ကြက်သွန်ဖြူ

ဝီကီပီးဒီးယား မှ
Garlic
Allium sativum, known as garlic, from William Woodville, Medical Botany, 1793.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
မျိုးစဉ်: Asparagales
မျိုးရင်း: Amaryllidaceae
မျိုးရင်းသေး: Allioideae
မျိုးဇာတ်: Allieae
မျိုးစု: Allium
မျိုးစိတ်:
A. sativum
ဒွိနာမ
Allium sativum
Synonyms

အများအခေါ် garlic ဟူသော ကြက်သွန်ဖြူ၏ ရုက္ခဗေဒအမည်မှာ Allium sativum ဖြစ်သည်။ ကြက်သွန်နီ onion ၏ မိသားစု Alliaceae ထဲတွင် ပါဝင်သော မျိုးစိတ် တစ်ခုဖြစ်သည်။အစိမ်းစားလျှင် ပူစပ်စပ် အရသာပြီး ချက်ပြုတ်လိုက်သောအခါတွင်မူ ချိုသော အရသာရှိသည်။ ကြက်သွန်ဖြူရဲ့ အရွက်ဖြစ်သော ကြက်သွန်မိတ် နဲ့ အဖူး အပွင့်များအားလည်း စားသုံးလို့ရနိုင်ပါသည်။ ကြက်သွန်ဖြူ အမွှာများကို အစိမ်းသော်လည်းကောင်း၊ ချက်ပြုတ်စားသော်လည်းကောင်း စားနိုင်ပြီး ဆေးဖက်ဝင်သော အပင်တစ်မျိုးလည်း ဖြစ်သည်။

မချက်ပြုတ်ထားသော ကြက်သွန်ဖြူ အစိမ်းကိုစားသုံးခြင်းဖြင့် သွေးကြောများ အတွင်း သွေးခဲခြင်း နှင့် သာမန်ထက်ပိုသော သွေးပေါင်ချိန်ကို လျော့ကျစေနိုင်သည်။ သို့သော် အများအားဖြင့် ကြက်သွန်ဖြူကို ချက်ပြုတ်ပြီးမှသာလျှင် စားသုံးကြသည်။

အမေရိကန်ပြည်ထောင်စုနဲ့ အာဂျင်တီးနား နိုင်ငံတို့မှ သိပ္ပံပညာရှင်များက ကြက်သွန်ဖြူကို ၃ မိနစ်ထိသာ အပူပေးချက်ပြုတ်မယ်ဆိုရင် ကြက်သွန်ဖြူ အစိမ်းကဲ့သို့ပင် အာနိသင် မလျော့ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ ထိုတွေ့ရှိချက်အရ ထောင်းထားသော ကြက်သွန်ဖြူသည် ပို၍ပင် အာနိသင်ရှိပြီး ၆ မိနစ်ထိ ကြာအောင် ချက်ပြုတ်ခြင်းသည် အာနိသင်မလျော့သွားကြောင်း တွေ့ရှိရသည်။ သို့သော်ငြားလည်း မိုက်ခရိုဝေ့ဗ်နှင့် ချက်ပြုတ်ခြင်းသည် ကြက်သွန်ဖြူရဲ့ သွေးကြောထဲမှာ သွေးခဲခြင်းကို ကာကွယ်ပေးသော အာနိသင် ပျက်ပြယ်သွားစေသည်။

ပေါက်ရောက်ပုံ[ပြင်ဆင်ရန်]

အာရှတိုက်အလယ်ပိုင်းတွင် အများဆုံးပေါက်ရောက်ပြီး မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၌ အများအပြား စိုက်ပျိုး ပေါက်ရောက်သည်။

အသုံးပြုပုံ[ပြင်ဆင်ရန်]

