မာတိကာသို့ ခုန်သွားရန်

နတ္ထိကဝါဒ

ဝီကီပီးဒီးယား မှ
  • (၁) နတ္ထိကအယူ[]၊ တမလွန်လောက စသည် မရှိ ဟူသော အယူ။ []
  • (တိ)(၂) နတ္ထိကအယူရှိသော၊ []
  • (က) တမလွန်လောက စသည် မရှိ ဟူသော (ဥစ္ဆေဒ) အယူရှိသော၊ သူ။
  • (ခ) ဒါန စေတနာ၏ အကျိုးစသည် မရှိဟူသော အယူ ရှိသော၊ သူ။ [][]

နတ္ထိကဒိဋ္ဌိ

[ပြင်ဆင်ရန်]

“နတ္ထိကဒိဋ္ဌိ”သည် “အကျိုးကို လက်မခံသောအယူ” ဖြစ်သည်။ ကုသိုလ်ပင်ဖြစ်စေ၊ အကုသိုလ်ပင် ဖြစ်စေ ဘာပဲ လုပ်လုပ် ထိုအကျိုးမရှိဟုလက်ခံသည့်အယူဖြစ်သည်။ ကောင်းတာလုပ်လည်း ကောင်းကျိုးဆိုတာမရှိဘူး၊ မကောင်းတာလုပ်လည်း အပြစ် မရှိဘူး ဟု ခံယူ စွဲမှတ်ထားခြင်းဖြစ်သည်။ “ကုသိုလ် စေတနာ၏ အကျိုးသည် မရှိသလို အကုသိုလ် စေတနာ၏ အကျိုးသည်လည်း မရှိ ” ဟု အယူမှား၊ အမြင်မှားအား အယူမှန်၊ အမြင်မှန် ဟု လက်ခံထားသည်။

နတ္ထိကဝါဒီ

[ပြင်ဆင်ရန်]

“နတ္ထိကဒိဋ္ဌိဝါဒ[]” ကို လက်ခံထားသူများအား နတ္ထိကဝါဒီများဟု ခေါ်သည်။ ထိုသူတို့သည် နောင်ဘဝ မရှိ ဟု ယုံကြည်ထားသူများ ဖြစ်သည်။ နောင်ဘဝမရှိ ဟု ယုံကြည်ထားသဖြင့် ဒီဘဝတွင် ကိုယ်ကြိုက်ရာ ကိုယ်လုပ်နိုင်သည် ဟူသော အယူဖြစ်သွားပေသည်။ ကောင်းကျိုး၊ ဆိုးကျိုးအတွက် နောင်ဘ၀ မရှိ ဟု ယူဆထားသောကြောင့် ဖြစ်သည်။ ပုထုဇဉ် မှန်သမျှ ကိုယ်ကြိုက်ရာ ကိုယ်လုပ်ကြ ဟု ဆိုရင် အကုသိုလ်များကို သာ လုပ်ရန် ဆန္ဒမဲသာနေပေသည်။ ကုသိုလ်ရေးတွင် ဆန္ဒမဲပေးရန် ဝန်လေးနေတတ်သည်။

ထိုနတ္ထိကဝါဒီ တို့သည် မိဘကျေးဇူးကိုလည်း မသိတတ်၊ မိဘတို့သည် အချင်းချင်း ချစ်ကြိုက်ပြီးမိမိတို့ကို မွေးဖွားလာခြင်း ဖြစ်သဖြင့် ကျေးဇူးတင်ရန် မလို ဟု စွဲမှတ်ထားကြသည်။ ထိုကြောင့် မိဘကျေးဇူးပင် မသိတတ်လျှင်တော့ တခြားပုဂ္ဂိုလ်များ၏ ကျေးဇူးတရားများ အတွက်ဆိုလျှင်လည်း မည်သို့မျှ သိတတ်လိမ့်မည် မဟုတ်ပေ။

