နနွင်း
| Curcuma longa | |
|---|---|
| Inflorescence of Curcuma longa | |
| Turmeric rhizome and powder | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Monocots |
| Clade: | Commelinids |
| မျိုးစဉ်: | Zingiberales |
| မျိုးရင်း: | Zingiberaceae |
| မျိုးဇာတ်: | Zingibereae |
| မျိုးစု: | Curcuma |
| မျိုးစိတ်: | C. longa |
| ဒွိနာမ | |
| Curcuma longa | |
| Synonyms | |
|
Curcuma domestica Valeton | |
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]အပင်
[ပြင်ဆင်ရန်]ရွက်ယောင် ပင်စည်ဖြစ်ပြီး ၄-၅ ပေ ခန့် မြင့်သည်။ ဘဲဥပုံ မြစ်ဥ များရှိသည်။ မြစ်ဥ အတွင်းသား တောက်ပ သောအရောင် ရှိသည်။ နနွင်းအမျိုးအစား (၇)မျိုး ရှိသည့်အနက် ဆေးဖော်စပ်ရာ၌ ဤနနွင်းရိုးရိုးကိုသာလျှင် ဆေးဖက်အဖြစ် အထူး အသုံးပြု၏။
အရွက်
[ပြင်ဆင်ရန်]ရွက်ညှာသည် ရွက်ပြားနှင့် အလျားညီ၏။ ရွက်ညှာရင်းမှ ရွက်ပြားထိပ်အထိ အမြှောင်းပါသည်။ ရွက်ပြား ရှည်မျောမျောပုံဖြစ်ပြီး အဖျားချွန်ကာ အရင်းသွယ်သည်။ ရွက်နား ညီသည်။ ရွက်ကြောများ အလွန် ထင်ရှားသည်။
အပွင့်
[ပြင်ဆင်ရန်]အဝါနုရောင် ရှိသည်။ အပွင့်သည် ဆိပ်ဖူးပွင့်နှင့် တူသည်။ ဝါဆို၊ ဝါခေါင်လများတွင် ပွင့်သည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ
[ပြင်ဆင်ရန်]ဥတက်။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ
[ပြင်ဆင်ရန်]ပေါက်ရောက်ပုံ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာ ပြည်အထက်ပိုင်း တောတောင်များ၌ သဘာ၀အလျောက် ပေါက်ရောက်သည်။ ကူးသန်း ရောင်းဝယ်ရေးအတွက် စိုက်ခင်းများ တည်ထောင်၍ စိုက်ပျိုးကြသည်။
စိုက်ပျိုးပုံ
[ပြင်ဆင်ရန်]ချင်းပင်ကဲ့သို့ စိုက်ပျိုးရသည်။
အသုံးဝင်ပုံ
[ပြင်ဆင်ရန်]အာနိသင်
[ပြင်ဆင်ရန်]မြန်မာဆေးကျမ်းများအလိုအရ နနွင်းသည် ပူ၏။ စပ်ရှားရှား အရသာရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ အနည်းငယ် ရှိ၏။ ကိုယ်ရေနွေးစေ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ လေကို နိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာမကြေရောဂါကို ပျောက်ကင်းစေတတ်၏။
အသုံးပြုပုံ
[ပြင်ဆင်ရန်](ဥတက်)
- နနွင်းသည် ရောဂါအမျိုးမျိုးတို့ကို ပယ်နိုင်၍ အသက်ရှည်စေသော ဆေးအဖြစ်ထင်ရှား၏။ နနွင်းကို ငန်းဆေးအမျိုးမျိုး၊ မျက်စိဆေးအမျိုးမျိုး၊ ဒူလာ ဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုး၊ မှိုင်းဆေး အမျိုးမျိုး ဖော်စပ်ရာတွင် အသုံးပြု၏။
- ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ်ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီးနောက် ချည့်နဲ့ခြင်း၊ အသားအေးခြင်း၊ သားမြတ်ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ်သွေးဖော ဖြစ်ခြင်း၊ ယားယံခြင်းတို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်၍ လိမ်းပေးခြင်း၊ သောက်ပေးခြင်း၊ မှိုင်းရှူပေးခြင်း၊ ရေနွေးနှင့်ပြုတ်၍ ရေချိုးပေးခြင်း၊ ကြပ်ထုပ် ထိုးပေးခြင်းတို့ဖြင့် ပျောက်ကင်းစေနိုင်၏။
- သားအိမ် မသန့်သော ရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျားရောဂါတို့ အတွက်လည်း နနွင်းကို ဆေးဖက် အဖြစ် အသုံးပြုရ၏။
- နနွင်းကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရေနှင့်ကျိုပြီး ပျားရည်သင့်ရုံစပ်၍ သောက်ပါက သွေးအန်၊ သွေးလျှံ၊ သွေးဝမ်းရောဂါများ ပျောက်၏။
- သွားဖုံးရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင်နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေးခြင်းဖြင့် ပျောက်ကင်းစေ၏။
- နနွင်းသည် ချောင်းဆိုး၊ ပန်းနာရင်ကျပ်၊ ဝမ်းလျှော ရောဂါတို့ကို ပျောက်ကင်းစေ၏။
- နနွင်းကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ ကြိမ် သောက်သော် လေထိုးလေအောင့်ရောဂါ ပျောက်၏။
- အကျိတ်နာ၊ ထိခိုက်ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာရခြင်းတို့အတွက် နနွင်းနှင့်ထုံးကို ရောစပ်လိမ်းပေးခြင်း၊ ဒဏ်ရာမှ သွေးထွက်လွန်ခြင်းတို့အတွက် နနွင်းမှုန့် သိပ်ပေးခြင်းတို့ဖြင့် ပျောက်ကင်းစေနိုင်၏။
- နနွင်းကို သကြားနီခဲနှင့် ရောစပ်၍ ဆန်ဆေးရည်နှင့် သောက်သုံးပါက သားအိမ်တွင် ကျောက်တည်ခြင်း ပျောက်၏။
- နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုးရောသောက်သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။
- နနွင်းဥ ကိုပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ် သောက်သော် အစာအိမ်ရောဂါ ပျောက်၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Curcuma longa L.။ Plants of the World Online, Kew Science, Kew Gardens, Royal Botanic Gardens, Kew, England (2018)။ 26 March 2018 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=146[လင့်ခ်သေ]