အောင်ဆန်းစုကြည်၊ ဒေါ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒေါ်အောင်ဆန်းစုကြည်
Aung San Suu Kyi
အောင်ဆန်းစုကြည်
လှိုင်သာယာမြို့နယ်တွင် မိန့်ခွန်းပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ
၂၇၊ ၀၉၊ ၁၉၈၈ -
ကော့မှုးရွေးကောက်နယ်မြေ
ပြည်သူ့လွှတ်တော် အဖွဲ့ဝင်
၀၂ မေလ ၂၀၁၂ -
ယခင် ဦးစိုးတင့်
အတိုက်အခံ ခေါင်းဆောင်
ပြည်သူ့လွှတ်တော်
၀၂ မေလ ၂၀၁၂ -
ယခင် ဦးထွန်းရီ
ကိုယ်ရေး အချက်အလက်
အမည်​ရင်း အောင်ဆန်းစုကြည်
မိဘများ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည်
မောင်ရင်းနှမ အောင်ဆန်းဦး(အကိုကြီး)
အောင်ဆန်းလင်း(အကိုလတ်)
မွေးရပ်ဇာတိ ရန်ကုန်
လူမျိုး ဗမာလူမျိုး
နိုင်ငံသား မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
ဘာသာ ဗုဒ္ဓဘာသာ
ပညာရေး နိုင်ငံရေးသိပ္ပံ
အလုပ်အကိုင် ဒီမိုကရေစီ ခေါင်းဆောင်
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူသိများခြင်း နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်
ကြင်ဖော် မိုက်ကယ် အဲရစ်
သားသမီး မောင်မြင့်ဆန်းအောင်မောင်ထိန်လင်း
ရရှိခဲ့သော အထူးဆုများ သိုးရော်ဖ် ရဖ်တို ဆု(၁၉၉၀)
စက်ခါရော့ဗ်ဆု(၁၉၉၀)
ငြိမ်းချမ်းရေး နိုဘဲလ် ဆု(၁၉၉၁)
ဂျဝါဟာလာနေရူးဆု(၁၉၉၃)
အိုလွတ်ဖ် ပါလ်မယ် ဆု (၂၀၀၅)
ကွန်ဂရက် ရွှေတံဆိပ်ဆု (၂၀၀၈)
ဝဘ်ဆိုတ် http://www.dassk.org/
လက်မှတ် Aung San Suu Kyi Signature in Burmese.svg

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်၏ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာအမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး၊ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခွင့် ရှိခဲ့သော်လည်း၊ စစ်အစိုးရမှ ထိုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပေ။၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်သည့်နေ့ ညနေပိုင်းတွင် မြန်မာစစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးခဲ့သည်။ [၁] ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကိုယ်စားလှယ်အမတ်ဖြစ်လာသည်။[၂]

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ခုနှစ်တွင် ရွပ်ဖ်တိုဆု နှင့် လွတ်လပ်စွာစဉ်းစားတွေးခေါ်မှုအတွက် ပေးအပ်သော စက်ခါရော့ဗ်ဆု တို့ကို ချီးမြှင့်ခြင်းခံခဲ့ရပြီး၊ ဖိနှိပ်ချုပ်ချယ်သည့် စစ်အစိုးရ လက်အောက်တွင် အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုကြောင့် ၁၉၉၁ ခုနှစ်၌ နိုဘဲလ် ငြိမ်းချမ်းရေးဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။ နိုဘဲလ်ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁.၃သန်းကိုလည်း မြန်မာပြည်သူများ၏ ပညာရေး နှင့် ကျန်းမာရေးအတွက် ရံပုံငွေမတည်နိုင်ရန် လှုဒါန်းခဲ့သူလည်းဖြစ်သည်။ သူသည် နေ့စဉ် တရားထိုင်လျက်ရှိကာ ခြေလေးချောင်းသားများကိုရှောင်ပြီး ပင်လယ်စာကြိုက်သည်။ ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ရှိပြီး၊ အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သတ်ပြီး အလှပြင်ဆိုင်သို့သွား၍ အထူးတလည် ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်သည့် အသားအရည်ထိန်းသိမ်းသည့် နည်းလမ်းများသာ အသုံးပြုသည်ဟုဆိုသည်။[၃]ကမ္ဘာကျော် ဖော့ဘ်စ်(Forbes)မဂ္ဂဇင်းမှ ရွေးချယ်သည့် ကမ္ဘာ့သြဇာအရှိဆုံးအမျိုးသမီးများ ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား နံပါတ် ၁၉ တွင် ဖော်ပြခဲ့သည်။[၄]

မာတိကာ

အမည်[ပြင်​ဆင်​ရန်​]

အောင်ဆန်းစုကြည်ဆိုသည့် အမည်သည် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အမည်မှ ဆင်းသက်လာသည့် “အောင်ဆန်း”၊ ဖခင်ဘက်မှ အဖွားဖြစ်သူ ဒေါ်စုအမည်မှ “စု” နှင့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အမည်မှ “ကြည်”တို့ဖြစ်သည်။[၅]အမည်အား မြန်မာနိုင်ငံသားများမှ ဒေါ်ဟု တပ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်ဟု ခေါ်ဆိုလေ့ရှိပြီး၊ [၆] ဒေါ်စု၊ အမေစု ဟုလည်း အများအားဖြင့် ခေါ်ဆိုလေ့ရှိသည်။[၇][၈]အန်တီစု နှင့် ဒေါက်တာစုကြည်၊ အင်္ဂလိပ်ဘာသာအဖြစ် Ms. Suu Kyi သို့ Mrs. Suu Kyiဟုလည်း နိုင်ငံတကာ မီဒီယာများတွင် သုံးနှုံးကြသူများရှိသည်။[၉][၁၀]

ကိုယ်ရေးသမိုင်း[ပြင်​ဆင်​ရန်​]

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

မိသားစုဓါတ်ပုံ၌ အောင်ဆန်းစုကြည်အား အင်္ကျီကော်လာအဖြူနှင့် ကလေးအရွယ်တွင် တွေ့ရစဉ်၊ ဓါတ်ပုံမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ အစောပိုင်းကာလဖြစ်၏
၁၉၄၈ ခုနှစ် ဒေါ်ခင်ကြည် နှင့် သူမ၏ မိသားစုအား တွေ့ရစဉ် ဒေါ်ခင်ကြည့်အရှေ့တွင် ထိုင်နေသူမှာ အောက်ဆန်းစုကြည်ဖြစ်သည်

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်တို့မှ ဒေါ်အောင်ဆန်းစုကြည်အား၊ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ စု နှစ်နှစ်သားအရွယ်၌ ဖခင်ဖြစ်သူမှာ ဗြိတိသျှတို့ထံမှ မြန်မာ့လွတ်လပ်ရေးကိုရယူနိုင်ရန် ကြိုးပမ်းနေချိန် ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရခင်၌ပင် ပြိုင်ဘက်များ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူမသည် မိသားစုနှင့်အတူ၊ မွေးချင်းများ ဖြစ်သော အကိုကြီးအောင်ဆန်းဦး၊ အကိုလတ်အောင်ဆန်းလင်းတို့နှင့် အတူ ရန်ကုန်မြို့ရှိ အမှတ်၂၅၊ တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း)နေအိမ်တွင် နေထိုင်ခဲ့ကြသည်။ သူမသည် တတိယမြောက်သမီးဖြစ်ပြီး၊ ညီမဖြစ်သူမှာ မွေးပြီး ၅ ရက်အကြာ၌ ကွယ်လွန်ခဲ့သည်။ ထိုနေအိမ်၌ပင် အကိုဖြစ်သူ အောင်ဆန်းလင်း(ရှစ်နှစ်အရွယ်)သည်လည်း အလှရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက်ပိုင်း ထိုနေအိမ်မှ ဗဟန်းမြို့နယ် အမှတ် ၅၄၊ တက္ကသိုလ် ရိပ်သာလမ်းရှိနေအိမ်သို့ မိသားစု ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ ထိုနေအိမ်၌ပင် ပြည်တွင်း နှင့် နိုင်ငံတကာမှ နိုင်ငံတော် ဝန်ထမ်း အသိုင်းအဝိုင်းများ၊ နိုင်ငံရေး ယူစပုံ အမျိုးမျိုး၊ ယုံကြည်ကိုးကွယ်ပုံအမျိုးမျိုးမှ လူပုဂ္ဂိုလ်အသီးသီးကို စု သိကြွမ်းခဲ့သည်။ စုသည် ၁၉၄၉ ခုနှစ်တွင် စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်း၌ အခြေခံပညာစတင် သင်ကြားခဲ့သည်။ [၁၁] ဘာသာစကား လွယ်ကူစွာတက်ရောက်နိုင်သူ စုသည် ပညာရေးကို ၁၉၅၇ မှ ၁၉၆၀ ခုနှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်း(အထက - ၁ ဒဂုံ)၌ ဆက်လက် တက်ရောက်ခဲ့သည်။[၁၂]

အောင်ဆန်းစုကြည် ၆ နှစ်သမီးအရွယ်

ဒေါ်ခင်ကြည်မှာ မြန်မာအစိုးရသစ်အဖွဲ့တွင် ထင်ရှားသူတစ်ဦးဖြစ်ပြီး၊ ၁၉၆၀ ခုနှစ်၌ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ စု လိုက်ပါနေထိုင်ခဲ့ရသည်။။ အိန္ဒိယနိုင်ငံရှိ ယေရှု နှင့် မေရီ ကွန်ဘင့်ကျောင်းတွင် ပညာဆက်လက်သင်ယူခဲ့ပြီး၊ ဂျပန်ပန်းအလှပြင်နည်း၊ အနုပညာ နှင့် မြင်းစီးသင်ခြင်းတို့ကိုလည်း တတ်မြောက်ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ အထူးသဖြင့် နိုင်ငံတကာ သံအမတ်များ၏ သားသမီးများနှင့် ပဏ္ဍစ်နေရူး၏ မြေး၊ အင်ဒီရာဂန္ဒီ၏ သားဖြစ်သူ ဆန်ဂျေးတို နှင့်လည်း ရင်းနှီးတွေ့ဆုံလေ့ရှိခဲ့သည်။ အဆင့်အမြင့်ဆုံး အိန္ဒိယအရာရှိကြီးများအတွက် သတ်မှတ်ထားသော အိမ်မျိုးဖြစ်သည့်၊ နံပါတ် (၂၄) အက္ကဘာလမ်း ရှိ နေအိမ်တွင်လည်း စန္ဒယား ဆက်လက်သင်ယူခဲ့ပြီး၊ ထိုနေအိမ်ကို အန္ဒိယအစိုးရမှ ဒေါ်ခင်ကြည်ကို အထူးလေးစားသောအားဖြင့် နေထိုင်ခွင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ စု သည် ၁၉၆၂ မှ ၁၉၆၃၊ ဒေလီတက္ကသိုလ် လေဒီရှယ်ရီရမ်ကောလိပ်နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ဆည်းပူးခဲ့သည်။

စာဖတ်ခြင်း ဝါသနာပါသူ စုအတွက် ဖခင်နှင့် သိကျွမ်းခဲ့သူများထဲမှ သတင်းစာဆရာဦးအုန်း နှင့်ဖခင်နှင့်အတူ တက္ကသိုလ်တွင်ရှိခဲ့သော ဦးညိုမြ (ရန်ကုန်တက္ကသိုလ် အိုးဝေ မဂ္ဂဇင်း၏ အယ်ဒီတာ)တို့မှ စာအုပ်များထောက်ပံ့ပေးပို့ လမ်းညွှန်ခဲ့သူများဖြစ်ကြသည်။ ထိုအချိန်၌ ဒေလီရှိ ဗြိတိသျှမဟာမင်းကြီး ဆာပေါလ်ဂိုးဘူသ်(Sir Paul Gore-Booth) နှင့် ဇနီးဖြစ်သူ ပက်တြီရှာ (Patricia) တို့မှာ ယခင်က မြန်မာနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြစဉ် ဒေါ်ခင်ကြည် နှင့် ကောင်းစွာသိကျွမ်းခဲ့ပြီး၊ ‘စု’ အောက်စဖို့ဒ်တက္ကသိုလ်၌ ပညာသင်ကြားချိန်တွင် မိဘကိုယ်စား တာဝန်ယူခဲ့ကြသည်။ ထိုနေအိမ်၌ပင် လာရောက်လည်ပါတ်သည့် နိုင်ငံတကာဧည့်သည်များနှင့်လည်း ‘စု’ထပ်မံ ရင်းနှီးခဲ့သည်။ အကိုကြီးဖြစ်သူ အောင်ဆန်းဦးသည် ထိုအချိန်၌ အင်္ဂလန်တွင် ကျောင်းတက်ရောက်နေဆဲဖြစ်ပြီး၊ ကျောင်းပိတ်ရက်များတွင် မိသားစုနှင့် ပြန်လည်စုံတွေ့လေ့ရှိသလို၊ ‘စု’သည်လည်း ကျောင်းအားလပ်ရက်များတွင် မိခင်ရှိရာ နယူးဒေလီသို့ ပြန်လေ့ရှိသည်။

အိမ်ထောင်သည် ဘဝ[ပြင်​ဆင်​ရန်​]

