ပင်းယခေတ်
Kingdom of Pinya ပင်းယခေတ် | |
---|---|
လက်ရှိအခြေအနေ | မင်းနေပြည်တော် |
မြို့တော် | Pinle, ပင်းယ |
ကိုးကွယ်မှု | ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာန ဗုဒ္ဓဘာသာ၊ ရုပ်ပုံများကိုကိုးကွယ်ခြင်း |
အစိုးရ | သက်ဦးဆံပိုင်စနစ် |
ပင်းယခေတ် (၁၃၁၃-၁၃၆၄) သည် ပုဂံခေတ် ပျက်သုဉ်းပြီးနောက် ဖြစ်ထွန်းလာသော၊ မြန်မာ အလယ်ပိုင်းဒေသ ဧရာဝတီမြစ် အရှေ့ပိုင်းရှိ နိုင်ငံငယ် တစ်ခု ဖြစ်သည်။ ပင်းယသည် ဧရာဝတီမြစ် အနောက်ပိုင်းကို လွှမ်းမိုးသော၊ စစ်ကိုင်းနှင့် နိုင်ငံပြိုင် ဖြစ်သည်။ ဤခေတ်ကို မြင်စိုင်းခေတ် ဟုလည်း ခေါ်ပါသည်။ သီဟသူသည် ၁၃၁၀ ခုနှစ်တွင် နောင်တော်ကြီး အသင်္ခယာကို လုပ်ကြံခါ တစ်ပါးသော မင်းပြုသည်။ ၁၃၁၃ ခုနှစ်တွင် ပင်းယမြို့ကို တည်ထောင်သည်။ ၁၃၁၅ခု တွင်၊ သီဟသူ၏ သားတော်အငယ် အသင်္ခယာ စောယွန်း စစ်ကိုင်းကို ပြောင်းခါ မင်းပြိုင်ပြုသည်။ ၁၃၆၄ ခု တွင်၊ မောရှမ်းတို့ ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကိုင်းနှင့် ပင်းယ နိုင်ငံများ ပျက်စီးခဲ့သည်။ ထိုနှစ်တွင်ပင်၊ သီဟသူ၏ မြစ်တော် သတိုးမင်းဖျား (သတိုးမင်းဘုရား) က အင်းဝခေတ်ကို တည်ထောင်သည်။
မင်းနေပြည်တော်အဖြစ် တည်ရှိခဲ့ပုံ
[ပြင်ဆင်ရန်]ပင်းယ မင်းနေပြည်တော် (ဗမာလို- ပင်းယမင်းနေပြည်တော်၊ အသံထွက် [píɴją kʰiʔ]) သည် ၁၃၁၂ မှ ၁၃၆၄ အထိ ဗမာ (မြန်မာ) အလယ်ပိုင်းကို အုပ်စိုးခဲ့သော မင်းနေပြည်တော် တစ်ခုဖြစ်သည်။ ၎င်း သည် ၁၂၈၇ တွင် ပုဂံအင်ပါယာ ကျဆုံးပြီးနောက် ပေါ်ထွက်လာသော မင်းနေပြည်တော် အသေးစား အမြောက်အမြားအနက်မှ တစ်ခုဖြစ်သော မြင်စိုင်းမင်းနေပြည်တော်ကို ဆက်ခံသည့် တိုင်းပြည် တစ်ခု ဖြစ်သည်။ ဗမာပုံစံသွင်းထားသော ရှမ်း ဘုရင်များ၏ ဦးဆောင်မှုဖြင့် ပင်းယသည် မြစ်တစ်ဖက် ကမ်း ရှိ ပြိုင်ဘက်ဖြစ်သော စစ်ကိုင်း မင်းနေပြည်တော် နှင့် ဗမာနိုင်ငံအလယ်ပိုင်းကို လွှမ်းမိုးထိန်းချုပ် ရန်အတွက် အခါအားလျော်စွာ ပဋိပက္ခ ဖြစ်လေ့ရှိသော်လည်း ၎င်းတည်ရှိနေသည့်နေရာတစ်လျှောက် တွင် မြောက်ပိုင်းမှ ရှမ်းတို့၏ စီးနင်းတိုက်ခိုက်ခြင်းများအား