ကြက်သွန်ဖြူကို ကမ္ဘာတဝှမ်းမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ်၊ ဟင်း အနှစ်အဖြစ် ချက်ပြုတ်စားသောက်ကြပါတယ်။ ချက်ပြုတ်တဲ့ နည်းပေါ်မူတည်ပြီးတော့ အနံ့ ပြောင်းလဲသွားတတ်ပါတယ်။ ကြက်သွန်ဖြူ နုနုများကို သကြား၊ ဆား၊ ဟင်းခပ်အမွှေးအကြိုင်များဖြင့် ရောနှောကာ ၃ ပတ်မှ ၆ ပတ်ကြာအောင် အချဉ်တည်ကာ ကြက်သွန်ဖြူ သနပ်အဖြစ်လည်း ပြင်ဆင် စားသုံးကြပါတယ်။ အာရှတိုက်မှာ ကြက်သွန်မိတ်ကို သေးသေးလှီးကာ ကြက်ဥ၊ အသား၊ ဟင်းရွက်များနှင့်ရောမွှေ ကြော်ကာ ပြင်ဆင်စားသုံးလေ့ရှိကြသလို ဆန်ပြုတ်ထဲမှာလည်း ဟင်းခပ်အဖြစ် ထည့်ကာ စားသုံးကြပါတယ်။ မြန်မာလူမျိုးများကတော့ ကြက်သွန်ဖြူကြော်ထားသည့် ကြက်သွန်ကြော်ကို လက်ဖက်နှင့်တွဲဖက် စားသုံးကြသလို၊ ဟင်းများတွင် ဖြူးကာလည်း စားကြသည်။ ကြက်သွန်ဖြူ အစိမ်းကို ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ ထမင်းသုပ်၊လက်သုပ်စုံ များဖြင့် တွဲဖက်စားသုံးကြပါတယ်။ ကြက်သွန်ဖြူကို စားသုံးပါက နှလုံးရောဂါ၊ သွေးတိုးရောဂါ၊၊ အအေးမိခြင်း၊ ကင်ဆာရောဂါ နဲ့ ကိုလက်စထရော များခြင်း များကို ကာကွယ်ပေးပါသည်။ ဒါ့အပြင် ကြက်သွန်ဖြူက သွေးထဲမှာ ရှိတဲ့ အချိုဓာတ် (သကြားဓာတ်) ကိုထိန်းညှိပေးတဲ့အတွက် ဆီးချို သွေးချိုရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်သည်။

အဆီကျစေသဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုး ရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုး ရောဂါကို ပျောက်စေသည်။ အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းနိုင်သည်။ အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။ အအေးမိခြင်းနှင့် တုတ်ကွေး ဖျားများကိုလည်း ပျောက်စေသည်။ ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်း တို့ကို ပျောက်ကင်းစေသည်။ ရောဂါပိုးများ သေစေနိုင်သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါ များတွင် တိုက်ကျွေးနိုင်သည်။ လိမ်းဆေး အဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာ ပျောက်ကင်း နိုင်သည်။ နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။ ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။ မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်သည်။ သွေးတွင်းတွင် ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျည်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။

ဒီလို အာနိသင်ပေါင်းများစွာနှင့် ဆေးဘက်ဝင်လှတဲ့ ကြက်သွန်ဖြူဟာ စားသုံးလို့လည်း အရသာ ရှိလှတာမို့ ဟင်းချက်ပြီး သော် လည်းကောင်း၊ အစိမ်းသော်လည်းကောင်း နှစ်သက်စွာ စားသုံး နေကြခြင်း ဖြစ်ပါတယ်။

ပုံပန်း သွင်ပြင်[ပြင်ဆင်ရန်]

  • အပင် - ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည်။ ၁ ပေခန့် အထိ ရှည်သည်။ ပင်စည်မှာ ဥ၏ အောက်ခြေတွင် ရှိပြီး အနည်းငယ် မာကျော၍ အဝိုင်းငယ် ပုံသဏ္ဌာန် ရှိ၏။ ဥမှ အမြစ်များ ဖျာထွက်သည်။
  • အရွက် - အရွက်များ မြေပေါ်သို့ ဥထွက်သည်။ ရှည်လျား သေးသွယ်၍ ပြားချပ်သော အကြော ပြိုင်ထွက်များ ဖြစ်ပြီးလျှင် စိမ်းပြာရောင် ရှိသည်။
  • အပွင့် - ပန်းခိုင်မှာ လုံးဝိုင်းပြီး ပန်းပွင့်များ စုပေါင်းနေသည်။ ပြာသိုလ၊ တပို့တွဲလတွင် ပွင့်သည်။
  • ဥ - အဖြူရောင် ရှိပြီး သေးငယ်သည်။ ကျယ်ပြန့်သော ဘဲဥပုံ ဖြစ်သည်။ တစ်ဥတည်း (သို့) အတက်များဖြင့် စုပေါင်းနေပြီး အခွံ့ပါးဖြင့် ဖုံးအုပ်ထားသည်။
ကြက်သွန်ဖြူ အမွှာ