၁၉၇၂ ခုနှစ်တွင် မုလမင်မြို့၌ မိုက်ကယ်အဲရစ် နှင့် အောင်ဆန်းစုကြည်အားတွေ့ရစဉ်

ကျောင်းနေဖော် သူငယ်ချင်းများအဆိုအရ၊ စုသည် အောက်စဖို့တက္ကသိုလ် ဒုတိယနှစ်တွင် တာရစ်ဂ် ဟိုင်ဒါ၊ ပါကစ္စတန် ကျောင်းသားတစ်ဦးနှင့်လည်း ရည်းစားဖြစ်ခဲ့ဘူးသည်။ [၁၃] သို့သော် သူငယ်ချင်းများမှ သဘောကြည်ဖြူခြင်းမရှိခြင်းတို့ကြောင့် ချစ်သူနှင့် အဆက်အသွယ်အခန်းသတ်ခဲ့သည်။[၁၃] ၁၉၆၄ မှ ၁၉၆၇၊ အောက်စဖို့တက္ကသိုလ် ဟူ့စ်ကောလိပ်၌ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၄ မှ ၁၉၆၇၊ အောက်စဖို့တက္ကသိုလ် ဟူ့စ်ကောလိပ်၌ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၈ခုနှစ်တွင် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာန၊ နိုင်ငံရေးသိပ္ပံဌာန၌ သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေချိန် မိုက်ကယ်အဲရစ်အား တွေ့ဆုံခဲ့သည်။ အဆိုတော် ဘိလပ်ပြန်သန်း သည် မိဘများ၏ မိတ်ဆွေလည်းဖြစ်ပြီး၊ အောင်ဆန်းစုကြည်နှင့် ဘဝတလျောက်လုံးတွင် ချစ်ခင်ရင်းနှီးသူတစ်ဦးလည်းဖြစ်သည်။

ဘွဲ့ရပြီးနောက် ‘စု’ သည် လပိုင်းမျှ စာသင်ပို့ချခြင်းနှင့် သမိုင်းဆရာ ဟယူးတင်ကာ (Hugh Tinker) နှင့်အတူ သုတေသနလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီးသောအခါ နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဒေါ်သန်းအေးနှင့်အတူ နေထိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နယူးယောက်မြို့တွင် ဆက်လက်ပညာဆည်းပူးရန်ရောက်ရှိခဲ့သော်လည်း၊ ကုလသမဂ္ဂ၌ ဘဏ္ဏာရပ်ဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းကို သုံးနှစ်ကြာအောင် အမှုထမ်းခဲ့သည်။ လက်မထပ်ခင် ၈ လအတွင်း နယူးယောက်မှ ခင်ပွန်းသည်ရှိနေရာ တိဗက်သို့ ပေးစာပေါင်း ၁၈၇ ခုတွင်လည်း၊ အကယ်၍ မိုက်ကယ် နှင့် လက်ထပ်ခဲ့လျှင်၊ မိမိသည် မြန်မာနိုင်ငံသို့ အလေးထားမှု လျှော့နည်းသွားနိုင်သည်ဟု မိသားစု နှင့် မြန်မာနိုင်ငံသားများမှ အထင်မှားခြင်းကို စိုးရိမ်မိကြောင်း အသိပေးခဲ့သည်။ မြန်မာပြည်သားများမှ သူ့ကိုလိုအပ်လာပါကလည်း၊ မိုက်ကယ်မှ သူ့အား အကူအညီဝိုင်းဝန်းပေးရန် တောင်းဆိုခဲ့သည်။ ဗြိတိန်နိုင်ငံသားအား လက်ထပ်ထားခြင်းကြောင့်၊ ဗြိတိန်နိုင်ငံသား လျှောက်ထားခွင့်ရှိသော်လည်း ဗြိတိန်နိုင်ငံသားခံယူခြင်းမရှိခဲ့ပေ။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှာ အိန္ဒိယနိုင်ငံ သံအမတ်ဖြစ်ခြင်းကြောင့်၊ သူမသည် သံတမံအရာရှိများ ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်ကို ထိုအချိန်တွင် အသုံးပြုခဲ့သည်။

၁ ဇန်နဝါရီလ ၁၉၇၂ ခုနှစ်တွင် ဘူတန်နိုင်ငံတွင် မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယန၏ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာသမိုင်းအကြောင်း သုတေသီ ဒေါက်တာမိုက်ကယ်အဲရစ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိမ်းမြားလက်ထပ်ခဲ့သည်။ လက်ထပ်ပြီး တစ်နှစ်အကြာတွင် သားဦးဖြစ်သူ မောင်မြင့်ဆန်းအောင်ကို လန်ဒန်၌ မွေးမြင်ခဲ့ပြီးနောက်၊ ၁၉၇၂ မှ ၁၉၇၃ အထိ ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ကုလသမဂ္ဂများဆိုင်ရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ မှ ၁၉၇၇ ခုနှစ်အထိ အောက်စဖို့ဒ်တက္ကသိုလ် ဘော့ဒလီယန် စာကြည့်တိုက်၌ မြန်မာစာနှင့် ပေပရပိုက် ကစ်တလောက် ပြုစုသူပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၇ စက်တင်ဘာ ၂၄ တွင် ဒုတိယသားဖြစ်သူ မောင်ထိန်လင်းကို ဖွားမြင်ခဲ့သည်။

၁၉၈၅ မှ ၁၉၈၆၊ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဌာနတွင် သုတေသနပညာရှင်အဖြစ် သွားရောက်သုတေသနပြုခဲ့သည်။ ထို့နောက် ၁၉၈၇ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဆင်းမလင်းမြို့ရှိ အထူးလေ့လာရေး အိန္ဒိယသိပ္ပံဌာနတွင် သုတေသီအဖြစ် လုပ်ကိုင်ခဲ့သည်။

မိခင်အဖြစ်မှ နိုင်ငံရေးခေါင်းဆောင်သို့[ပြင်​ဆင်​ရန်​]

အောင်ဆန်းစုကြည်၏ ပထမဦးဆုံး ပြည်သူလူထုသို့ ရွှေတိဂုံရင်ပြင်ပေါ်တွင် မိန့်ခွန်းပြောကြားနေစဉ်

၁၉၈၈ ခုနှစ် မတ်လ ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်မှာ လေဖြတ်ရောဂါ ခံစားနေရသဖြင့်၊ မိခင်အားပြုစုရန်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုအချိန်တွင်လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် ပါရဂူဘွဲ့အတွက် “၁၉၂၀-၁၉၄၅ အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် မြန်မာ့လွတ်လပ်ရေးကို အထောက်အကူပြုခဲ့ပုံ” အမည်ရှိ ဘွဲ့လွန်စာတမ်းကိုတင်သွင်းနိုင်ရန် ပြုစုနေချိန်လည်းဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည်အား ထိုပါရဂူဘွဲ့ယူရန်အတွက် ထိုက်တန်သူအဖြစ် သတ်မှတ်ခဲ့သည်။

မိခင်အား ဆေးရုံတွင် ၃ လခန့်ကုသပြီးနောက်၊ ကျန်းမာရေးပိုမိုကောင်းမွန်လာပုံမရှိသည့်နောက်ဆုံး နေအိမ်တွင် ဆက်လက်ပြုစုခဲ့သည်။ အင်္ဂလန်မှ ကျန်ရစ်ခဲ့သည့် ခင်ပွန်း နှင့် ကလေးနှစ်ယောက်သည်လည်း မိခင်နှင့် တွေ့ဆုံရန် နွေရာသီကျောင်းပိတ်ရက် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်။ ဇူလိုင်လ ၂၃ ရက်နေ့တွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်နေဝင်းသည် ရာထူးမှ အနားယူခဲ့ရာမှ လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပြီး ပြင်းထန်စွာ နှိမ်နင်း အရေးယူခဲ့သည်။ စစ်အာဏာရှင်အသစ် တစ်ဖွဲ့တက်လာသည်။ များမကြာမီ စု၏ နေအိမ်သည်လည်း နိုင်ငံရေးသမားများ ဝင်ထွက်သွားလာ စုဝေးရာ နေရာတစ်ခုဖြစ်လာခဲ့သည်။ စက်တင်ဘာ ၁၈၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှလက်နက်ဖြင့် အကြမ်းဖက် ဖြိုခွင်းပစ်လိုက်ပြီးနောက် စစ်တပ်မှ အာဏာသိမ်းပိုက်ကာ နအဖခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ စက်တင်ဘာလ ၁၄ ရက်တွင် ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ ပြည်သူတရပ်လုံးသို့ ပန်ကြားချက်စာတစောင် ထုတ်ပြန်ကြေညာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်[ပြင်​ဆင်​ရန်​]


၁၉၈၈ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခြားသော နိုင်ငံရေး ပုဂ္ဂိုလ်များ ၁၁ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်မှ အထွေထွေအတွင်းရေးမှူးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ စက်တင်ဘာ ၃၀ရက်နေ့တွင် ပါတီအား ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်ဖြစ်စေရန် မှတ်ပုံတင်ခဲ့ပြီးနောက်၊ အောက်တိုဘာ ၃ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် အတည်ပြုကြေညာခဲ့သည်။ ၁၉၈၈ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိခင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

၁၉၈၉ ဖေဖော်ဝါရီ ၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်း၍ ဦးအောင်ကြီးနှင့်အတူ အခြားဗဟိုဦးစီး အဖွဲ့ဝင် ၁၃ ဦးနှုတ်ထွက်ကြောင်း ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့သည်။ ဇူလိုင်လ ၂၀ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား န၀တ အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ တားဆီးလိုက်သည်။ ဒီဇင်ဘာ ၂၂၊ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေစဉ် အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာသည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန် အဆိုပြုထားခြင်းခံရသူ ဦးလဘန်ဂရောင်မှ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း ရွေးချယ်တင်မြောက်ပွဲကျင်းပရေး ကော်မရှင်မှ လက်ခံစစ်ဆေး၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) ဖြင့် ငြိစွန်းသည်ဟုဆိုကာ အမည်စာရင်း တင်သွင်းလွှာကို ပယ်ချခဲ့သဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။

ပထမဦးဆုံး လူထုအစည်းအဝေး မိန့်ခွန်း[ပြင်​ဆင်​ရန်​]


၂၆ သြဂုတ်လ ၁၉၈၈ ခုနှစ်၊ ရွှေတီဂုံစေတီတော် အနောက်ဘက်မုဒ်တွင် လူပေါင်း တသိန်းကျော် တက်ရောက်သည့် လူထုအစီးအဝေးပွဲကြီးတွင် ပထမဦးဆုံး ပြည်သူများသို့ မိန့်ခွန်းပြောကြားခဲ့သည်။ ထိုအစည်းအဝေးပွဲတွင် စုသည် ပါတီစုံအထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲကြီကျင်းပပေးရန် နိုင်ငံအာဏာပိုင်များအား အဆိုပြုခဲ့ပြီး၊ ဖခင်သည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်သောကြောင့်၊ သမီးဖြစ်သူမှာ ယခုဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေများကို ခေါင်းရှောင်ရန် မသင့်တော်ဟု ပြောဆိုခဲ့သည်။

နိုင်ငံရေး လှုပ်ရှားပုံ နှင့် ယုံကြည်မှု[ပြင်​ဆင်​ရန်​]

မြတ်ဗုဒ္ဓတရားတော် အဆုံးအမများ၊ မဟတ္တမဂန္ဒီ၏ အကြမ်းမဖက် လှုပ်ရှားမှု အယူအဆများအတိုင်း အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေး လှုပ်ရှားမှု ဆောင်ရွက်နိုင်ရန် နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့ပြီး၊ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီကို တိုက်ပွဲဝင်သူအဖြစ် ကမ္ဘာတွင် ထင်ပေါ်ကျော်ကြားသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့ရာတွင် ပါဝင်ခဲ့ပြီးနောက်၊ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် နေအိမ်အကျယ်ချူပ် စတင်ကျခံခဲ့ရသည်။ သူ့အား တိုင်းပြည်ကို စွန့်ခွာ၍ မိသားစုရှိရာ ယူနိုက်တက် ကင်းဒမ်း သို့ပြန်ပါက၊ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း၊ မြန်မာပြည်သို့ ပြန်လည်နေထိုင်ခွင့် မရမည်ကို စိုးရိမ်သဖြင့် ငြင်းပယ်ခဲ့သည်။ သူမ၏ နာမည်ကျော်မိန့်ခွန်းဖြစ်သည့် ‘ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး’ ၏ အစတွင် ‘ကြောက်ရွံ့ခြင်းသာလျှင် ဖောက်ပြန်ပျက်စီးစေတတ်ခြင်း ဖြစ်သည် အာဏာမဟုတ်၊ အာဏာကို လက်လွှတ်ရန်ကြောက်နေခြင်းက အာဏာရှိသူများကို ပျက်စီးစေသည်။ အုပ်ချုပ်ခြင်းခံရသူများသည် အာဏာစက်ဒဏ်၏ စက်ဆုတ်ရွံမုန်းဖွယ်က ကြောက်ရွံ့စေသည်

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ပြည်သူများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် တွေ့ဆုံဟောပြောစဉ်

မြန်မာနိုင်ငံတွင် အထိန်းသိမ်းခံရခြင်း နှင့် လွတ်မြောက်ခြင်း[ပြင်​ဆင်​ရန်​]

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့်၊ လွန်ခဲ့သည့် ၂၁ နှစ်အတွင်း၌ ၁၅ နှစ်အထိ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ [၁၄]ထိုအချိန်အတွင်း သူမ၏ ပါတီအဖွဲ့ဝင်များ နှင့် တွေ့ဆုံခြင်း၊ အစည်းအဝေးတက်ရောက်ခြင်း၊ ပြင်ပနှင့် ဆက်သွယ်ခြင်းများ နှင့် နိုင်ငံတကာမှ လာရောက်တွေ့စုံခြင်းများကို ပိတ်ပင်ထားပြီး၊ နေအိမ်အကျယ်ချုပ်ကာလအတွင်း ခင်ပွန်းမှ ပေးပို့သည့် အတတ်ပညာ၊ ဗဟုသုတ စာပေများ၊ နိုင်ငံရေး နှင့် အထုပ္ပတ္တိစာပေများကို လေ့လာဖတ်ရှုခဲ့သည်။[၁၅]ထို့နောက် ဆန္ဒယားတီးခြင်း၊ တရားထိုင်ခြင်းဖြင့် အကျယ်ချုပ်ကျချိန်ကို အသုံးပြုခဲ့ပြီး၊ ရံဖံရံခါ စစ်အစိုးရမှ နိုင်ငံတကာမှ သံအမတ်များကို တွေ့ဆုံခွင့်ပေးလေ့ရှိပြီး၊ သူမ၏ မိသားစု ဆရာဝန်နှင့်လည်း တွေ့ခွင့်ပြုသည်။ [၁၆]

