ငါးစီးရှင် ကျော်စွာ
ငါးစီးရှင် ကျော်စွာ | |
---|---|
ငါးစီးရှင် ကျော်စွာနတ် | |
ပင်းယဘုရင် | |
နန်းသက် | ၂၉ မတ် ၁၃၄၄ – ၁၂ ဒီဇင်ဘာ ၁၃၅၀ |
ရှေ့မင်းဆက် | စည်သူ (as regent) |
ဆက်ခံသူ | လေးစီးရှင် ကျော်စွာ |
ပင်လယ် ဘုရင်ခံ | |
နန်းသက် | c. ဖေဖော်ဝါရီ ၁၃၂၅ – ၂၉ မတ် ၁၃၄၄ |
နန်းတက်ချိန် | ၇ ဖေဖော်ဝါရီ ၁၃၁၃ |
ရှေ့မင်းဆက် | himself (as governor) |
ဆက်ခံသူ | နော်ရထာ (as governor) |
ပင်လယ် နယ်စား | |
နန်းသက် | ၇ ဖေဖော်ဝါရီ ၁၃၁၃ – c. ဖေဖော်ဝါရီ ၁၃၂၅ |
နန်းတက်ချိန် | ၇ ဖေဖော်ဝါရီ ၁၃၁၃ |
ရှေ့မင်းဆက် | သီဟသူ (as co-regent) |
ဆက်ခံသူ | himself (as viceroy) |
မွေးဖွား | ၁၂၉၉ မြန်မာသက္ကရာဇ် ၆၆၁၊ တနင်္လာ ပင်လယ်မြို့၊ မြင်စိုင်းနေပြည်တော် |
ကွယ်လွန် | ၁၂ ဒီဇင်ဘာ ၁၃၅၀ (အသက် ၅၁) မြန်မာသက္ကရာဇ် ၇၁၂၊ ပြာသိုလဆန်း ၁၄ ရက်၊ တနင်္ဂနွေ ပင်းယ |
ကြင်ရာတော် | အတုလ စန္ဒာဒေဝီ မွေးမယ်တော် |
သားသမီးများ | ဥဇနာပြောင် ကျော်စွာ နရသူ |
စံအိမ် | မြင်စိုင်း |
ခမည်းတော် | သီဟသူ |
မယ်တော် | မိစောဦး |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ငါးစီးရှင် ကျော်စွာသည် ပင်းယခေတ် တစ်စီးရှင် သီဟသူ ၏ သားတော်အငယ် ဖြစ်သည်။ (ခရစ်-၁၃၄၃)(ကောဇာ-၇၁၃)တွင် နောင်တော် ဥဇနာမှ နန်းလွဲအပ်သဖြင့် ပင်းယတွင် နန်းတက်သည်။ နန်းသက် ၉-နှစ်ဖြစ်သည်။ သားတော်သုံးပါးရှိသည်။ သားတော်အကြီးမှာ ဥဇနာပြောင်မင်း ဖြစ်သည်။ သားတော်အလတ်မှာ ကျော်စွာငယ်ဖြစ်ပြီး သားတော်အငယ်မှာ နရသူ (မောပါမင်း) ဖြစ်သည်။ ထင်ရှားသည့် ဖြစ်ရပ်မှာ စစ်ကိုင်းတွင် တစ်ထီးတစ်နန်းမင်းပြုနေသည့် ညီတော် အသင်္ခယာ စောယွန်းအား လုပ်ကြံရန် ကျွန်ယုံဖြစ်သူ ငခင်ညိုအား စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ငါးစီးရှင် ကျော်စွာ ပြီးနောက် သားတော်အလတ် ကျော်စွာငယ် နန်းတက်သည်။ ကွယ်လွန်ပြီးနောက်တွင် မြန်မာတို့ရိုးရာအရ ကိုးကွယ်သည့် အပြင် ၃၇ မင်း အနက် ငါးစီးရှင်နတ် အဖြစ်သို့ရောက်သည်ဟု ယုံကြည်ကြသည်။
