ဆွီဒင်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကင်းဒမ်းအော့ဖ်ဆွီဒင်
Flag of Sweden.svg Greater coat of arms of Sweden.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
EU-Sweden.svg
မြို့တော် စတော့ခ်ဟုမ်းမြို့
အကြီးဆုံးမြို့ စတော့ခ်ဟုမ်းမြို့
ဧရိယာ
  • ဧရိယာ - ၄၄၉,၉၆၄ km² (၁၇၃,၇၄၅ sq mi) (အဆင့်: ၅၇)
  • ရေဖုံးလွှမ်းမှု - ၈.၇%
စံတော်ချိန်ဇုန် UTC + ၁
လူနေမှု
ရုံးသုံးဘာသာများ ဆွီဒင်ဘာသာ
လူဦးရေ
  • လူဦးရေ - ၉,၃၅၄,၄၆၂ (၂၀၀၉) (အဆင့် - [[လူဦးရေနိုင်ငံများစာရင်း|]])
  • လူဦးရေသိပ်သည်းမှု - ၂၀.၆/km²(၅၃.၃/sq mi) (အဆင့် - ၁၉၂)
လူမျိုးများ ဆွီဒစ်ရှ်(၈၁.၉%)ဖင်လန်(၅%ခန့်)အခြား (၁၃%ခန့်)
နိုင်ငံရေး
အမျိုးအစား ပါလီမန်ဒီမိုကရေစီနှင့် စည်းမျဉ်းခံ ဘုရင်စနစ်
အစိုးရခေါင်းဆောင်များ
  • ဘုရင် - ကားလ် ၁၆ ဂူစတဖ်
  • ဝန်ကြီးချုပ် - Fredrik Reinfeldt
ထူထောင်မှု
  • -
စီးပွားရေး
GDP(PPP) US $ ၃၃၇.၈၉၃ ဘီလီယံ (အဆင့် - )
GDP(PPP) US $ ၃၆,၅၀၂ (အဆင့် - )
HDI ၀.၈၈၅ (မြင့်) (အဆင့် - ၉)
ငွေ ဆွီဒစ်ရှ် ကရိုနာ (SEK)
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 SE
CCLTD .se
Calling code +၄၆

ဆွီဒင်နိုင်ငံ (တရားဝင် အခေါ်အားဖြင့် ကင်းဒမ်းအော့ဖ် ဆွီဒင်) သည် မြောက်ဥရောပရှိ စကင်ဒီနေးဗီးယန်း ကျွန်းဆွယ်တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဆွီဒင်နိုင်ငံသည် နော်ဝေနိုင်ငံဖင်လန်နိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိပြီး ဒိန်းမတ်နိုင်ငံနှင့် အိုရီဆန် ရေလက်ကြားမှ တဆင့် တံတားဖြင့် ဆက်သွယ်ထားသည်။

၄၅၀,၂၉၅ စတုရန်း ကီလိုမီတာ (၁၇၃,၈၆၀ စတုရန်းမိုင်) ရှိသဖြင့် ဆွီဒင်သည် ဥရောပ သမဂ္ဂ တွင် ဧရိယာ အနေဖြင့် တတိယ အကြီးဆုံး နိုင်ငံ ဖြစ်ပြီး လူဦးရေ ၉.၄ သန်း ရှိသည်။ ဆွီဒင်တွင် လူဦးရေ သိပ်သည်းမှု လျော့နည်းပြီး စတုရန်း ကီလိုမီတာ တစ်ကီလိုမီတာတွင် ၂၁ ယောက် ( ၁ စတုရန်းမိုင်လျှင် ၅၄ ယောက်) မျှသာ နေထိုင်သည်။ လူဦးရေ သိပ်သည်းမှုသည် နိုင်ငံ၏ တောင်ပိုင်း တစ်ြခမ်းတွင် ပို၍ များသည်။ ၈၅ ရာခိုင်နှုန်းသော သူတို့သည် မြို့ပြဒေသတွင် နေထိုင်ကြသည်။ ဆွီဒင်၏ မြို့တော် ဖြစ်သော စတော့ဟုမ်းမြို့တွင် လူဦးရေ ၁.၃ သန်းမျှ ရှိပြီး ဆွီဒင်၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။

