ရူးခြင်း, စိတ်လွင့်ခြင်းလည်း မရှိတော့ကြောင်း။
အရိယာတို့အပါယ်လေးပါးမှ လွတ်ပြီးဖြစ်ကြောင်း ဟောသော သဥပါဒိသေသသုတ်။ ။ [၇၄] ။ နိဝေသကသုတ်၊ [၇၅] ။ စုန္ဒီသုတ်၊ [၇၆] ။ အရိယာတို့ အပါယ်လေးပါးမှ လွတ်ပြီဖြစ်ကြောင်းနှင့် ပြည့်စုံသော တရားများကို ပြဆိုခဏ်း၊ ဓမ္မာဒါသ ဓမ္မပရိယာယဝဏ္ဏနာ၊ [၇၇]
အရိယာနှင့် ပုထုဇဉ်တို့အထူး
[ပြင်ဆင်ရန်]ပဌမနာနာကရဏသုတ်၊ [၇၈] ဗြဟ္မာပြည် ရောက်ပြီးသော ပုထုဇဉ်တို့မှာ ဈာန်အချိန်ကုန်က အပါယ်လေးပါးသို့လားကြရတတ်ကြောင်း၊ အရိယာတို့ကား ထိုဗြဟ္မာပြည်မှာပင် ပရိနိဗ္ဗာန်စံကြရကြောင်း ဟောထား၏။ ။ ဝေဒနာ ခံစားရပုံချင်း တူသော်လည်း သောကဖြစ်မဖြစ်ကွာခြားပုံ ဟောသော သလ္လသုတ်-သံ။ ။ အာရုံ ၆-ပါး၌ အရိယာနှင့် ပုထုဇဉ်တို့ အမြင်ချင်းမတူကြကြောင်း ဂါထာများ မှတ်သားဖွယ်၊ [၇၉]။ ။ ကာမဂုဏ် ခံစာရာ၌ စိတ်ထားချင်း မတူကြပုံ၊ [၈၀]။ ။ အရိယာနှင့် ပုထုဇဉ်တို့ ရှာမှီးချင်း မတူကြပုံ၊ ပရိယေသနာခဏ်း၌ ပြလတ္တံ့။
အရိယာနှင့်ပေါင်း ချမ်းသာကြောင်း ဂါထာ [၈၁]
[၈၂] သောမနဿ ဒေါမနဿမဖြစ်ကြတော့ဘဲ ဥပေက္ခာသာဖြစ်တော့ကြောင်း၊ သုဒ္ဓေါဒနမင်းကြီးက ဘုရား၍ ကို အပင့်ခိုင်းရာ အမတ်များ ရဟန္တာဖြစ်ကြ၍ မပင့်ဖြစ်တော့ဘဲ နေကြပုံ အကြောင်းပြုဖြစ်သော စကား၊
အရိယာပုဂ္ဂိုလ်တို့သာ ရှေ့အနုဿတိ ၆-ပါး ပြည့်စုံကြကြောင်း၊ သို့သော် ပုထုဇဉ်တို့လည်း နှလုံးသွင်းသင့်ကြောင်း။ ။ [၈၃]
အရိယာပုဂ္ဂိုလ် (၉၆) ဦးကို ရေတွက်ပြပုံ
[ပြင်ဆင်ရန်][၈၄] သံယောဇနသုတ် [၈၅] ဒုတိယသိက္ခာသုတ် [၈၆]
(၁) သောတာပန်ပုဂ္ဂိုလ် ၃-မျိုးကို ပဋိပဒါ ၄-မျိုးဖြင့်လျှင် ၁၂-ဦး ဖြစ်၏။ ၎င်း ၁၂-ဦးကို သဒ္ဓါဓုရ ပညာဓုရ ၂-မျိုးဖြင့် ပွားလျှင် သောတာပန် ပုဂ္ဂိုလ်ပေါင်း ၂၄-ဦးဖြစ်၏။
(၂) ကာမ, ရူပ, အရူပ ဘုံသုံးပါး၌ဖြစ်သော သကဒါဂါမ် သုံးယောက်ကို ပဋိပဒါ ၄-မျိုးဖြင့်ပွားလျှင် သကဒါဂါမ် ပုဂ္ဂိုလ်ပေါင်း ၁၂-ဦးဖြစ်၏။ ။ [၈၇]-၌ ပြဆိုထားပုံတည်း။
(၃) အနာဂါမ်ပုဂ္ဂိုလ်ပေါင်း ၄၈-ဦးကို ရေတွက်ပြပုံကို ကြည့်ပါ။
(၄) ရဟန္တာပုဂ္ဂိုလ် ၁၂-ဦး ရေတွက်ပြပုံကို ကြည့်ပါ။
- သောတာပန် ပုဂ္ဂိုလ်ပေါင်း ၂၄-ဦး
- သကဒါဂါမ် ပုဂ္ဂိုလ်ပေါင်း ၁၂-ဦး အနာဂါမ် ပုဂ္ဂိုလ်ပေါင်း ၄၈-ဦး
- ရဟန္တာ ပုဂ္ဂိုလ်ပေါင်း ၁၂-ဦး
- အရိယာ ပုဂ္ဂိုလ်ပေါင်း ၉၆-ဦးဖြစ်၏။
အရိယာပုဂ္ဂိုလ် ၁၀၈-ဦးကို ရေတွက်ပြပုံ
[ပြင်ဆင်ရန်][၈၈] ။ သောတာပန် သုံးမျိုးကို ပဋိပဒါ ၄-မျိုးဖြင့် ပွားသော် ၁၂-ဦး၊ သကဒါဂါမ် ၁၂-ဦး၊ အနာဂါမ် ၂၄-ဦး၊ သုက္ခဝိပဿကရဟန္တာ၊ သမထယာနိကရဟန္တာ ၂-ဦး၊ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၄-ဦး၊ အားလုံး ပေါင်း ၅၄-ဦးဖြစ်၏၊ ထို ၅၄-ဦးကို သဒ္ဓါဓုရ ပညာဓုရ ၂-ပါးဖြင့် ပွားလျှင် တနည်း အရိယာပုဂ္ဂိုလ်ပေါင်း ၁၀၈-ဦးဖြစ်၏။