နတ္ထိကဒိဋ္ဌိ အယူဝါဒကို အကျဉ်းချုံး သုံးသပ် စိစစ်လိုက်လျှင် ကောင်းတာလုပ်သော်လည်းကောင်းကျိုးမရှိ၊ မကောင်းတာ လုပ်သော်လည်း အပြစ် မရှိ ဟုပင်ဖြစ်သည်။ ထိုကြောင့် နတ္ထိကဒိဋ္ဌိသည် လောကကို ဖျက်ဆီးတတ်သည့် ဒိဋ္ဌိများတွင် တစ်ခု အပါအဝင် ဖြစ်သည်။[]

နတ္ထိက ဝါဒ

[ပြင်ဆင်ရန်]
  • ၁။ ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိဟု ယူခြင်း၊
  • ၂။ ကြီးစွာသော ယဇ်ပူဇော်ခြင်းသည် အကျိုးမရှိဟု ယူခြင်း၊
  • ၃။ အာဟုန, ပါဟုန မင်္ဂလာကို ပြုခြင်းသည် အကျိုးမရှိဟု ယူခြင်း၊
  • ၄။ ကောင်းသောအမှု ကုသိုလ်ကံ, မကောင်းသောအမှု အကုသိုလ်ကံတို့၏ အကျိုးပေးမှုသည် မရှိဟု ယူခြင်း၊
  • ၅။ ဤလောကသည် မရှိဟု ယူခြင်း၊
  • ၆။ တမလွန်လောကသည် မရှိဟု ယူခြင်း၊
  • ၇။ အမိ၌ ပြုအပ်သော ကောင်းကျိုး မကောင်းကျိုး မရှိဟု ယူခြင်း၊
  • ၈။ အဖ၌ ပြုအပ်သော ကောင်းကျိုး မကောင်းကျိုး မရှိဟု ယူခြင်း၊
  • ၉။ စုတေ လတ္တံ့သော သတ္တဝါ ပဋိသန္ဓေနေလတ္တံ့သော သတ္တဝါ မရှိဟု ယူခြင်း၊
  • ၁၀။ ဤလောကကို လည်းကောင်း, တမလွန်လောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် သိ၍ ကျင့်ကြံ ဟောကြား ကြကုန်သော သမဏဗြာဟ္မဏတို့ မရှိဟု ယူခြင်း။ []

မိစ္ဆာဒိဋ္ဌိတို့ လားရာဂတိ

[ပြင်ဆင်ရန်]