ဆွီဒင်နိုင်ငံသည် လွတ်လပ်ပြီး စည်းလုံးသော နိုင်ငံအဖြစ် အလယ်ခေတ် ကတည်းက ပေါ်ပေါက်လာခဲ့သည်။ ၁၇ ရာစု အတွင်းတွင် ဆွီဒစ်ရှ် အင်ပိုင်ယာကို ထူထောင်ရန် အတွက် နိုင်ငံ၏ နယ်နိမိတ်ကို ချဲ့ထွင်ခဲ့သည်။ အင်ပိုင်ယာသည် ဥရောပတွင် တန်ခိုးကြီးထွားသော အင်ပိုင်ယာတစ်ခု အဖြစ် ၁၇ ရာစု အတွင်းနှင့် ၁၈ ရာစု အစောပိုင်းတို့တွင် ကြီးထွားလာခဲ့သည်။ ၁၈ ရာစုနှင့် ၁၉ ရာစု အတွင်းတွင် စကင်ဒီနေးဗီးယန်း ကျွန်းဆွယ်ပြင်ပတွင် သိမ်းပိုက်ထားသော နယ်မြေ အများအပြားကို လက်လွတ် ဆုံးရှုံးခဲ့ရသည်။ ယနေ့ခေတ် ဖင်လန်နိုင်ငံ ဖြစ်သော ဆွီဒင်နိုင်ငံ အရှေ့ပိုင်းကို ၁၈၀၉ တွင် ရုရှားတို့ထံသို့ ဆုံးရှုံးခဲ့ရသည်။ ဆွီဒင်အနေနှင့် နောက်ဆုံးပါဝင် ပတ်သက်ခဲ့သော စစ်ပွဲမှာ ၁၈၁၄ ခုနှစ်တွင် ဖြစ်ပြီး ဆွီဒင် အနေနှင့် စစ်အင်အားကို အသုံးပြု၍ နော်ဝေကို ပြည်ထောင်စု အဖြစ် သွတ်သွင်းခဲ့သည်။ ထိုအချိန်မှ စ၍ ဆွီဒင်သည် ငြိမ်းချမ်းသော နိုင်ငံ ဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေး ကာလတွင် ဘက်မလိုက် ဝါဒကို ကျင့်သုံးပြီး စစ်ပွဲကာလတွင် မည်သူ့ဘက်မှ မပါဝင်ဘဲ နေခဲ့သည်။ ဆွီဒင်သည် ၁၉၉၅ ဇန်နဝါရီ ၁ ရက်မှ စ၍ ဥရောပသမဂ္ဂ ၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး OECD အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ လည်း ဖြစ်သည်။

ယနေ့ခေတ် ကာလတွင် ဆွီဒင်သည် စည်းမျဉ်းခံ ဘုရင်စနစ်နှင့် ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး အလွန် တိုးတက်သော စီးပွားရေး အခြေအနေ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး ဒီမိုကရေစီ ကိန်းညွှန်းတွင် စတုတ္တနေရာ အဆင့်သတ်မှတ်ခြင်း ခံခဲ့ရပြီး ကုလသမဂ္ဂ၏ လူထုဖွံ့ဖြိုးမှု ကိန်းညွှန်းတွင် နံပါတ် ၉ အဆင့် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၂၀၁၀ တွင် ဆွီဒင်သည် ဥရောပ သမဂ္ဂအတွင်း အဆင့်အမြင့်ဆုံး တီထွင်ထုတ်လုပ်နိုင်မှု နှင့် အမြန်ဆုံး စီးပွားရေး တိုးတက်မှု တို့ ရှိခဲ့သည်။ ကမ္ဘာ့ စီးပွားရေး ဖိုရမ်က ဆွီဒင်အား ကမ္ဘာပေါ်တွင် ဒုတိယမြောက် ပြိုင်ဆိုင်မှု အကောင်းဆုံး နိုင်ငံ အဖြစ် သတ်မှတ်ခဲ့သည်။ ဆွီဒင်သည် အချို့သော နယ်ပယ်များတွင် စက်မှုနှင့် နည်းပညာဆိုင်ရာ ဦးဆောင်သူ အဖြစ် သတ်မှတ်ခြင်း ခံရသည်။



ဂေါ့သလူမျိုးတို့၏ နေရပ်[ပြင်​ဆင်​ရန်​]

ဆွီဒင်နိုင်ငံတွင် ဘုရင့်အစိုးရစနစ်ဖြင့် အုပ်ချုပ်လျက်ရှိသော် လည်း၊ ပြည်သူတို့၏ အကျိုးစီးပွားကို ပြုစုသော အုပ်ချုပ်ရေး သာလျှင် ဖြစ်ပေသည်။ ဆွီဒင်နိုင်ငံသည် ငြိမ်းချမ်းရေးကို မြတ် နိုးသဖြင့် နှစ်ပေါင်းတစ်ရာကျော်မျှ ဧချမ်းသာယာလျက်ရှိခဲ့ သည်။ လွန်ခဲ့သောကမ္ဘာ စစ်ကြီးများတွင်လည်း ကြားနေခဲ့ သည်။ သယံဇာတပစ္စည်းကြွယ်၍ စက်မှုလုပ်ငန်း၌ တိုးတက် လျက်ရှိသည်။ ဆွီဒင်နိုင်ငံတွင် လင်းနီးယပ်၊ အဲလဖရက် နိုဗဲ စသော ကမ္ဘာကျော်သိပ္ပံပညာရှင်များ ပေါ်ထွန်းခဲ့သည်။