ရဟန္တာ၊ အနာဂါမ် ၅-မျိုး၊ သကဒါဂါမ်၊ သောတာပန် ၃-မျိုး ဖြစ်ရပုံ ဟောသော တတိယသိက္ခာသုတ်၊ [၈၉]
အရိယာပုဂ္ဂိုလ်တို့ နေထိုင်ကြပုံ
[ပြင်ဆင်ရန်]မဟာနာမသုတ် [၉၀] ။ နန္ဒိယသုတ် [၉၁] ။ ဗုဒ္ဓါနုဿတိ စသည် ရှေ့ ၆-ပါးကို ပွားများ အားထုတ် နေထိုင်ကြကြောင်း ဟောထား၏။ ။ [၉၂]၌ အံ-မှ အညွှန်းများကို ပြထား၏။ ။ [၉၃] နံနက်ခင်းတွင် ဒါနပြု၍ ညနေဘက်တွင် တရားနာတတ်ကြ၏ဟု ဖွင့်ပြထား၏။ ။ တရားနာရသည်ကို မြတ်နိုးလှကြောင်း၊ [၉၄]
အရိယာပုဂ္ဂိုလ်တို့ ပမာဒဝိဟာရီ၊ အပ္ပမာဒ ဝိဟာရီ မည်ပုံ ဟောသော နန္ဒိယသက္ကသုတ်။ ။ [၉၅]
အရိယာပုဂ္ဂိုလ်တို့မှာ ဘုရားရှင်ကိုသာ ဖခင်ဟု သုံးစွဲကြကြောင်း [၉၆] ဥတ္တရာသေဌေးသမီးနှင့် သိရီမာပြည့်တန်ဆာမဝတ္ထု၊ [၉၇]
အရိယာပုဂ္ဂိုလ်တို့ သဒ္ဓါတရားခိုင်မြဲပုံ- ဝိနယ၌ များစွာရှိ၏။ ။ အရိယာပုဂ္ဂိုလ်တို့၏ ခိုင်မြဲသော သဒ္ဓါတရားကို မာရ်နတ်ကြီးပင် မတုန်လှုပ်စေနိုင်ကြောင်း၊ [၉၈] (သူရမ္ဗဋ္ဌဝတ္ထု)။ ။ ဥဒါန-ဋ္ဌ-၂၅၈။ ။ (သုပ္ပဗုဒ္ဓ) (လူနူ)။
အရိယာပုဂ္ဂိုလ်တို့ သီလ, သမာဓိ, ပညာ ဖြည့်ကျင့်ကြပုံ [၉၉]
အရိယာပုဂ္ဂိုလ်တို့၏ ကုသိုလ် ပမာဏကို မရေတွက်နိုင်ကြောင်း ဟောသော ပုညာဘိသန္ဒသုတ်။ ။ (ဒုတိယ) [၁၀၀] ။ အဘိသန္ဒသုတ်၊ [၁၀၁]
အရိယာပုဂ္ဂိုလ်တို့ကို မြင်ရ ကြားရသည်ပင် ကျေးဇူး များလှကြောင်း ဟောသော သီလသုတ် [၁၀၂] ။ သီလသမ္ပန္နသုတ်၊ [၁၀၃]၊ ဂါထာများ ပါ၏။
အရိယာပုဂ္ဂိုလ်တို့ ပယ်သော တရားများကို ပြဆိုခဏ်း
[ပြင်ဆင်ရန်][၁၀၄] ဤ၌ ကျယ်ဝန်းစွာ ပြထား၏။
- (၁) သောတာပတ္တိမဂ်သည် ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဣဿာ မစ္ဆရိယ ဤသံယောဇဉ် ၅-ပါးကို အကြွင်းအကျန် မရှိအောင်ပယ်သတ်၏။
- (၂) သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းထမ်းသောကာမရာဂ ပဋိဃ(ဒေါသ) သံယောဇဉ် ၂-ပါးကို ပယ်သတ်၏။
- (၃) အနာဂါမိမဂ်သည် သိမ်မွေ့သော ၎င်း ၂-ပါးကိုပင် အကြွင်းအကျန် မရှိအောင် ပယ်သတ်၏။
- (၄) အရဟတ္တမဂ်သည် မာန ဘဝ အဝိဇ္ဇာ သံယောဇဉ်သုံးပါးကို အကြွင်း အကျန်မရှိအောင် ပယ်သတ်၏။
- မိစ္ဆာဒိဋ္ဌိ မုသာဝါဒ မိစ္ဆာကမ္မန္တ မိစ္ဆာဝကို ပဌမမဂ်က ပယ်၏။
- မိစ္ဆာသင်္ကပ္ပ ပိသုဏဝါစာ ဖရုသဝါစာကို တတိယမဂ်က ပယ်၏။
- သမ္ဖပ္ပလာပ မိစ္ဆာဝါယာမ သတိ သမာဓိ မိစ္ဆာ ဝိမုတ္တိဉာဏကို စတုတ္ထမဂ်က ပယ်၏။
- အဂတိလေးပါး၊ ကာယဒုစရိုက်သုံးပါး၊ မုသာဝါဒ မိစ္ဆာဒိဋ္ဌိကို ပဌမမဂ်က ပယ်၏။
- ပိသုဏဝါစာ၊ ဖရုသဝါစာ၊ ဗျာပါဒ၊ ဤသုံးပါးကို တတိယမဂ်က ပယ်၏။
- သမ္ဖပ္ပလာပ၊ အဘိဇ္ဈာ၊ ဤနှစ်ပါးကို စတုတ္ထမဂ်က ပယ်၏။
- ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပဌမဂ်က ပယ်၏၊
- ဒေါသ(ကုက္ကုစ္စ)ကို တတိယမဂ်ကပယ်၏။
- လောဘ ဒေါသ မာန ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပတို့ကို စတုတ္ထမဂ်က ပယ်၏။
