အောင်ကြည်

ဝီကီပီးဒီးယား မှ
ဦးအောင်ကြည်
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၄ နိုဝင်ဘာ ၂၀၁၇ – ၁ ဒီဇင်ဘာ ၂၀၂၀ [၁]
ယခင်လူဦးမြဝင်း
ဆက်ခံသူဦးတင်ဦး
ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၂၇ ဩဂုတ် ၂၀၁၂[၂] – ၂၉ ဇူလိုင် ၂၀၁၄[၃]
ယခင်လူဦးကျော်ဆန်း
ဆက်ခံသူဦးရဲထွဋ်
အလုပ်သမား ဝန်ကြီး
တာဝန်သက်တမ်း
၂၄ အောက်တိုဘာ ၂၀၀၇ – ၂၇ ဩဂုတ် ၂၀၁၂
ယခင်လူဦးတင်အေး
ဆက်ခံသူဦးမောင်မြင့်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၂၇ ဩဂုတ် ၂၀၁၂
ဆက်ခံသူဒေါ်မြတ်မြတ်အုန်းခင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူဒေါ်ဖြူဖြူသင်း
မဲဆန္ဒနယ်မင်္ဂလာ‌တောင်ညွန့်မြို့နယ်
အနိုင်ရမဲ အရေအတွက်၂၈,၅၆၆ (၄၇%)
အလုပ်သမား ဝန်ကြီးဌာန ဒုဝန်ကြီး
တာဝန်သက်တမ်း
နိုဝင်ဘာ ၂၀၀၆ – ၂၄ အောက်တိုဘာ ၂၀၀၇
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1946-11-01) ၁ နိုဝင်ဘာ၊ ၁၉၄၆ (အသက် ၇၇)
ရန်ကုန်မြို့မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်သက်သက်ဆွေ
သားသမီး၂ဦး
မိခင်ကျောင်းအရာရှိ လေ့ကျင့်ရေးကျောင်း
ဆုတံဆိပ်များသူရဲကောင်းမှတ်တမ်းဝင် တံဆိပ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူးဗိုလ်ချုပ်

ဦးအောင်ကြည်သည် အငြိမ်းစားဗိုလ်ချုပ် ဖြစ်ပြီး အလုပ်သမား ဝန်ကြီး၊ ဆက်ဆံရေး ဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးအောင်ကြည်သည် ၂၀၁၄ ဇူလိုင် ၂၉ တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့ပြီး၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် သမ္မတဦးထင်ကျော်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး တာဝန်ပေးအပ်ခဲ့သည်။[၄]

ထင်ရှားလာခြင်း[ပြင်ဆင်ရန်]

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအဖွဲ့ခေါင်းဆောင်မှ ပြောကြားလိုသည် အချက်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ပြောဆိုဆက်ဆံရန် ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အပြီး တစ်လအကြာတွင် ဆက်ဆံရေး ဝန်ကြီး ဟူသော ဝန်ကြီးရာထူးအသစ်ကို အမည်ပေးကာ ထိုစဉ်က အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်သူ ဦးအောင်ကြည် ကိုခန့်အပ်ခဲ့သည်။ ဦးအောင်ကြည်သည် ဝန်ကြီးအဖွဲ့ဝင်များအနက် ပြဿနာရပ်များကို ကျိုးကြောင်းဆီလျော်စွာ ကိုင်တွယ်ဖြေရှင်း တတ်သူအဖြစ် ပြောဆိုခြင်းခံရသူဖြစ်ပြီး အိုင်အယ်အို၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ နှင့်ပတ်သက်သည် ကိစ္စရပ်များကို ဆက်သွယ်ဖြေရှင်းရာတွင် အခြားသော စစ်ဗိုလ်ချုပ်များထက် နားလည်မှုရှိသူ၊ ပညာတတ်သူအဖြစ် လူသိများလျက်ရှိသူ တစ်ဦးဖြစ်သည်။