နေအိမ်အကျယ်ချုပ်ကာလအတွင်း စစ်အစိုးရထံမှ စားနာရိက္ခာနှင့် အခြားထောက်ပံ့မှုများကို လုံးဝ လက်မခံခဲ့ပေ၊ သို့သော် ဒေါ်စုတွင် ပိုက်ဆံအနည်းငယ်သာ ရှိသောကြောင့် ကိုယ်ပိုင် ပရိဘောဂများကို ရောင်းချ၍ ငွေကြေးအသုံးပြုခဲ့ရသည်။ အစားအသောက်မလုံလောက်သော အချိန်များလည်း ရှိခဲ့ပြီး၊ ဆံပင်များကျွတ်၍ အိပ်ရာမှပင်မထနိုင်ဘဲ အင်အားချို့တဲ့ခဲ့သည့် အချိန်များလည်းရှိခဲ့သည်။ သို့သော် သူသည် ထိုကိစ္စများကို အများသို့အရေးတယူ ပြောပြလေ့မရှိပေ။ ရေဒီယိုသည်လည်း အကျယ်ချုပ်ကျချိန်ကာလအတွင်း သူမအား ပြင်ပလောက နှင့် ချိတ်ဆက်ပေးနိုင်ခဲ့သည်၊ “ ဘီဘီစီ ကြောင့် ကမ္ဘာ နှင့် မြန်မာပြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုများ၊ ကျွန်မ၏ မြန်မာနိုင်ငံပြည်သူများနှင့်လည်း လုံးဝထိတွေ့မှု မဆုံးရှုံးခဲ့ပါဘူး”ဟု ပြောကြားခဲ့ဘူးသည်။[၁၇]ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတွင်းမှ ထွက်ခွာမည်ဆိုပါက အချုပ်အနှောင်မှ လွတ်မြောက်ခွင့်ပေးမည်ဟု စစ်အစိုးရမှ ကမ်းလှမ်းခဲ့သော်လည်း ဒေါ်စုမှ ငြင်းပယ်ခဲ့သည်။

၁၉၈၉ မှ ၁၉၉၅ ပထမအကြိမ်[ပြင်​ဆင်​ရန်​]

၁၉၈၉ခုနှစ် ဇူလိုင်လ ၂၀ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား န၀တ အစိုးရမှ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ နေအိမ်အကျယ်ချုပ်ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေစဉ် အတွင်း ဒီဇင်ဘာလ ၂၂ရက်နေ့၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန် အဆိုပြုထားခြင်းခံရသူ ဦးလဘန်ဂရောင်မှ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း ရွေးချယ်တင်မြောက်ပွဲကျင်းပရေး ကော်မရှင်မှ လက်ခံစစ်ဆေး၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) ဖြင့် ငြိစွန်းသည်ဟုဆိုကာ အမည်စာရင်း တင်သွင်းလွှာကို ပယ်ချခဲ့သဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် ကိုယ်တိုင်မပါဝင်နိုင်ခဲ့သော်လည်း၊ ၁၉၉၀ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၄၄၇ နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၉၂ နယ်၌ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ အဖွဲ့ချုပ်သည် တနိုင်ငံလုံးတွင် မဲဆန္ဒနယ် ၄၈၅ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိသောကြောင့် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။


ပုံမှန်အစဉ်အလာအရ သူမသည် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံရမည် ဖြစ်သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်များအား အတည်မပြုဘဲ အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာ၏ ရှုပ်ချခြင်းကို ခံခဲ့ရသည်။ နေအိမ်အကျယ်ချုပ်ကျနေချိန်အတွင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကော်မတီ နှင့် တိုးတက်ဖွဲ့ဖြိုးရေးကော်မတီမှ စက်ခါရော့ဗ်ဆုကိုအပ်နှင်းခဲသည်။ ၊၁၉၉၁ ခုနှစ်တွင် နိုဘဲလ် ငြိမ်းချမ်းရေးဆုကြီးကို ရရှိခဲ့သော်လည်း၊ နေအိမ်အကျယ်ချုပ်ကျနေခြင်းကြောင့် လူကိုယ်တိုင် ရယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ၊ ခင်ပွန်းသည် နှင့် သားနှစ်ဦးဖြစ်သည့် အလက်ဇန္ဒားနှင့် ကင်မ်တို့က ကိုယ်စားတက်ရောက်ယူခဲ့ကြသည်။ နိုဘဲလ် ငြိမ်းချမ်းရေးဆု၏ ဆုငွေဒေါ်လာ ၁.၃ သန်း၏ ငွေးကြေးအားလုံးကို မြန်မာပြည် ကျန်းမာရေးနှင့် ပညာရေးများအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ရံပုံငွေအဖြစ်ထူထောင်ခဲ့သည်။[၁၈]

ပထမ လွတ်မြောက်ချိန်[ပြင်​ဆင်​ရန်​]

၁၉၉၅ ခုနှစ် ဇူလိုင်တွင် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး သူ၏မိသားစုရှိရာ အင်္ဂလန်သို့ ပြန်ခဲ့ပါက နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရတော့မည် မဟုတ်ကြောင်း သတိပေးခြင်းခံရသည်။ ၁၉၉၇ ခုနှစ်၌ ဆီးကြိတ်ကင်ဆာဖြင့် စတင်နာမကျန်းဖြစ်ခဲ့ပြီး၊ ကုသမရသည့် အဆင့်သို့ရောက်ရှိခဲ့သည့် သူမ၏ ခင်ပွန်းသည် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်အား၊ လုံလောက်သည့် ဆေးကုသမှု မြန်မာနိုင်ငံမှ မထောက်ပံ့ပေးနိုင်ဟုဆိုကာ မြန်မာစစ်အစိုးရမှ ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့ချေ။[၁၉] နိုင်ငံတကာ အထင်ကရ ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများထဲမှ၊ အမေရိကန်နိုင်ငံ အပါအဝင်၊ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှုး ကိုဖီအာနန် နှင့် ပုပ်ရဟန်းမင်းကြီး ဂျုန်ပေါလ် တို့မှ ပြည်ဝင်ခွင့်ဗီစာချပေးရန် စစ်အစိုးရအားတောင်းဆိုခဲ့ကြသော်လည်း စစ်အစိုးရမှ လစ်လျူပြုခဲ့သည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်နေသည့် အချိန်ဖြစ်သောကြောင့် ခင်ပွန်းရှိရာ အင်္ဂလန်သို့ သွားရောက်တွေ့ဆုံနိုင်သော်လည်း၊ စစ်အစိုးရမှ သူ့အား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် မရရှိမည်ကို စိုးရိမ်သဖြင့် မသွားရောက်ခဲ့ချေ။[၂၀]

ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်သည် သူ၏ ၅၃နှစ်မြောက်မွေးနေ့ဖြစ်သည့် ၁၉၉၉ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ၁၉၈၉ခုနှစ် ပထမနေအိမ်အကျယ်ချုပ်ကျခံရချိန်မှစ၍ မိုက်ကယ်သည် ဒေါ်စု နှင့် ၅ ကြိမ်သာ တွေ့ခွင့်ရရှိခဲ့ပြီး၊ နောက်ဆုံးတွေ့ခွင့်ရသည့်အချိန်မှာ ၁၉၉၅ ခုနှစ်ကုန် ခရစ္စမတ်ပွဲတော် ကာလတွင်ဖြစ်သည်။[၂၁] အင်္ဂလန်တွင် ကျန်ရစ်ခဲ့သည့် ကလေးများနှင့်လည်း ဝေးကွာခဲ့ရသည်။

၁၉၉၈ ခုနှစ်တွင် သတင်းထောက် Maurizio Giuliano သည် အောင်ဆန်းစုကြည်အား ဓာတ်ပုံရိုက်ပြီးချိန်တွင်၊ အခွန်အကောက်ဌာနမှုများ၏ စစ်ဆေးခြင်းကို ခံရပြီးနောက် သူ၏ မှတ်တမ်းတင် ဗီဒီယို အခွေများ၊ အသံတိပ်ခွေများ နှင့် မှတ်သားထားသည့် စာတမ်းများအား သိမ်းဆည်းခြင်း ခံခဲ့ရသည်။[၂၂]

၂၀၀၀ မှ ၂၀၀၂ ဒုတိယအကြိမ်[ပြင်​ဆင်​ရန်​]

သူ့အား သူမ၏ပါတီကို ထောက်ခံအားပေးသူများနှင့်လည်း အကြိမ်ပေါင်းများစွာ တွေ့ဆုံခွင့်ကို ပိတ်ပင်တားမြစ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလတွင် နောက်တစ်ကြိမ် နေအိမ်အကျယ်ချုပ်ခြင်း ခံရသည်။ ၂၀၀၂ ခုနှစ် မေလ ၆ရက်နေ့တွင် ကုလသမဂ္ဂ၏ လျှို့ဝှက် ယုံကြည်မှုညှိနှိုင်းခြင်းများ အရ၊ နိုင်ငံတော် အစိုးရမှ သူမအား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ လွတ်လပ်စွာ သွားလာနိုင်ခွင့်ပေးလိုက်ခြင်းမှာ “ ကျွန်တော်တို့ တစ်ဦး နှင့် တစ်ဦး ယုံကြည်နိုင်လို့ပါ” ဟု အစိုးရ ပြောခွင့်ဆိုခွင့်ရှိသူမှ ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ “ နိုင်ငံအတွက် အရုဏ်ဦး အသစ်တစ်ခု ပေါ်ပေါက်လာပြီ” ဟု ဆိုခဲ့သည်။

ဒုတိယလွတ်မြောက်ချိန်[ပြင်​ဆင်​ရန်​]

၂၀၀၃ မှ ၂၀၁၀ တတိယအကြိမ်[ပြင်​ဆင်​ရန်​]

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ သူမ၏ အဖွဲ့ဝင်ယာဉ်တန်းများသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်သို့ စည်းရုံးရေးခရီးစဉ်မောင်းနှင်လာရာ ကျီရွာအနီးတွင် စစ်အစိုးရ၏ ကျောထောက်နောက်ခံ အဖွဲ့ဖြစ်သည့် ကြံ့ခိုင်ဖွဲ့ဖြိုးရေး နှင့် စွမ်းအားရှင်များက အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပြီးနောက်၊ သူမအားထောက်ခံသည့် အဖွဲ့ဝင်များ သေကြေပျောက်ဆုံးမှုစာရင်းမှာ တရားဝင်မရှိသော်လည်း ၈၀ ကျော်သည်ဟု ပြည်တွင်းနေထိုင်သူများမှ ခန့်မှန်းကြသည်။“အဲဒီ့အရေးအခင်းညက ကျွန်တော့တပည့်တွေကို သူ့ကို ကယ်တင်ဖို့ လွှတ်လိုက်ပြီးတော့၊ အနီးမှာရှိတဲ့ စစ်တပ်ဌာနမှာ ကယ်တင်ထားခဲ့ရတယ်”ဟုလည်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှ နေအိမ်အကျယ်ချုပ်လွတ်မြောက်လာပြီးချိန် ၂၀၁၂တွင် ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာသို့လည်း ထွက်ဆိုခဲ့သည်။ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ယင်းပြောဆိုချက်ကို ပြန်လည်ငြင်းဆိုခဲ့သည်။[၂၃]

အောင်ဆန်းစုကြည်သည် သူမစီးနင်းလာသည့် ကား၏ ကားမောင်းသူ ကိုကျော်စိုးလင်း အကူအညီဖြင့် ထိုဖြစ်စဉ်နေရာမှ လွတ်မြောက်ခဲ့သော်လည်း၊ ရေဦး သို့ အရောက်တွင် အဖမ်းခံခဲ့ရသည်။ သူမကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ထိမ်းသိမ်းထားခဲ့သည်။ ထိုဖြစ်ရပ်ကို ဒီပဲယင်းအရေးအခင်း လုပ်ကြံမှု ဟူ၍ လူအသိအများသည်။ သူ ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် သားအိမ်ထုတ်ခြင်းခွဲစိတ်မှုပြုလုပ်ပြီးနောက် ရန်ကုန်၌နေအိမ်အကျယ်ချုပ် ပြန်လည်ချထားခြင်းခံရသည်။

၂၀၀၄ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီအီစမေးလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ နောက်တစ်နှစ်တွင် အီစမေးလ်သည် ရာထူးမှအနားယူခဲ့သည်။ မြန်မာနိုင်ငံအတွင်းသို့ အကြိမ်များစွာ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းခံရသည်မှာလည်း အနားယူရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ၂၀၀၄ ခုနှစ်မေ ၂၈ ရက်တွင် ကုလသမဂ္ဂ၏ ကြောင်းကျိုးမဲ့ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့မှ သဘောထားမှတ်ချက် (၂၀၀၄ ခုနှစ် မှတ်ချက် အမှတ် ၉) ထုတ်ပြန်ရာ သူမ၏ လွတ်လပ်မှုဆုံးရှုံးခြင်းမှာ ကြောင်းကျိုးမဲ့အရေးယူခြင်း မြောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးပဋိညာဉ်စာချုပ် ၁၉၄၈ နှင့် ဆန့်ကျင်လျက်ရှိပြီး မြန်မာအာဏာပိုင်များမှ ဒေါ်အောင်ဆန်းစုကြည်အားဆက်လက် ထိန်းသိမ်းခြင်း မပြုလုပ်ရန်ပန်ကြားခဲ့သည်။ သို့သော် အာဏာပိုင်များက ဤပန်ကြားချက်ကို မသိကျိုးကျွန် ပြုခဲ့သည်။

သက်တမ်းတိုး ပထမအကြိမ်[ပြင်​ဆင်​ရန်​]

၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ထားခြင်းကို တစ်နှစ်ထပ်မံ တိုးမြှင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အတည်ပြုခဲ့သည်။ အနောက်တိုင်းနိုင်ငံများနှင့် ကုလသမဂ္ဂတို့မှ အဆိုပါ တိုးမြှင့်မှုကို သဘောမတူကြောင်းပြသခဲ့သည်။ ၂၀၀၆ ခုနှစ် မေလတွင် ကုလသမဂ္ဂ နိုင်ငံရေးရာဌာနမှ လက်ထောက်အထွေထွေ အတွင်းရေးမှုးချုပ်ဖြစ်သူ အီဗရာဟင် ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့လေသည်။ ၎င်းတွေ့ဆုံမှုသည် ၂၀၀၄ ခုနှစ်မှ စတင်၍ နိုင်ငံခြားသား အရာရှိ တစ်ဦးနှင့် ပထမဆုံးသော တွေ့ဆုံမှုဖြစ်သည်။