- အနိစ္စ၌ နိစ္စ၊ အနတ္တ၌ အတ္တဟု အထင်မှားသော သညာ စိတ္တ ဒိဋ္ဌိဝိပလ္လာသ ၆-ပါး၊ ဒုက္ခ-၌ သုခ၊ အသုဘ-၌ သုဘဟု အထင်မှားသော ဒိဋ္ဌိဝိပ္ပလ္လာသ ၂-ပါး ပေါင်း ၈-ပါးကို ပဌမမဂ်က ပယ်၏။
- အသုဘ၌ သုဘဟု အထင်မှားသော သညာ စိတ္တဝိပ္ပလ္လာသ ၂-ပါးကို တတိယမဂ်ကပယ်၏၊
- ဒုက္ခ၌ သုခဟု အထင်မှားသော သညာ စိတ္တဝိပ္ပလ္လာသ ၂-ပါးကို စတုတ္ထမဂ်က ပယ်၏။ [၁၀၅] (ဝိပ္ပလ္လာသခဏ်း၌ရှိ၏)။ ။ [၁၀၆] အရိယာ ပုဂ္ဂိုလ် အချို့တို့ ပယ်, မပယ် ကိလေသာ၌ ဒွိဟဖြစ်တတ်သေးပုံ၊ [၁၀၇] ။ (မဂ်ပယ်ခဏ်း၌လည်း ရှိ၏။)
အရိယာပုဂ္ဂိုလ်တို့ နေထိုင်ခြင်း ၁၀-ပါး
[ပြင်ဆင်ရန်]- (၁) ပဉ္စင်္ဂဝိပ္ပဟိန-နီဝရဏ ၅-ပါးတို့ကို ပယ်ပြီးခြင်း။
- (၂) ဆဠင်္ဂသမန္နာဂတ-အာရုံခြောက်ပါး၌ သာယာခြင်း မသာယာခြင်း မဖြစ်ဘဲ ဥပေက္ခာနှင့် ပြည့်စုံခြင်း။
- (၃) ဧကာရက္ခ-မကောင်းမှုကို မပြုမိရန် သတိ အစောင့်အရှောက် အမြဲ ရှိခြင်း၊
- (၄) စတုရာဿေန-ပညာဖြင့်သာမှီဝဲခြင်း, သည်းခံခြင်း, ရှောင်ကြဉ်ခြင်း, ပယ်ဖျောက်ခြင်း ကိစ္စလေးပါး၌ အမြဲဆင်ခြင်၍ ပြုခြင်း။
- (၅) ပဏုန္နပစ္စေကသစ္စ-ငါ့ ဉာဏ်အမြင်နှင့် အယူသာမှန်၏ ဟူသော ဒိဋ္ဌိသစ္စာကို ပယ်ခြင်း။
- (၆) သမဝယသဋ္ဌေန-ကာမ ဘဝ ဗြဟ္မစရိယကိုရှာမှီးခြင်းမှ ငြိမ်းအေးခြင်း။
- (၇) အနာဝိလသင်္ကပ္ပ-ကာမ ဗျာပါဒ ဝိဟိံသ ဝိတက်ဆိုး သုံးပါးကို ပယ်ခြင်း။
- (၈) ပဿဒ္ဓကာယသင်္ခါရ-စတုတ္ထဈာန်ကို ဝင်စား၍ နေခြင်း။
- (၉) သုဝိမုတ္တစိတ္တ-ရာဂ ဒေါသ မောဟတို့မှ လွတ်သောစိတ်ရှိခြင်း။
- (၁၀) သုဝိမုတ္တပည-ရာဂ, ဒေါသ, မောဟတို့ကို ပယ်ဖြတ်ပြီး ဖြစ်၍ တဖန် မဖြစ်ပေါ်လာမှုသဘောကို သိခြင်း။
ဓမ္မိကသုတ် အရိယာလူနှင့် အရိယာရဟန်းတို့ ကျင့်ဝတ်ကို ခွဲခြား ဟောထားသော၏။ [၁၀၉]
အရိယာလူတို့ အသက်မွေးမြူကြပုံ ပတ္တကမ္မသုတ် [၁၁၀] ဂါထာများပါ၏။ ။ လူအရိယာတို့ ကျင့်ဝတ်ကို ဟောသော ဓမ္မိကသုတ်၊ [၁၁၁] ။ လူအရိယာတို့ သေသောအခါ ရဟန္တာကဲ့သို့ပင် ပူဇော်အပ်ကြောင်း၊ [၁၁၂] ။ အရိယာတို့ ရှာမှီးပုံကို ပရိယေသနာခဏ်း၌ ကြည့်ရှုပါ။ အရိယာတို့ ရှာမှီးခြင်းကို အကျယ်ပြ၊ [၁၁၃] ။ အရိယာလူတို့ စီးပွားရှာကြခြင်း အကြောင်း ၅-ပါးဟောသော အာဒိယသုတ်၊ [၁၁၄]
အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှားပြစ် ၁၁-ပါး
[ပြင်ဆင်ရန်]အရိယာ ပုဂ္ဂိုလ်တို့အား ပြစ်မှားခြင်းကြောင့် ရအပ်သော အပြစ်များကို အပြည့်အစုံ ဟောထားသော "ကောကာလိကသုတ်” [၁၁၅]
- (၁) မရသေးသော တရားကို မရနိုင်ခြင်း။
- (၂) ရပြီးသော တရားများ ဆုတ်ယုတ်ခြင်း။
- (၃) သူတော်ကောင်း တရားကို မဖြူစင်စေနိုင်ခြင်း။
- (၄) သူတော်ကောင်းတရား၌ လွန်ကဲသော မာနရှိခြင်း။
- (၅) မပျော်မွေ့ဘဲ ဗြဟ္မစရိယကို ကျင့်နေရခြင်း။
- (၆) ညစ်နွမ်းသော အာပတ်များ သင့်ရောက်တတ်ခြင်း။