အဓိကအားဖြင့် ခုခံကာကွယ်ခြင်းကိုသာ ဆက်လက်၍ ပြုလုပ်ခဲ့သည်။ ၁၃၆၄ ခုနှစ် တွင် မိုးကောင်း မှ ရှမ်း စီးနင်းတိုက်ခိုက်သူများသည် ပင်းယ နှင့် စစ်ကိုင်း မင်းနေပြည်တော် နှစ်ခုစလုံး၏ မြို့တော်များကို ဆက်တိုက်သိမ်းပိုက်ပြီးနောက် မင်းနေ ပြည်တော် နှစ်ခုစလုံးသည် ပြိုလဲပျက်စီးခဲ့ရသည်။ စစ်ကိုင်း မင်းသား Thadominbya (သတိုးမင်းဗြား) တည်ထောင်ခဲ့သော အင်းဝမင်းနေပြည်တော် သည် ပင်းယနှင့် စစ်ကိုင်း မင်းနေပြည်တော် နှစ်ခုစလုံးကို ၁၃၆၄ တွင် အစားထိုးပြီး ဗမာနိုင်ငံအ လယ်ပိုင်း၏ အဓိက မင်းနေပြည်တော်အဖြစ် နောင် နှစ်ပေါင်း ၁၅၀ ကျော်တိုင်အောင် တည်ရှိခဲ့သည်။
မူလ အစ
[ပြင်ဆင်ရန်]ပင်းယ မင်းနေပြည်တော်သည် မြင်စိုင်းမင်းနေပြည်တော် ၏ အဆက်ဖြစ်ပြီး ၁၂၉၈ တွင် ရှမ်းညီနောင်သုံးဦးဖြစ်သော Athinhkaya (အသင်္ခယာ) ၊ Yazathingyan (ရာဇသင်္ကြန်) နှင့် Thihathu (သီဟသူ) တို့မှ တည်ထောင်ခဲ့သည်။ (စစ်ကိုင်း နေပြည်တော်မှ ၁၃၁၅ ခုနှစ်တွင် ခွဲထွက်ခဲ့ခြင်း မဟုတ်ပေ၊ မြင်စိုင်းမင်းနေပြည်တော် ဟူ၍ပင် ခေါ်ဆိုနေဆဲဖြစ်သည်။) ၁၃၁၂ ခုနှစ်တွင် နောင်တော် အလတ်သည် သဘာဝ အလျောက် ကွယ်လွန်ပြီးနောက်တွင် အငယ်ဆုံးညီတော်ဖြစ်သော Thihathu (သီဟသူ) သည် သူ၏ ဩဇာအာဏာကို ခိုင်မြဲအောင်လုပ်သည့် အနေဖြင့် အစ်ကိုအကြီးဆုံးကို အဆိပ်ခတ်သတ်ပြီး ထီးနန်းကို သိမ်းယူခဲ့သည်။ Thihathu (သီဟသူ) သည် အစဦးတွင် သူ၏မြို့တော်ကို ပင်လယ်အရပ်မှ ပို၍ အချက်အချာကျသော ကျောက်ဆည် စပါးကျီနှင့်နီးသည့် ဧရာဝတီ အရပ်သို့ ပြောင်းရွှေ့ရန်ကြံစည်ခဲ့သည်။ (ထိုအချိန်မှစ၍ မွန်ဂိုကျူးကျော်မှု မတိုင်မီ လူဦးရေ ၅၀၀၀၀ ခန့် ရှိခဲ့သော ပုဂံသည် အလွန်အမင်း တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်။) Thihathu (သီဟသူ) သည် နောင်အခါ အင်းဝ နေပြည်တော်ဖြစ်လာမည့် ဧရာဝတီနှင့် မြစ်ငယ် မြစ်တို့အနီးရှိ ကျောက်ဆည်အရပ် အနီးတစ်ဝိုက်ကို မင်းနေပြည်တော် တည်ထောင်ရန် ရွေးချယ်ခဲ့သည်။ သို့သော် နန်းတွင်း ဗေဒင် နက္ခတ် ကျွမ်းကျင်သူများက ထိုအရပ်သည် မကောင်းသော နိမိတ်ဖြစ်သည်ဟု အကြံပေးကြသည်။ ထို့ကြောင့် Thiha thu (သီဟသူ) သည် ၎င်းအစား