ငါးစီးရှင် ကျော်စွာလက်ထက်တွင် ကာချင်း သီချင်းများ ခေတ်စားသည်။ ကိုယ်တော်တိုင် ကာချင်းသီဆို၍ ကသည်။
ဆင်ဖြူတော်များ
[ပြင်ဆင်ရန်]ပင်လယ်စားမင်းသား အဖြစ်နှင့်ပင် ဆင်ဖြူငါးစီးကို ကိုယ်တိုင်ပင် ကျော့ဖမ်း၍ရယူနိုင်ခဲ့သည်။ ဆင်ဖြူများကို လှိုင်းတက်၊ မုံတောမြောင်းကျပ်၊ ပျက်စွယ်တောင်ခြေ၊ စမုံဖျား၊ဘသန်းကိုးရွာမြောက်ပိုင်းရှိ ညွှန်ကျုံး တို့မှ အသီးသီးရရှိခြင်းဖြစ်သည်။ ဘွဲ့အားဖြင့် ပုလဲတမူး၊ မဟာကေသရ၊ သန်မြန်စွာ၊ ဥပေါသထာ၊ ချစ်စွာမရဲ စသည်ဖြင့် ပေးခဲ့သည်။[၁]
ငါးစီးရှင်နတ်သည် ပင်းယသီဟသူမင်း၏သားတော်ဖြစ်သည်။ မင်းဖြစ်၍ ကိုးနှစ်အရှိတွင် ရုတ်တရက်ဖျား၍ အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ ဤငါးစီးရှင်နတ်ကားယခင် ပုဂံခေတ် ငါးစီးရှင်နတ်၏နေရာတွင် အစားထိုးသောနတ်ဖြစ်သည်။ နတ်ရုပ်မှာ ဆင်ဖြူရုပ်ကိုယ်တစ်ခုလျှင် ဦးခေါင်းငါးလုံး၊ တစ်လုံးမှာပေါက်ဆင်မျိုး၊ တစ်လုံးမှာဟိုင်းဆင်မျိုး၊ တစ်လုံးမှာဟံဆင်မျိုး၊ တစ်လုံးမှာတံဆင်မျိုး၊ တစ်လုံးမှာ တည်ဆင်မျိုးထုလုပ်၍ ဆင်ကျောက်ကုန်းပေါ်မှာ ကြာပွင့်၊ ကြာပေါ်တွင်မှန်စီရွှေ ချကတင်သည်။ ယင်းအပေါ်တွင် ဗောင်းသရဖူဆင်၍ နတ်ရုပ်တင်ထားသည်။ ကြာပွင့် အနားထီးဖြူ လေးစင်းစိုက်ထားသည်။ ဆင်ဖြူအနားတွင်ရွှေဖြူတာလေးလုံးတည်ထားသည်။[၂]
ကြင်ဘက်များ
[ပြင်ဆင်ရန်]ပုဂံ စောနစ်မင်း သမီး အတုလစန္ဒာဒေဝီဘွဲ့ခံ နန်းလုံးမယ်ကို မိဖုရားခေါင်တင်ရာ -
- ဥဇနာပြောင်
- ကျော်စွာ
- နရသူ
- ပုထိုးနီကတော်၊ မြောက်သားမှာ ညောင်ရမ်း-သာဂရ ဂုဏ္ဏန္တရာဇ်ကြီး
- ရွှေအိမ်သည် (သို့) မယ်မျက်လှ၊ မြောက်သားတော်မှာ ပေါက်မြိုင် မင်းပုလဲ
ပုဂံ နန်းကျကျော်စွာ မိဖုရား စောစိုးတွင် မြင်သည့် သမီး မြောက်နန်းမွေးမယ်တော်ကို နန်းတင်ရာ -
- စည်ကြေး မင်းလက်ဝဲ၊ နောက် ပင်လယ်ကို စားသည်
- စောမင်းလှ၊ မြောက်သားမှာ (ညောင်ရမ်း မင်းလက်ျာ သား) မင်းမဟာ
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော် (ဟံသာဝတီ၊၁၉၆၅)
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း