- (၇) လူထွက်တတ်ခြင်း။
- (၈) ပြင်းထန်သောရောဂါများ ကပ်ရောက်တတ်ခြင်း။
- (၉) ရူးသွပ်ခြင်း, စိတ်ပျံ့လွင့်ခြင်းသို့ ရောက်တတ်ခြင်း။
- (၁၀) တွေတွေဝေဝေ သေရခြင်း။
- (၁၁) အပါယ်လေးပါးသို့ ကျရောက်တတ်ခြင်း။
အရိယာဓမ္မကို ကဲ့ရဲ့လျင် ရောရုဝငရဲသို့ ကျရောက်တတ်ကြောင်း နတ်သမီးက လျှောက်ထားသော ဂါထာ၊ ပဌမ ပစ္စုန္နုဓိတုသုတ်၊ [၁၁၆] ။ သုနေတ္တသုတ် [၁၁၇] ။ သောရေယျ မထေရ်ဝတ္ထု၊ [၁၁၈] ။ ဇမ္ဗုကဝတ္ထု၊ [၁၁၉] ကြောက်လန့်စရာကောင်းလှ၏။ ။ မပြစ်မှားသင့်သူကို ပြစ်မှားခြင်းကြောင့် ကျရောက်တတ်သော အပြစ်များကို ဒဏ် ၁၀-ပါးခဏ်း၌လည်း ပြထား၏။
ကလျာဏပုထုဇဉ်ကို သေက္ခဟူ၍ ခေါ်နိုင်သေးကြောင်း [၁၂၀]
အရိယာပုဂ္ဂိုလ်တို့ ဘုံအကူးအပြောင်းနှင့် စပ်၍ မှတ်သားဖွယ် အကျယ် [၁၂၁] အရိယာပုဂ္ဂိုလ်တို့ နောက်ဆုံးပရိနိဗ္ဗာန်စံရာဌာနကို ပုဂ္ဂိုလ်အလိုက်ခွဲဟောထားတော်မူပုံ၊ [၁၂၂]
အရိယာပုဂ္ဂိုလ်တို့ မြဲသောအရာ ၄-မျိုးကို ဟောသော ဂိဉ္ဇကာဝသထသုတ် (ပ-ဒု-တ)။ ။ [၁၂၃] ဗုဒ္ဓါနုဿတိ စသည် သုံးပါးနှင့် အရိယာကန္တ ၅-ပါးသီလ။ ။ ဤလေးပါး မြဲမှုကြောင့် အပါယ်လေးပါး မလားနိုင်တော့ကြောင်း ဟောသော ဂေါဓသက္ကသုတ်၊ [၁၂၄]
အရိယာပုဂ္ဂိုလ်တို့ သက်သာရာရခြင်း ၄-မျိုး။ ကေသမုတ္တိသုတ်၊ [၁၂၅]
အရိယာမည်ပုံ [၁၂၆] ။ အရိယာ ပုဂ္ဂိုလ် လေးယောက် အမည်အဖွင့်၊ [၁၂၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရိယသာဝက (တိ) [အရိယ+သာဝက။ ထီ-၌ အရိယသာဝိကာ]
- ↑ (က) (ခ) တံ သုတဝါ အရိယသာဝကော ယထာဘူတံ ပဇာနာတိ။ အံ၊၁၊၉။ (က) အရိယသာဝကောတိ...အတ္ထိ အရိယော စေဝ သာဝကော စ။ အံ၊ဋ္ဌ၊၁၊၄၈။ (ခ) အရိယသာဝကော (ဣတိဝုတ်၊၂၄၆) တိ အရိယဿ ဗုဒ္ဓဿ ဘဂဝတော သာဝကော, သာဝကဘာဝံ ဥပဂကာမော အရိယသာဝကော ဝါ အဝဿံဘာဝီ။ အန္တိမဘဝိကံ သာဝကဗောဓိသတ္တံ သန္ဓာယ အယမာရမ္ဘော။ ဣတိဝုတ်၊ဋ္ဌ၊၂၄၀။ (က) (ခ) (ဝိ၊၃၊၂၀၊ ၄၅။ ဒီ၊၂၊၇၉၊ ၈၀။ ဒီ၊၃၊၁၄၇၊ ၁၅၃၊ ၁၉၀။ မ၊၁၊၁၁၊ ၅၇၊ ၁၂၆၊ ၁၈၉၊ ၁၉၂၊ ၂၃၉။ မ၊၂၊၁၇။ မ၊၃၊၄၉။ သံ၊၁၊၂၇၈၊ ၂၉၀။ သံ၊၂၊၄၇၊၅၈၊၇၄၊ ၁၀၆၊ ၁၁၆၊ ၂၆၁၊ ၄၄၆။ သံ၊၃၊၁၇၃။ အံ၊၁၊၁၉၂-၇၊ ၂၁၁၊ ၂၂၃၊ ၂၂၄၊ ၂၄၄-၅၊ ၃၆၇၊ ၃၇၄-၆-၇-၈-၉။ အံ၊၂၊၂၊ ၄၉၊ ၅၄၊ ၇၀-ဂ၊ ၁၈၆-၇၊ ၂၅၃၊ ၂၅၄၊ ၂၇၉၊ ၄၃၉၊ ၄၈၇-၈။ အံ၊၃၊၇၇၊ ၃၀၃-၆။ အဘိ၊ဝိ၊၂၄၄။ အဘိ၊က၊၉၁၊ ၁၃၉၊ ၁၆၉။ ပဋိသံ၊၄၀။ ဣတိဝုတ်၊၂၄၆။ သုတ္တနိ၊၂၉၄။ ဝိမာန၊၃၉။ မဟာနိ၊၃၄၆။ စူဠနိ၊၁၈၂။ နေတ္တိ၊၄၂။ မိလိန္ဒ၊၇၀။ ဝိ၊ဋ္ဌ၊၁၊၈၈။ ဝိ၊ဋ္ဌ၊၂၊၁၀၂။ ဝိ၊ဋ္ဌ၊၃၊၁၂၄။ ဒီ၊ဋ္ဌ၊၁၊၁၂၉။ ဒီ၊ဋ္ဌ၊၂၊၁၃၄။ ဒီ၊ဋ္ဌ၊၃၊၄၈။ မ၊ဋ္ဌ၊၁၊၁၃၉။ မ၊ဋ္ဌ၊၂၊၁၀၄။ မ၊ဋ္ဌ၊၃၊၃၆။ မ၊ဋ္ဌ၊၄၊၂၄၊ ၇၅။ သံ၊ဋ္ဌ၊၁၊၂၉၊ ၂၀၅။ သံ၊ဋ္ဌ၊၂၊၃၂၊ ၄၀။ သံ၊ဋ္ဌ၊၃၊၃၀၇။ အံ၊ဋ္ဌ၊၁၊၂၆၅။ အံ၊ဋ္ဌ၊၂၊၂၀။ အံ၊ဋ္ဌ၊၃၊၂၇။ အဘိ၊ဋ္ဌ၊၁၊၁၁၁။ အဘိ၊ဋ္ဌ၊၂၊၂၅၅။ အဘိ၊ဋ္ဌ၊၃၊၃၃၁။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၅။ ဝိသုဒ္ဓိ၊၂၊၃၁၆။ ဓမ္မ၊ဋ္ဌ၊၂၊၂၉၇။ သုတ္တနိ၊ဋ္ဌ၊၁၊၁၄၈။ သုတ္တနိ၊ဋ္ဌ၊၂၊၁၅။ ဝိမာန၊ဋ္ဌ၊၅၃၊ ၁၂၅။ ထေရ၊ဋ္ဌ၊၂၊၂၆၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၇။ ဇာ၊ဋ္ဌ၊၁၊၅၃၄။ မဟာနိ၊ဋ္ဌ၊၃၂၂။ စူဠနိ၊ဋ္ဌ၊၆။ နေတ္တိ၊ဋ္ဌ၊၁၁၂။ သာရတ္ထ၊၂၊၂၀၄။ သာရတ္ထ၊၃၊၁၉၀။ ဝိမတိ၊၁၊၈၉။ ကင်္ခါ၊ဋီ၊၂၂၀။ ဒီ၊ဋီ၊၁၊၁၂။ သီ၊ဋီ၊သစ်၊၁၊၂၀။ သီ၊ဋီ၊သစ်၊၂၊၁၈၅။ ဒီ၊ဋီ၊၃၊၄၀။ မ၊ဋီ၊၁၊၁၇၄။ သံ၊ဋီ၊၁၊၁၂၊ ၇၅။ သံ၊ဋီ၊၂၊၄၁၄။ အံ၊ဋီ၊၁၊၁၀၄။ အံ၊ဋီ၊၃၊၂၃၀။ မူလဋီ၊၁၊၁၁၁။ မူလဋီ၊၂၊၇၃။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၉၊ ၆၅။ နေတ္တိ၊ဝိ၊၁၇၂။) (ထီ) (က) (ခ) ပဉ္စဟိ ဘိ ဘိက္ခဝေ ဝဍ္ဎိဟိ ဝဍ္ဎမာနာ အရိယသာဝိကာ အရိယာယ ဝုဍ္ဎိယာ ဝဍ္ဎတိ။ သံ၊၂၊၄၄၆။ အံ၊၂၊၇၂။ (သံ၊၃၊၃၄၆။ အံ၊၁၊၃၇၄။ ဝိမာန၊၃၉။ ဝိ၊ဋ္ဌ၊၂၊၂၁၅။ ဝိ၊ဋ္ဌ၊၃၊၈၆။ သံ၊ဋ္ဌ၊၁၊၂၀၇။ အံ၊ဋ္ဌ၊၁၊၃၁၆။ အံ၊ဋ္ဌ၊၂၊၂၇၀။ အံ၊ဋ္ဌ၊၃၊၁၇၀။ ဥဒါန၊ဋ္ဌ၊၁၀၈။ ဣတိဝုတ်၊ဋ္ဌ၊၂၆။ ဝိမာန၊ဋ္ဌ၊၁၂၅၊ ၁၅၄။ သာရတ္ထ၊၂၊၃၈၀။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၃
- ↑ ပဏ်-၂-ပါ-၁၆၊ ပဏ်-၂-ဋ္ဌ-၁၁၊
- ↑ အံ-၉-ပါ-၁၇၄၊ အံ-၉-ဋ္ဌ-၂၆၁။
- ↑ အံ-၁၀-ပါ-၃၀၃၊ အံ-၁၀-ဋ္ဌ-၃၀၄။
- ↑ မဟာ-သံ-ပါ-၁၉၇၊ မဟာ-သံ-ဋ္ဌ-၂၇၉။
- ↑ နိဒါန-သံ-ပါ-၃၀၅၊ နိဒါန-သံ-ဋ္ဌ-၇၀။ ။ ဒု-သုတ်၊ နိဒါန-သံ-ပါ-၃၀၆၊ နိဒါန-သံ-ဋ္ဌ-၇၁၊
- ↑ အရိယာသာဝကဿ ဧဝရူပံ ကောဟညံနာမ နဟောတိ။ ။ ပဏ်-၁-ပါ-၃၀၉၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၀၂၊
- ↑ အရိယာသာဝကဿ ပန သဌော မာယာဝီတိနာမံ နတ္ထိ ပဏ်-၂-ပါ-၃၂၉၊ ပဏ်-၂-ဋ္ဌ-၂၄၆၊
- ↑ ပဏ်-၁-ပါ-၁၁၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၇၅၊ အပိစ ခေါ သိခါပတ္တ ဝိပဿနတော ပဘုတိ ယာဝ ဂေါတြဘု၊ တာဝ တဒနု ရူပေန အတ္တေန အယံ အရိယာသာဝကောတိ ဝေဒိတဗ္ဗာ။ ။ အရိယာ သာဝကော ဟူသောပုဒ်အဖွင့်၊ ဣတိ-ဋ္ဌ-၂၄၀၊ ဣတိ-ပါ-၂၄၆။ ။
- ↑ အံ-၁-ဋ္ဌ-၄၈၊
- ↑ အရိယာသာဝကာဟိ ယေဘုယျန ဒက္ခိဏပဿေနေဝ ကာလံ ကရောန္တိ၊
- ↑ ခန္ဓ-သံ-ဋ္ဌ-၂၈၈၊ ခန္ဓ-သံ-ပါ-၁၀၁။
- ↑ အံ-၅-ပါ-၃၈၊ အံ-၅-ဋ္ဌ-၂၂၊
- ↑ မဟာ-သံ-ပါ-၁၉၇၊ မဟာ-သံ-ဋ္ဌ-၂၇၇၊
- ↑ မဟာ-သံ-ပါ-၁၇၀၊ မဟာ-သံ-ဋ္ဌ-၂၆၄။
- ↑ အံ-၄-ပါ-၃၄၃၊ အံ-၄-ဋ္ဌ-၂၉၆၊
- ↑ မဟာနိ-ပါ-၃၉၈၊ မဟာနိ-ဋ္ဌ-၄၁၃။ ။ စူဠနိ-ဋ္ဌ-၁၁၆။ ။ အံ-၄-ဋ္ဌ-၂၇၆။ ။ ဒီဃ-၃-ဋ္ဌ-၁၉၁၊ ဒီဃ-၃-ပါ-၁၈၈။
- ↑ ဝိ-၃-ပါ-၃၄၆၊
- ↑ သဠာ-သံ-ပါ-၄၄၆၊
- ↑ အံ-၁၀-ပါ-၃၆၅၊ အံ-၁၀-ဋ္ဌ-၃၂၃၊
- ↑ အံ-၃-ပါ-၂၆၃၊ အံ-၃-ဋ္ဌ-၂၃၁။
- ↑ ပဏ်-၁-ပါ-၁၉၉၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၄၀၊ ၄၄၊
- ↑ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၀၁၊
- ↑ ပဏ်-၃-ပါ-၁၅၇၊ ပဏ်-၃-ဋ္ဌ-၁၁၇။ ။ အံ-၁၀-ပါ-၃၀၉၊ ၃၅၀၊ ၃၅၉၊ အံ-၁၀-ဋ္ဌ-၃၁၈၊
