မြောင်မြို့

ဝီကီပီးဒီးယား မှ
မြောင်မြို့
မြောင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြောင်မြို့
မြောင်မြို့
မြောင်မြို့ တည်နေရာ
ကိုဩဒိနိတ်: 21°49′52″N 95°25′23″E / 21.83111°N 95.42306°E / 21.83111; 95.42306
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်စစ်ကိုင်းခရိုင်
မြို့နယ်မြောင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြောင်မြို့သည် အထက်မြန်မာပြည် စစ်ကိုင်းခရိုင်၏ အနောက်ဖက်ပိုင်းတွင် ရှိ၍ မြင်းမူမြို့၏ အနောက်တောင်ဖက် ၁၄ မိုင်အကွာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ဆုံရာ ထောင့်ချိုးတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်တို့ဆုံရာ ထောင့်ချိုးတွင် ဧရာဝတီမြစ်၏လကျာ်ဖက်ကမ်းပေါ်၌ တည်ရှိသည်။ မြောင်မြို့နယ်၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ မြောင်မြို့နယ်သည် ၁၇၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ ချောင်းဦး မရိုးကုန်း ပေတရာ လမ်းမကြီးသည် ထိုမြို့ကို ဖြတ်သွားသည်။

မြို့အတွင်းသို့ မြစ်ရေ မဝင်နိုင်ရန် မြောက်အင်းမကြီးတွင် ရေကာတာကြီးတစ်ခုကို ပြုလုပ်ထားသည်။ မြင်းခြံ-မန္တလေးသွား သင်္ဘောများသည် ထိုမြို့တွင် အစုန်အဆန် ဆိုက်ကပ်ကြသည်။ မြောင်မြို့၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၇၇၉၅ ယောက်ဖြစ်၏။[၁] မြို့ပေါ်တွင် မြို့ပိုင်ရုံး၊ ရဲဌာနာ၊ဆေးရုံ၊ အစိုးရအထက်တန်းကျောင်း စသည့် အစိုးရ အဆောက်အအုံများလည်း ရှိသည်။ မြောင်မြို့သည် မြန်မာမင်းများ လက်ထက်က မြင်းခေါင်းတစ်ဦး အုပ်ချုပ်ရသော နယ်ဖြစ်၍၊ ထိုစဉ်က ရွှေဘိုမြို့ဝန်၏ လက်အောက်ခံ ဖြစ်ခဲ့၏။ နောင်အခါ အာလာကပ္ပမြို့ဝန်၏ လက်အောက်ခံဖြစ်ခဲ့သည်။ မြောင်မြို့နှင့်တကွ အနီးအပါး တစ်ဝိုက်ကို ရှေးအခါက ပေါင်းမြောင်းတိုက်ဟု ခေါ်တွင်ခဲ့၍၊ ပုဂံပြည့်ရှင် ဘုရင်နရပတိစည်သူက တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)