ဘီဘီစီ
| လုပ်ငန်း | ရုပ်သံထုတ်လွှင့်မှု |
|---|---|
| တည်ထောင်သည့်နှစ် | October 1922 |
| ဌာနချုပ် | လန်ဒန်မြို့, ယူနိုက်တစ် ကင်းဒမ်း |
| ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတဝန်း |
| အရေးပါ ပုဂ္ဂိုလ်များ | Sir Michael Lyons (Chairman, BBC Trust) Mark Thompson (Director-General) |
| ဝန်ဆောင်မှု | ရုပ်မြင်သံကြား၊ ရေဒီယို၊ အွန်လိုင်း |
| ဝက်ဘ်ဆိုက် | www.BBC.co.uk |
ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (ဘီဘီစီ) (British Broadcasting Corporation) သည် ယူနိုက်တစ် ကင်းဒမ်း၏ အရေးပါသော ပြည်သူ့အကျိုးပြု ရုပ်သံဌာန တစ်ခုဖြစ်သည်။ ဝန်ထမ်း ၂၃,၀၀၀ ခန့်ရှိသည့် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရုပ်သံဌာနလည်းဖြစ်သည်။[၁][၂][၃] ဘီဘီစီ၏ ဌာနချုပ်သည် လန်ဒန်မြို့တွင် တည်ရှိပြီး တော်ဝင်ချာတာအရ သီးခြားလွတ်လပ်စွာ လည်ပတ်သည့် သတင်းမီဒီယာဖြစ်သည်။[၃] [၄] ဘီဘီစီသည် အဓိကအားဖြင့် ယူကေအတွင်းရှိ ရုပ်မြင်သံကြားနှင့် ရေဒီယို လိုင်စင်ကြေးဖြင့် ရပ်တည်သည်။ ယင်းလိုင်စင်ကြေးကို ဗြိတိသျှ အစိုးရမှ နှစ်စဉ် သတ်မှတ်ပြီး ပါလီမန်မှ သဘောတူ အတည်ပြုပေးသည်။[၅] [၆][၇]
၁၉၃၂ ခုနှစ် ဒီဇင်ဘာလတွင် ဘီဘီစီ အင်ပါယာ ဆားဗစ်(BBC Empire Service) ဗွေဆော်ဦး ထုတ်လွှင့်ချက်များ စတင်ခဲ့ချိန်မှစ၍ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ် (BBC World Service) သည် ပြင်ပနိုင်ငံများသို့ ရေဒီယို အစီအစဉ်များကို တိုက်ရိုက်သော်လည်းကောင်း အခြားဒေသမှ တဆင့်သော်လည်းကောင်း လွှင့်ထုတ်ပေးသည်။ နောက်ပိုင်းတွင် ရုပ်မြင်သံကြား အစီအစဉ်များကိုလည်း ထုတ်လွှင့်လာပြီး ယနေ့တွင် အင်တာနက် ပေါ်တွင် ကြည့်ရှုနားဆင်နိုင်ရန် စီစဉ်ထားသည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ BBC: World's largest broadcaster & Most trusted media brand. Media Newsline. Retrieved on 23 September 2010။
- ↑ Digital license. Prospect. Retrieved on 23 September 2010။
- ↑ ၃.၀ ၃.၁ About the BBC – What is the BBC. BBC Online. Retrieved on 23 September 2010။
- ↑ Andrews, Leighton. "The handbook of public affairs", SAGE, pp. 247–48.
- ↑ BBC Annual Report & Accounts 2008/9: FINANCIAL PERFORMANCE. Retrieved on 12 February 2010။
- ↑ TV Licensing: Legislation and policy. Retrieved on 12 February 2010။
- ↑ BBC Press Office: TV Licence Fee: facts & figures. Retrieved on 12 February 2010။
[ပြင်ဆင်ရန်] ပြင်ပလင့်ခ်များ
| Wikimedia Commons has media related to: BBC |
- ဘီဘီစီ - BBC Burmese (MY)
- ဘီဘီစီ BBC (EN)