(ငရဲနှင့် တိရစ္ဆာန်) နှစ်မျိုးသာရှိကြောင်း [] ။ ပဌမသီလသုတ်[၁၀]မိစ္ဆာဒိဋ္ဌိကသုတ်[၁၁] ဂါထာများပါ၏။ [၁၂]၊ ဂါမဏိသံယုတ္တ၌ များစွာပါ၏။ [၁၃] ။ ဧကဓမ္မပါဠိ၊ ဒုတိယဝဂ္ဂ၊ [၁၄] မိစ္ဆာဒိဋ္ဌိတို့၏ အပြစ်များကို ဟောထား၏။ ။ [၁၅] မိစ္ဆာဒိဋ္ဌိတို့ ခံရသောငရဲ၊ [၁၆]၊ ၎င်းတို့အကျင့်မှာ ငရဲသို့ ကျရောက်စေတတ်ကြောင်း၊ [၁၇] နိယတမိစ္ဆာဒိဋ္ဌိတို့မှာ ဧကန်မုချငရဲကျရောက်၍ ကျန်မိစ္ဆာဒိဋ္ဌိတို့မှာ တိရစ္ဆာန်ဖြစ်ရတတ်ကြောင်း၊ အပါယ်လေးပါးတွင် တပါးပါး၌ ဖြစ်စေတတ်ကြောင်း၊ [၁၈] ပါထိကသုတ္တ[၁၉] ။ ပြိတ္တာဖြစ်ပုံ၊ [၂၀] နတ္ထိက ဝါဒ အယူရှိသော ဓနပါလသေဌေး၊ ဓနပါလသေဋ္ဌိပေတဝတ္ထု၊ ကုသိုလ်၏ အကျိုးသည် မရှိဟု ယူမှားထားပုံ။ မိစ္ဆာဒိဋ္ဌိတို့၏ အပြစ်ကို ဟောထားသော ဗီဇသုတ်[၂၁] ။ နတ္ထိကဒိဋ္ဌိ (ပေးလှူခြင်း၌ အကျိုးမရှိ)ဟု အယူရှိသော နန္ဒကစစ်သူကြီးသေ၍ ပြိတ္တာ ဖြစ်ရပုံ၊ နန္ဒကပေတဝတ္ထု၊ [၂၂] ၎င်းပြိတ္တာက မိစ္ဆာဒိဋ္ဌိ အယူရှိသော ပိင်္ဂလဘုရင်အား (သူ့ကို ဥပမာထား၍၎င်းအယူ မှားမှ ကင်းလွတ်စေရန်) တရားဟောကြားပုံ။ [၂၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. နတ္ထိကဝါဒ (ပု) [နတ္ထိက+ဝါဒ။ (နာသ္တိက-ဝါဒ-သံ၊ ဏတ္ထိအဝါယပြာ)]
  2. (၁) နတ္ထိ ပရောလောကောတိ အာဒိဝစနတော နတ္ထိကဝါဒေါ ဥစ္ဆေဒဝါဒေါ အန္တောဂဓော။ ဒီ၊ဋီ၊၁၊၁၇၈။ (သီ၊ဋီ၊သစ်၊၁၊၄၅၄။ မ၊ဋီ၊၃၊၅၂။)
  3. (တိ) (၂) ဒုဿီလော ပုရိသပုဂ္ဂလော မိစ္ဆာဒိဋ္ဌိ နတ္ထိကဝါဒေါ။ မ၊၂၊၆၅။ အလာဘီ စ ကော ပရလောကံ န ဇာနာတီတိ နတ္ထိကဝါဒဝသေန။ ဒီ၊ဋီ၊၁၊၁၇၄။ (သီ၊ဋီ၊သစ်၊၁၊၄၄၆။)
