ကင်းပုံသီးချဉ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကင်းပုံသီးချဉ်(ကင့်ပုံသီးချဉ်)သည် ကင်းပုံသီးကို အချဉ်ဖောက်ထားခြင်း ဖြစ်ပြီး၊ ထမင်းနှင့် တွဲစားနိုင်သော မြန်မာ့ ရိုးရာနှုတ်မြိန်စားစရာ ဖြစ်သည်။ ရှေးမြန်မာ့ရိုးရာ ကင်းပုံသီးချဉ် တည်နည်းကို ရှေးမြန်မာဘုရင်အဆက်ဆက်တို့ အသုံးတော်ခံ စားတော်ဆက်၊ စဖိုသည်တို့ ပြုစီမံခဲ့သည့် အရသာဖော်နည်း နိဿယည်း ခေါ် စားတော်ချက်ကျမ်းတွင် တွေ့ရသည်။ ယခုအခါ ကင်းပုံသီးချဉ်ကို ပြုလုပ်စားသောက်လေ့ ရှိသူ၊ လုပ်တတ်သူ မရှိသလောက်ပင် ဖြစ်သည်။ စားသောက်ဆိုင်များတွင်လည်း တည်ခင်းခြင်း မရှိချေ။ အိမ်လုပ်အစားအစာ အဖြစ်သာ တည်ရှိသည်။

အချဉ်တည်နည်း[ပြင်ဆင်ရန်]

ကင်းပုံသီးလှလှပပ အနာအဆာလွတ်ကို လေးစိတ်စိတ်၍ ရေနွေး ကျိုက်ကျိုက်ဆူတွင် နနွင်းဝါထိန်နေအောင် ခတ်၊ မကျက်မပျော့ ရေနွေးမှာ ဖျော၍ မကျိုးမပျက်ရအောင် ကင်းပုံသီး လေးစိတ်ခွဲထဲသို့ ဆားငန်ကျိနေအောင် သွတ်သွင်း၍ နယ်ဖတ်လေ။ အေးသွားလျှင် အိုးသန့်သန့်တွင် စီရရီ ကြပ်ကြပ်သိပ်ရမည်။ ဖက်လုံစွာပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်။ ခုနှစ်လ ခံသည်။ နောင် အသုံးလိုလာသည့်အခါဝယ် ဆီကျက်, ဆား, ငါးပိ, ငရုတ်, ကြက်သွန်နှင့် မကျိုးမပဲ့ရအောင် ဿုပ်သည်။ အဆင်းလှပြီး အနံ့အရသာ ပြောဖွယ်ရာ မရှိချေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (ပေမှ ကူးယူပုံနှိပ်ခြင်း) (၁၉၆၅ ခုနှစ်)။ စားတော်ချက်ကျမ်း။ ဟံသာဝတီပုံနှိပ်တိုက်။ p. ၅။ Unknown parameter |month= ignored (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)