တာရာ၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
(ဗိုလ်တာရာ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ဗိုလ်တာရာ
BoTarYar.gif
မွေးသက္ကရာဇ် ၁၉၁၉-ခု၊ ဧပြီ ( ၁၃)ရက်၊
မွေးဖွားရာဒေသ ပျဉ်းမနားမြို့
အမည်ရင်း ခင်မောင်ဦး
ဗိုလ်ဘွဲ့အမည် ဗိုလ်တာရာ
ဂျပန်အမည် Monya Masaru
မိဘအမည် ဦးအကောက် + ဒေါ်လွန်း
နိုင်ငံသား Flag of Myanmar.png
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း အင်္ဂလိပ် မြန်မာ ၁ဝ တန်းအောင်
အလုပ်အကိုင် မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး၏ စည်းရုံးရေးမှူးနှင့် ဘဏ္ဍာရေးမှူး ၊ စာရေးဆရာ၊
ဆုတံဆိပ် နိုင်ငံဂုဏ်ရည် ပထမအဆင့်၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်
ကွယ်လွန်ရက် ၆၊ ၂၊ ၁၉၉၃
လက်မှတ် Bty signature2.jpg

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

၁၃ ဧပြီ ၁၉၁၉ ရက်နေ့တွင် ပျဉ်းမနားမြို့၌ အဖ သစ်စက်ပိုင်ရှင်၊ သစ်ကုန်သည် ဦးအကောက်နှင့် အမိ ဒေါ်လွန်းတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ခင်မောင်ဦး ဖြစ်ပြီး ရဲဘော်သုံးကျိပ် ဗိုလ်အမည်ခံရာတွင် ဗိုလ်တာရာဟု နာမည် ယူခဲ့သည်။

  • ၁၉၃၆ ခုနှစ်တွင် ပျဉ်းမနားခရိုင် တို့ဗမာအစည်းအရုံး သို့ ဝင်ရောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂ၊ ခရိုင် တို့ဗမာအစည်းအရုံး၊ ခရိုင် ဗမာ့လက်ရုံးတပ်ဖွဲ့၊ ခရိုင် တောင်သူလယ်သမား အစည်းအရုံး များ ဖွဲ့စည်းတည်ထောင်ရာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
  • ၁၉၃၇ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားအစည်းအရုံး၏ စည်းရုံးရေးမှူးနှင့် ဘဏ္ဍာရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။
  • ၁၉၃၈ ခုနှစ် ပျဉ်းမနားမြို့ KEM အထက်တန်းကျောင်းမှ အင်္ဂလိပ် မြန်မာ ၁ဝ တန်း အောင်မြင်သည်။ ကျောင်းသားသပိတ်ကြီးတွင် ပါဝင် လှုပ်ရှားခဲ့သည်။
  • ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက် စစ်ပညာ သင်ကြားခဲ့သည့် ရဲဘော်သုံးကျိပ် အနက် တဦး အပါအဝင် ဖြစ်သည်။
  • ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ BIA ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ပါဝင် ထမ်းဆောင်ပြီး ဂျပန် တော်လှန်ရေးတွင် ဝင်ရောက် ဆင်နွှဲခဲ့သည်။
  • ၁၉၅၉ ကွတ်ခိုင်မြို့၊ ခရစ်ယာန် သာသာနာပြုကျောင်းမှ ကျောင်းဆရာမ ဖြစ်သူ ဒေါ်စောခင် နှင့် အိမ်ထောင်ပြုသည်။
  • ၁၉၆၀ ပြည်ထောင်စုပါတီ (ပထစ) မှ ပျဉ်းမနား အမတ်အဖြစ် ပါလီမန်လွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခံရသည်။
  • ၁၉၆၁ ရဲဘော်သုံးကျိပ် ၏ ပြည်တော်ပြန် လုံးချင်းစာအုပ်ဖြင့် စာပေဗိမာန် (သုတပဒေသာဆု) ရရှိခဲ့သည်။
  • ၁၉၇၈ သိုင်းနယ်မှ ကျားသောင်းကျန်း ဝတ္ထုတိုကို အထက်တန်း မြန်မာစကားပြေ စာအုပ်တွင် သင်ရိုးညွန်းတမ်း အဖြစ် ပြဌာန်းခံခဲ့ရသည်။
  • ၁၉၈၀ ဇန်နဝါရီ (၇) တွင် မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး နှင့် ဖက်ဆစ်တိုက်ဖျက်ရေးတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက် ခဲ့သောကြောင့် နိုင်ငံတော်က ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ရရှိသည်။
  • ၁၉-- နိုင်ငံတော်က ချီးမြှင့်သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ကို ရရှိသည်။
  • ၁၉၈၆ သူ၏ မာန်စွယ်ဖွေးဖွေး ဝတ္ထုကို ဟန္ဒီဘာသာ သို့ ပြန်ဆိုခြင်းခံရသည်။[၁]


