လေရှီးမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
လေရှီးမြို့
မြို့
လေရှီးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လေရှီးမြို့
လေရှီးမြို့
လေရှီးမြို့တည်နေရာ
ကိုဩဒိနိတ်: 25°27′0″N 94°57′0″E / 25.45000°N 94.95000°E / 25.45000; 94.95000ကိုဩဒိနိတ်: 25°27′0″N 94°57′0″E / 25.45000°N 94.95000°E / 25.45000; 94.95000
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး
ခရိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ် လေရှီးမြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း ၁,၇၀၅[၁]
 • လူမျိုးများ နာဂ
အချိန်ဇုန် MST (UTC+6.30)

လေရှီးမြို့ သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေရှီးမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။[၂] အိန္ဒိယနိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသည်။ ထမံသီရွာမှ တဆင့် ဟုမ္မလင်းမြို့သို့ ကားလမ်းဖြင့် ဆက်သွယ်ထားသည်။

လေရှီးဆိုသော အမည်မှာ ကသည်းဘာသာစကား လိုင်ရှီးမှ ဆင်းသက်လာပြီး မြေဆီမြေနှစ် ခမ်းခြောက်ရာဒေသဟု အဓိပ္ပာယ်ရသည်။[၃]

မြန်မာတနိုင်ငံလုံး ဗြိတိသျှလက်အောက် ကျပြီးနောက်၊ ၁၉၁၇ တွင် အင်္ဂလိပ်တို့ လေရှီးနယ်အတွင်း ဝင်ရောက်ကာ တပ်များကို လေရှီးအနောက်တောင်ဘက ထိန်ကွတ်၌ စခန်းချကြသည်။ ထို့နောက် ၁၉၂၃ တွင် ထိန်ကွတ်မှ လေရှီးသို့ ပြောင်းရွှေ့ကာ မြို့ အဖြစ် သတ်မှတ်သည်။

ယခုအခါ လေရှီး၊ လဟယ်နှင့် နန်းယွန်း ၃ မြို့နယ်ကို ပေါင်းစပ်ကာ ၂၉ မေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၄။ 
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. ညီပုလေး (၂၀၀၈ နိုဝင်ဘာလ). စိမ်းလန်းတဲ့တောင်တန်း မြင့်မားတဲ့တောင်တန်း, ပထမအကြိမ်, စိတ်ကူးချိုချို စာအုပ်တိုက်, ၁၇၀။ 
  4. တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၁၈၈။