- ↑ ဥဒါန-ပါ-၁၁၉၊ ဥဒါန-ဋ္ဌ-၂၀၆။ ။ ဣတိ-ပါ-၂၅၀၊ ဣတိ-ဋ္ဌ-၂၅၆။ ။ မဟာနိ-ပါ-၁၆၉၊ မဟာနိ-ဋ္ဌ-၂၈၅၊ အံ-၅-ပါ-၁၀၃၊ အံ-၅-ဋ္ဌ-၃၉။ ။
- ↑ ဒီဃ-၃-ပါ-၁၉၃၊ ဒီဃ-၃-ဋ္ဌ-၂၀၇
- ↑ အံ-၄
- ↑ အံ-၈-ပါ-၁၂၇၊ အံ-၈-ဋ္ဌ-၂၄၆။ ။ ဝိ-၂-ပါ-၂၊ ဤ၌ ၈-ပါး၊ ဝိ-၅-ပါ-၂၂၄။ ။ အဘိ-၂-ပါ-၃၉၀-၄၀၁၊ အဘိ-၂-ဋ္ဌ-၄၈၄။ ။၇
- ↑ အရိယာနံ ဘိက္ခဝေ ပရဝမ္ဘနဝသေန ဖရုသဝါစာနာမ နတ္ထိ၊ အပိစခေါ ပန ဘဝန္တရေ အာစိဏ္ဏဝသေန ဘဝေယျာတိ။ ။ အံ-၁-ဋ္ဌ-၂၁၆၊
- ↑ အံ-၇-ပါ-၄၄၈၊ အံ-၇-ဋ္ဌ-၁၇၂။
- ↑ ဝိ-၁-ဋ္ဌ-ပ-အုပ်-၇။ ။ ဝိ-၄-ပါ-၄၈၁၊ မူရင်း။ ။ ဒီဃ-၃-ပါ-၁၄၇၊ ဒီဃ-၃-ဋ္ဌ-၁၂၇
- ↑ မဟာ-သံ-ပါ-၃၄၈၊ မဟာ-သံ-ဋ္ဌ-၃၂၀၊
- ↑ မဟာ-သံ-ဋ္ဌ-၂၉၉၊ မဟာ-သံ-ပါ-၂၇၉။
- ↑ သုတ္တ-ပါ-၃၃၆၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၀၄၊
- ↑ ထေရ-ပါ-၃၄၀၊ ထေရ-ဋ္ဌ-ဒု-အုပ်-၃၅၆။
- ↑ ဝိ-၁-ဋ္ဌ-ပ-အုပ်-၃၁-၂၀၉၊
- ↑ သာမဏေရော သောတာပတ္တိဖလေ ပတိဋ္ဌိတော၊ အဘဗ္ဗော ဒါနိ သာသနတော နိတ္တိတုံ။ ။ အဘိ-၄-ပါ-၁၇၃၊ အဘိ-၄-ဋ္ဌ-၉၅၊ အယံ သောတာပန္နော သာသနေ မူလ ဇာတာယ သဒ္ဓါယ ပတိဋ္ဌိတတ္တာ “သမဏ မစလော”တိ ဝုစ္စတိ။ ။ အံ-၈-ဋ္ဌ-၂၃၅။
- ↑ အံ-၄-ပါ-၃၉၉၊ အံ-၄-ဋ္ဌ-၃၂၂။
- ↑ အံ-၄-ပါ-၃၀၈၊ အံ-၄-ဋ္ဌ-၂၄၉။
- ↑ အဘိ-၄-ဋ္ဌ-၇၀၊ အဘိ-၄-ပါ-၁၄၂။ ။ အံ-၃-ပါ-၂၃၃၊ အံ-၃-ဋ္ဌ-၂၁၇၊
- ↑ နိဒါန-သံ-ပါ-၂၈၃၊ နိဒါန-သံ-ဋ္ဌ-၅၇။
- ↑ ဝိ-၂-ပါ-၂၃၁၊ ဝိ-၂-ဋ္ဌ-၁၅၁။
- ↑ ဝိ-၂-ပါ-၁၀၆-၁၀၇၊ ဝိ-၂-ဋ္ဌ-၈၆၊ ၂-ဝတ္ထု။
- ↑ ပေတ-ဋ္ဌ-၁၃၆-အညွှန်း၊ ဥဒ္ဒိဿ အရိယာ တိဋ္ဌန္တိ၊ ဧသော အရိယာန ယာစနာတိ၊
- ↑ ဇာတက-ပါ-ပ-အုပ်-၁၆၂၊ ဂါထာ နံပါတ်-၅၉၊ ဇာတက-ဋ္ဌ-တ-အုပ်-၃၃၃။ ။ မိလိန္ဒ-ပါ-၂၂၄-ဂါထာ။
- ↑ ပဏ်-၁-ပါ-၃၉၉၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၉၉၊
- ↑ ဝိ-၅-ပါ-၂၁၄၊ ဝိ-၅-ဋ္ဌ-၁၆၁။
- ↑ အံ-၃-ပါ-၂၃၃၊ အံ-၃-ဋ္ဌ-၂၁၆။
- ↑ ဝိ-၄-ပါ-၄၂၁။ ။ ဥဒါန-ပါ-၁၄၂၊ ဥဒါန-ဋ္ဌ-၁၇၅။ ။ အဘိ-၅-ပါ-၃၄၃-အညွှန်း။
- ↑ ဇာတက-ဋ္ဌ-ဒု-အုပ်-၃၈-၂၅၆၊
- ↑ ပဏ်-၁-ပါ-၃၉၈၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၉၈။
- ↑ အံ-၁-ပါ-၂၈၊ အံ-၁-ဋ္ဌ-၃၅၂။
- ↑ အံ-၆-ပါ-၃၈၂၊ အံ-၆-ဋ္ဌ-၁၄၀။ ။ နေတ္တိ-ပါ-၇၇၊ နေတ္တိ-ဋ္ဌ-၁၅၇၊
- ↑ ဇာတက-ပါ-ပ-အုပ်-၃၈၊ ဇာတက-ဋ္ဌ-ဒု-အုပ်-၂၃၊
- ↑ ဒီဃ-၁-ဋ္ဌ-၂၇၃။
- ↑ အဘိ-၅-ပါ-၃၄၂၊ အဘိ-၅-ဋ္ဌ-၂၃၃။
- ↑ ပဏ်-၃-ဋ္ဌ-၂၅၊ ပဏ်-၃-ပါ-၃၃၊
- ↑ ပဏ်-၂-ပါ-၂၃-၂၄၊ ပဏ်-၂-ဋ္ဌ-၂၈၊
- ↑ ပေဋက-ပါ-၃၀၁။ ။ သုတ္တ-ပါ-၃၁၄။ သုတ္တ-ဋ္ဌ-ပ-အုပ်-၂၈၉၊
- ↑ ဂါထာ၊ ဥဒါန-ပါ-၁၄၈၊ ဥဒါန-ဋ္ဌ-၂၈၅။ ။ ဝိ-၃-ပါ-၂၈၆၊ ဝိ-၃-ဋ္ဌ-၃၇၁။
- ↑ ထေရ-ပါ-၃၁၅၊ ထေရ-ဋ္ဌ-ဒု-အုပ်-၂၄၆။
- ↑ သုတ္တ-ဋ္ဌ-ဒု-အုပ်-၉၄။
- ↑ ပဏ်-၁-ပါ-၉၂၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၁၄။ ။
- ↑ မဟာ-သံ-ပါ-၃၁၀၊ မဟာ-သံ-ဋ္ဌ-၃၁၁။
- ↑ ဒီဃ-၁-ဋ္ဌ-၂၀၉၊