ပင်းယနေပြည်တော်ကို (ယနေ့ခေတ် မန္တလေးမြို့ ၏ တောင်ဘက်) ဧရာဝတီမြစ်အနီးတွင် ရွေးချယ်ခဲ့သည်။ Thihathu (သီဟသူ) သည် ရှေးခေတ် ပုဂံဘုရင်များ၏ ထုံးတမ်းစဉ်လာနှင့် ဘွဲ့များကိုခံယူခဲ့သည်။ သူ၏နန်းတက်ပွဲတွင် Anawrahta (အနော်ရထာ) (၁၀၄၄ - ၁၀၇၇) ဘုရင် လက်ထက်ကတည်းက မင်းမိဖုရား တော်ဝင် မိသားစုများအတွင်း လက်ဆင့်ကမ်းလာခဲ့သော ရွှေစလွယ်နှင့် ရွှေလင်ဗန်းအား Narathiha pate (နရသီဟပတေ့) ဘုရင် (နောက်ဆုံး ပုဂံမင်းဆက်) ၏ မိဖုရားဖြစ်သော ကွယ်လွန်သူ ခင်ပွန်း၏ ဘွဲ့ထူးဂုဏ်ထူးကို ဆက်ခံသည့် မိဖုရား Saw (စော) မှ Thihathu (သီဟသူ) ကို ပေးအပ်တော်မူခဲ့သည်။ Thihathu (သီဟသူ) သည် ယခုအခါတွင် မိမိသည် ပုဂံမင်းဆက်၏ အရိုက်အရာကို ဆက်ခံသူအဖြစ် တရားဝင် ယူဆခဲ့သည်။ သို့ဖြစ်၍ သူသည် ၁၃၁၅ တွင် နတ်ရွာစံတော်မူပြီးဖြစ်သော ဘုရင် Kyawswa(ကျော်စွာ)နှင့် MiSawU(မိစောဥ)တို့၏သားတော်တစ်ပါးဖြစ်သော Uzana I (ဥဇန ၁) မင်းသားအား အိမ်ရှေ့စံမင်းသား အရိုက်အရာ ခန့်အပ်ခဲ့သည်။ (၁၂၉၈ တွင် Thihathu (သီဟသူ) သည် မိဖုရား Mi Saw U (မိစောဥ) အားသိမ်းယူစဉ် သူမတွင် Uzana (ဥဇန) ၏ ကိုယ်ဝန် ရှိနေခဲ့ပြီး ၁၂၉၉ တွင် Uzana (ဥဇန) အားဖွားမြင်ခဲ့သည်။ Thihathu (သီဟသူ)သည် Uzana (ဥဇန) ကို သူ၏ သားအရင်းအဖြစ် မွေးစားခဲ့သည်။)
စစ်ကိုင်း ခွဲထွက်ခြင်း (၁၃၁၅)
[ပြင်ဆင်ရန်]Thihathu (သီဟသူ) ဘုရင်၏ သားတော်အကြီးဆုံးဖြစ် သော ၁၅ နှစ် အသက် အရွယ်ရှိ Sawyun (စောယွန်း) သည် သူ့အားကျော်လွန်၍ ရာထူးတိုးမြှင့်ပေးခြင်းကို လိုလိုလားလားမရှိခဲ့ပေ။ တောတွင်းနေထိုင်သော ရဟန်းတော်များ၏ အားပေးမှုဖြင့် ဧရာဝတီမြစ် ကို ပင်းယက တိုက်ရိုက်ဖြတ်ကူးကာ သူ၏နောက်လိုက်နောက်ပါများ နှင့်အတူ အနောက်ဘက်ကမ်းရှိ စစ်ကိုင်း)သို့ ထွက်ခွာခဲ့သည်။ Sawyun (စောယွန်း) မင်းသားသည် မည်သည့်အခါကမျှ တရားဝင် ပုန်ကန်ခဲ့ခြင်းမရှိပဲ သူ၏ဖခင်အပေါ်တွင် သစ္စာရှိသယောင် အမည်ခံအဖြစ်နေခဲ့သည်။ သူ၏ ညီအစ်ကိုများနှင့်သော်မှ ထီးနန်းစည်းစိမ်ကို မျှဝေ မခံစားလိုသော Thihathu (သီဟသူ) သည် Sawyun (စောယွန်း) အား သူ၏ဖုံးကွယ်ထားသော