ဆွီဒင်နိုင်ငံ။ ။ စကန်ဒီနေးဗီးယား ကျွန်းဆွယ်ကြီး အရှေ့ပိုင်းတစ်ခုလုံးကို ဖြန့်၍၊ ဥရောပတိုက်မြောက်ဘက်ဖျား၌ တည်ရှိသော တိုင်းပြည် သည်ကား ဆွီဒင်နိုင်ငံပင်ဖြစ်သည်။ တိုင်းပြည်၏ မြောက်ဘက် ဖျားအရပ်များ၌ နွေရာသီတွင် နေသည် တစ်လတိုင်တိုင် မဝင် ဘဲရှိတတ်သည်။ ဆောင်းအခါတွင်ကား နေသည် မိုးကုပ်စက် ဝိုင်းအထက်မှ တစ်လလုံးလုံး မတက်ချေ။ ဆွီဒင်နိုင်ငံရှိ အခြား အရပ်များ၌ နွေရာသီတွင် တစ်နေ့လျှင် ၂ နာရီ၊ ၃ နာရီခန့်မျှ သာမှောင်၍၊ ဆောင်ရာသီ၌မူ တစ်နေ့လျှင် ၂ နာရီ၊ ၃ နာရီမျှ သာ အလင်းရောင်ရရှိလေသည်။


အနောက်ဘက်တွင် နော်ဝေးနိုင်ငံရှိသည်။ နော်ဝေးနယ်စပ် တွင်ရှိသော တောင်ကုန်မြင့်သည် အရှေ့ဘက်သို့ မတ်စောက်နိမ့် ဆင်း၍၊ တောင်ဘက်သို့ ခပ်ပြေပြေဆင်းသွား၏။


တိုင်းပြည်၏ အရှေ့ဘက်နယ်စပ်မှာ ဗော့သနီးယား ပင်လယ်ကွေ့နှင့် ထိစပ်လျက်ရှိသဖြင့် ထိုနေရာ၌လည်း မြေသည်နိမ့်၍၊ သဲဆန်သောညွန်ပျောင်းများရှိသည်။ ပင်လယ် ကမ်းရိုးတန်းမှာ တောင်ဘက်သို့ ရောက်လေလေ၊ ကျောက် ထူထပ်လေလေ ဖြစ်သည်။ ဗောလတစ်ပင်လယ်ကမ်းခြေ၌မူ ကျောက်ဆောင်နှင့်ကျွန်းငယ်ကလေးများသည်ပြည့်နှက်လျက် ရှိ၏။ အကြီးဆုံးကျွန်းများမှာအရှေ့တောင်ကမ်းရိုးတန်းအနီးရှိ အာလန်ကျွန်းနှင့် ဂေါ့တလန်ကျွန်းများဖြစ်သည်။ပင်လယ်ကမ်း ရိုးတန်းမှာ မိုင်ပေါင်း ၁၄ဝဝ ကျော်ရှည်၍၊ သင်္ဘောဆိပ် ကောင်းများစွာရှိ လေသည်။

ဆွီဒင်နိုင်ငံကို နော်လန်၊ ဆွီအာလန်နှင့် ယတ်တလန်ဟူ၍ နယ်ကြီး ၃ နယ်ခွာဲထား၏။ နော်လန်နယ်ကား ဆွီဒင်နိုင်ငံ မြောက်ပိုင်းဖြစ်၍ တောရိုင်းများ၊ တောင်များအထူထပ်ဆုံးနေရာ ဖြစ်သည်။ လက်လူမျိုးများနေထိုင်ရာ ဒေသဖြစ်ပြီးလျှင် တော ရိုင်းများထဲ၌ ကီးရူးနဗာရခေါ် တောင်တန်းရှိရာ၊ ထိုတောင်မှ အလွန်ကောင်းသော သံရိုင်းများကို တူးဖော်ရရှိလေသည်။ ထို သံရိုင်းများကို နော်ဝေးနိုင်ငံ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းခြေ ဖက်ရှိ နားဗစ်မြို့သို့ လျှပ်စစ်မီးရထားဖြင့် တင်ပို့ပြီးနောက် နိုင်ငံခြားများသို့ တင်ပို့လေသည်။ ဆွီဒင်အာလန်နယ်မှာ ဆွီဒင်နိုင်ငံ အလယ်ပိုင်းတွင်ရှိ၍၊ တိုင်းပြည်၏ ဗဟိုအချက်အခြာဖြစ်သည်။ အင်းအိုင်ကြီးများနှင့် ထင်းရူးတောကြီးများရှိသည်။ စိမ်းလန်းစိုပြေသော လယ်ခင်းနှင့် လူနေအိမ်ခြေ စည်ကားသော မြို့ကြီးများလည်း ရှိ၏။ ထိုနယ်၌ ပင် လူဦးရေ ၇၇ဝဝဝဝ ကျော်ရှိသော ဆွီဒင်မြို့တော် စတော့ ဟုမ်းမြို့ ရှိ၏။