- ↑ ဝိ-၃-ပါ-၃၃၄၊ သဂါထာ-သံ-ဋ္ဌ-၃၂၀၊ သဂါထာ-သံ-ပါ-၂၃၄။ ။ နိဒါန-သံ-ပါ-၂၉၉၊ နိဒါန-သံ-ဋ္ဌ-၆၈။ ။ မဟာ-သံ-ပါ-၂၉၈-၂၉၉၊ မဟာ-သံ-ဋ္ဌ-၃၀၇။ ။ ဒီဃ-၁-ဋ္ဌ-၂၇၃။ ။ ဒီဃ-၂-ဋ္ဌ-၁၃၄၊
- ↑ ခုဒ္ဒက-ဋ္ဌ-၇။
- ↑ မဟာ-သံ-ပါ-၂၉၉၊ မဟာ-သံ-ဋ္ဌ-၃၀၈၊
- ↑ သုတ္တ-ပါ-၄၀၁၊ ဂါထာ နံပါတ်-၇၈၈၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၃၇၊ အရိယာနံ န ပတိရူပံ မဟာရာဇ အဟံ သီလဝါ ဂုဏသမ္ပန္နောတိ ပရေသံ အာရောစေတုံ။ ။ မဟာနိ-ပါ-၅၀၊ မဟာနိ-ဋ္ဌ-၁၆၈။ ။ ဝိ-၂-ပါ-၃၅၊ ဝိ-၂-ဋ္ဌ-၁၇။ အရိယာနဥှိ ပယုတ္တဝါစာနာမ နတ္ထိ။ ။ ဘူတမ္ပိ ပုထုဇ္ဇနာ အာရောစေသုံ၊ န အရိယာ။
- ↑ ထေရ-ဋ္ဌ-ပ-အုပ်-၃၃၊ ထေရ-ပါ-၂၁၉။ ။ အပ-ဋ္ဌ-ဒု-အုပ်-၃၆။ ။
- ↑ ဒီဃ-၁-ဋ္ဌ-၅၅။ ။ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၆၃။ ။ ဝိ-၂-ဋ္ဌ-၁၈၊ ဝိ-၂-ပါ-၃၇၊
- ↑ အံ-၉-ပါ-၁၈၄၊ အံ-၉-ဋ္ဌ-၂၆၄။
- ↑ အံ-၃-ပါ-၂၂၃-၄၊ အံ-၃-ဋ္ဌ-၂၀၄။
- ↑ အံ-၅-ပါ-၃၀၊ အံ-၅-ဋ္ဌ-၁၈။ ။ အံ-၂-ဋ္ဌ-၂၀။
- ↑ ဒီဃ-၂-ပါ-၇၉၊ ဒီဃ-၂-ဋ္ဌ-၁၃၄။
- ↑ အံ-၄-ပါ-၄၄၁၊ အံ-၄-ဋ္ဌ-၃၃၁၊
- ↑ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၆၃-၆၄
- ↑ ပေဋက-ပါ-၂၇၁
- ↑ ဓမ္မပဒ-ဋ္ဌ-ဒု-အုပ်-၇၆။
- ↑ အရိယာနာမ မဇ္ဈတ္တာဝ ဟောန္တိ အံ-၁-ဋ္ဌ-၂၃၄၊
- ↑ ဝိသုဒ္ဓိ-ပ-အုပ်-၂၂၀-၂၂၁။
- ↑ အဘိ-၄-ပါ-၁၁၉-၁၂၀၊ ၄၇-မှ ၅၃-ထိ။ ။ မဟာ-သံ-ဋ္ဌ-၂၇၂။ ။ ပဋိသံ-ပါ-၁၆၀၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၆၇။ ။ အံ-၃-ဋ္ဌ-၂၁၈-၂၁၉၊ အံ-၃-ပါ-၂၃၄-၂၃၅။ ။
- ↑ အံ-၄-ပါ-၄၅၀၊ အံ-၄-ဋ္ဌ-၃၃၆။ ။
- ↑ အံ-၃-ပါ-၂၃၄၊ အံ-၃-ဋ္ဌ-၂၁၇။
- ↑ သုတ္တ-ဋ္ဌ-ပ-အုပ်-၂၈၂။ ။ ခုဒ္ဒက-ဋ္ဌ-၁၅၃
- ↑ ခုဒ္ဒက-ဋ္ဌ-၅၊ ခုဒ္ဒက-ဋ္ဌ-၁၅၂။ ။ သုတ္တ-ပါ-၃၁၃၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၂၈၂။
- ↑ အံ-၃-ပါ-၂၃၅၊ အံ-၃-ဋ္ဌ-၂၁၉။
- ↑ အံ-၆-ပါ-၂၅၁၊ အံ-၆-ဋ္ဌ-၈၈။ ။ အံ-၁၁-ပါ-၅၃၀၊ အံ-၁၁-ဋ္ဌ-၃၄၄။ ။ ဒု-သုတ် အံ-၁၁-ပါ-၅၃၄။
- ↑ အံ-၁၁-ပါ-၅၃၅၊ အံ-၁၁-ဋ္ဌ-၃၄၅။
- ↑ ဝိသုဒ္ဓိ-ပ-အုပ်-၂၂၀-၂၂၁-
- ↑ ဓမ္မ-ဋ္ဌ-ပ-အုပ်-၄၊
- ↑ ပဏ်-၁-ပါ-၂၇၃၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၁၅၀-၃၀၀။
- ↑ မဟာ-သံ-ပါ-၃၄၆၊ မဟာ-သံ-ဋ္ဌ-၃၂၀။
- ↑ ဝိမာန-ဋ္ဌ-၆၁၊
- ↑ ဝိမာန-ပါ-၇၁၊ ဝိမာန-ဋ္ဌ-၁၉၉။
- ↑ ပဏ်-၁-ပါ-၃၉၅၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၈၇။ ။ ဒီဃ-၃-ဋ္ဌ-၄၈၊ ဒီဃ-၃-ပါ-၆၉၊
- ↑ အဘိ-၄-ပါ-၁၄၂၊ အဘိ-၄-ဋ္ဌ-၇၀။
- ↑ အံ-၄-ပါ-၃၆၆၊ အံ-၄-ဋ္ဌ-၃၁၀။
- ↑ မဟာနိ-သံ-ပါ-၃၄၈၊ မဟာနိ-သံ-ဋ္ဌ-၃၂၀။ ။ ဒု-သုတ် မဟာနိ-သံ-ပါ-၃၅၀။ ။ တ-သုတ် မဟာနိ-သံ-ပါ-၃၅၁။
- ↑ မဟာ-သံ-ပါ-၆၁၊ မဟာ-သံ-ဋ္ဌ-၁၇၉။
- ↑ ဣတိ-ပါ-၂၆၇၊ ဣတိ-ဋ္ဌ-၃၁၃
- ↑ ဒီဃ-၂-ပါ-၇၉-၂၄၀၊ ဒီဃ-၂-ဋ္ဌ-၁၃၄-၃၇၅။ ဝိသုဒ္ဓိ-ဒု-အုပ်-၃၂၅၊