သက်တမ်းတိုး ဒုတယအကြိမ်[ပြင်​ဆင်​ရန်​]

ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်ချထားခြင်းကို ၂၀၀၆ ခုနှစ် မေလ ၂၇ ရက်တွင် အဆုံးသတ်စေမည် ဖြစ်သော်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ကိုဖီအာနန်မှ ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံသို့ တိုက်ရိုက်လျှောက်ထားချက်ကို ပယ်ချပြီး မြန်မာအစိုးရမှ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ခဲ့သည်။ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၅ ခုနှစ် နိုင်ငံတော်ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၁၀(ခ) အရ ရုံးမတင်ပဲ လူတစ်ယောက်အား ငါးနှစ် အထိချုပ်နှောင်ထားနိုင်သည့် ပုဒ်မဖြင့် ဆက်လက်ထိမ်းသိမ်း ထားခဲ့သည်။

၂၀၀၆ ခုနှစ် ဇွန် ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်းထန်သည့် ဝမ်းလျှောရောဂါနှင့် အားလျော့ပြီး ဆေးရုံတင်ထားခြင်း ခံရကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ်မှ သတင်းပေးပို့ခဲ့သည်။ ၎င်းကြေငြာချက်မျိုးကို မြန်မာနိုင်ငံ၏ ရဲချုပ် ဗိုလ်မှုးချုပ် ခင်ရီမှ ငြင်းပယ်ခဲ့သည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် လက်ထောက်အထွေထွေ အတွင်းရေးမှုးချုပ် ဂန်ဘာရီသည် လူ့အခွင့်အရေးကို ကျယ်ပြန့်စွာ လိုက်နာစေလိုသဖြင့် မြန်မာနိုင်ငံသို့ လေးရက်ကြာခရီးဆန့်ခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့သည်။ ဂန်ဘာရီ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်သည်ကို တွေ့ရှိရပြီး သူမ၏ဆန္ဒမှာ မိသားစုဆရာဝန်နှင့် ပိုမို၍ ပုံမှန်ပြသလိုကြောင်း ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်သည် မြန်မာနိုင်ငံခေါင်းဆောင်များသို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး၊ စစ်အစိုးရသည် ထောင်သား ၂၈၃၁ ယောက်ကို လွှတ်ပေးခဲ့ရာတွင်၊ နိုင်ငံရေး အကျဉ်းသား ၄၀ ပါဝင်သည်။၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုဘဲလ်လ်ဆုကျေးများကို အခွန်ပေးဆောင်ခြင်းမရှိဘဲ ပြည်ပတွင် အသုံးပြုခဲ့သည်ဟု၍ အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှ စွပ်စွဲလိုက်သည်။ ထိုစွပ်စွဲမှုသည် အမေရိကန်နိုင်ငံမှ ထောက်ပံ့ကျင်းပနေသည့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာလုံခြုံရေးကို အန္တရာယ်ပေးနိုင်သော နိုင်ငံဖြစ်နေသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးချိန်တွင်ဖြစ်သည်။

သက်တမ်းတိုး တတိယအကြိမ်[ပြင်​ဆင်​ရန်​]


၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၅ နှစ်ဆက်တိုက် ချုပ်နှောင်နိုင်ရန် ထပ်မံ၍ သက်တမ်း တစ်နှစ်တိုးခဲ့သည်။ ၁၉ ရက် သြဂုတ်လ ၂၀၀၇ ခုနှစ်တွင် လောင်စာဆီစျေးများတက်ခဲ့ပြီးနောက်၊ စစ်အစိုးရမှ ခြေမှုန်းမည်ဟု အမိန့်ထုတ်ပြန်ခဲ့သော်လည်း ဘုန်းကြီးများမှ နေ့စဉ်ဆက်တိုက် ဆန္ဒပြခဲ့ကြသည်။[၂၄]

၂၂ ရက် ဆက်တင်ဘာလ ၂၀၀၇ ခုနှစ်တွင်၊ ဒေါ်အောင်ဆန်းစုကြည်မှာ အကျယ်ချုပ်ကျနေခဲ့သော်လည်း၊ သူ၏ နေအိမ်တံခါးဝမှ လူ့အခွင့်အရေးများအတွက် ဆန္ဒပြနေသည့် ဘုန်းကြီးများကို ဂါရဝပြုခဲ့သည်။[၂၅] ထိုရက်များနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် (၂၀၀၃ ခုနှစ်တွင်လည်း ထိုထောင်တွင် ထိမ်းသိမ်းခံရသည်)သို့ လွှဲပြောင်းခဲ့သည်ဟု သတင်းများထွက်ခဲ့သည်။[၂၆][၂၇][၂၈][၂၉] ၃၀ ရက် စက်တင်ဘာ ၂၀၀၇ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးတွင် ကုလသမဂ္ဂ၏ သတင်းအချက်အလက်များ ပေးပို့နိုင်သူနှင့် တစ်နာရီကြာ တွေ့ဆုံခဲ့ပြီး၊ ၂ ရက် အောက်တိုဘာလတွင် ကုလသမဂ္ဂမှ အီဘရာဟင် ဂမ်ဘာရီ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုနောက်ပိုင်း နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။[၃၀][၃၁]၎င်းခရီးစဉ်တွင် ဂန်ဘာရီသည် နေပြည်တော်ရှိ သန်းရွှေအပါအဝင်၊ ဗိုလ်မှုးကြီးများ နှင့် တွေ့ဆုံခဲ့သည်။ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ဒေါ်စုသည် ဂန်ဘာရီနှင့် နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့သည် ဟုဖော်ပြခဲ့သည်။ သူမအား ထပ်မံ အကျဉ်းချခံလိုက်ရသည့် အချိန်မှစ၍ ၄ နှစ်အတောအတွင်းတွင် ပထမဦးဆုံးသော နိုင်ငံပိုင် ရုပ်သံဌာနများတွင် တွေ့မြင်ရခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင်၊ ဒေါ်စုသည် အကျဉ်းထောင်တွင် နေရသော ကာလသည် ၁၂ နှစ်ပြည်ပြီဖြစ်ပြီး၊ နိုင်ငံတကာမှ မြန်မာ့အရေးလှုပ်ရှားကြသော အဖွဲ့အစည်းများမှ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသော နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ပေးရန် မြို့ကြီး ၁၂ ခုတွင် ဆန္ဒပြခဲ့ကြသည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်စု နှင့် စကားပြောဆိုနိုင်ရန် ကြားခံဆက်သွယ်ရေး ပုဂ္ဂိလ်အဖြစ် ဝန်ကြီးအောင်ကြည် ကိုခန့်ခဲ့ပြီး၊ သူသည် စစ်အစိုးရ၏ အာဏာအုပ်စိုးထားသည့် လူကြီးပိုင်းများထဲမှဖြစ်ပြီး၊ စစ်အစိုးရ၏ ရာထူးနံပါတ်စဉ်တွင် အမည်လျှာခံထားရသူလည်းဖြစ်သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်စုကြည်သည် ၃ နှစ် အတွင်း ပထမဦးဆုံး သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းများ နှင့် အစိုးရ ဝန်ကြီးများအကြား တွေ့ဆုံခွင့်ရရှိခဲ့သည်။ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင် ဂမ်ဘာရီ ဒုတိယအကြိမ် ခရီးအဆုံးနောက်၊ နာရီပိုင်းအကြာတွင် အာဏာပိုင်အစိုးရတို့သည် တီဗီ နှင့် ရေဒီယိုများတွင် ထိုတွေ့ဆုံခဲ့မှုကို တရားဝင် ထုတ်ဖော်ကြေငြာခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ဖိတ်ကြားမှုများသည် မှန်ကန်သည်ဟု ထုတ်ဖော်ပြောဆိုသည်။

သက်တမ်းတိုး စတုတ္ထအကြိမ်[ပြင်​ဆင်​ရန်​]

၂၀၀၈ ခုနှစ် မေလ တွင် နအဖက နေအိမ်အကျယ်ချုပ်သက်တမ်းကို ၁ နှစ်ထပ်တိုးခဲ့သည်။ ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ ၆ရက်ကြာခရီးသွားရောက်ခဲ့သည်။ သူသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအစုအဖွဲ့အားလုံး နှင့် တွေ့ဆုံနိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ဆုံခွင့်မရရှိခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

၂၀၀၈ခုနှစ် မေလ ၂ ရက်နေ့ စိုင်ကလုန်းနားဂစ်ကြောင့် ဒေါ်စု၏နေအိမ်ခေါင်မိုးမှာ ပျက်ဆီးခဲ့ပြီး၊ လျပ်စစ်မီးပျက်သွားခဲ့ပြီးနောက် လျပ်စစ်မီးစက်မထောက်ပံ့ထားခြင်းကြောင့် အမှောင်ထဲတွင် ဖယောင်းတိုင်ဖြင့် နေထိုင်ခဲ့ရသည်။ [၃၂]

မဖိတ်ခေါ်သော ဧည့်သည်ကြောင့် ၁၈လ[ပြင်​ဆင်​ရန်​]


၂၀၀၉ ခုနှစ်တွင် အမေရီကန် အောက်လွှတ်တော်အမတ် ဂျင်မ်းဝဘ်(Jim Webb)မှ ဒေါ်အောင်ဆန်းစုကြည်ထံ အလည်အပါတ်ရောက်ခဲ့သည်။ ဂျွန်ရက်တောအား လွတ်မြောက်စေရန် လာရောက်ဆွေးနွေးခြင်းဖြစ်ပြီး၊ ထိုဖြစ်ရပ်ကြောင့် အောင်ဆန်းစုကြည်မှာ အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံရခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ် မေလ ၃ရက်တွင်၊အင်ယားကန်ကို ဖြတ်ကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့ပြီးနောက်၊ ၃ ရက်မြောက်နေ့ နေအိမ်မှပြန်အထွက်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။[၃၃] ၂ ရက်ကြာနေထိုင်သည်ဟုဆိုသည့် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော (မော်မန်(ခေါ်) လက်တာဒေးစိန့်ယေရှုခရစ်အသင်းတော်ဂိုဏ်းဝင်) [၃၄][၃၅]အား ဖမ်းဆီးမိသည်ကို အကြောင်းပြကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်များကို ချိုးဖောက်သည်ဟု စွပ်စွဲပြီး အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားသည်။ မေလ ၁၈ ရက်နေ့တွင် ရက်ချိန်းထပ်ပြီး အင်းစိန်ထောင် အထူးသီးသန့်အိမ်၌ ထိမ်းသိမ်းထားခြင်းခံရသည်။ ဂျွန် ဝီလျံ ယက်ထော ကြောင့် ဒေါ်အောင်ဆန်းစုကြည် ထပ်မံ နေအိမ်အကျယ်ချုပ် ဆယ့်ရှစ်လ ချမှတ်ခံခဲ့ရသည်။

ထိုဖြစ်စဉ် နှစ်နှစ်မတိုင်မီတွင် ၎င်းကြိုးစားမှုမျိုး ရက်ထောမှ ပြုလုပ်ခဲ့ဘူးသော်လည်း၊ အကြောင်းမဲ့ ပြန်လှည့်လာခဲ့ရသည်။[၃၆] တရားရုံးစစ်ဆေးရာတွင် သူသည် ဒေါ်အောင်ဆန်းစုကြည်အား မသမာသူများ လုပ်ကြံမည်ကို အကြားအမြင်ရ၍ လာရောက်အသိပေးရန်ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။[၃၇] မေလ ၁၃ ရက်နေ့တွင် ဒေါ်စုအား နေအိမ်အကျယ်ချုပ်ကျခံထားရသည့် နေအိမ်ဝင်းအတွင်းသို့ မောပန်းစွာရောက်ရှိလာသည့် ဧည့်သည် ပြန်ထွက်မခွာမီ နှစ်ရက်တိုင်အောင် နေထိုင်ခွင့်ပြုထားခြင်းတို့ကြောင့် ဖမ်းဆီးခြင်းပြုသည်။ ဒေါ်စုအား အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ထိုဝင်ရောက်မှုကြောင့် နေအိမ်အကျယ်ချုပ် ၅ နှစ်ကျခံရနိုင်ဖွယ်ရှိခဲ့သည်။[၃၈] ဒေါ်စုနှင့် ၎င်း၏အိမ်တွင် နေထိုင်သူ နှစ်ယောက်အား မေလ ၁၈ ရက်တွင် ခုံရုံးစစ်ဆေးခဲ့ပြီး၊ ဆန္ဒပြသူတစ်ချို့ ရုံးပြင်ပတွင်ရှိနေခဲ့သည်။[၃၉][၄၀] တရားရုံးတွင် စစ်ဆေးမှုကို သံအမတ်များနှင့် သတင်းထောက်များ တက်ရောက်ခွင့်မပြုခဲ့ပေ၊ သို့သော် တစ်ကြိမ်တွင် ရုရှား၊ ထိုင်း နှင့် စင်္ကာပူ သံအမတ်များ နှင့် သတင်းထောက်တချို့ကို ဒေါ်စုနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။[၄၁] တရားဆွဲဆိုမှုတွင် မျက်မြင်သက်သေ ၂၂ ရောက်ခေါ်ယူ စစ်ဆေးရန် စီစဉ်ခဲ့သည်။[၄၂]နိုင်ငံတော်အား အသရေပျက်မှုနှင့်လည်း ဂျွန်ရက်တောအား အမှုတွင် တရားဆွဲထားသည်။[၄၃] ပြန်လည်ခုခံတင်ပြရာတွင် အပြစ်ကင်းသူအဖြစ် ဒေါ်စုမှ လျှောက်ထားခဲ့သည်။ တရားခံဘက်မှ တရားဝင်အရ သက်သေ ၁၄ ယောက်ခေါ်ယူခွင့်ရှိခဲ့သော်လည်း၊ သက်သေ ၄ ဦးအနက် ၁ ဦးသာ ခွင့်ပြုခဲ့သည်။ တရားရုံးမှ NLD အဖွဲ့ဝင်များဖြစ်သည့် ဦးတင်ဦး နှင့် ဦးဝင်းတင်တို့ကို၊ တရားခံ၏ သက်သေများအဖြစ် အသုံးပြုခွင့်မပေးခဲ့ပေ။[၄၄] အတည်မဖြစ်သည့် သတင်းတစ်ခုတွင်၊ စစ်အစိုးရသည် ဒေါ်စုအား မြို့တော်၏ အပြင်ဘက် စစ်တပ်စခန်းတစ်ခုတွင် ဖမ်းဆီးထောင်ချရန် စီစဉ်ခဲ့သည်။[၄၅] သီးခြား စစ်ဆေးမှုတစ်ခုတွင် ရက်ထောမှ ဒေါ်စုအိမ်သို့ ရေကူးသွားရခြင်းမှာ ဒေါ်စု၏ အသက်အန္တရာယ် ကျရောက်နိုင်ခြင်းကို သိရှိသိကြောင့် သွားရောက်အသိပေးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။[၄၆] The national police chief later confirmed that Yettaw was the "main culprit" in the case filed against Suu Kyi.[၄၇] အိမ်တွင်အတူနေသူများ ပြောပြချက်အရ၊ ဒေါ်စုသည် သူမ၏ ၆၄ နှစ်မြောက် မွေးနေ့ကို ထောင်ထဲတွင် ဒန်ပေါက် နှင့် ချောကလပ်ကိတ်ကို သူမ၏ အစောင့်များနှင့် ဝေမျှစားသုံးခဲ့သည်။[၄၈]

