ဆန်ဖရန်စစ္စကိုမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆန်ဖရန်စစ္စကို
—  မြို့တော်နှင့် ကောင်တီ  —
ဆန်ဖရန်စစ္စကို မြို့တော်နှင့် ကောင်တီ
ဆန်ဖရန် စစ္စကိုကို ဂိုးလ်ဒင်းဂိတ် တံတား နောက်ခံဖြင့် မာရင်းကုန်းမြေမြင့်မှ မြင်ရပုံ
ဆန်ဖရန် စစ္စကိုကို ဂိုးလ်ဒင်းဂိတ် တံတား နောက်ခံဖြင့် မာရင်းကုန်းမြေမြင့်မှ မြင်ရပုံ
Flag of ဆန်ဖရန်စစ္စကို
Flag
Official seal of ဆန်ဖရန်စစ္စကို
Seal
အခြားအမည်များ -The City by the Bay
Frisco (deprecated)[၁][၂][၃]
The City that Knows How (antiquated)[၄]
ပင်လယ်အော်ပေါ်က ဘဂ္ဂဒက်[၅]
အနောက်ဖက်ရဲ့ ပဲရစ်စ်[၆]
ဆောင်ပုဒ် Oro en Paz, Fierro en Guerra
စပိန်ဘာသာဖြင့် "ငြိမ်းချမ်းရေးမှာ ရွှေ၊ စစ်မှာ သံ"
ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ဆန်ဖရန်စစ္စကိုမြို့နေရာပြပုံ
ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ဆန်ဖရန်စစ္စကိုမြို့နေရာပြပုံ
ဆန်ဖရန်စစ္စကို is located in the USA
ဆန်ဖရန်စစ္စကို
အမေရိကန်ပြည်ထောင်စု အတွင်း နေရာပြပုံ
Coordinates: 37°46′45.48″N 122°25′9.12″W / 37.7793°N 122.4192°W / 37.7793; -122.4192
နိုင်ငံ အမေရိကန်ပြည်ထောင်စု
ပြည်နယ် ကယ်လီဖိုးနီးယားပြည်နယ်
စတင်တည်ထောင်ခြင်း ဇွန်လ ၂၉ ၁၇၇၆
မြို့ပြတည်ထောင်ခြင်း ဧပြီ ၁၆ ၁၈၅၀[၇]
တည်ထောင်သူ လက်ဖတင်နင် ဂျို့စ်ဂျိုကွင်း မိုရာဂါ နှင့် ဖာသာ ဖရန်စစ္စကို ပေါ်လို
စိန့်ဖရန်စစ်ကို အစွဲပြု၍ ကိုအစွဲပြု၍ မှည့်ခေါ်သည်။
အုပ်ချုပ်ရေး
 - အမျိုးအစား မြို့တော်ဝန် ကောင်စီ
 - မြို့တော်ဝန် ဂေဗင်နယူဆန်
 - စူပါဗိုက်ဆာဘုတ်အဖွဲ့
 - ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော် ဖီယိုနာ မား
တွမ် အမ်မီယာနို
 - ပြည်နယ်လွှတ်တော် မာ့ခ် လီနို
လီလန် ယီး
 - အထက်လွှတ်တော် နန်စီ ပီလိုစီ
ဂျက်ကီစပိုင်ယာ
ဧရိယာ
 - မြို့တော်နှင့် ကောင်တီ ၂၃၁.၉၂ sq mi (၆၀၀.၇ km²)
 - ကုန်းမြေ ၄၆.၇ sq mi (၁၂၁ km²)
 - ရေထု ၁၈၅.၂ sq mi (၄၇၉.၇ km²)  79.8%
 - မြို့တော် ၃၅၂၄.၄ sq mi (၉၁၂၈.၂ km²)
ပင်လယ်ရေ မျက်နှာပြင်ထက်
အမြင့်
၅၂ ft (၁၆ m)
အမြင့်ဆုံး ၉၂၅ ft (၂၈၂ m)
အနိမ့်ဆုံး ၀ ft (၀ m)
လူဦးရေ (2008)[၈]
 - မြို့တော်နှင့် ကောင်တီ ၈၁၅၃၅၈
 - လူဦးရေ သိပ်သည်းမှု ၁၇၃၂၃/sq mi (၆၆၈၈.၄/km²)
 - မြို့ပြ ၃၂၂၈၆၀၅
 - မက်ထရို လူဦးရေ ၄၂၀၃၈၉၈
 - မြို့သားများ San Franciscan
အချိန်ဇုံ ပစိဖိတ် စံနှုန်း (UTC-8)
 - နွေရာသီ (DST) Pacific Daylight Time (UTC-7)