- ↑ အဘိ-၂-ဋ္ဌ-၄၈၃၊ အဘိ-၂-ပါ-၃၉၀၊
- ↑ အဘိ-၅-ပါ-၆၈။ ။ အံ-၃-ဋ္ဌ-၈၀။ ။
- ↑ ပဏ်-၁-ပါ-၁၂၆၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၃၆၆။
- ↑ အံ-၁၀-ပါ-၂၇၉၊ အံ-၁၀-ဋ္ဌ-၂၉၁။ ။ (ပ-ဒု) အံ-၁၀-ပါ-၂၈၁၊ အံ-၁၀-ဋ္ဌ-၂၉၂။ ။ ဒီဃ-၃-ပါ-၂၂၄-၂၅၇၊ ဒီဃ-၃-ဋ္ဌ-၂၃၄။ ။
- ↑ သုတ္တ-ပါ-၃၃၅၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၉၉၊
- ↑ အံ-၄-ပါ-၃၇၉၊ အံ-၄-ဋ္ဌ-၃၁၃၊
- ↑ သုတ္တ-ပါ-၃၃၈၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၀၆။
- ↑ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၄၈။
- ↑ ပဏ်-၁-ပါ-၂၁၈၊ ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၇၆။
- ↑ အံ-၅-ပါ-၃၈၊ အံ-၅-ဋ္ဌ-၂၂။
- ↑ သုတ္တ-ပါ-၃၈၁၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၉၇။ ။ အက္ကောသသုတ်၊ အံ-၁၀-ပါ-၃၉၃၊ အံ-၁၀-ဋ္ဌ-၃၂၆။ ဗျသနသုတ် အံ-၁၁-ပါ-၅၂၁။ ။ ဝိ-၅-ပါ-၂၄၉၊ ဝိ-၅-ဋ္ဌ-၁၈၄၊
- ↑ သဂါထာ-သံ-ပါ-၂၇၊ သဂါထာ-သံ-ဋ္ဌ-၇၆။ ။ အပြစ်ပြ ဂါထာများ၊ နေတ္တိ-ပါ-၁၁၁၊ နေတ္တိ-ဋ္ဌ-၁၇၃-၂၂၆။ ။ ဝိ-၁-ပါ-၂၆၊ ဝိ-၁-ဋ္ဌ-ပ-အုပ်-၁၃၃-၁၃၅။ ။ မဟာသာဝဇ္ဇော ဟိ အရိယူပဝါဒေါ အာနန္ဒရိယသဒိသော။ ။ မဟာနိ-ပါ-၂၇၆၊ မဟာနိ-ဋ္ဌ-၃၃၃။
- ↑ အံ-၇-ပါ-၅၀၁။
- ↑ ဓမ္မ-ဋ္ဌ-ပ-အုပ်-၂၀၇။
- ↑ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၁၃၊
- ↑ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၄၂။ ။ နေတ္တိ-ဋ္ဌ-၇၇၊ နေတ္တိ-ပါ-၁၈။ ။ အဘိ-၂-ဋ္ဌ-၃၁၅။ ။ အဘိ-၄-ဋ္ဌ-၉၅၊ အဘိ-၄-ပါ-၁၇၁။ ။ ဣတိ-ဋ္ဌ-၅၈၊ ဣတိ-ဋ္ဌ-၂၃၆။ ။ ဝိ-၁-ဋ္ဌ-ပ-အုပ်-၂၀၇။ ။ အံ-၂-ဋ္ဌ-၂၉၊ ဧတ္ထစ သီလဝန္တပုထုဇ္ဇနောပိ သောတာပန္ဓေနေဝ သင်္ဂဟိတော။ ။ ဝိ-၌ သေခေါပိ ပုထုဇ္ဇန ကလျာဏကေန သဒ္ဓိံ သတ္တ အရိယာ တိဿော သိက္ခာ သိက္ခန္တီတိ သေခါ။
- ↑ အဘိ-၂-ဋ္ဌ-၅၀၅၊ အရိယာသာဝကဿ ရူပဓာတုယာ စုတဿ ကာမဓာတုယံ ဥပပတ္တိနာမ နတ္ထိ၊ ပုထုဇ္ဇနဿေဝ ဟောတိ၊ အဘိ-၆-ဋ္ဌ-၃၃၁၊ အဘိ-၆-ပါ-ဒု-အုပ်-၂၈၁။ ။ အင်္ဂုတ္တရနိကာယ စတုက္ကနိပါတ၊ အံ-၄-ဋ္ဌ-၃၃၂။ ။
- ↑ အဘိ-၄-ပါ-၁၈၅၊ အဘိ-၄-ဋ္ဌ-၁၀၃။
- ↑ မဟာ-သံ-ပါ-၃၁၀၊ မဟာ-သံ-ဋ္ဌ-၃၁၁၊
- ↑ မဟာ-သံ-ပါ-၃၂၄၊ မဟာ-သံ-ဋ္ဌ-၃၁၇။
- ↑ အံ-၃-ပါ-၁၈၉၊ အံ-၃-ဋ္ဌ-၁၈၁။
- ↑ ပဏ်-၁-ပါ-၁၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၂၂-၁၀၈။ ။ ခန္ဓ-သံ-ပါ-၃၊ ခန္ဓ-သံ-ဋ္ဌ-၂၃၁။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၂၅၁။ ။ ပဋိသံ-ပါ-၁၆၀၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၆၅-၆၆၊ ဂါထာ။ ။ သုတ္တ-ပါ-၃၆၁၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၁၅၆-၁၅၇။ ။ အရိယနိဒ္ဒေသ-အဘိ-၄-ပါ-၁၁၆၊ အဘိ-၄-ဋ္ဌ-၃၉။
- ↑ ပဏ်-၁-ပါ-၄၀၊ ပဏ်-၁-ဋ္ဌ-ပ-အုပ်-၁၆၆။ ။ မဟာနိ-ပါ-၆၊ မဟာနိ-ဋ္ဌ-၃၁၊