စစ်ကြိုခေတ်ကပင် ဘားမားဂျာနယ်၊ ဒီးဒုတ်ဂျာနယ်၊ သူရိယမဂ္ဂဇင်းတို့တွင် ဝတ္ထုတိုများ ရေးသားခဲ့သည်။ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ သွေးသောက်မဂ္ဂဇင်းများတွင် တော်လှန်ရေး ဝတ္ထုများ၊ စစ်ဝတ္ထုများမှ စ၍ နောက်ပိုင်း အမဲလိုက်မုဆိုး ဝတ္ထုများကို တသမတ်တည်း ရေးသားခဲ့သည်။

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) သည် နိုင်ငံဂုဏ်ရည် ပထမအဆင့်နှင့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် ရရှိပြီး စာပေဆုရှင် စာရေးဆရာနှင့် ရဲဘော်သုံးကျိပ်ဝင်၊ အငြိမ်းစား ဗိုလ်မှူး ဖြစ်သည်။ အသက် ၇၅ နှစ်၊ ၆၊ ၂၊ ၁၉၉၃ ရက်နေ့၌ ကွယ်လွန်ခဲ့သည်။

ထုတ်ဝေခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]

၁။ မိပန်းမ ၁၉၅၇

၂။ မေတ္တာရေယာဉ် ၁၉၅၉

၃။ မိုက်သမျှဒဏ် ၁၉၆၀

၄။ ချစ်သမျှကို ၁၉၆၁

၅။ မုန်းချစ်သနား ၁၉၆၁

၆။ မိုးနှင့်မြေ ၁၉၆၁

၇။ သေခွင့်မကြုံ ၁၉၆၁

၈။ အန္တရာယ်စခန်း မပြန်လမ်း ၁၉၆၁

၉။ ရဲဘော်သုံးကျိပ် ပြည်တော်ပြန် ၁၉၆၁

၁၀။ ရင်ဆိုင်တိုက်ပွဲ ၁၉၆၁

၁၁။ ချစ်တိတ်နှောင်းဆွေး စစ်မက်ရေးကြောင့် ၁၉၆၂

၁၂။ တိုက်ဝံ့သူအတွက် ၁၉၆၂

၁၃။ မာန်စွယ်ဖွေးဖွေး ၁၉၆၂

၁၄။ ရဲဘက်ရန်သူ ၁၉၆၂

၁၅။ ရိုးမမြိုင်ရိပ်ခွင် ၁၉၆၂

၁၆။ ရှုံးတခါ နိုင်တလှဲ့ ၁၉၆၂

၁၇။ လမ်းဘယ်မမြင် မြိုင်ဟေဝန်ဝယ် ၁၉၆၂

၁၈။ သွေးကြောင်းသွင်သွင် ခရီးစဉ် ၁၉၆၂

၁၉။ အောင်လံတော်လွှင်ခါမှ ၁၉၆၂

၂၀။ မုဆိုးနှင့် သားကောင်ကြီးများ ၁၉၆၂

၂၁။ ကိုယ်တွေ့ဖော်မိုဆာ ၁၉၆၃

၂၂။ ကျည်ဆန်နှင့် ပစ်ကွင်း ၁၉၆၃

၂၃။ တပွဲတလမ်း ၁၉၆၃

၂၄။ တောင်တန်းဧကရီ ၁၉၆၃

၂၅။ မုဆိုးဟူသည် ၁၉၆၃

၂၆။ မိုးထဲလေထဲ ၁၉၆၃

၂၇။ ဝရမ်းပြေးဘိုးသိန်း ၁၉၆၃

၂၈။ သားရဲနယ်မြေ ၁၉၆၃

၂၉။ သေကံမရောက် သက်မပျောက် ၁၉၆၃

၃၀။ သေနတ်နှင့် မုဆိုး ၁၉၆၃

၃၁။ အောင်မြေ ၁၉၆၃

၃၂။ ဂူနန်းရှင် ၁၉၆၄

၃၃။ စုံမြိုင်ကိုဖြတ် တောင်ယံပက်လျှက် ၁၉၆၄

၃၄။ မုဆိုးနှင့် ညတိုက်ပွဲ ၁၉၆၄

၃၅။ မှုံပြာဝေ ၁၉၆၄

၃၆။ ရေခဲတောင်ကျောမှ သေမင်းကောင်ကြီး ၁၉၆၄

၃၇။ ရိုးမမြောက်စွန်းသုံးမြေခွင် ၁၉၆၄

၃၈။ ချစ်ကြွေးသံသရာ ၁၉၆၅

၃၉။ တောင်ယံတောကမောလေအောင် ၁၉၆၅