ဇစ်ပ်ကုတ်ဒ် သင်္ကေတ 94101–94112, 94114–94147, 94150–94170, 94172, 94175, 94177
ဒေသဆိုင်ရာ ဖုန်းကုတ်ဒ်နံပါတ် 415
အင်တာနက်စာမျက်နှာ: www.sfgov.org

ဆန်ဖရန်စစ္စကိုမြို့ (San Francisco) သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဖရန်စစ္စကိုကျွန်းဆွယ်၏ မြောက်ဘက်စွန်းတွင် တည်ရှိပြီး တွင် စတုတ္ထမြောက်နှင့် အမေရိကန်ပြည်ထောင်စု၌ နံပတ် ၁၂ မြောက် လူဦးရေ အများဆုံးမြို့ဖြစ်သည်။

ပစိဖိတ်သမုဒ္ဒရာဘက်တွင် အကြီးကျယ်ဆုံးသော ကုန်စည် ရောင်းဝယ်ရေးမြို့ ဖြစ်သည်။ ထိုပြင် အမေရိကတိုက် နှစ်တိုက် စလုံးတွင် ပစိဖိတ်သမုဒ္ဒရာကမ်းခြေဘက်၌ အကြီးဆုံးသော ပင်လယ်သင်္ဘောဆိပ်မြို့ကြီးလည်း ဖြစ်လေသည်။ သင်္ဘောကြီး များဆိုက်နားနိုင်၍ ကုန်းမြေကာရံလျက်ရှိသော ရေပြင်မှာ ကျယ်ဝန်းသဖြင့် သင်္ဘောဆိပ်ကောင်းလည်းရှိသည်။ ဆန်ဖရန် စစ္စကိုမြို့သည် အနောက်ဘက်ရှိ ပစိဖိတ်သမုဒ္ဒရာနှင့် အရှေ့ ဘက်ရှိ ဆန်ဖရန်စစ္စကို ပင်လယ်အောင်တို့အကြားတွင် ငေါ ထွက်နေသော ကျွန်းဆွယ်ပေါ်၌တည်ရှိ၍၊ သင်္ဘောဆိပ်အတွင်း သို့ ပင်လယ်ဖက်မှ သင်္ဘောများဝင်ထွက်နိုင်သည့် တစ်ခုတည်း သော ရေလက်ကြားရှိရာ၊ ယင်းကို 'ဂိုးလဒင်းဂိတ်'(ရွှေတံခါး ပေါက်)ဟု ခေါ်သည်။ သင်္ဘောများဝင်ရောက် ဆိုက်နားနိုင် သည့် ရေပြင်မှာ အလျားမိုင် ၄ဝ၊ အနံ ၅ မိုင်မျှ ရှိလေသည်။

ဆန်ဖရန်စစ္စကိုမြို့သည် 'ရွှေတံခါးပေါက်' ရေလက်ကြား ၏တောင်ဘက် ကျွန်းဆွယ်ပေါ်တွင် ဘေးဖက်နှင့် အနောက် ဘက်တို့၌ တောင်ကုန်းများဝန်းရံလျက် တည်ရှိသည်။ မြို့သည် အရှေ့ဘက်သို့ မျက်နှာမူလျက် ရှိသည်။ ပစိဖိတ်သမုဒ္ဒရာကား ဆန်ဖရန်စစ္စကိုမြို့၏ အနောက်ဘက်တွင် ရှိ၏။ ဆန်ဖရန်စစ္စကိုမြို့သည် ကုန်ကူးသန်းရောင်းဝယ်ရေး၊ ငွေအရင်းအနှီး ဖလှယ်ရေး၊ ကုန်စည်ထုတ်လုပ်ရေး စသည် များတွင် အရေးပါသော အချက်အခြာဌာနကြီးဖြစ်သည့်ပြင်၊ နယူယော့မြို့စသည့် အမေရိကန်ပြည်ထောင်စု၏ လုပ်ငန်းပေါင်း ၅ဝ မျှအတွက် အလုပ်ရုံကြီးများသည် ထိုမြို့ကြီးတစ်ဝိုက်တွင်ရှိ ကြသည်။ သို့သော် ကမ္ဘာအရပ်ရပ်မှသင်္ဘောကြီးများ ဝင်ရောက် ဆိုက်နားရာ သင်္ဘောဆိပ်မြို့ကြီးအဖြစ်ဖြင့် ပိုမို၍ထင်ရှားသည်။ အနောက်ဘက်ပြည်နယ်ဆယ့်တစ်နယ်မှ ထွက်ကုန်များဖြစ်သည့် သစ်သီး၊ ဂျုံစပါး၊ ဓာတ်သတ္တု နှင့် ရေနံတို့ကို ထိုမြို့ကြီးမှ တစ်ဆင့် နိုင်ငံခြားသို့တင်ပို့ရ၏။