ထိုမြို့တော်၏ မြောက်ဘက် တွင် ရှေးအခါက ဆွီဒင်ဘုရင်ကြီးများ စံရာမြို့ဖြစ်၍၊ ယခုအခါ တက္ကသိုလ်မြို့ကြီးဖြစ်သော အပ်ဆားလားမြို့တည်ရှိ၏။ ဤနယ် မှာ ဆွီဒင်နိုင်ငံတွင် သံ၊ ကြေးနီ အစရှိသော သတ္တုများထွက် ရာ အချက်အခြာဒေသဖြစ်သည်။

ယတ်တလန်နယ်သည်ကား၊ ရှေးအခါက ဂေါ့သလူမျိုး တို့၏ အရပ်ဒေသဖြစ်သည်။ ထိုနယ်၏ ၄ ပုံ ၃ ပုံမျှသော မြေယာကို ထွန်ယက်လုပ်ကိုင်နိုင်ကြသဖြင့် ထိုနယ်သည် လယ် ယာကိုင်းကျွန်း အဖြစ်ထွန်းဆုံးဒေသဖြစ်၏။ ယတ်တလန်နယ် မှာ ပင်လယ် ၂ ခုကို မျက်နှာမူပြီးလျှင်၊ သင်္ဘောဆိပ်များစွာ ရှိသဖြင့် ထင်ရှားသော နယ်ကြီးတစ်နယ်ဖြစ်လေသည်။ ထိုနယ် ၌ရှိသော ယာ့တီဗောယီမြို့မှာ ဆွီဒင်နိုင်ငံတွင် ဒုတိယမြို့ကြီး ဖြစ်၍၊ အနောက်ဘက် ပင်လယ်ကမ်းခြေပေါ်၌ တည်ရှိသည်။ ထိုမြို့မှ သစ်၊ သံနှင့် သံမဏိများကို နိုင်ငံခြားသို့ ထုတ်ယူ တင်ပို့သည်။ အခြားမြို့ကြီးများမှာ ဟယ်လဆင်ဗောယီနှင့် မာလမိုစသော မြို့များဖြစ်သည်။ ဤတောင်ပိုင်းနယ်သည်ကား ဆွီဒင်နိုင်ငံတွင် လူဦးရေအထူထပ်ဆုံးဖြစ်သည်။ ယာ့တီဗောယီ မြို့နှင့် စတော့ဟုမ်းမြို့ကို တူးမြောင်းကြီးဖြင့် ဆက်သွယ်ထား ရာ၊ ထိုတူးမြောင်းသည် ကုန်စည်ကူးသန်းရောင်းဝယ်ရေး အတွက် အချက်အခြာလမ်းမကြီးပင် ဖြစ်လေသည်။

