နေရူး ဂျဝါဟာလာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျဝါဟာလာ နေရူး
Bundesarchiv Bild 183-61849-0001, Indien, Otto Grotewohl bei Ministerpräsident Nehru cropped.jpg
(၁၈၈၉-၁၉၆၄)
မွေးသက္ကရာဇ် ၁၈၈၉ခုနှစ်၊ နိုဝင်ဘာလ၊ ၁၄ရက်
အမည်ရင်း
မိဘအမည် မိုတီလာနေရူး+ ဆွာရပ်ရာနီ
မွေးဖွားရာဒေသ ကတ်ရှ်မီးယားပြည်နယ်
နိုင်ငံသား
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း ဥပဒေဘွဲ့
အလုပ်အကိုင်
ကြင်ဖော် ကင်မလာကူးလ်
သားသမီး သမီး အင်ဒရာဂန္ဒီ၊ မြေးများ ရာဂျစ်ဂန္ဒီ၊ ဆန်ဂျေးဂန္ဒီ
ထင်ပေါ်ကျော်ကြားမှု အိန္ဒိယဝန်ကြီးချုပ်
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၁၉၆၄ခုနှစ်၊ မေလ၊ ၂၇ရက်နေ့
ကွယ်လွန်ရာဒေသ
လက်မှတ် Jawaharlal Nehru Signature.svg
ကွန်ယက်


လွတ်လပ်သော အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာမည့် ဂျဝါဟာလာနေရူးအား အဖ မိုတီလာနေရူးနှင့် အမိ ဆွာရပ်ရာနီ တို့မှ ကတ်ရှ်မီးယားပြည်နယ်တွင် ၁၈၈၉ခုနှစ်၊ နိုဝင်ဘာလ၊ ၁၄ရက်နေ့က ဖွားမြင်ခဲ့သည်။ အရွယ်ရောက်လျှင် အင်္ဂလန်နိုင်ငံ ဟာရိုးကောလိပ်၊ ကင်းဘရစ်ချ်တက္ကသိုလ် နှင့် အင်းနားတင်မ်ပယ် ကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး ဥပဒေဘွဲ့ရရှိခဲ့သည်။ ၁၉၁၆ခုနှစ်တွင် ကင်မလာကူးလ်နှင့် လက်ထပ်ခဲ့ပြီးနောက်တွင် ဘဝကို လွတ်လပ်ရေးကြိုးပမ်းမှုတွင် နှစ်မြှပ်ခဲ့သည်။ ၁၉၁၉တွင် အိန္ဒိယအမျိုးသားကွန်ဂရက် (ကွန်ဂရက်ပါတီ) သို့ဝင်ရောက်ခဲ့ပြီး မဟတ္တမ ဂန္ဒီကို အားကျလေးစားအတုယူကာ လှုပ်ရှားခဲ့သည်။ ကြိမ်ဖန်များစွာ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသော်လည်း လှုပ်ရှားမှုများကို တိုးတက်လုပ်ဆောင်ခဲ့သည်။ ၁၉၃၀၊ ၁၉၃၆၊ ၁၉၃၇ ခုနှစ်များတွင် ကွန်ဂရက်ပါတီ၏ ဥက္ကဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဂန္ဒီကွယ်လွန်ပြီးနောက် ၁၉၄၂ခုနှစ်တွင် ဂန္ဒီအားဆက်ခံသူအဖြစ် ရွေးချယ်ခံရသည်။ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာသည်။ အိန္ဒိယ ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် စီးပွားရေးစီမံကိန်းများချမှတ်ခြင်း၊ အကြီးစားစက်မှုလုပ်ငန်းများ အားပေးထူထောင်ခြင်း၊ ပြည်တွင်းတွင် ပါလီမန်ဒီမိုကရေစီ ဖော်ဆောင်နိုင်ခြင်း၊ ပြည်ပဘက်မလိုက်လှုပ်ရှားမှုများအား ဦးဆောင်နိုင်ခြင်း တို့ဖြင့် ကျော်ကြားသည်။ ၁၉၅၅ခုနှစ်တွင် ဘားရက်ရတနာဆုကို ရရှိသည်။ ၁၉၆၂ အင်ဒိုချိုင်းအားစစ်ပွဲကြောင့် များစွာစိတ်ထိခိုက်ခဲ့ရသည်။ ၁၉၆၄ခုနှစ်၊ မေလ၊ ၂၇ရက်နေ့တွင် ဂျဝါဟာလာနေရူး ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သမီးအင်ဒရာဂန္ဒီ၊ မြေးများဖြစ်သည့် ရာဂျစ်ဂန္ဒီနှင့် ဆန်ဂျေးဂန္ဒီတို့ ကျန်ရစ်သည်။

ရေးသားခဲ့သည့် စာအုပ်များ[ပြင်​ဆင်​ရန်​]

  • ချစ်သမီးတို့ပေးစာများ (Letters from a father to a daughter)
  • လွတ်လပ်ရေးဆီသို့ (Towards Freedom)
  • ကမ္ဘာ့သမိုင်းအပေါ် လျှပ်တပြတ်အမြင်များ(Glimpses of world history) စသည့် စာအုပ်များကို ရေးသားခဲ့သည်။

နေရူးပြတိုက်နှင့် ကလေးများနေ့[ပြင်​ဆင်​ရန်​]

ဂျဝါဟာလာနေရူး နေထိုင်ခဲ့သည့် အစိုးရအိမ်တော် (Teen Mutri House) အား ၁၉၆၄ခုနှစ်မှစကာ နေရူးအမှတ်တရပြတိုက် အဖြစ်ဖွင့်လှစ်ပြသခဲ့သည်။ ထို့အတူ နေရူး၏ မွေးနေ့ဖြစ်သော နိုဝင်ဘာလ၊ ၁၄ရက်နေ့ကို ကလေးများနေ့ အဖြစ် သတ်မှတ်ခဲ့သည်။