ပုံသဏ္ဌာန် : အပင် ပင်ပျော့ ပင်ငယ်တစ်မျိုးဖြစ်သည်။ ၁ ပေခန့်ထိ ရှည်သည်။ ပင်စည်မှာ ဥ၏ အောက်ခြေတွင်ရှိပြီး အနည်းငယ်မာကျော၍ အဝိုင်းငယ်ပုံသဏ္ဌာန် ရှိသည်။ ၎င်းမှ အမြစ်များ ဖြာထွက်သည်။ အရွက် အရွက်များ မြေပေါ်သို့ စုထွက်သည်။ ရှည်လျား သေးသွယ်၍ ပြားချပ် သော အကြောပြိုင်ရွက်များ ဖြစ်ပြီး လျှင် စိမ်းပြာရောင်ရှိသည်။ အပွင့် ပန်းခိုင်မှာ လုံးဝိုင်း ပြီး ပန်းပွင့်များ စုပေါင်း နေသည်။ ပြာသို တပို့တွဲတွင် ပွင့်သည်။ ဥ အဖြူရောင်ရှိပြီး သေးငယ်သည်။ ကျယ်ပြန့်သော ဘဲဥပုံဖြစ်သည်။ တစ်ဥတည်း သို့မဟုတ် အတက်များဖြင့် စုပေါင်းနေပြီး အခွံပါးဖြင့် ဖုံးအုပ်ထားသည်။ စိုက်ပျိုးပုံ-

(က) စိုက်ခင်းမြေပြုပြင်ခြင်း ထယ်နှစ်စပ်ထိုး၍ မြေညက်သည်အထိ ထွန်မွှေပေးပြီးနောက် ၄၁/၂ x ၆ ပေရှိဘောင် အကန့်များ ပြုပြင်ရမည်။ မြေဩဇာကို တစ်ဧကလျှင် နွားချေး လှည်း ၁၀ စီး ခန့် မျှတစွာ ချသင့်သည်။

(ခ) စိုက်ပျိုးခြင်း မြေပြန့်တွင် သီတင်းကျွတ်လမှ တန်ဆောင်မုန်း လအတွင်း စိုက်၍ တောင်ကုန်းဒေသတွင် တပို့တွဲမှ တပေါင်း လအတွင်း စိုက်ကြသည်။ စိုက်ပျိုးရာ၌ ဥမှ ခွဲယူရရှိသော ဖွံ့ဖြိုးသည့် အတက်ငယ်ကလေးများကို စိုက်ကွက်အကန့်များတွင် ထွန်ခြစ်ဖြင့် ၆ လက်မ အကွာ မြောင်းကလေး များဆွဲ၍ တစ်ခုနှင့် တစ်ခု ၃-၄ လက်မခြား စိုက်ရသည်။

(ဂ) ပြုစုခြင်း စိုက်ပြီး ပထမ နှစ်လအတွင်း ၁၅ ရက် လျှင်တစ်ကြိမ် ရေပေးသွင်းရန်လိုပြီး လက်ပေါင်း ၂ ကြိမ် မျှ လိုက်ပေးရမည်။ နောက်ပိုင်းတွင် ကြက်သွန်ဥများ စတင်ကြီးထွားပြီဖြစ်၍ တစ်ပတ် သို့မဟုတ် ၁၀ ရက်လျှင် တစ်ကြိမ်ခန့် ရေပေးသွင်းရမည်။

(ဃ) ရိတ်သိမ်းခြင်း ရက်ပေါင်း ၁၂၀ ခန့်ရှိလျှင် ကြက်သွန်များ ရင့်မာစပြုပြီး ပန်းပွင့်များ ထွက်လာသည်။ သို့သော် လည်း ဥ အထွက်ကို မထိခိုက်နိုင်ချေ။ ကြက်သွန်များ မဖော်မီ မြေပွအောင် ရေသွင်း ပေးရမည်။ တူးဖော်ပြီးနောက် အစည်းများ စုပုံထားရသည်။ ထို့နောက် ဆေးကြော၍ အမြစ်ပိုင်းနှင့် အဖျားပိုင်းများ ဖြတ်တောက်က အရိပ်၌ ညီညာစွာ ဖြန့်၍ အခြောက်ခံထားရသည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ဥ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ရှမ်းပြည်နယ်တွင် အများအပြား စိုက်ပျိုးပေါက်ရောက်သည်။ ပေါက်ရောက်ပုံ စိုက်ပျိုးပင် ဖြစ်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်း များ အလိုအရ ကြက်သွန်ဖြူ သည် အချဉ်မှတစ်ပါး အရသာ ၅ မျိုးရှိ၏။ သွေးနှင့် သင့်၏။ ဖျားနာ၊ အရေပြားရောဂါတို့ကို ပျောက်ကင်းစေနိုင်၏။ ချွေးထွက်ခြင်း၊ သုက်ပွားခြင်းကို ဖြစ်စေ၏။ ဆီးဝမ်းကို ရွှင်စေ၏။ ကာမကို အားပေး၏။ မျက်စိကို အကျိုးပြု၏။ အသက်ကိုရှည်စေ၏။ လေသလိပ်ကိုကြေစေ၍ သွေး၊ သည်းခြေကို တိုးပွားစေနိုင်၏။ အသုံးပြုပုံ-