ဒေါ်စုအား ဖမ်းဆီးမှုနှင့် ဆက်တိုက်တရားရုံးတွင် စစ်ဆေးမှုများကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်ကုလသမဂ္ဂ လုံခြုံရေးကောင်စီ,[၄၉] အနောက်နိုင်ငံမှ အစိုးရများ၊[၅၀] တောင်အဖရိက၊[၅၁] ဂျပန်[၅၂] နှင့် မြန်မာနိုင်ငံအဖွဲ့ဝင်ထားသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်းတို့မှ ရှုံ့ချခဲ့ကြသည်။[၅၃]

စစ်အစိုးရမှ ထိုထုတ်ပြန်ချက်ကို သဘာဝမကျဟုဆိုကာ တုန်ပြန်ခဲ့ပြီး [၅၄]၊ ထိုင်းအစိုးရအား ပြည်တွင်းရေး စွက်ဖက်သည်ဟု စွတ်စွဲခဲ့သည်။ မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းမှ မြန်မာ့အလင်း သတင်းစာတွင် ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းနှင့် ပြန်ပရှိ အစိုးရကို ဆန့်ကျင်နေသည့် အဖွဲ့စည်းများမှ မြန်မာပြည်တွင် ကောင်းမွန်သော အပြောင်းအလည်းများကို မလိုလားဘဲ၊ နိုင်ငံတကာ ဖိအားပေးရန် လုပ်ဆောင်ခြင်းသက်သက်ဖြစ်သည် ဟုဆိုခဲ့သည်။[၅၅][၄၃]ဘန်ကီမွန်န်သည်လည်း နိုင်ငံတကာ လှုပ်ရှားမှုများရောင်ပြန်ဟပ်စေရန်[၅၆] မြန်မာပြည်သို့ သွားရောက်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း၊ သန်းရွှေမှ သူ၏ တောင်းဆိုမှုအားလုံးကို ငြင်းပယ်ခဲ့သည်။[၅၇] ၁၁ ရက် သြဂုတ်လ ၂၀၀၉ ခုနှစ်တွင် ဒေါ်စုအား တရားရုံးမှ အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ထိုချမှတ်ခဲ့ပြီးနောက် ဗိုလ်မှုးချုပ်သန်းရွှေမှ ၁၈ လအထိ လျှော့ပေါ့ပေးခဲ့ပြီး၊ အနေအထိုင်ကောင်းမွန်ပါက ပို၍ လျှော့ပေါ့မည်ဟုလည်း ဆိုခဲ့သည်။[၅၈] ထိုလ ၁၄ ရက်တွင် အမေရိကန် အောက်လွှတ်တော်အမတ် ဂျင်မ်းဝဘ်မှ မြန်မာနိုင်ငံသို့ အလည်အပါတ်ရောက်ရှိလာခဲ့ပြီး ဗိုလ်မှုးချုပ်ကြီး သန်းရွှေ၊ ထို့နောက် ဒေါ်စုနှင့်လည်း တွေဆုံခဲ့သည်။ ထိုလည်ပါတ်မှုတွင် ဝဘ်မှ ရက်ထော လွတ်မြောက်ရန်နှင့် မြန်မာပြည်မှ ထွက်ခွာခွင့်ကို ညှိနှိင်းနိုင်ခဲ့သည်။[၅၉] တရားဆီရင်ပြီးနောက်ပိုင်း ဒေါ်စု၏ ရှေ့နေများမှ ဆက်လက် အယူခံတင်သွင်းရန် စီစဉ်ခဲ့ကြသည်။ ၁၈ ရက် သြဂုတ်လတွင် အမေရိကန် သမ္မတ ဘာရက် အိုဘားမားမှ မြန်မာစစ်အစိုးရမှ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။[၆၀]



In her appeal, Aung San Suu Kyi had argued that the conviction was unwarranted. However, her appeal against the August sentence was rejected by a Burmese court on 2 October 2009. Although the court accepted the argument that the 1974 constitution, under which she had been charged, was null and void, it also said the provisions of the 1975 security law, under which she has been kept under house arrest, remained in force. The verdict effectively meant that she would be unable to participate in the elections scheduled to take place in 2010 – the first in Burma in two decades. Her lawyer stated that her legal team would pursue a new appeal within 60 days.[၆၁]

ရက်တော၏အလည်အပတ်ခရီးနှင့်လုပ်ကြံချက်များသည် မြန်မာအစိုးရ၏ ကြိုးပမ်းမှုဖြစ်သည်ဟု ပြည်သူများက သံသယရှိကြသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများသည် ဒေါ်အောင်ဆန်းစုကြည်ကို စာနာသနားကြပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုလုပ်ကြံ စွဲဆိုထားချက်သည် ၂၀၁၀ တွင် ပြုလုပ်မည့်ရွေးကောက်ပွဲများကို ကျော်လွန်ရန်အတွက် သူမအားထိန်းသိမ်းထားခြင်းကို ရှည်ကြာအောင် နည်းပရိယာယ် သုံးထားခြင်းဖြစ်သည်ဟု ပြောဆို ကြသည်။

၂၀၁၀ မေလ ၂၆ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်ကို ရုပ်သိမ်း လိုက်ကြောင်း ရဲအရာရှိ ၂ ဦးမှဖတ်ပြခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချခံထားသည့် ဥပဒေဖြစ်သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေအား ရဲမှူးချုပ် မြင့်သိန်းမှ ဖတ်ပြခဲ့ပြီး၊ နေအိမ်အကျယ်ချုပ် ကာလသည် လေးနှစ်ခွဲသာ ရှိခဲ့သောကြောင့် ထပ်မံ ၆ လ သက်တမ်းတိုးနိုင်ကြောင်း ပြောဆိုခဲ့သည်။

အထိမ်းသိမ်းခံရသည့် ကာလဇယား[ပြင်​ဆင်​ရန်​]

ထိမ်းသိမ်းသည့်နေ့ လွတ်မြောက်ရမည့်နေ့ လွတ်မြောက်ခဲ့သည့်နေ့ ထိမ်းသိမ်းသည့် ဥပဒေ ပုဒ်မ ကာလချိန်
၂၀ ဇူလိုင် ၁၉၈၉ ၂၀ ဇူလိုင် ၁၉၉၂ ၁၀ ဇူလိုင် ၁၉၉၅[၅] လူတစ်ယောက်အား တရားရုံးသို့ ခေါ်ယူစစ်ဆေးရန်မလိုဘဲ စစ်အုပ်ချုပ်ရေးအမိန့် ဥပဒေအရ ၃ နှစ်တိတိ ထိမ်းသိမ်းနိုင်သည့် အချက်အောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင် နေအိမ်အကျယ်ချုပ် ချခဲ့သည်။[၆၂] စစ်အစိုးရမှ ထပ်မံ၍ ၃ နှစ်သက်တမ်းတိုးခဲ့သည်။ ၆ နှစ်
၂၃ စက်တင်ဘာ ၂၀၀၀[၁၄] ၀၆ မေလ ၂၀၀၂[၁၄] ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ မန္တလေးသို့ ရထားဖြင့် သွားရောက်ရန်ကြိုးစားခဲ့သည်။ စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်ပြန်သည်။ ၁ နှစ် နှင့် ၆လ
၃၀ မေလ ၂၀၀၃[၆၃] ၃၀ မေလ ၂၀၀၈ ဒီပဲယင်း အရေးအခင်း ဖြစ်ပြီးနောက် အင်းစိန်ထောင်တွင် အချိန် ၃ လအထိ လျှို့ဝှက် ဖမ်းစီးချုပ်နှောင်ခဲ့သည်။ ၎င်းနောက် နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလည်းခဲ့သည်။ ၅ နှစ်
၂၇ မေလ ၂၀၀၈ ၂၆ မေလ ၂၀၀၉ နိုင်ငံတကာ ဥပေဒ၊ မြန်မာနိုင်ငံ ဥပဒေ နှင့် မကိုက်ညီသည့် နေအိမ်အကျယ်ချုပ်အား ထပ်မံ ၁ နှစ်တိုးချဲ့ခဲ့သည်[၆၄] ၁ နှစ်
၁၈ မေလ ၂၀၀၉ ၁၃ နိုဝင်ဘာ ၂၀၁၀[၆၅] မဖိတ်ဘဲ ရောက်ရှိလာသည့် ဂျွန်ယက်တောအား လက်ခံထားမှုကြောင့် နေအိမ်အကျယ်ချုပ်အား ၁ နှစ်ခွဲ ထပ်မံတိုးမြှင့်ခဲ့သည်။ ၆လ

[၆၆]

နိုင်ငံများ[ပြင်​ဆင်​ရန်​]

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် အမေရိကန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ရက်သက်တမ်းတိုး တိုးခြင်း မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါရန် ဖိအားပေးလေသည်။

၂၀၀၅ ခုနှစ် ဇွန် ၁၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၅ ခုနှစ် ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သော သူ၏နှစ် ၆၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံအချို့ရှိ မြန်မာသံရုံးများရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ နိုင်ငံတကာမှလည်း ဆန္ဒပြမှုများကို အသိအမှတ် ပြုခဲ့ကြသည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာနှောင်းပိုင်းတွင် အမေရိကန်အစိုးရသည် သံတမန်နည်းလမ်းဖြင့် ထပ်မံ၍ ဖိအားပေးပြန်ပါသည်။ မြန်မာနိုင်ငံ၏ ယိုယွင်းလျက်ရှိသော အခြေအနေကို ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင် နိုင်ငံစုံမှ အရေးယူခြင်းပြုလုပ်ရန်နှင့် လုံခြုံရေးကောင်စီ၏ တရားဝင်ဆွေးနွေးရန်ကဏ္ဍတွင် ထည့်သွင်းပေးပါရန် ပြင်းထန်စွာ တိုက်တွန်းလာသည်။ ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အားထပ်မံ၍ တစ်နှစ်တိတိ ချုပ်ရက်တိုးမြှင့်ရာမှ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် လုံခြုံရေးကောင်စီ၏ ဆွေးနွေးရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံအရေးကိစ္စကို ထည့်သွင်းရန်သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

အဖွဲ့အစည်းများ[ပြင်​ဆင်​ရန်​]

ဒေါ်အောင်ဆန်းစုကြည်သည် စတင်ထိန်းသိမ်းခံရစဉ်မှစ၍ International IDEA နှင့် Article 19 တို့၏ ဂုဏ်ထူးဆောင် ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားခြင်းခံခဲ့ရပြီး ၎င်းအဖွဲ့ကြီးများ၏ ကူညီထောက်ပံ့မှုကို ရရှိခဲ့သည်။

ဘယ်ဂျီယံနိုင်ငံတွင် တည်ရှိသော ကက်သလစ်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor Honoris Causa)ကို အပ်နှင်းခြင်းခံရသည်။ နှစ်စဉ် ဇွန်လတွင် အမေရိကမှ မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (US Campaign for Burma) မှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေး သည့်အနေနှင့် ‘ကိုယ့်ကိုယ်ကို ဖမ်းချုပ်ကြ’ ဟူသည့် ကြွေးကြော်သံဖြင့် ကမ္ဘာအနှံ့အိမ်များတွင် ၎င်းဧည့်ခံပွဲများ ပြုလုပ်ကျင်းပကြသည်။ ဤပါတီပွဲများတွင် စည်းရုံးလှုပ်ရှားသူများသည် တစ်ရက်တာ ၂၄ နာရီအတွင်း အိမ်တွင်း၌ နေကြပြီး မိတ်ဆွေများအား ဖိတ်ကြားပြီးလျှင် မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်းတို့ကို လေ့လာဆွေးနွေးကြသည်။

လူ့အခွင့်အရေးလှုပ်ရှားမှု ဗဟိုဌာန Human Rights Action Center နှင့် အမေရိကမှ မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (US Campaign for Burma) တို့၏ ပူးပေါင်းလှုပ်ရှားမှုဖြစ်သော လွတ်မြောက်ရေးတိုက်ပွဲလှုပ်ရှားမှုမှ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသားများ၏ ကြိုးပမ်းတိုက်ပွဲဝင်မှုများကို ကမ္ဘာမှ မျက်ခြေမပြတ် သတိရနေစေရန် အားထုတ်ကြသည်။