ယခု ဆန်ဖရန်စစ္စကိုမြို့၏နေရာတွင် ခရစ် ၁၇၇၆ ခုနှစ် မှစ၍ ပထမဆုံး လာရောက်နေထိုင်ကြသူများမှာ စပိန်စစ်သား များနှင့် ခရစ်ယန်ဘုန်းကြီးများဖြစ်ကြသည်။ ထိုသူတို့သည် ဆန်ဖရန်စစ္စကိုပင်လယ်အော်ကို ၁၇၆၉ ခုနှစ်တွင် အမှတ်မဲ့ သွားရောက်တွေ့ရှိသူများဖြစ်၏။ ထိုသူတို့နောက်ရောက်လာ သူများကား ဗော်စတန်မြို့မှ ရေလမ်းဖြင့်ရောက်လာကြသော အမေရိကန်ကုန်သည်များနှင့် အလာစကာပြည်နယ်ဖက်မှ ရုရှလူမျိုးများ ဖြစ်လေသည်။ ယခုဆန်ဖရန်စစ္စကိုမြို့တည်ရှိရာ ဒေသတစ်ဝိုက်ကို ၁၈၂၁ ခုနှစ်တွင် စပိန်လက်မှ မက္ကဆီကို နိုင်ငံသစ်က ပြောင်းလွှဲဆက်ခံယူလိုက်၏။ ၁၈၄၆ ခုနှစ်တွင် ထိုဒေသကို အမေရိကန်ပြည်ထောင်စု ရေတပ်များက သိမ်း ပိုက်လိုက်ပြီးလျှင်၊ မြို့၏အမည်ကို ၁၈၄၇ ခုနှစ်တွင် ဆန်ဖရန် စစ္စကိုမြို့ဟု အမည်ပြောင်း၍ တွင်စေခဲ့၏။ ၁၈၄၉ ခုနှစ်တွင် ဆန်ဖရန်စစ္စကိုမြို့အနီး၌ ရွှေတွေ့သည့်သတင်းကြောင့် လူပေါင်း များစွာ ထိုမြို့နယ်တွင်းသို့ ရောက်လာကြလေသည်။ ထိုနောက် တွင်ကား မြို့ကြီးမှာ အရောင်းအဝယ်ဖြင့်များစွာ သာယာစည် ကားလာခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ အရှေ့ဘက် အတ္တလန္တိတ်ကမ်းခြေမှ အနောက်ဘက် ပစိဖိတ်ကမ်းခြေအထိ၊ မြောက်အမေရိကတိုက်ကို ကန့်လန့်ဖြတ်၍ ပထမဦးဆုံး ဖေါက် လုပ်ခဲ့သော မီးရထားလမ်းကို ၁၈၆၉ ခုနှစ်တွင် ဆန်ဖရန် စစ္စကိုမြို့၌ လမ်းဆုံးသတ်ခဲ့သည်။

ဆန်ဖရန်စစ္စကိုမြို့သည်ကား ငလျင်လှုပ်တတ်သော ဒေသ တွင် ကျရောက်လျက်ရှိ၏။ ထိုကြောင့် လွန်ခဲ့သည့်အနှစ်တစ်ရာ အတွင်း ထိုမြို့ကြီးမှာ ငလျင်ခုနစ်ကြိမ်မျှ မိခဲ့၍ ပျက်စီးခဲ့သည်။ ၁၉ဝ၆ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က ငလျင်မှာ အကြီးအကျယ် ဆုံးဖြစ်၍၊ ငလျင်ဒဏ်ကြောင့် သုံးရက်မျှဆင်၍ မီးလောင်ပျက် စီးခဲ့၏။ ထိုငလျင်ကြောင့် လူ ၄၅၂ ယောက် သေကြေ၍၊ အိုး အိမ်တိုက်တာများ အပျက်အစီးတန်ဖိုးမှာ ဒေါ်လာငွေ သန်း ၄ဝ ဖြစ်သည်။ သို့သော် ထိုမြို့သူမြို့သားတို့၏ စွမ်းရည်နှင့် ဇွဲသတ္တိ တို့ဖြင့် မြို့ကြီးကို ငလျင်မလှုပ် ခင်ကထက် ပိုမိုကောင်းမွန် အောင်ပင် ပြုပြင်လာနိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဆန်ဖရန်စစ္စကိုမြို့သည် အခြားပစိဖိတ် ကမ်းရိုးတန်းဖက်ရှိ အမေရိကန်မြို့များထက် စစ်ရေးတွင် ပိုမိုအရေးပါစွာ ပါဝင်ခဲ့သည်။ ထိုစဉ်က ဆန်ဖရန် စစ္စကိုမြို့သည် ကမ္ဘာပေါ်တွင် သင်္ဘောဆောက်လုပ်ရာ အကြီး ဆုံးသောဌာနဖြစ်သည့်အပြင် အမေရိကန်၏ အကြီးဆုံးရေတပ် စခန်းလည်း ဖြစ်ခဲ့လေသည်။ စစ်ဌာနအသီးသီးမှ စစ်သား ပေါင်း ထောင်ပေါင်းများစွာပင် ထိုမြို့အတွင်း၌သော်၎င်း၊ အနီး အနား၌သော်၎င်း၊ စခန်းချနေခဲ့ကြရ၏။