စစ်တပ် အမှုထမ်းဘဝ[ပြင်ဆင်ရန်]

တပ်မတော် လေ့ကျင့်ရေး ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင်လည်း ဒုတိယ ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်သားစုဆောင်းမှု ကာကွယ်ရေးကော်မီတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ၂၀၀၇ အောက်တိုဘာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆက်သွယ်ပြောဆိုရန် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်သည့်အချိန်တွင်ပင် အလုပ်သမားဒုဝန်ကြီးမှ ဝန်ကြီးအဆင့်သို့ ရာထူးတိုးမြှင့်ပေးခြင်းခံရသည်။

ရာထူး အဆင့်ဆင့်တိုးမြှင့်လာပုံ[ပြင်ဆင်ရန်]

ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်
မေ ၂၀၀၆- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဒုဝန်ကြီး
နိုဝင်ဘာ ၂၀၀၆-အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး
အောက်တိုဘာ ၂၀၀၇-အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးနှင့် ဆက်ဆံရေး ဝန်ကြီး

အိုင်အယ်အို (International Labor Organization ) နှင့် မြန်မာ[ပြင်ဆင်ရန်]

အိုင်အယ်အို (International Labor Organization ) နှင့် မြန်မာစစ်အစိုးရ အကြားဖြစ်ပွားခဲ့သည် အဓမ္မအလုပ် ခိုင်းစေမှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး အပေါ်ဂျီနီဗာ အခြေစိုက် နိုင်ငံတကာ အလုပ်သမားအဖွဲ့က အရေးယူဆောင်ရွက်မည့် အရေးတွင် ဦးအောင်ကြည်က တင်းမာမှု လျော့ပါးသွားအောင် ဆောင်ရွက်နိုင်ခဲ့သည်။ သူက အဓမ္မ အလုပ်စေခိုင်းမှုကို တိုင်ကြားစေနိုင်သည့် စနစ်သစ်ကို ချမှတ်ဆောင်ရွက်စေခဲ့ပြီး အစိုးရနှင့် အိုင်အယ်အို တို့အကြား အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သတင်းမီဒီယာ ဘက်မှ သူများအား "မြန်မာနိုင်ငံနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မထိခိုက်သရွေ့ အိုင်အယ်အိုအဖွဲ့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်"ဟု ပြောဆိုခဲ့သည်။

ဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်များ[ပြင်ဆင်ရန်]

ရိုဟင်ဂျာဒုက္ခသည်များ အရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဦးအောင်ကြည်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဒုဝန်ကြီးအနေဖြင့် ကုလသမဂ္ဂ၏ ဒုက္ခသည်များအရေး ဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ပြီး ပူးတွဲကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။

ဒီမိုကရေစီ လှုပ်ရှားမှုနှင့် ဆက်စပ်ပုံ[ပြင်ဆင်ရန်]

စက်တင်ဘာ ၂၀၀၇ သံဃာ့လှုပ်ရှားမှု အပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ပြောဆိုဆက်သွယ်နိုင်ရန် အောက်တိုဘာ ၈ရက်နေ့တွင် ဦးအောင်ကြည်အား ဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်အပ်သည့် အမိန့်ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောဆိုဆက်သွယ်သူ အဖြစ်ခန့်အပ်ရာတွင် ပထမဆုံး အကြိမ် ဝန်ကြီးအဆင့်ရာထူးရှိသူကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာမှ ၂၀၁၀ ခုနှစ် ဇန်နဝါရီလအတွင်း ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၉ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးအောင်ကြည်ရဲ့ ကြိုးပမ်းချက်ကို အစိုးရ ကျေးဇူးတင်
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 4 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2016 တွင် ပြန်စစ်ပြီး။
  3. Myanmar information and health ministers step down။ The Washington Post။ 14 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-07-29 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။
  • Alternative ASEAN Network on Burma Website