သူမ ပညာသင်ခဲ့သော စိန့်ဟူးစ်ကောလိပ်၊ အောက်စဖို့တက္ကသိုလ် နှစ်စဉ်ကျင်းပလေ့ရှိသော ကပွဲအခမ်းအနားတွင် မြန်မာနိုင်ငံက ကဏ္ဍတစ်ခုကို ထည့်သွင်းလေ့ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲ နှင့် ပြန်လည်လွတ်မြောက်ခြင်း[ပြင်​ဆင်​ရန်​]

စစ်အစိုးရသည် ၂၀၁၀ခုနှစ်တွင် နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့ပြီး၊ ပြည်သူများ အရေးပေါ်ကူညီမှု လိုအပ်နေချိန်အတွင်း စီစဉ်ထားခဲ့သည့် ရွေးကောက်ပွဲကို မရပ်ဆိုင်းပဲ၊ ဆက်လက်ကျဉ်းပခဲသည်။ ထိုရွေးကောက်ပွဲကို နိုင်ငံတကာ အဆင့် အတန်းနှင့် ကိုက်ညီခြင်းမရှိခြင်း၊ တရား မျှတမှုမရှိဟု ပြော ဆိုခဲ့သူများတွင် ဥရောပ သမဂ္ဂ၊ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ကယ်ဗင်ရဒ် တို့ပါဝင်ခဲ့သည်။ အိန္ဒိယ နိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်သမ္မတ အိုဘားမားမှ အိန္ဒိယအစိုးရ အနေနှင့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများနှင့်ပါတ်သက်ပြီး ထုတ်ဖော် ပြောဆိုမှုမရှိခဲ့ခြင်းကို ပြစ်တင်ဝေဖန်ခဲ့သည်။အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိအပေါ် တရားဝင် ထုတ်ပြန်ကြေငြာခြင်းမရှိခဲ့သော်လည်း၊ ဖိလစ်ပိုင် နိုင်ငံ သမ္မတ Benigno Aquino မှ ရွေးကောက်ပွဲသို့ မဲလာပေးသူ နည်းနေခြင်းသည် ဒေါ် အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးခဲ့ခြင်းကြောင့်ဖြစ်ပြီး သူ့ကို ပြန်လွှတ်ပေးဖို့ရန် တောင်းဆိုခဲ့သည်။ တရုတ် နိုင်ငံ မီဒီယာများတွင် ထိုရွေးကောက်ပွဲသတင်းကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့သော်လည်း ဝေဖန်မှုများမရှိခဲ့ခြေ။[၆၇]

ရွေးကောက်ပွဲ ဥပဒေသစ်တွင် နိုင်ငံရေးပါတီများနှင့် ချိတ်နွယ်ထားကာ ထောင်ဒဏ်ကျခံနေရသူများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဟု ဆိုခဲ့ခြင်းကြောင့်၊နိုင်ငံရေး အကျဉ်းသား၂၀၀၀ ကျော်သည်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ပေ၊ ဒေါ်စုသည်လည်း အကျဉ်းသားအဖြစ် ပါဝင်နိုင်သည်(နေအိမ်အကျယ်ချုပ်အား ထောင်ဒဏ်ကျခံသူအဖြစ် သက်မှတ်၊ မသက်မှတ်အခြင်းပေါ် မူတည်မည်)။[၆၈][၆၉]

ရွေးကောက်ပွဲ ကျင်းပပြီး ၁၀ ရက်မြောက်တွင် စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့်ပေးခဲ့သည်။

၂ဝ၁၂ ဧပြီရွေးကောက်ပွဲ[ပြင်​ဆင်​ရန်​]

၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော လွှတ်တော်အမတ်နေရာအသီးသီးအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ (စုစုပေါင်း ၄၃ ဦး) အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံကြရသည်။

နိုင်ငံတကာမှ ပံ့ပိုးကူညီသူများ[ပြင်​ဆင်​ရန်​]

ဒေါ်အောင်ဆန်းစုကြည် နှင့် ဟယ်လာရီကလင်တန်တို့ ညစာစားပွဲအပြီးတွင် တွေ့ရစဉ်၊ နှစ် ၅၀ အတွင်း ပထမဦးဆုံး အမေရိကန်နိုင်ငံအကြီးအကဲတစ်ဦးမှ လည်ပါတ်ခြင်းဖြစ်သည်[၇၀]

မြန်မာ့ခေါင်းဆောင်မှ ကမ္ဘာ့ခေါင်းဆောင်အဖြစ်သို့[ပြင်​ဆင်​ရန်​]

၂၄ နှစ်အတွင်း ကနဦး ပြည်ပခရီးစဉ်များ[ပြင်​ဆင်​ရန်​]

ဒေါ်အောင်ဆန်းစုကြသည် ၂၄နှစ်အတွင်း နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် အချိန်များတွင်၊ သူ လွတ်မြောက်လာပါက ပထမဦးဆုံးသွားလိုသည့် ခရီးစဉ်သည် နော်ဝေနိုင်ငံဖြစ်ကြောင်း အမြဲပြောဆိုခဲ့သော်လည်း၊ သူ၏ ပထမဦးဆုံးခရီးစဉ်သည် ထိုင်းနိုင်ငံသို့ဖြစ်ခဲ့သည်။

ထိုင်းနိုင်ငံ ကမ္ဘာ့စီးပွားရေး နှီးနောဖလှယ်ပွဲ[ပြင်​ဆင်​ရန်​]

၂၄ နှစ်အတွင်း ပထမဦးဆုံး ပြည်ပခရီးအစဉ်အဖြစ် ထိုင်းနိုင်ငံ ဘဏ်ကောက်မြို့တွင် ကျဉ်းပခဲ့သည့် ကမ္ဘာ့စီးပွားရေး နှီးနောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည်။ ထိုင်းနိုင်ငံသို့ လာရောက်မည်ကို ထိုင်းအစိုးရ နှင့် နိုင်ငံခြာရေးဝန်းကြီးဌာနသို့သတင်းမပေးခဲ့ဘဲ သာမာန် စီးပွားရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ပုဂ္ဂိုလ်အဖြစ် ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှလည်း ထိုနှီးနောဖလှယ်ပွဲသို့ တက်ရောက်ရန် ရှိခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု သတင်းထွက်ခဲ့သည့်နောက်ပိုင်း၊ အကြောင်းပြချက် မရှိဘဲ မတက်ရောက်နိုင်ဟုဆိုကာ ထုတ်ပြန်ခဲ့သည်။ ဦးသိန်းစိန်သည် သွားရောက်ရန် အချိန်မပေးနိုင်ခဲ့ခြင်းကြောင့်ဟု ဆိုကာ၊ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးနေဇင်လတ်မှ နယူးယောက်တိုင်းမ် သို့ အီးမေးလ်ဖြစ် ပြောဆိုခဲ့သည်။[၇၁] ဒေါ်အောင်ဆန်းစုကြည် မယ်လစခန်းသို့လည်း သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ဥရောပ နှင့် နိုဘဲလ်ဆု[ပြင်​ဆင်​ရန်​]

ဒေါ်အောင်ဆန်းစုကြည်မှ ဇွန်လ ၁၃ ရက်နေ့ ၂၀၁၂ ခုနှစ်တွင်၊ ဥရောပ ၅ နိုင်ငံကို သွားရောက်လည်ပါတ်ရန် ခရီးစဉ်စတင်ခဲ့သည်။

ဆွစ်ဇာလန် ခရီးစဉ်[ပြင်​ဆင်​ရန်​]
ဂျီနီဗာမြို့တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ ဥရောပ၏ ပထမဦးဆုံးခရီးစဉ် နိုင်ငံအဖြစ် ဇွန်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့ ညနက်ပိုင်းတွင်စတင်ရောက်ရှိခဲ့သည်။ နောက်တနေ့၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဆွဇ်ဇာလန် နိုင်ငံမြို့တော် ဘာ့န်၌ နိုင်ငံခြားရေး ဝန်ကြီး Didier Burkhalter နှင့်တွေဆုံခဲ့သည်။[၇၂] အချိန်ကွာခြားမှုများနှင့် ခရီးဝေးပျံသန်းမှုများကြောင့် ပင်ပန်းနွမ်းနယ်နေသည့် ဒေါ်စုသည် ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် အော့အံခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲ အစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။[၇၃] ဆွစ်သမ္မတ၏ ဖိတ်ကြားချက် တက်ရောက်သူများ ၈၀ နှင့်အတူ ဧည့်ကြိုပွဲသို့ ခဏတာ တက်ရောက်ခဲ့ပြီး၊ သူမအတွက် အထူးစီစဉ်ထားသည့် ညစာစားပွဲအား ခရီးပန်းမှုများကြောင့် ဖျက်သိမ်းခဲ့ရသည်။ သောကြာနေ့တွင် ပါလီမန်သို့ သွားရောက်ခဲ့ပြီးနောက် နော်ဝေးသို့ ခရီးဆက်တင်ခဲ့သည်။

နော်ဝေ ခရီးစဉ်[ပြင်​ဆင်​ရန်​]
၁၉၉၁ ခုနှစ်တွင် ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေးဆု ဒီပလိုမာ လက်မှတ်အား တွေ့ရစဉ်[၇၄]

၁၉၉၁ ခုနှစ်တွင် နိုဘဲလ် ငြိမ်းချမ်းရေးဆုပေးအပ်ခဲ့ချိန်တွင် သားနှစ်ဦးနှင့် ခင်ပွန်းတို့မှ ဒေါ်စုကိုယ်စား လက်ခံရယူခဲ့ပြီးနောက်ပိုင်း၊ ၂၁ နှစ်ကြာခဲ့သည့်အချိန်မှသာ ပထဦးဆုံး သူကိုယ်တိုင် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုဆုပေးပွဲတွင် နော်ဝေနိုဘဲလ်ကော်မတီမှ အော်စလိုမြို့တော်ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက် လက်မှတ်ပေးအပ်နိုင်ခဲ့သည်။

၁၇ရက်နေ့တွင် နော်ဝေနိုင်ငံရှိ ရဖ်တို လူ့အခွင့်အရေး အဖွဲ့တည်ရှိသည့် ဘာဂန်မြို့တော်တွင် တွေ့ဆုံခဲ့သည်။ ၁၈ရက်နေ့တွင် အော်စလိုဖိုရမ်၌ ဒေါ်အောင်ဆန်းစုကြည်၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere နဲ့ U2 တေးဂီတအဖွဲ့ ခေါင်းဆောင် အဆိုတော် ဘိုနို တို့မှ အဓိက ဦးဆောင်ဆွေးနွေးကြသူများအဖြစ် ပါဝင်ခဲ့သည်။

အိုင်ယာလန် ခရီးစဉ်[ပြင်​ဆင်​ရန်​]

၁၈ရက်နေ့တွင်ပင် အိုင်ယာလန်သို့ ခရီးဆက်တင်ခဲ့သည်။ ၂၀၀၉ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား ချီမြှင့်ခဲ့သည့် ယုံကြည်မှုဆိုင်ရာ သံတမန် ဆိုသည့်ဆုကြီးကို ယူတူးတေးဂီတ အဖွဲ့မှအဆိုတော် ဘိုနိုမှ ချီးမြှင့်ခဲ့သည်။ ထို့နေ့ ညနေတွင် ယူနိုက်တက်ကင်းဒမ်းသို့ ခရီးဆက်တင်ခဲ့သည်။

ယူနိုက်တက် ကင်းဒမ်း ခရီးစဉ်[ပြင်​ဆင်​ရန်​]

၁၉ရက်နေ့ မနက်ပိုင်းတွင် လန်ဒန်စီးပွားရေး နှင့် နိုင်ငံရေးသိပ္ပံ တက္ကသိုလ်၌ တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီးနောက်၊ ဘီဘီစီ မြန်မာပိုင်းဌာနနှင့် ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် ဌာန တည်ရှိရာ အသံလွှင့်ရုံးသစ် ကြီးဆီသို့ လည်ပါတ်ခဲ့သည်။ ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ဖြစ်သောကြောင့် ရောက်ရှိခဲ့သည့် နေရာတိုင်းတွင် သူမအတွက် မွေးနေ့ပွဲများ ကျင်းပပေးခဲ့ကြသည်။ ထို့နေ့ ညနေပိုင်းတွင် သူမနေထိုင်ခဲ့ဘူးသည့် အောက်စ်ဖို့ဒ်၌ မိသားစုဝင်များနှင့်အတူ မွေးနေ့ပွဲ ကျင်းပခဲ့သည်။

၂၀ရက်နေ့တွင်၊ အောက်စဖို့ တက္ကသိုလ် St Hugh's College ၏ကျောင်းသူ ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ၁၉၉၃ခုနှစ်၌ ပေးအပ်ခဲ့သည့် ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့အား ရှယ်လ်ဒိုးနီးယန်း ဇာတ်ရုံ ဘွဲ့နှင်းသဘင် ခန်းမ၌ တက်ရောက်လက်ခံရယူခဲ့သည်။[၇၅]

၂၁ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်၏ အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်၌ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှင့် တွေ့ဆုံကာ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ထို့နောက် ဗြိတိသျှပါလီမန် နှစ်ရပ်စလုံး၌ မိန့်ခွန်းပြောကြားရန်Westminster ပါလီမန် ခန်းမကြီးထဲ၌ ပုံမှန်အားဖြင့် နိုင်ငံခေါင်းဆောင်တွေကိုသာ မိန့်ခွန်းပြောကြားခွင့်ရှိသော်လည်း၊ နိုင်ငံတော် သမ္မတ မဟုတ်သေးသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဦးဆုံး အထူး ဂုဏ်ပြုသည့်အနေနှင့် ထိုခန်းမကြီး၌ မိန့်ခွန်းပြောကြားခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ထိုဂုဏ်ထူးဆောင်ခန်းမကြီးတွင် မိန့်ခွန်းပြောခွင့်ရသူများတွင် ချားလ်စ်ဒီဂေါနဲလ်ဆန်မန်ဒဲလား၁၆ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး နှင့် ဘာရက် အိုဘားမားတို့ ဖြစ်ကြသည်။ဒေါ်စုသည် ပထမဦးဆုံး အာရှနိုင်ငံသား နှင့် ၊ ပြည်ပမှ ပထမဦးဆုံး အမျိုးသမီး၊ နိုင်ငံခေါင်းဆောင်မဟုတ်သေးသူတစ်ယောက်ကို ဤနေရာ၌ ဂုဏ်ပြုမိန့်ခွန်းပြောကြားခွင်ပေးခြင်းဖြစ်သည်ဟု ဂျွန်ဘာကောင်း မှ အဖွင့်အမှာစကားပြောကြာခဲ့သည်။ ဇွန်လ ၂၂ရက်နေ့တွင် ဗြိတိန်ရောက် မြန်မာများနှင့်လည်း လန်ဒန်တွင် တွေ့ဆုံခဲ့သည်။