ဆန်ဖရန်စစ္စကိုမြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၄၄ ့ဝ၆ မိုင်မျှရှိ၍၊ ကုန်းပိုင်းရော ရေပိုင်းပါဆိုလျှင် စတုရန်း မိုင် ၉၃ မိုင်ရှိ၏။ လူဦးရေမှာ ၇၇၅၃၅၇ ယောက်ဖြစ်သည်။ မြို့အနေအထားလှပသည်။ ယင်းသို့လှပသော မြို့များမှာ ကမ္ဘာပေါ်တွင် အလွန်နည်းပါးသည်။ ထိုမြို့ကြီးနှင့် တစ်ဘက် ကမ်းရှိ ဆင်ခြေဖုံးရပ်များသို့ ကူးသန်းသွားလာရန် ထင်ရှား သောတံတားကြီး နှစ်ခုရှိသည်။ ယင်းတို့မှာ 'ရွှေတံခါးပေါက်' ရေလက်ကြားကိုဖြတ်၍ ဆောက်လုပ်ထားသော ပေ ၄၂ဝဝ မျှ ရှည်လျားသည့် 'ရွှေတံခါးပေါက် တံတား'ခေါ် ကြိုးတံတားကြီး နှင့် ဆန်ဖရန်စစ္စကိုမြို့နှင့် အရှေ့ဘက်ရှိ အုတ်ကလန်မြို့ကို ဆက်သွယ်ထားသော ပေ ၄ဝဝဝ ကျော်ရှည်လျားသည့် တံတား ကြီးဖြစ်လေသည်။

ဆန်ဖရန်စစ္စကိုမြို့မှတစ်ဆင့် နိုင်ငံခြားသို့တင်ပို့သော ကုန် များမှာ ဂျုံစသော ကောက်ပဲသီးနှံများ၊ ဂျုံမှုန့်၊ စည်သွတ်သစ် သီးများ၊ သစ်သီးခြောက် သစ်သီးစိုများ၊ ရွှေ၊ ငွေ၊ ဓာတ်ဆီ ရေနံဆီနှင့် ယင်းမှဘေးထွက် ပစ္စည်းများနှင့် ဝါဂွမ်းဖြစ်သည်။ ထိုမြို့မှတစ်ဆင့် နိုင်ငံအတွင်းသို့တင်သွင်းသော ကုန်များမှာ ကာဖီမှုန့်၊ လက်ဖက်ခြောက်၊ ပိုးထည်၊ ရော်ဗာ၊ သိုးမွေးနှင့် သကြားဖြစ်သည်။ မြို့ရှိ ကုန်ထုတ်လုပ်ငန်းများအနက်၊ အသား စည်သွတ်လုပ်ငန်း သကြားချက်လုပ်ငန်း၊ ကာဖီလှော်လုပ်ငန်း၊ ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်း၊ စာပုံနှိပ်နှင့် စာအုပ်ထုတ် ဝေရေး လုပ်ငန်းများနှင့် စက်မှုကရိယာ လုပ်ငန်းများသည်ကား ကြီးကျယ်မြောက်မြားလှပေသည်။ မြို့ရှိထင်ရှားသောတက္ကသိုလ် များမှာ ၁၈၅၅ ခုနှစ်က တည်ထောင်ခဲ့၍ ယောကျာ်းစာသင် သားများအတွက်သာဖြစ်သော ဆန်ဖရန်စစ္စကိုတက္ကသိုလ်၊ အမျိုး သမီးစာသင်သားများအတွက် ဆန်ဖရန်စစ္စကို အမျိုးသမီး ကောလိပ်ကျောင်းနှင့် ကျား၊ မနှစ်ဦးစလုံး သင်ကြားနိုင်သော ဆန်ဖရန်စစ္စကိုပြည်နယ်အစိုးရပိုင် ကောလိပ်ကျောင်းတို့ဖြစ် သည်။ ကာလီဖိုးနီးယား တက္ကသိုလ်၏ ဆေးကျောင်းကို ဆန်ဖရန်စစ္စကိုမြို့တွင် ထားရှိသည်။[၉] ၂၀၀၉ ခုနှစ်၏ ခန့်မှန်းချက်အရ လူဦးရေ ၈၁၃,၃၅၈ ဦးရှိကာ ဆန်ဖရန် စစ္စကို ကျွန်းဆွယ်ပေါ်တွင် ၄၆.၇ စတုရန်းမိုင် (၁၂၁ စတုရန်း ကီလိုမီတာ) အကျယ်အဝန်းမျှ နေရာယူထားသည်။ ဆန်ဖရန်စစ္စကိုသည် ဆန်ဖရန်စစ္စကို ပင်လယ်အော် ဒေသ၏ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာ ဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. San Francisco Examiner, April 3, 1918. Don't Call It Frisco. Judge Mogan Rebukes Angeleno for Using Slang in His Petition for Divorce. "No one refers to San Francisco by that title except people from Los Angeles."
