နန်းယွန်းမြို့

ဝီကီပီးဒီးယား မှ
နန်းယွန်းမြို့
မြို့
နန်းယွန်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နန်းယွန်းမြို့
နန်းယွန်းမြို့
နန်းယွန်းမြို့တည်နေရာ
ကိုဩဒိနိတ်: 26°58′50″N 96°10′5″E / 26.98056°N 96.16806°E / 26.98056; 96.16806ကိုဩဒိနိတ်: 26°58′50″N 96°10′5″E / 26.98056°N 96.16806°E / 26.98056; 96.16806
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်နန်းယွန်းမြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂,၄၄၄[၁]
အချိန်ဇုန်MST (UTC+6.30)

နန်းယွန်းမြို့ သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်းယွန်းမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။[၂]

နန်းယွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြောက်ဘက်စွန်း မြို့နယ် တခု ဖြစ်သည်။ ၁၉၄၆ က နန်းယွန်းတွင် ဦးဆွမ်ဘောကို တောင်အုပ်အဖြစ် ခန့်ထားသည်။ ၁၃ နိုဝင်ဘာ ၁၉၅၄ တွင် နန်းယွန်းတောင်အုပ် ဦးဆွမ်ဘောသည် ဟူးကောင်း၌ ကွယ်လွန်သောအခါ နန်းယွန်းကို ကားမိုင်းနယ်၏ လကအောက်ခံ အဖြစ် ထားရှိသည်။ ထိုစဉ် ဝိုင်းဝန်းကန့်ကွက်ကြ၍ စစ်ကိုင်းတိုင်းအတွင်း ပါဝင်သွားသည်။

နန်းယွန်းသည် နာဂတိုင်းရင်းသားများ နေထိုင်ရာဒေသ ဖြစ်ပြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ထားသည်။ ၁၄-၁၆ ဇန်နဝါရီ ၂၀၁၀ တွင် ခန္တီးခရိုင်၊ နန်းယွန်းမြို့၌ နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၈၉။