စက်မှုလယ်ယာ ဦးစီးဌာန

ဝီကီပီးဒီးယား မှ
စက်မှုလယ်ယာ ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၂ မတ် ၁၉၆၂ (စက်မှုလယ်ယာဌာနခွဲ)
  • ၁၆ မတ် ၁၉၇၂ (စက်မှုလယ်ယာဦးစီးဌာန)
ဌာနချုပ်ရုံးအမှတ် (၅၀)၊ ​နေပြည်​တော်
ဝန်ကြီးများဦးမင်းနောင်
မိခင်အဖွဲ့အစည်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moali.gov.mm

စက်မှုလယ်ယာ ဦးစီးဌာန (အင်္ဂလိပ်: Agricultural Mechanization Department) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

၁၉၅၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနလက်အောက်၌ စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲအား ဖွင့်လှစ်၍ စက်မှုထွန်ယက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။၁၉၆၂ခုနှစ် တွင် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲအား မြေယာကျေးလက်ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းလက်အောက်သို့ ပြောင်းရွေ့ပြီးစက်မှုလယ်ယာဌာနခွဲအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနလက်အောက်၌ စက်မှုလယ်ယာဦးစီးဌာနအဖြစ်သီးခြား ဖွဲ့စည်းခဲ့သည်။

သမိုင်းဖြစ်စဉ်[ပြင်ဆင်ရန်]

  • (၁၉၂၁)ခုနှစ်၌ စိုက်ပျိုးရေးဌာနလက်အောက်တွင် စိုက်ပျိုးရေး အင်ဂျင်နီယာ ဌာနစိတ်စတင်ဖွဲ့စည်း၊ သိပ္ပံထယ်၊ မျိုးစေ့ချကိရိယာ၊ ထွန်ယက်ရေးကိရိယာနှင့်ရေစုပ်ပန့်များ စမ်းသပ်အသုံးပြု
  • (၁၉၄၉)ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာန လက်အောက်တွင် “ထွန်စက်ယန္တရားတပ် ဆင်ရေးဘုတ်အဖွဲ့” ဖွဲ့စည်းဆောင်ရွက်။
  • (၁၉၅၁)ခုနှစ် “ထွန်စက်ယန္တရားတပ်ဆင်ရေးဘုတ်အဖွဲ့”အစား “စိုက်ပျိုးရေးအင်ဂျင်နီယာဌာနစိတ်” အဖြစ် ပြောင်းလဲဖွဲ့စည်းလျက် သံကြိုးပတ် ထွန်စက်များဖြင့် မြေရိုင်းဖော်ထုတ်ခြင်း၊တောင်သူပိုင် လယ်မြေများကို အခကြေးငွေဖြင့် ထွန်ယက်ပေးခြင်းများဆောင်ရွက်
  • (၁၉၆၂) ခုနှစ် မတ်လ(၂)ရက်တွင် လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာန လက်အောက်ရှိ မြေယာ ကျေးလက် ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်း(မြေကျေးရှင်)တွင် စက်မှုလယ်ယာစီမံကိန်းဌာနခွဲ ဖွဲ့စည်း ဆောင်ရွက်။

(၁၉၇၂) မတ်လ (၁၆)ရက်နေ့တွင် တော်လှန်ရေးကောင်စီအစိုးရ၏ အမိန့်ကြော်ငြာ အမှတ်(၉၇) အရစက်မှုလယ်ယာ စီမံကိန်းကို စက်မှုလယ်ယာဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်း။

စက်မှုလယ်ယာစခန်းပေါင်း(၁၁၇)ခု ဖွဲ့စည်း၊တောင်သူလယ်သမားများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ တွင် တောင်သူလယ်သမားများ၏ လိုအပ်ချက်ကို သိရှိအောင် ကြိုးပမ်းပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ ပံ့ပိုး ကူညီဆောင်ရွက်ပေးကာ တောင်သူလယ်သမားများက ယုံကြည်အားထားရာ ဌာနတစ်ခုအဖြစ် တည်ဆောက် လျက်ရှိသည်။[၁]

ရည်ရွယ်ချက်နှင့်တာဝန်[ပြင်ဆင်ရန်]

  • တောင်သူလယ်သမားများ၏လယ်ယာလုပ်ငန်းလိုအပ်ချက်ကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးနိုင်ရေး အတွက် ထွန်ယက်ရေးနှင့်ရိတ်သိမ်းခြွေလှေ့ရေး လုပ်ငန်းများတွင် ဌာနပိုင်စက်ကိရိယာများ ငှားရမ်းပေးသည့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • (၁၉၂၁)ခုနှစ်၌ စိုက်ပျိုးရေးဌာနလက်အောက်တွင် စိုက်ပျိုးရေး အင်ဂျင်နီယာ ဌာနစိတ်စတင်ဖွဲ့စည်း၊ သိပ္ပံထယ်၊ မျိုးစေ့ချကိရိယာ၊ ထွန်ယက်ရေးကိရိယာနှင့်ရေစုပ်ပန့်များ စမ်းသပ်အသုံးပြု
  • မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများကို တောင်သူလယ်သမားများ တိုးတက် သုံးစွဲနိုင်ရေးအတွက် သင့်လျှော်သော နည်းလမ်းများဖြင့် ဖြန့်ဖြူးပေးခြင်း။
  • လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကိုင်တွယ်ထိန်းသိမ်း အသုံးပြုနိုင်အောင် တောင်သူလယ်သမား များအား လေ့ကျင့်သင်ကြားပေးခြင်း။
  • ဆည်ရေသောက်စိုက်ပျိုးမြေများတွင် စက်မှုလယ်ယာစနစ်ကျင့်သုံးနိုင်မည့် စနစ်ကျ လယ်ကွက်များ ပေါ်ထွန်းလာရေးကို ဦးစားပေးပြီး စံနမူနာပြ ဖော်ထုတ်ဆောင်ရွက်ခြင်း။
  • ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်ရေးနှင့်စိုက်ပျိုးမြေရှားပါးခက်ခဲသော တောင်ပေါ်ဒေသ ပြည်နယ်များတွင် ဒေသဝမ်းစာဖူလုံရေး အထောက်အကူ ဖြစ်စေရန် လှေကားထစ် လယ်ယာမြေများကို ဖော်ထုတ်ပေးခြင်း။
  • စက်မှုလယ်ယာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုးကို စမ်းသပ် သုတေသန ပြုပြီး တောင်သူလယ်သမားများနှင့် ပြည်တွင်းစက်မှုလုပ်ငန်းများသို့ အသိပညာဖြန့်ဝေပေးခြင်း။
  • စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ပုဂ္ဂလိကကဏ္ဍမှ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက် လာစေရေး အတွက် စည်းရုံးခြင်းနှင့်ကူညီ ဆောင်ရွက် ပေးခြင်း။။
  • ဌာနပိုင်ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်များဖြင့် အငှားလိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
  • ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ အခြားလယ်ယာသုံးစက်ကိရိယာများအား လက်ငင်း၊အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခြင်း။
  • တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကိရိယာများ စနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုနိုင် အောင်သင်တန်းများပေးခြင်း။
  • စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ဆောင်ရွက်ပေးခြင်း။
  • တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာများ ပြုပြင် ဆောင်ရွက်ပေးခြင်း။

ကိုးကား[ပြင်ဆင်ရန်]