ပြင်သစ် ခရီးစဉ်[ပြင်​ဆင်​ရန်​]

ပြင်သစ် သမ္မတ ဖိတ်ကြား ချက်အရ၊ ဗြိတိန်ခရီးစဉ်မှ ပြင်သစ် ပါရီမြို့သို့ ရထားဖြင့် ဇွန်လ်၂၆ရက် အင်္ဂါနေ့၌ ရောက်ရှိခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် ပြင်သစ်သမ္မတနှင့် တွေ့ဆုံခဲ့သည်။ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း၌ ၂ဝဝ၄ ခုနှစ်တွင် ပါရီမြို့မှ ပေးအပ်ခဲ့သည့် ဂုဏ်ထူးဆောင် မြို့သူ ဆုကို မြို့တော်ဝန် ဆီမှ လက်ခံ ရယူခဲ့သည်။၂၇ရက် မနက်ပိုင်းတွင် ဥရောပရောက် မြန်မာနိုင်ငံသားများနှင့်လည်း တွေ့ဆုံပြီး မေးခွန်းများ အမေးအဖြေပြုလုပ်ခဲ့သည်။ မိုနာလီဇာ ပန်းချီကား နှင့် အခြားအနုပညာလက်ရာများတည်ရှိရာ ပါရီပြတိုက်များသို့ သွားရောက်ကြည့်ရှုခဲ့သည်။၂၉ ရက်နေ့၌ ဥရောပခရီးစဉ် ပြီးဆုံးကာ မြန်မာနိုင်ငံသို့ ပြန်လည် ခရီးထွက်ခွာခဲ့သည်။ [၇၆]

မြန်မာဟု အသုံးပြုရန်[ပြင်​ဆင်​ရန်​]

၂၉ ရက် ဇွန်လ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များတွင် မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာစကားဖြင့် ဘားမား ဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည့်အပေါ်၊ မြန်မာ လို့သာ သုံးနှုန်း ပြောဆိုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတိပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလိပ်လို မြန်မာ လို့ မခေါ်ဆိုခြင်းသည်၊စကားလုံးကို ဆန့်ကျင်ကန့်ကွက်ခြင်းမဟုတ်ဘဲ စစ်အစိုးရမှ လူထု၏ဆန္ဒကို မရယူခဲ့ဘဲ ကိုယ့်သဘောနှင့်ကိုယ် အမည်ပြောင်းလည်းခဲ့ခြင်းကို မကြိုက်ခြင်းကြောင့် အသုံးမပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။[၇၇]

အမေရိကန်ပြည်ထောင်စု နှင့် ကွန်ဂရက်ရွှေတံဆိပ်[ပြင်​ဆင်​ရန်​]

အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် အိမ်ဖြူတော်၌ သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် သူမ၏အမေရိကန်နိုင်ငံခရီးစဉ်ကို စတင်လိုက်ပြီး ဝါရှင်တန်ဒီစီနယူးယောက်ဖို့ဝိန်းလူးဝစ်ဗီးလ်ဆန်ဖရန်စစ္စကိုနှင့် လော့စ်အိန်ဂျယ်လိစ်မြို့ကြီးများသို့ ရောက်ရှိခဲ့သည်။ ၂ဝဝ၈ ခုနှစ်၌ ချီးမြှင့်သော အမေရိကန်ပြည်ထောင်စု အမြင့်ဆုံးဆုဖြစ်သည့် ကွန်ဂရက်ရွှေတံဆိပ် ဆု၊ Atlantic Council မှပေးအပ်သည့် ကမ္ဘာ့နိုင်ငံသားဆု၊ Asia Society မှပေးအပ်သည့် Global Vission ဆု၊ ဆန်ဖရန်စစ္စကို တက္ကသိုလ်ကပေးအပ်သည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နှင့် National Endowment For Democracy (NED) မှ ၂ဝဝဝ ပြည့်နှစ်ကတည်းက ပေးအပ်ထားသည့် ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဆယ်နှစ်ပြည့် ဂုဏ်ပြုရုပ်ထုကို ကိုယ်တိုင်လက်ခံရယူခဲ့သည်။[၇၈]ထိုခရီးစဉ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်တွင်တွေ့ဆုံခြင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုလည်း နယူးယောက်မြို့၌ တွေ့ဆုံခဲ့သည်[၇၉]။မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံခရီးစဉ်နှင့် တိုက်ဆိုင်နေခြင်း၊ သမ္မတဦးသိန်းစိန်၏ ကုလသမဂ္ဂမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုစကားပြောကြားခြင်း၊ သမ္မတဦးသိန်းစိန်တည်းခိုရာသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံခြင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်တွေ့ဆုံခြင်း၊ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုများ ဖယ်ရှားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံရယူပွဲတွင် မြန်မာအစိုးရဝန်ကြီး ဦးအောင်မင်းတက်ရောက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံရောက် မြန်မာများ တွေ့ဆုံခြင်း၊ သမိုင်းဝင်မိန့်ခွန်းများပြောကြားခြင်း စသည့် အပြုသဘောဆောင်သော ဖြစ်ရပ်များနှင့် ပြည့်နှက်နေခဲ့သည်။[၈၀]

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ခရီးစဉ်တွင် မြန်မာ့ဒီမိုကရေစီအရေးတွင် ကူညီခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း ကိုယ်တိုင်လာရောက်ပြောဆိုလိုခြင်း၊ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံလိုခြင်းတို့ကို ခရီးစဉ်၏ရည်ရွယ်ချက်အဖြစ် မိန့်ကြားပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်သည် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တွင် အဆုံးသတ်ခဲ့သည်။ အောက်တိုဘာလ ၄ ရက်တွင် ကိုရီးယားလေကြောင်းလိုင်းဖြင့် မြန်မာပြည်သို့ပြန်ခဲ့ရာ၌ ည (၉:၅၅)နာရီတွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ အနုပညာရှင်များနှင့် ပြည်သူလူထုကြီးက ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ည ၁၁ နာရီခန့်တွင် နေအိမ်သို့ရောက်ရှိပြီး၊ အိမ်ရှေ့၌ စောင့်ဆိုင်းကြိုဆို၊ နှုတ်ဆက်နေကြသည့် ပြည်သူလူထုအား နှုတ်ဆက်စကား၊ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ပေါ်ပြူလာ မီဒီယာ[ပြင်​ဆင်​ရန်​]

ရုပ်ရှင်[ပြင်​ဆင်​ရန်​]

  • ရန်ကုန်အလွန်’(Beyond Rangoon)- ၁၉၉၅ ခုနှစ်တွင် ဂျွန်ဘော်မင်းရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အား သိသာစွာ ဖော်ထုတ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်အဖြစ် တေးဂီတပညာရှင် ဒေးဗစ်ဘိုင်း၏ ယခင်အိမ်ထောင်ဘက်ဖြစ်သူ အေဒယ်လုဒ်မှ သရုပ်ဆောင်ထားသည်။ ဆက်ဆိုဖုန်းပညာရှင် တေးရေးဆရာ ဝိန်းရှောတာသည် ၎င်း၏ သီချင်းတစ်ပုဒ်ကို ‘အောင်ဆန်းစုကြည်’ ဟု အမည်ပေးထားသည်။ ၎င်းနှင့် ဟာဘီဟင်ဘော့စ်တို့ နှစ်ဦး၏ ၁၉၉၇ ခုနှစ်ထုတ် ပလပ်စ်ဝမ်းအယ်လ်ဘမ်တွင် အဆိုပါသီချင်း ပါဝင် လူသိများခဲ့သည်။
  • ကြောက်ရွံ့မှုမရှိသော အမျိုးသမီး - အောင်ဆန်းစုကြည်- (Aung San Suu Kyi - Lady of No Fear)’၅၈ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည်၏ ဖြစ်ရပ်မှန်များကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကား -Denmark 2010, 58 min.A Kamoli Films Production, by Anne Gyrithe Bonne
  • ‘သည်အမျိုးသမီး’(The Lady)- ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ခင်ပွန်းသည် မိုက်ကယ်အဲရစ်တို့၏ ဘဝဇာတ်ကြောင်းကို အခြေခံသည့် အချစ်ရုပ်ရှင်ဇာတ်ကားတစ်ခုကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်း ရိုက်ကူးခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာအနှံ့တွင် ပြသခဲ့သည်။ ဤဇာတ်ကားတွင် မလေးရှားနိုင်ငံသူ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယို့ဟ် (Michelle Yeoh) မှ ဒေါ်အောင်ဆန်းစုကြည်၊ အင်္ဂလန်နိုင်ငံသား ဒေးဗစ်သျူးလစ် (David Thewlis) မှ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းသည် မိုက်ကယ် အဲရစ် အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ [၈၁]

ဂီတ[ပြင်​ဆင်​ရန်​]

  • ‘ဆက်လျှောက်’(Walk On)- ၂၀၀၁ ခုနှစ်တွင် အိုင်းရစ်ရော့ခ်တေးဂီတအဖွဲ့ယူတူးတွင် သီဆိုသူ ဘိုနို၏ လက်ရာဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ရည်မှန်း၍ စပ်ဆိုထားသည့် အခွေလည်း ထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ အနုပညာရှင်စုံတို့မှ ‘ဝေါ့ခ်အွန်’ သီချင်းကို သရုပ်ဖော်ထားသည့် ‘ဟေဒယ်လေဒီ’ ဟူသည့် အခွေမှာ စစ်အစိုးရ၏ ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ဇွန် ၁၉ ရက်နှင့် ၂၁ ရက်တို့တွင် လန်ဒန်နှင့် ဂလပ်စ်ဂေါအသီးသီးတို့၌ ကျင်းပခဲ့သော ဗာတီဂိုနယ်လှည့်ဖျော်ဖြေပွဲများတွင် ယူတူးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း၍ ‘ရမ်းနင်းတူစတန်းစတေးလ်’(Running to stand still) ဟူသော တင်ဆက်မှုကို ပြုလုပ်ခဲ့သည်။ အခြားအနုပညာ ရှင်များဖြစ်ကြသည့် ဘလက်ဟိုင်းပီးစ်၊ ကိုးပလေး၊ ဒါမီးယမ်းရိုက်စ် နှင့် အားအီးအမ်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လူသိရှင်ကြား ထောက်ခံအားပေး ခဲ့ကြသည်။
  • ‘မတီးခက်ရသေးသည့် ဆန္ဒယား’(Unplayed piano)- အောင်ဆန်းစုကြည်၏ နှစ် ၆၀ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရိုက်စ်၏ လီစာဟဲန်ဂန်းနှင့် ပူးတွဲထုတ်လုပ်ခဲ့သည့် တေးသရုပ်ဖော် ဗီဒီယို ကို ယူကေ၌ ၂၀ ဇွန်လ ၂၀၀၅ နှင့် အိုင်ယာလန်၌ ၁၇ ဇွန်လ ၂၀၀၅ ခုနှစ်တွင် စတင်ရောင်းချခဲ့သည်။ ဒေမီယံ မြန်မာနိုင်ငံသို့ ၂၀၀၄ ခုနှစ်တွင် အလည်အပါတ်ရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးသားခဲ့ပြီး၊ ရောင်းရသည့်အမြတ်စွန်းငွေကို မြန်မာနိုင်ငံအတွက် အသုံးချခဲ့သည်။[၈၂]
  • ၂၀၀၃ ခုနှစ်၏ ဥရောပ အမ်တီဗီ ဂီတဆု ချီးမြှင့်ပွဲတွင် သူ့အား ‘ဖရီးယော်မိုင်းဒ်’ ဟူသည့် ဆုကို ချီးမြှင့်ခဲ့သည်။
  • ၂၀၀၆ ခုနှစ်တွင် နယူးစတိတ်မင်း မဂ္ဂဇင်း၏ စုစည်းတင်ပြသည့် ‘ကျွန်ုပ်တို့ခေတ်၏ သူရဲကောင်း’ စာရင်းတွင် သူ့အား ထိပ်ဆုံးအမှတ် ၁ နေရာအဖြစ် ရွေးချယ်ခဲ့သည်။
၂၀၁၁ ပဲခူးခရီးစဉ်တွင် ထောက်ခံအားပေးသူများကို နှုတ်ဆက်နေစဉ်။
ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ စာအုပ်

ရရှိခဲ့သည့် ဆုများ[ပြင်​ဆင်​ရန်​]


ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ အသိအမှတ် ဂုဏ်ပြုသည့် ဆုများရာကျော်ရှိသည်။ ရရှိသော ဆုများ၏ ငွေကြေးများကို မြန်မာပြည်သူများ၏ ပညာရေး နှင့် ကျန်းမာရေး(ကဏ)အတွက် လှူဒါန်းလေ့ရှိသည်။

