စစ်ရေယာဉ် အင်းလေး

ဝီကီပီးဒီးယား မှ
စစ်ရေယာဉ် အင်းလေး
တပ်မတော် (ရေ)၏ စစ်ရေယာဉ် အင်းလေး (54)
အမျိုးအစား အကျဉ်း
တည်ဆောက်သူများ: ရေတပ် သင်္ဘောကျင်းဌာနချုပ်
မောင်းနှင်သူများ:  တပ်မတော် (ရေ)
တည်ဆောက်: ၂၀၁၃ ခုနှစ်
In commission: ၂၄ ဒီဇင်ဘာလ ၂၀၁၇[၁]
တည်ဆောက်: ၁ စင်း[၂]
ပြီးစီး: ၁ စင်း
Active: ၁ စင်း
အထွေထွေ အချက်အလက်များ
အမျိုးအစား: ကမ်းဝေးကင်းလှည့်ရေယာဉ်
ဖယ်ထုတ်ခံရသော ရေထု: တန်ချိန် ၁,၅၀၀[၁]
အလျား: ၈၁ မီတာ (၂၆၅ ပေ ၉ လက်မ)[ကိုးကားချက်လိုသည်]
ရက်မ: ၁၂.၅ မီတာ (၄၁ ပေ ၀ လက်မ)
တွန်းအား: ရိုးရိုး ဒီဇယ်နှင့် ရောစပ် ဒီဇယ် ပေါက်ကွဲအားသုံး[ကိုးကားချက်လိုသည်]
အမြန်နှုန်း: ခန့်မှန်း ၂၀ knot (၃၇ kilometres per hour; ၂၃ miles per hour)
အကွာအဝေး: မသိ
အာရုံခံနှင့်
လုပ်ငန်းဆောင်တာစနစ်များ:
  • အမျိုးအမည်မသိ ရေမျက်နှာပြင်ရှာဖွေရေး ရေဒါ x ၁ ခု
  • Furuno အမျိုးအစား ရေကြောင်းလမ်းပြ ရေဒါ x ၂ ခု[ကိုးကားချက်လိုသည်]
အမြောက်လက်နက်:
သယ်ဆောင်နိုင်သော လေယာဉ်:
လေယာဉ်ဆင်းသက်ခြင်းများ: ရဟတ်ယာဉ် တင်ဆောင်ရန် ၁၇.၅ m (၅၇ ft ၅ in)-အရှည်ရှိ ကုန်းပတ်နှင့် ရဟတ်ယာဉ် တစ်စင်းဆန့် သိုလှောင်ရုံ တစ်ခု[ကိုးကားချက်လိုသည်]

စစ်ရေယာဉ် အင်းလေး (54) သည် တပ်မတော် (ရေ)တွင် အသုံးပြုလျှက်ရှိသည့် ကမ်းဝေးကင်းလှည့် စစ်ရေယာဉ်အမျိုးအစား (အင်္ဂလိပ်: Offshore Patrol Vessel) ဖြစ်ပြီး အင်းလေး-အတန်းအစားတွင် ပွဲဦးထွက်တည်ဆောက်မှုဖြစ်သည်။ စစ်ရေယာဉ် အင်းလေး အား စင်ကာပူ အခြေစိုက် ကုမ္ပဏီများ၏ နည်းပညာနှင့် စက်ပစ္စည်းများ အကူအညီဖြင့် ရန်ကုန်မြို့အနီး၊ သံလျင်မြို့ရှိ ရေတပ် သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းတွင် တည်ဆောက်ခြင်းလုပ်ငန်း စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလ၌ ပြီးစီးလုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့သည်။

ပုံစံဒီဇိုင်း[ပြင်ဆင်ရန်]

ဤကမ်းဝေးကင်းလှည့်ယာဉ်၏ အရှည်မှာ ခန့်မှန်းခြေအားဖြင့် ၈၁ မီတာ (၂၆၅ ပေ ၉ လက်မ) ဖြစ်သည်။ ယက်မ အရှည် ၁၂.၅ မီတာ (၄၁ ပေ ၀ လက်မ)နှင့် ဖယ်ထုတ်ခံရသော ရေထု၏ အနည်းဆုံးပမာဏသည် တန်ချိန် ၁၅၀၀ ရှိသည်ဟု သိရှိရသည်။ ၎င်းကို ဒီဇယ်အင်ဂျင် (၂)လုံးဖြင့် စွမ်းအားပေး၍ မောင်းနှင်သည်။ ဤကမ်းဝေးကင်းလှည့်ယာဉ်၏ ခန့်မှန်းခြေအားဖြင့် ၁၇.၅ မီတာ (၅၇ ပေ)အကွာမှ ရဟတ်ယာဉ်ကို ချဉ်းကပ်မောင်းနှင်နိုင်သည်။ ရှည်လျားသော ရဟတ်ယာဉ်ဆင်းသက်ရန် ကုန်းပတ်နှင့် တစ်ခုတည်းသော ရဟတ်ယာဉ်ရုံလည်းပါရှိသည်။ ၎င်းထံသို့ လှေများဆိုက်ကပ်နိုင်ရန်အတွက်လည်း တောင့်တင်းသော လေဖောင်းရွက်ထည်များ အသုံးပြုထားသည့် ပဲ့တင်ချဉ်းကပ်လမ်းကို တပ်ဆင်ထားသည်။[ကိုးကားချက်လိုသည်] လက်နက်တပ်ဆင်မှုအနေဖြင့် ပြည်တွင်းထုတ် ၅၇ မီလီမီတာ (၂.၂ လက်မ) များ တပ်ဆင်ထားသည်။ ထို့အပြင် Type 66 သို့မဟုတ် 76 သေနတ်နှစ်လက်နှင့် ရဟတ်ယာဉ် သိုလှောင်ရုံပေါ်၌ ပြည်တွင်းထုတ် စက်သေနတ်နှစ်လက်ကိုပါ တပ်ဆင်ထားသည်ဟု သိရသည်။ အာရုံခံကိရိယာများအနေဖြင့် Furuno အမျိုးအစား ရေလမ်းကြောင်းပြ ရေဒါ နှစ်ခုပါရှိသည်။

အင်းလေး-အတန်းအစား စစ်ရေယာဉ်များအား လက်ရှိအသုံးပြုဆဲ ဒိန်းမတ်နိုင်ငံထုတ် Osprey-အတန်းအစား စစ်ရေယာဉ်များနေရာသို့ အစားထိုးရန် ရည်ရွယ်ထားကြောင်းသိရသည်။[ကိုးကားချက်လိုသည်]

အတန်းအစားဝင် စစ်ရေယာဉ်များ[ပြင်ဆင်ရန်]

အမည် စစ်ရေယာဉ် အမှတ် တည်ဆောက်သူ စတင်ချိန် တပ်တော်ဝင် ရက်စွဲ ဌာနေဆိပ်ကမ်း
စစ်ရေယာဉ် အင်းလေး ၅၄ ရေတပ် သင်္ဘောကျင်းဌာနချုပ် နိုဝင်ဘာ ၂၀၁၅ ၂၄ ဒီဇင်ဘာ ၂၀၁၇ သီလဝါ ရေတပ်သင်္ဘောကျင်း

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Fish၊ Tim (January 29, 2020)။ Coast Guards welcome OPV Boom။ 2020-08-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. H I Sutton - Covert Shores