  4. (ခ) ယေပိ တေ ဘိက္ခဝေ အဟေသုံ...နတ္ထိကဝါဒါ။ မ၊၃၊၁၂၁။ သံ၊၂၊၆၁။ အံ၊၁၊၃၄၀။ အဘိ၊က၊၁၁၃။ နတ္ထိကဝါဒါတိ “နတ္ထိ ဒိန္န”န္တိ အာဒိဝါဒိနော။ မ၊ဋ္ဌ၊၄၊၉၆။ အံ၊ဋ္ဌ၊၂၊၂၈၉။ “နတ္ထိ ဒိန္န န္တိ အာဒိဂဟဏတော နတ္ထိကဝါဒါ။ သံ၊ဋ္ဌ၊၂၊၂၅၇။ “နတ္ထိ ဒိန္နကဝေမာဒိကော နတ္ထိဝါဒေါ။ မူလဋီ၊၁၊၁၆၄။ နတ္ထိကဝါဒေါ (ပု၊ ပ၊ဧ)–မ၊ဋ္ဌ၊၃၊၇။ ပေတ၊ဋ္ဌ၊၂၈၈။ နတ္ထိကဝါဒါ(ပု၊ ပ၊ ဗ)—မ၊ဋ္ဌ၊၃၊၈၅။ အံ၊ဋီ၊၂၊၂၇၈။
  5. တိပိဋကအဘိဓာန် အတွဲ-၁၁
  6. နတ္ထိကဝါဒီ (တိ) [နတ္ထိက+ဝဒ+ဏီ။ (နာသ္တိကဝါဒိန်-သံ၊ ဏတ္ထိကအာဝါဒိ, ဏတ္ထိအဝါဣ-ပြာ။)] နတ္ထိကအယူရှိသော၊ ဒါနစေတနာ၏ အကျိုး မရှိ စသော အယူကို—ပြောဆို—တတ်-လေ့ရှိ-သောသူ။ မိစ္ဆာဒိဋ္ဌီတိ နတ္ထိကဝါဒီ အဟေတုကဝါဒီ အကိရိယဝါဒီ။ ဒီ၊ဋ္ဌ၊၃၊၂၁၈။ အံ၊ဋ္ဌ၊၃၊၁၀၇။ ပဋိသံ၊ဋ္ဌ၊၂၊၂၅။ သာရတ္ထ၊၃၊၃၇၇။ (ဒီ၊ဋီ၊၃၊၂၅၄။ အံ၊ဋီ၊၃၊၁၀၇။)
  7. အရှင်ဉာဏဒီပ (ဓမ္မရတနာ)ဒေလီတက္ကသိုလ်၊ အိန္ဒိယ
  8. (အဘိ၊ဝိ၊၄၀၅။) (ပဋိသံ၊ဋ္ဌ၊၂၊၃၃။)(အဘိ၊ဝိ၊မြန်၊၂။၅၁၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  9. ပဏ်-၂-ပါ-၅၀၊ ပဏ်-၂-ဋ္ဌ-၇၁။ ။ ပဏ်-၁-ပါ-၉၆၊ ပဏ်-ဋ္ဌ-ပ-အုပ်-၃၂၀။
  10. ဣတိ-ပါ-၂၁၃၊ ဣတိ-ဋ္ဌ-၉၈။
  11. ဣတိ-ပါ-၂၃၅၊ ဣတိ-ဋ္ဌ-၂၀၇၊
  12. သဠာ-သံ-ပါ-၄၉၅၊ သဠာ-သံ-ဋ္ဌ-၁၄၀
  13. ထေရ-ဋ္ဌ-ဒု-အုပ်-၄၅၇။ ။ ပဋိသံ-ပါ-၁၃၄၊ ပဋိသံ-ဋ္ဌ-ဒု-အုပ်-၄၈။ ။ မဟာနိ-ပါ-၆၈၊ မဟာနိ-ဋ္ဌ-၁၇၆၊ ၁၈၉။ ။ အံ-၂-ဋ္ဌ-၁၆၂။
  14. အံ-၁-ပါ-၃၂၊ အံ-၁-ဋ္ဌ-၃၆၈၊
  15. ဒီဃ-၁-ဋ္ဌ-၁၀၀။ ။ ဒီဃ-၁-ပါ-၂၁၇၊ ဒီဃ-၁-ဋ္ဌ-၃၂၈၊
  16. ဇာတက-ပါ-ဒု-အုပ်-၁၉၅၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၁၄၅
  17. ဒီဃ-၁-ဋ္ဌ-၂၈၇၊ ဒီဃ-၁-ပါ-၂၁၇၊ ဒီဃ-၁-ဋ္ဌ-၃၂၈၊
  18. ဒီဃ-၁-ဋ္ဌ-၁၀၀၊ ဒီဃ-၁-ပါ-၁၆။
  19. ဒီဃ-၃-ပါ-၆၊ ဒီဃ-၃-ဋ္ဌ-၅။
  20. ပေတ-ပါ-၁၅၁၊ ပေတ-ဋ္ဌ-၉၄၊
  21. အံ-၁၀-ပါ-၄၂၈၊ အံ-၁၀-ဋ္ဌ-၃၃၄။
  22. ပေတ-ပါ-၂၀၁၊ ပေတ-ဋ္ဌ-၂၂၇၊
  23. ܀ပိဋကတ်လမ်းညွှန်[02/250]