ပုန်ကန်ထကြွမှုအတွက် ထူးခြားစွာဖြင့် အပြစ်ပေးခဲ့ခြင်း (ပေးနိုင်ခဲ့ခြင်း) မရှိပါ။Thihathu (သီဟသူ) အငယ်သည် ဤအရာကို သည်းခံနိုင်ခြင်းမရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေ ၁၃၂၄ ခုနှစ် Thihathu (သီဟသူ) နတ်ရွာစံပြီးနောက်တွင် မင်းနေပြည်တော်နှစ်ခုသည် တရားဝင် နှစ်ခြမ်းကွဲ သွားပြီး ပင်းယသည် ဧရာဝတီမြစ် အရှေ့ဘက်ပိုင်း ရှိ မြန်မာပြည် အလယ်ပိုင်း နှင့် စစ်ကိုင်းသည် အနောက်ဘက်ခြမ်းတစ်ဝက်ကို ထိန်းချုပ်ခဲ့သည်။
အလယ်ပိုင်း နှစ်များ
[ပြင်ဆင်ရန်]၁၃၂၄ ခုနှစ်တွင် Thihathu (သီဟသူ) နတ်ရွာစံသောအခါ Uzana I ( ဥဇန) သည် Thihathu (သီဟသူ) သတ်မှတ်ခဲ့သည့်အတိုင်း ထီးနန်းဆက်ခံခဲ့သည်။ ပုဂံမင်းဆက်၏ အကြွင်းအကျန် ဖြစ်သော Uza na (ဥဇန)သည် ရှမ်းဝန်ကြီးများနှင့် ရှမ်းစစ်သူကြီးများ လွှမ်းမိုးသည့် ပင်းယနန်းတော်ထဲတွင် ထုံးနည်းများဖြင့် မလျော်ညီသူ တစ်ဦးဖြစ်ခဲ့သည်။ သူ၏ အုပ်ချုပ်မှုသည် နှစ်ပေါင်း ၂၀ နီးပါးမျှ ကြာမြင့်ခဲ့သော်လည်း အခြေခံအားဖြင့် သူသည် နောက်တွင် ထီးနန်းဆက်ခံမည့် အမေတူ ညီအစ်ကို Kyawswa I (ကျော်စွာ ၁) အတွက် ထီးနန်းကို စောင့်ရှောက် ပေးနေရသူ တစ်ဦးသာဖြစ်ခဲ့သည်။ Narathipate (နရသီဟပတေ့) ၏ မြေးတစ်ဦးဖြစ်ပြီး Thihathu (သီဟသူ) ၏ သားဖြစ်သူ Kyawswa (ကျော်စွာ) အငယ်မှာ အကောင်းဆုံးသော ရွေးချယ်မှု တစ်ရပ်ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ရှေးဟောင်း (ပုဂံ) နှင့် (ပင်းယ) မင်းဆက် အသစ်များ နှစ်ခုစလုံးမှ မျိုးရိုးအဆက်အနွယ်ကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ၁၃၄၃ ခုနှစ်တွင် Uzana ( ဥဇန) သည် ထီးနန်းစွန့်လွှတ်ခဲ့ပြီး ရသေ့ဝတ်ခဲ့သည်။ ပြိုင်ဘက် မင်းနေပြည်တော် နှစ်ခုမှာ နောက်ပိုင်းနှစ်များတွင် ရံဖန်ရံခါ စစ်မက်ဖြစ်ပွားခဲ့သည်။ သို့သော် ၎င်းတို့သည် မြောက်ပိုင်းမှ ရှမ်း ကျူးကျော်သူတို့၏ ရန်ကိုစိုးထင့်နေကြရသဖြင့် မည်သည့်ဘက်ကမျှ အသာစီး မရခဲ့ပေ။ ၁၃၅၀ ခုနှောင်းပိုင်းနှစ်များတွင် ရှမ်းကျူးကျော်မှုများသည် ပိုမိုပြင်းထန်လာခဲ့သည်။
ပင်းယ ကျဆုံးခြင်း