စဉ် ခုနှစ် ရရှိခဲ့သည့် ဆု အမည် ပေးအပ်သည့် ဌာန နိုင်ငံ ဆုကြေး
၁၉၉၀ သိုးရော်ဖ် ရွပ်ဖ်တို ဆု ရဖ်တို လူ့အခွင့်အရေး ဖောင်ဒေးရှင်း နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ
၁၉၉၁ စက်ခါရော့ဗ်ဆု ဥရောပ ပါလီမန် ပြင်သစ်နိုင်ငံ၏ အလံတော် ပြင်သစ် ၅၀ ၀၀၀ ယူရို
၁၉၉၁ နိုဘဲလ် ငြိမ်းချမ်းရေးဆု နိုဘဲလ် ကော်မတီ နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ ၆ ၀၀၀ ၀၀၀ ဆွီဒင် ခရုံနာ
၁၉၉၆ Companion of the Order of Australia ဩစတြေးလျနိုင်ငံ၏ အလံတော် ဩစတြေးလျ
၂၀၀၀ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတ ဆု
၂၀၀၂ မဒန်ဂျိတ် ဆင့်ဂျ် ဆု (Madanjeet Singh Prize) ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု (UNESCO)
၂၀၀၂ A Doctor of Laws honoris causa Memorial University of Newfoundland ကနေဒါနိုင်ငံ၏ အလံတော် ကနေဒါ
၂၀၀၄ ဂွမ်ဂျူး လူ့အခွင့်အရေးဆု (Gwangju Prize for Human Rights) ကိုရီးယားသမ္မတနိုင်ငံ၏ အလံတော် တောင်ကိုရီးယား
၂၀၀၇ Honorary Canadian citizenship ကနေဒါနိုင်ငံ၏ အလံတော် ကနေဒါ
၂၀၀၇ အိုလွတ်ဖ် ပါလ်မယ် ဆု (Olof Palme Prize) အိုလွတ်ဖ် ပါလ်မယ် မိသားစု နှင့် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ထူထောင်မှု ဆွီဒင်နိုင်ငံ၏ အလံတော် ဆွီဒင် ၇၅ ၀၀၀ အမေရိကန် ဒေါ်လာ


၁၀ ၂၀၀၈ ကွန်ဂရက် ရွှေတံဆိပ်ဆု Congressional Gold Medal) [၈၃] United States Congress အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန်


ထူထောင်ခဲ့သည့် ရံပုံငွေများ[ပြင်​ဆင်​ရန်​]

  • အောင်ဆန်းစုကြည် ကမ္ဘာ့လွတ်မြောက်ရေး ရံပုံငွေ- အမည်ပေးထားသည့် ရံပုံငွေကို နော်ဝေအခြေစိုက် အစိုးရမဟုတ်သည့် Partnership For Change အဖွဲ့၊ နော်ဝေ မီဒီယာအဖွဲ့ကြီးတစ်ခုဖြစ်သည့် HippieMedia ၊ နော်ဝေဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘိုနဗစ်နှင့် နော်ဝေရောက် မြန်မာအသိုင်းအဝိုင်းတို့ ပါဝင်ထူထောင်ခဲ့ကြသည်။ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် အဖြစ်ပေးအပ်ခဲ့ပြီးနောက် ဒေါ်စုမှ လက်မှတ်ထိုး အတည်ပြုပေးခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့၌ အော်စလိုမြို့တွင် ရံပုံငွေအမေရိကန် ဒေါ်လာ ၁ သန်းနှင့် စတင် မတည်ခဲ့သည်။[၈၄]
  • Prospect Burma- မြန်မာနိုင်ငံသားများနှင့် ပြည်ပရောက် ဒုက္ခသည်များ ပညာရေးဆက်လက်သင်ယူနိုင်ရန် ပညာသင်ငွေကြေးများ ထောက်ပံ့ပေးသည့် ရံပုံငွေအဖွဲ့ကြီးဖြစ်သည်။ ထိုရံပုံငွေတွင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သည့် ၁၉၉၁ နိုဘဲလ် ငြိမ်းချမ်းရေးဆု နှင့် အခြားဆုကြေးများမှ ငွေကြေးတစ်ချို့ပါဝင်ခဲ့သည်။ [၈၅]

ရေးသားခဲ့သည့် စာအုပ်များ[ပြင်​ဆင်​ရန်​]

စာပေ[ပြင်​ဆင်​ရန်​]

ဒေါ်အောင်ဆန်းစုကြည် ပါဝင် ရေးသားတည်းဖြတ်ခဲ့သည့် စာအုပ်များမှာ-

စာနယ်ဇင်း[ပြင်​ဆင်​ရန်​]

မိန့်ခွန်းများ[ပြင်​ဆင်​ရန်​]


မှတ်သားဖွယ်ရာ စာသားများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ (ဘီဘီစီ)
  2. ဒေါ်အောင်ဆန်းစုကြည် အနိုင်ရ၊ အန်အယ်လ်ဒီ အများစုနိုင်ရန် မျှော်လင့်
  3. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ဟု မိသားစု ဆရာဝန်ကပြော – Daw Suu’s health | MoeMaKa Burmese News & Media. Moemaka.com. Retrieved on 2014-02-09
  4. Forbes ၏ သြဇာကြီးသူစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါ၀င်
  5. ၅.၀ ၅.၁ Aung San Suu Kyi – Biography. Nobel Prize Foundation.
  6. Myanmar Family Roles and Social Relationships. Government of Myanmar. Archived from the original on 26 October 2007။ Retrieved on 24 September 2007
  7. Min Lwin. "Suu Kyi Protester Arrested", The Irrawaddy, 28 May 2009. Retrieved on 7 August 2011. 
  8. "ဒေါ်အောင်ဆန်းစုကြည်ကို "အမေစု"ဟု အော်ဟစ် နှုတ်ဆက်" (in Burmese), ဧရာဝတီ, 13 November 2010. Retrieved on 7 August 2011. 
  9. "City honours democracy campaigner", BBC, 4 March 2009. Retrieved on 7 July 2010. 
  10. Beech, Hannah. "The Lady Walks Free Again", Time, 29 November 2010. 
  11. Stewart (1997), p. 31
  12. Stewart (1997), p. 32
  13. ၁၃.၀ ၁၃.၁ Popham, Peter (2012). The Lady and the Peacock: The Life of Aung San Suu Kyi. Workman Publishing, 199–200. ISBN 9781615190645. 
  14. ၁၄.၀ ၁၄.၁ ၁၄.၂ Moe, Wait (3 August 2009). Suu Kyi Questions Burma’s Judiciary, Constitution. The Irrawaddy.
  15. &feature=related Aung San Suu Kyi interview (video). YouTube.
  16. Buncombe, Andrew (5 July 2009). 5,000 days in captivity: The world's most famous political prisoner and a dismal landmark. The Independent.
  17. Aung San Suu Kyi pays tribute to BBC on tour of UK
  18. A non-political educational charity dedicated to supporting the education of exiled Burmese students. Prospect Burma. Retrieved on 2014-02-09
  19. Cite error: Invalid <ref> tag; no text was provided for refs named azjarp
  20. Suu Kyi rejects UK visit offer. BBC News. 26 March 1999.
  21. "Obituary: A courageous and patient man", London: BBC News, 27 March 1999. Retrieved on 4 July 2006. 
  22. Burma expels Italian reporter for "illegal reporting, TV Myanmar, Rangoon, 18 August 1998.
  23. Despite the lack of an official death toll for the Depayin Massacre, Burmese dissidents claim around 70 people perished in the attack.
  24. Yahoo News on Buddhist monk uprising[dead link]. Associated Press.
  25. Democracy icon Aung San Suu Kyi greets Myanmar monks[dead link]. AFP. 22 September 2007
  26. Suu Kyi moved to Insein prison. Reuters. 25 September 2007
  27. Inside Burma's Insein jail. BBC News Online. 14 May 2009
  28. Security tight amid speculation Suu Kyi jailed. The Australian. 28 September 2007
  29. Burmese Junta silences the monks. TIME. 28 September 2007
  30. UN envoy sees top Burma dissident, BBC News Online, 30 September 2007
  31. UN envoy holds key Burmese talks. BBC News Online. 2 October 2007
  32. Official: UN plane lands in Myanmar with aid after cyclone[dead link], Associated Press. 2 May 2008.
  33. McDonald, Mark (7 May 2009). U.S. Man Held After Swim to Burmese Nobel Peace Laureate’s Home. The New York Times.
  34. မော်မန်ဂိုဏ်း - ဝိကိပိဒိယ (in Template:My icon). My.wikipedia.org. Retrieved on 2014-02-09
  35. Suu Kyi trespasser incidents - Wikipedia, the free encyclopedia. En.wikipedia.org. Retrieved on 2014-02-09
  36. James, Randy (20 May 2009). John Yettaw: Suu Kyi's Unwelcome Visitor. TIME.
  37. The Times, 28 May 2009, Richard Lloyd Parr, "God asked me to warn her, swimmer John Yettaw tells Suu Kyi trial"
  38. Kennedy, Maev (14 May 2009). Lake swimmer could cost Suu Kyi her freedom. The Guardian.
  39. Burma opposition leader on trial, Financial Times, 19 May 2009
  40. Burma's Aung San Suu Kyi on trial, BBC News Online, 18 May 2009
  41. Suu Kyi 'composed' at Burma trial, BBC News Online, 20 May 2009
  42. Lawyers for Aung San Suu Kyi protest innocence as trial begins, The Times, 18 May 2009
  43. ၄၃.၀ ၄၃.၁ Myanmar Court Charges Suu Kyi, Wall Street Journal, 22 May 2009
  44. Court Rejects Two Suu Kyi Defense Witnesses. Irrawaddy.org (9 June 2009). Retrieved on 10 June 2009
  45. Myanmar Aung San Suu Kuy to be put under detention — Asia News. Asianews.it (14 February 2006). Retrieved on 10 June 2009
  46. Suu Kyi's witnesses 'rejected', BBC News Online, 28 May 2009
  47. Myanmar says American main culprit in Suu Kyi case[dead link]. AP. 25 June 2009
  48. Aung San Suu Kyi celebrates 64th birthday with jail guards. The Guardian. 19 June 2009
  49. UN calls for release of Suu Kyi, The Age, 24 May 2009
  50. Western outcry over Suu Kyi case, BBC News Online, 18 May 2009
  51. SAfrica urges immediate Aung San Suu Kyi release, AFP at IC Publications, 22 May 2009
  52. Asian leaders call for release of Aung San Suu Kyi, Radio Australia, 15 May 2009
  53. Asian leaders condemn Burma trial, BBC News Online, 19 May 2009
  54. Myanmar protests ASEAN alternate chairman statement on Aung San Suu Kyi, Xinhua, 24 May 2009
  55. Burma lashes out at Thailand over Suu Kyi, Bangkok Post, 25 May 2009
  56. Free Burma's Political Prisoners Now! Campaign.
  57. Horn, Robert (5 July 2009). Ban Ki-Moon Leaves Burma Disappointed. TIME.
  58. Burma court finds Suu Kyi guilty. BBC News. 11 August 2009.
  59. "Senator wins release of US prisoner in Myanmar", 15 August 2009. [dead link]
  60. Obama appeals to Myanmar junta to release Aung San Suu Kyi. The Times of India. 18 August 2009.
  61. Associated Press. "Burmese court rejects appeal against Aung San Suu Kyi house arrest", The Guardian, 2 October 2009. Retrieved on 30 September 2010. Archived from the original on 13 October 2010. 
  62. Cite error: Invalid <ref> tag; no text was provided for refs named bc
  63. Nakashima, Ellen (13 October 2003). Burma's Iron 'Aunty'. The Washington Post.
  64. UN: Suu Kyi detention 'illegal'. Al Jazeera. 16 May 2009
  65. "Burma releases pro-democracy leader Aung San Suu Kyi", BBC News, 13 November 2010. Retrieved on 14 November 2010. Archived from the original on 14 November 2010. 
  66. Daw Suu Watch - Detention - ALTSEAN Burma. Altsean.org (2009-11-27). Retrieved on 2014-02-09
  67. ရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန်
  68. "Burma law formally bars Aung San Suu Kyi from election", BBC News, March 10, 2010. 
  69. {{cite news|url=http://timesofindia.indiatimes.com/world/rest-of-world/Myanmars-Aung-San-Suu-Kyi-to-be-barred-from-party-and-polls-/articleshow
  70. Kim Ghattas (2011-12-02). BBC News - Hillary Clinton Burma visit: Suu Kyi hopeful on reforms. Bbc.co.uk. Retrieved on 2014-02-09
  71. For example, no one from her office contacted the Thai Foreign Ministry, which normally coordinates such high-profile visits. “As far as I know, we have not been approached by her team,” Mr. Thani said a few hours before she was to land. U Nay Zin Latt, an adviser to Mr. Thein Sein, said the president could not make time to go.“He is extremely busy with his work, and taking great care of transitioning and transformation,” Mr. Nay Zin Latt said in an e-mail. Thai officials said the president’s visit had been rescheduled for next week.
  72. ဒေါ်အောင်ဆန်းစုကြည် ဂျီနီဗာ ရောက်ပြီ
  73. Aung San Suu Kyi cuts short news conference after vomiting
  74. MLA style: "Aung San Suu Kyi - Nobel Diploma". Nobelprize.org.13 Oct 2012 http://www.nobelprize.org/nobel_prizes/peace/laureates/1991/kyi-diploma.html.
  75. BBC Burmese - မြန်မာ့ရေးရာ - အောက်စဖို့ ဂုဏ်ထူးဆောင် ဘွဲ့ ဒေါ်စု လက်ခံရယူ. Bbc.co.uk (1970-01-01). Retrieved on 2014-02-09
  76. BBC Burmese - နိုင်ငံတကာ - ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ကို ရောက်ပြီ. Bbc.co.uk (1970-01-01). Retrieved on 2014-02-09
  77. Myanmar လို့ မခေါ်လို့ ဒေါ်အောင်ဆန်းစုကြည် ကို သတိပေး
  78. ဒီလှိုင်းဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၃၈)၊ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် မှ
  79. အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
  80. ဖို့ဝိန်း မြန်မာတွေနဲ့ ဒေါ်စုတွေ့
  81. http://michelleyeoh.info/Movie/thelady.html
  82. Damien Rice - Unplayed Piano (Official Video). YouTube (2010-11-24). Retrieved on 2014-02-09
  83. Office of the Clerk of the U.S. House of Representatives - 404. Clerk.house.gov. Retrieved on 2014-02-09
  84. ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ ရံပုံငွေ အဖွဲ့တစ်ခု တည်ထောင်ခဲ့(ဘီဘီစီ)
  85. How Prospect Burma Began. Prospect Burma. Retrieved on 2014-02-09