  1. ကြက်သွန်ဖြူဥ တစ်လုံး၏ အောက်ပိုင်းကို လှီး၍ ထွက်လာသော အစေးရည် နှင့် ပွေး၊ ဝဲ၊ တင်းတိပ်၊ ဝက်ခြံတို့ကို မကြာခဏ ပွတ်ပေးက ပျောက်၏။
  2. ကြက်သွန်ဖြူကို နေ့စဉ် စားသုံး ခြင်းအားဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်သည်။ ကြက်သွန်ဖြူဥတစ်လုံးဥကြီး ၇ လုံးကို နွားနို့စစ်စစ် ၄၀ သားတွင် ထည့်၍ ဆူအောင် ကျိုပြီး ၁၀ မိနစ်ခန့် အအေးခံပါ။ နောက်တစ်ကြိမ်ဆူအောင် ထပ်တည်၍ သောက်ပါက သွေးတိုးရောဂါပျောက်၏။
  3. ကြက်သွန်ဖြူ ကို အရည်ပြု၍ သောက်ခြင်း၊ စားခြင်းဖြင့် ချောင်းဆိုးရောဂါ၊ ဝမ်းဖော၊ ဝမ်းရောင်နှင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော အနာရောဂါများ ပျောက်၏။
  4. ကြက်သွန်ဖြူကို နှမ်းဆီတွင် စိမ်၍ ဆားအနည်းငယ် ထည့်ပြီး ထမင်းမစားမီ စားပါက လေရောဂါပျောက်၏။
  5. ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးခြင်းအားဖြင့် ကလေးများ လေဆန်နာပျောက်၏။
  6. ကြက်သွန်ဖြူအရည်ကို ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်း တစ်ဇွန်း ခန့် တိုက်ပေးက ကြက်ညှာ ချောင်းဆိုးရောဂါ ပျောက်၏။
  7. ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် ၂ စက်မျှ တစ်နေ့သုံးကြိမ် သောက်ခြင်း၊ လည်ပင်းတွင် လိမ်းပေး ခြင်းဖြင့် လည်ပင်းကြီး ရောဂါကို ပျောက်၏။
  8. ကြက်သွန်ဖြူရည်ကို ဆားနှင့် ရောသောက်ခြင်း၊ ကြက်သွန်ဖြူကို ကြိတ်၍ နားထင်တွင် လိမ်းပေး ခြင်းဖြင့် ခေါင်းကိုက်ပျောက်၏။
  9. ကြက်သွန်ဖြူသည် ရောဂါပိုးများကို သတ်နိုင်သော စွမ်းရည်သတ္တိရှိသဖြင့် ကြက်သွန်ဖြူကို အဆုတ် ရောဂါ၊ အရိုးထိအောင် စားတတ်သော အနာရောဂါများ ကုသရာတွင်လည်း အသုံးပြုသည်။
  10. အကြောအခြင် ကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူအရည်နှင့် ပွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေ၏။
  11. နှမ်းဆီ ငါးကျပ်သားတွင် ကြက်သွန်ဖြူ အနည်းငယ်၊ လေးညှင်း နှစ်ပွင့် ခန့် ထည့်ပြုတ်၍ နားတွင် ပူပူနွေးနွေး ထည့်ပေးခြင်းဖြင့် နားပြည်ယို၊ နားကိုက်၊ နားထိုင်း ပျောက်၏။
  12. ကြက်သွန်ဖြူကို ရာသီထိမ်ခြင်း၊ အနာဝင်ခြင်း နှင့် ဒူလာရောဂါများ ကုသသော ဆေးများတွင်လည်း ထည့်သွင်းအသုံးပြု၏။
  13. ကြက်သွန်ဖြူကို အမှုန့်ပြု၍ ပျားရည်နှင် စိမ်ပြီး အိပ်ရာဝင်ချိန်တွင် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ကို ရေတစ်ခွက်နှင့် သောက်ခြင်းဖြင့်အိပ်ပျော် စားဝင် အားအင်ပြည့်စေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Allium sativum L။ Kewscience; Plants of the World Online; Royal Botanic Gardens, Kew, England။ May 26, 2017 တွင် ပြန်စစ်ပြီး။