ကလေးဝမြို့

ဝီကီပီးဒီးယား မှ
ကလေးဝမြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of ကလေးဝမြို့
ကလေးဝမြို့တည်နေရာပြမြေပုံ
ကလေးဝမြို့တည်နေရာပြမြေပုံ
ကလေးဝမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကလေးဝမြို့
ကလေးဝမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 23°12′N 94°18′E / 23.200°N 94.300°E / 23.200; 94.300
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်း
ခရိုင်ကလေး
မြို့နယ်ရုံးစိုက်ရာမြို့ကလေးဝမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ကလေးဝမြို့ သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင်တွင် တည်ရှိသည်။ အထက်ချင်းတွင်းခရိုင် မြစ်သာမြစ်နှင့် ချင်းတွင်းမြစ်တို့ ပေါင်းဆုံရာအရပ်၌ ကလေးဝမြို့ တည်ရှိသည်။ ချင်းတွင်းမြစ်ကြောင်းအားဖြင့် ကလေးဝမြို့မှာ ကင်းတပ်မြို့မှ တောင်ဘက် မိုင် ၄ဝ အကွာ ချင်းတွင်းမြစ်၏ လက်ယာကမ်းတွင် တည်ရှိ၍ ကလေးဝနယ်နှင့် ကလေးဝမြို့နယ် ရုံးစိုက်ရာ မြို့ ဖြစ်သည်။ ကလေးဝမြို့နယ်တစ်ခုလုံးမှာ အနောက်ရိုးမတောင်ခြေပေါ်တွင် တည်ရှိ၍ တစ်နှစ်လျှင် ပျမ်းမမိုးရေချိန် လက်မ ၇ဝ ခန့် ရွာသွန်းလေသည်။ ကလေးဝမြို့နယ်ကို ၁၉ဝ၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်မှ မြို့နယ် အဖြစ် အသိအမှတ်ပြုခဲ့၏။ ကလေးဝမြို့၏ လူဦးရေမှာ ၂၂၃ဝ (၁၉၅၃ ခု)ဖြစ်သည်။

မြစ်သာမြစ်မှာ ချင်းတောင်ဒေသများမှ စီးဆင်းလာရကား ကလေးဝမြို့မှ ရေလမ်းခရီးဖြင့် အထက် အောက် ချင်းတွင်း ခရိုင်များနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ကူးသန်း သွားလာနိုင်သည်သာမက၊ ချင်းတောင်ဒေသများနှင့်လည်း အလွယ်တကူ ကူးလူးဆက်ဆံနိုင်သည်။ ထိုမှတစ်ပါး မြန်မာ နိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သော တမူးတောင်ကြား လမ်းခေါ် မဏိပူရတောင်ကြားလမ်းမှာ ကလေးဝမြို့မှ တမူး နှင့်ပုလဲအရပ်များကို ဖြတ်၍ မဏိပူရပြည်နယ် အင်ဖာမြို့တော် သို့ ရောက်နိုင်သည်။ ထိုတောင်ကြား လမ်းကို ၁၉၄၂ ခုနှစ် မှစ၍ မော်တော်ကားလမ်းအဖြစ်သို့ ပြုပြင်ဖေါက်လုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကလေးဝမြို့သည် ပြည်တွင်း ပြည်ပ ကူးသန်းရောင်းဝယ်မှုများ တိုးတက်လာခဲ့သဖြင့် အထက်ချင်းတွင်းခရိုင်တွင် စည်ပင်ဖွံ့ဖြိုးသော မြို့ကြီးတစ်မြို့ ဖြစ်လာသည်။ မြို့နယ်လူထုမှာ လယ်ယာကိုင်းကျွန်း လုပ်ကိုင် စားသောက်ကြ၍ ငွေကြေးတတ်နိုင်သူများကား သစ်လုပ်ငန်းကို လုပ်ကိုင်ကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)