မာတိကာသို့ ခုန်သွားရန်

ထိန်ဝင်း

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်

ထိန်ဝင်း
ကာကွယ်ရေးဦးစီးချုပ်(ရေ)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
ဇူလိုင် ၂၀၂၄
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၇
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ရေ)
အမှုထမ်းကာလ၁၉၈၉ - လက်ရှိ
ရာထူးဗိုလ်ချုပ်ကြီး
တပ်ကက(ရေ)

ဗိုလ်ချုပ်ကြီး ထိန်ဝင်း (၁၉၆၉ ဖွား) သည် တပ်မတော်(ရေ) ၏ ၁၇ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်သည်။[]ယင်းမတိုင်မီက သူသည် ရန်ကုန်၊ သန်လျင် အခြေစိုက် အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်ဌာနချုပ်မှူး ဖြစ်ခဲ့သည်။

တပ်မတော်သားဘဝ

[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၉ ) ဆင်း ဖြစ်သည်။တပ်မတော်(ရေ) တွင် စစ်မှုထမ်းသည်။ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၂၀ပြည့်နှစ် နောက်ပိုင်း တွင် ဗိုလ်ချုပ် အဆင့် တိုးမြင့်ခံရသည်။၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်နေ့ တွင် ပြုလုပ်သည့် တပ်မတော်(ရေ)၏ ရေငုပ်သင်္ဘောစစ်ရေယာဉ်အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) တွင် လေ့ကျင့်ခန်းကြီးကြပ်ရေးမှူး တာဝန်ယူရသည်။[]ယင်းနောက် အလယ်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဖြစ်လာသည်။[]၂၀၂၄ ခုနှစ် ဇူလိုင်လ တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် နုတ်ထွက်သွားပြီးနောက် သူသည် နိုင်ငံ၏ ၁၇ ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဗိုလ်ချုပ်ထိန်ဝင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာ BBC Burmese (၁၅ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘောစစ်ရေယာဉ်အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) လေ့ကျင့်ဆောင်ရွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁ ဧပြီ ၂၀၂၁)။ 15 July 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများကို စစ်ရေယာဉ်တစ်စင်းနှင့် MCL ကုမ္ပဏီပိုင်ရေယာဉ်တို့ဖြင့် ထပ်မံပို့ဆောင် Eleven Media Group (၂၆ မေ ၂၀၂၃)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ရေချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် ထွက်စာတင် BBC Burmese (၁၂ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ရေတပ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ် The Irrawaddy (၁၃ ဇူလိုင် ၂၀၂၄)။ ၁၅ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။