[ပြင်ဆင်ရန်]၁၃၆၄ ခုနှစ်တွင် Narathu of Pinya (ပင်းယဘုရင် နရသူ) သည် သူ၏ အဓိကပြိုင်ဘက်ဖြစ်သော စစ်ကိုင်း နှင့် ဒုက္ခပေးနေသော မြောက်ပိုင်းမှ ရှမ်းကျူးကျော်သူတို့ကို နှိမ်နင်းရန်အတွက် ပြည့်စုံ ကောင်း မွန်သော အကြံအစည်တစ်ခုရခဲ့သည်။ သူသည် စစ်ကိုင်းကိုပူးပေါင်းတိုက်ခိုက်ရန် မိုးကောင်းမှ ရှမ်းစော်ဘွား Saopha (စောင်(ဝ်)ဖ) နှင့် မဟာမိတ်ပြုခဲ့သည်။ မည်သို့ဖြစ်စေ မိုးကောင်းတပ်များ စစ်ကိုင်းကို တိုက်ခိုက်သောအခါ ပင်းယတပ်များသည် ရိုးရှင်းစွာဖြင့် အခြားတစ်ဘက်မှ စောင့်ကြည့် နေခဲ့သည်။ Narathu (နရသူ) အတွက် ကံမကောင်းသည်မှာ သူ၏ အစီအစဉ်သည် ရလဒ် ပြောင်းပြန် ထွက်ပေါ် ခဲ့သည်။ မိုးကောင်းတပ်များသည် မည်သည့်နည်းဖြင့်မဆို စစ်ကိုင်းမြို့ကို သိမ်းပိုက်ခဲ့ပြီး Narathu (နရသူ) ၏ သစ္စာဖောက်မှုအတွက် ၎င်းတို့၏ ရန်လိုမှုကို ပင်းယသို့ လှည့်ခဲ့သည်။ ထို့ နောက် ရှမ်းတပ် များသည် မြစ်ကိုဖြတ်ကျော်ပြီး ပင်းယမြို့ ကို သိမ်းပိုက်ကာ (နရသူ)ကို အကျဉ်းသားအဖြစ် မိုးကောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ရှမ်းတို့သည်ဗမာပြည် အလယ်ပိုင်းကို မသိမ်းပိုက်ခဲ့ သော်လည်း ကျူးကျော်မှုများသည် ဗမာနိုင်ငံ အလယ်ပိုင်းကို အစုတ်စုတ်အပြတ်ပြတ် ဖြစ်စေခဲ့သည်။ Narathu (နရသူ) ၏ အစ်ကို အကြီးဆုံးဖြစ်သော Uzana II ( ဥဇန ၂) သည် ပင်းယ ထီးနန်းကို ဆက်ခံခဲ့သော်လည်း သုံးလသာ ကြာမြင့်ခဲ့သည်။ ပင်းယမင်းနေပြည်တော်ကြီးသည် မြင်စိုင်းလွှတ်တော် နှင့်အတူ ပြီးဆုံးသွားခဲ့သည်။
မြင်စိုင်းမင်းဆက် (၁၂၉၈-၁၃၁၃)
[ပြင်ဆင်ရန်]- (၁) အသင်္ခယာ စောယွန်း (၁၂၉၈-၁၃၁၀)
- (၁) ရာဇသင်္ကြန် (၁၂၉၈-၁၃၀၅)
- (၁) တစ်စီးရှင် သီဟသူ (၁၂၉၈-၁၃၁၃)
ပင်းယမင်းဆက် (၁၃၁၃-၁၃၆၄)
[ပြင်ဆင်ရန်]တစ်စီးရှင် သီဟသူ ၁၃၁၀ ခုနှစ်တွင် မင်းပြုသည်။ ၁၃၁၃ ခုနှစ်တွင် ပင်းယမြို့ကို တည်ထောင်သည်။
- (၁) တစ်စီးရှင် သီဟသူ (ပင်းယ သီဟသူ) (၁၃၁၃-၁၃၂၄)
- (၂) ဥဇနာ (ပင်းယ) (၁၃၂၄-၁၃၄၃)
- (၃) ငါးစီးရှင် ကျော်စွာ (၁၃၄၃-၁၃၅၀)
- (၄) ကျော်စွာငယ် (၁၃၅၀-၁၃၅၉)
- (၅) နရသူ (မောပါမင်း) (၁၃၅၉-၁၃၆၄)
- (၆) ဥဇနာပြောင် (ဥစ္စနာပြောင်) (၁၃၆၄)