အောင်ဆန်းဦး
| ဦးအောင်ဆန်းဦး | |
| Aung San Oo | |
| ကိုယ်ရေး အချက်အလက် | |
| အမည်ရင်း | အောင်ဆန်းဦး |
| မိဘများ | ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် |
| လူမျိုး | ဗမာ |
| နိုင်ငံသား | အမေရိကန် |
အောင်ဆန်းဦး (Template:Lang-en) သည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မြန်မာအမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အကိုကြီးဖြစ်ပြီး၊ ဗမာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်ရှင်လျက်ရှိနေသေးသည့် သား နှင့် သမီး တို့မှ သားအကြီးဆုံးဖြစ်သည်။ အောင်ဆန်းဦးသည် အင်ဂျီနီယာတစ်ဦးဖြစ်သည်။[၁]
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ နှင့် မြန်မာနိုင်ငံ ဥပဒေကောင်စီတို့မှ အောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်သရေပျက်စေရန် ရည်မှန်းချက်ဖြင့် စစ်အစိုးရနှင့် ပူးပေါင်းကာ လုပ်ဆောင်နေသူတစ်ဦးဟုဆိုသည်။ တိုင်းမ် မဂ္ဂဇင်းဖော်ပြချက်တွင် ရန်ကုန်မြို့တွင်း နှင့် ပြည်ပမှ လေ့လာသူများမှ၊ စစ်အစိုးရသည် အောင်ဆန်းဦးကို အသုံးချကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်အား ပုပ်ခက်နိုင်ရန် ဥပဒေတရားဆွဲခြင်းများ ပြုလုပ်ခဲ့ခြင်းဟုဆိုသည်။
အောင်ဆန်းဦးသည်အင်္ဂလန်တွင် ပညာသင်ယူခဲ့ပြီး၊ ၁၉၇၃ ခုနှစ်မစ၍ အမေရိကန်ပြည်ထောင်စုသို့ အခြေချရွှေ့ပြောင်းနေထိုင်ခဲ့ပြီး၊ အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်သည်။ [၂]ထိုနည်းတူ သူ၏ ဇနီးဖြစ်သူ လဲ့လဲ့နွယ်သိန်းသည်လည်း အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်သည်။ [၃]
အမှုဆွဲခြင်း [ပြင်ဆင်ရန်]
ပုဂံရှိ အိမ်တော် [ပြင်ဆင်ရန်]
၂၀၀၅ မှစ၍ အောင်ဆန်းဦးသည် မြန်မာ့သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ပုဂံသမိုင်းဝင်မြေဧရိယာနယ်ပယ်အတွင်းတွင် ခန့်ညားသည့် အိမ်ကြီးတစ်လုံးကို ဆောက်လုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ မြေပိုင်ဆိုင်ရာ ဥပဒေအရ နိုင်ငံခြားသားများသည် မြေပိုင်ဆိုင်ခွင့်မရှိခြင်းကြောင့်(ထိုဥပဒေဖြင့်ပင် ဒေါ်စုနေထိုင်နေသည့် အိမ်အား ပိုင်ဆိုင်မှု ရှုံးနိမ့်ခဲ့ရသည်) အောင်ဆန်းဦး၏ ထိုအိမ်ရာပိုင်ဆိုင်မှုမှာ တရားမဝင်ပေ၊ သို့သော် ဇနီးဖြစ်သူ၏ အသိုင်းအဝိုင်းများမှ အမည်ခံလုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ ဇနီးဒေါ်လည့်လည့်နွယ်ဝင်းသည် စစ်အစိုးရ နှင့် ဆက်နွယ်နေမှုများရှိပြီး၊ သူ၏ ခင်ပွန်းကိုလည်း အစိုးရရာထူးများရရှိစေရန် ကြိုးပန်းနေသည်ဟု ကောလဟာလများထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်သည့် အထောက်အထားများ မရှိသေးပေ။[၄]
ကိုးကား [ပြင်ဆင်ရန်]
- ↑ NNDB quote: Son: Aung San Oo (engineer)
- ↑ Hansen, Barbara. "The Kitchen Ambassador : Leilei Nwe Thein shares the culture and cooking of Southern California's tiny Burmese community.", Los Angeles Times, 1 February 1996. Retrieved on 26 March 2012.
- ↑ "Burmese-American Citizen returns from Homeland Merch Mission", ShelterboxUSA, 3 June 2008. Retrieved on 26 March 2012.
- ↑ Irrawaddy magazine, "Suu Kyi's Brother Builds a Winter Retreat", October 12, 2005