  2. Although many residents still maintain that the nickname "Frisco" is taboo, many residents, especially younger and working-class natives, have kept the term alive and well. In any case, this is a matter of ongoing debate that reflects certain cultural divisions within The City. Sullivan, James. "Frisco, that once-verboten term for the city by the bay, is making a comeback among the young and hip. Herb Caen is spinning at warp speed.", Datebook, San Francisco: San Francisco Chronicle, October 14, 2003, p. D-1. Retrieved on June 12, 2008. 
  3. Some tourists refer to San Francisco as "Frisco." However, locals discourage this. Samuel D. Cohen writes that many credit "Friscophobia" to newspaper columnist Herb Caen, whose first book, published in 1953, was "Don't Call it Frisco" after a 1918 newspaper article of the same name. Caen was considered by many to be the recognized authority on what was, and what was not, beneath the city's dignity, and to him, Frisco was intolerable. Cohen, Sam (September 11, 1997). Locals Know best: only tourists call it 'Frisco'. Golden Gater Online. San Francisco State University. Retrieved on July 13, 2008
  4. San Francisco Public Library (March 29, 2005). PPIE: The City That Knows How. Amusing America. San Francisco Public Library, Online Exhibitions. Retrieved on June 14, 2008
  5. Caen, Herb (1949). Baghdad-by-the-Bay. Garden City, N.Y.: Doubleday. LC F869.S3 C12. ISBN 978-0891740476. OCLC 31060237. 
  6. YouTube (1939). The City. UnknownWW2InColor. UnknownWW2InColor (Ramano-Archives). Retrieved on June 5, 2009
  7. Incorporation Dates of California Cities. Retrieved on November 24, 2009
  8. Table 1. Annual Estimates of the Population of Metropolitan and Micropolitan Statistical Areas: April 1, 2000 to July 1, 2007 (XLS). US Census Bureau (March 27, 2008). Retrieved on June 11, 2008
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)