၄၀။ ဘုန်းမောင့်သူဇာ ၁၉၆၅

၄၁။ မုဆိုးသံသရာ ၁၉၆၅

၄၂။ မေတ္တာတော် အနန္တပေမို့ ၁၉၆၅

၄၃။ မြိုင်မင်းခေါ်သံ ၁၉၆၅

၄၄။ ယောက်ျားဘာသာ ၁၉၆၅

၄၅။ ရန်သူ့နယ်မြေ ၁၉၆၅

၄၆။ လူကျား ၁၉၆၅

၄၇။ လက်မရွံမောင်မောင် ၁၉၆၅

၄၈။ ဟေဝန်စုံမြိုင် ၁၉၆၅

၄၉။ လွမ်းရစ်တော့မောဒေဝီ ၁၉၆၆

၅၀။ ရိုးမသို့ ၁၉၆၆

၅၁။ ရိုးမသုံးသွယ် ၁၉၆၆

၅၂။ ရွှေလဝင်း ၁၉၆၆

၅၃။ လေးဦးမေတ္တာ ၁၉၆၆

၅၄။ ခေါင်းပြတ်တောင်သိုက် ၁၉၆၆

၅၅။ ဂူနန်းရှင်ကျိန်စာ ၁၉၆၆

၅၆။ မိုးသက်လေဆငင် ၁၉၆၆

၅၇။ ရေပြာလှိုင်းနှင့် ဒီရိုင်းနှင့် ၁၉၆၆

၅၈။ မြရွက်ဝါချွေနှင့် ကင်းနွေ ၁၉၆၆

၅၉။ တိမ်ပြာနှင့် မြေလွှာ ၁၉၆၇

၆၀။ နဂါးပွက်တောင် ၁၉၆၇

၆၁။ ဗိုလ်ယက္ခ ၁၉၆၇

၆၂။ မျှော်လေတိုင်းဝေး ၁၉၆၇

၆၃။ သွေးနှင့်ဓား ၁၉၆၇

၆၄။ အန္တရာယ်လမ်း ၁၉၆၇

၆၅။ ဒူးဝါးဖေအောင် ၁၉၆၇

၆၆။ စိုးတထိတ်ထိတ် ၁၉၆၈

၆၇။ ဆန်းနွေဦး ၁၉၆၈

၆၈။ သူပုန်ကြီး ၁၉၆၈

၆၉။ စင်္ကြဝဠာတိုက်ပွဲ ၁၉၆၈

၇၀။ စုံတော်ရှင် ၁၉၆၈

၇၁။ တော်တောင်စုံမြိုင် ၁၉၆၈

၇၂။ ကျောက်လက်ဓားသိုက် ၁၉၆၉

၇၃။ ချစ်မုန်းကမ္ဘာ ၁၉၆၉

၇၄။ ဂူနန်းရှင် ၁၉၇၀

၇၅။ ကတိသစ္စာ ၁၉၇၁

၇၆။ ထိပ်ခေါင်တင်နှင့်တောဘုရင် ၁၉၇၁

၇၇။ ကျားနှင့်ဆင် ၁၉၇၃

၇၈။ ကျောက်လက်ဝါးသိုက် ၁၉၇၃

၇၉။ သွေးနိဒါန်း ၁၉၇၃

၈၀။ ခေါင်းဖြတ်တောင်ခရီး ၁၉၇၆

၈၁။ သိင်္ဂိမြဖူး နွေမူးမူး ၁၉၇၇

၈၂။ ချက်ပိုင်သော ပစ်ကွင်း ၂၀၀၄

၈၃။ မရဏတော်ကြမ်းကြီး ၂၀၀၅

၈၄။ တော်လှန်ရေး အတွေ့အကြုံ ၂၀၀၆ [၂]

ဘဝနိဂုံး[ပြင်ဆင်ရန်]

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်၊ စာရေးဆရာ၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာသည် ၁၉⁠၉၃ခု၊ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်စောခင်နှင့် သားနှစ်ယောက်၊ သမီးနှစ်ယောက်၊ မြေးတစ်ယောက် ကျန်ရစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ဗိုလ်တာရာ ၊ ၂၀၀၆
  2. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'
  3. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉⁠၉၄)၊ စာ-၂၄၀-၂၄၁

ဗိုလ်တာရာ (၂၀⁠၀၆၊ဇွန်). တော်လှန်ရေး အတွေ့အကြုံများ