ဆွီဒင်နိုင်ငံတွင် သံရိုင်းအပြင် ကြေးနီ၊ ဘော်၊ သွပ်နှင့် ကန့်မှုန့်များလည်းထွက်၏။ တွင်းထွက်သတ္တုများကြွယ်ဝသဖြင့် တယ်လီဖုန်းကရိယာ၊ မီးပြတိုက်ကရိယာ၊ အင်ဂျင်စက်နှင့် လျှပ်စစ်ကရိယာ၊ ကြွေထည်နှင့် မှန်ပစ္စည်းများ၊ စက္ကူ၊ မီးခြစ်၊ အထည် စသောပစ္စည်းများ ထုတ်လုပ်သော စက်ရုံကြီးများ ရှိလေသည်။ သင်္ဘောဆောက်လုပ်ခြင်း လုပ်ငန်းမှာလည်း တိုး တက်လျက်ရှိသည်။ စက်မှုလုပ်ငန်းအတွက် ကျောက်မီးသွေး မရှိသဖြင့်၊ ရေအားသုံး လျှပ်စစ်ဓာတ်အားကို အသုံးပြုရ၏။ စက်မှုလုပ်ငန်းများ တိုးတက်လာသော်လည်း၊ လူဦးရေ တဝက်နီးပါးမှာ လယ်ယာလုပ်ကိုင်ကြ၏။ အာလူးနှင့်သကြား မုန်လာကို အကြီးအကျယ် စိုက်ပျိုးကြပြီးလျှင်၊ သကြားမုန်လာ ဥမှ သကြားချက်လုပ်သော လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင် ကြသည်။ ကျွဲနွားများ မွေးမြူ၍၊ ထောပတ်နှင့် ဒိန်ခဲကို ဂရိတ် ဗြိတိန်နှင့် အခြားနိုင်ငံမျာသို့ တင်ပို့၏။ တိုင်းပြည်တစ်ပြည်လုံး ၏ ထက်ဝက်ကျော်ကျော်မျှသောမြေမှာ သစ်တောများ ဖုံးအုပ် လျက်ရှိသဖြင့်၊ ဆွီဒင်နိုင်ငံ၏ သစ်လုပ်ငန်းမှာ အတော်ပင်ကြီး ကျယ်သည်။ သစ်တောထွက် ပစ္စည်းများဖြစ်သော သစ်၊ သစ် ပျော့ဖတ်၊ စက္ကူ၊ ပိုးတု၊ အိမ်ထောင်ပရိဘောဂ၊ မီးခြစ် စသည် တို့ကို နိုင်ငံခြားသို့ အမြောက်အမြားတင်ပို့သည်။ သစ်တော များ ပြန်လည်ထူထောင်ရေးကိစ္စကိုလည်း အစိုးရက ဂရုစိုက် ဆောင်ရွက်လျက်ရှိရာ၊ ပေါက်သော သစ်ပင်ဦးရေကိုကြည့်၍ သစ်သုံးစွဲရေးကိုပင် ကန့်သတ်ထားလေသည်။

ဆွီဒင်လူမျိုးများသည် ယဉ်ကျေးမှုတွင် အထက်တန်းကျ သော လူမျိုးတစ်မျိုးဖြစ်ရာ၊ ပညာရေးကို အထူးဂရုစိုက်လေ သည်။ အသက် ၇ နှစ်နှင့် ၁၄ နှစ်အကြားရှိ ကလေးသူငယ် များအား ပညာအခမဲ့ မသင်မနေရ ဥပဒေထုတ်ထား၏။ စတော့ဟုမ်းမြို့နှင့် ယာ့တီဗောယီမြို့များတွင် အပ်ဆားလားမြို့ မှာကဲ့သို့ တက္ကသိုလ်ကျောင်းများရှိ၏။ ဆွိဒင်လူမျိုးများမှာ သိပ္ပံပညာဖက်တွင် အထူးဝါသနာ ထုံ၍၊ ဆွီဒင်နိုင်ငံမှ လင်းနီးယပ်နှင့် အဲလဖရက် နိုဗဲတို့ကဲ့သို့ နာမည်ကျော် သိပ္ပံပညာရှင်များ ထွန်းကားပေါ်ထွက်ခဲ့၏။ အဲလဖရက် နိုဗဲဆိုသူ ပုဂ္ဂိုလ်ကြီးကား အခြားမဟုတ်၊ ပညာ အရပ်ရပ်၌ အထူးတလည် ထူးချွန်သောပုဂ္ဂိုလ်များကို ရွေးချယ် ၍ နိုဗဲဆုများချီးမြှင့်ရန် အမွေဥစ္စာ အမြောက်အမြားထားခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။

ဆွီဒင်နိုင်ငံတွင် အသက် ၂၃ နှစ်မှ ကျော်သောယောကျာ်း မိန်းမများ မဲဆန္ဒပေး ခွင့်ရှိ၏။ ၁၉၁၄ ခုနှစ်ကစ၍ တိုင်းပြည်တွင် အရက်သေစာကို ကန့်သတ်၍ ရောင်းချရလေသည်။

ဆွီဒင်နိုင်ငံသည် ၁၃၉၇ ခုနှစ်က နော်ဝေး၊ ဒိန်းမတ်တို့ နှင့်ပူးပေါင်းခဲ့၏။ ထိုနောက် ၁၅၂၄ ခုနှစ်တွင် ဂပ်စတားဗပ် ဗာဆာဆိုသူ ခေါင်းဆောင်ကာ ဒိန်းလူမျိုးတို့ကို ပုန်ကန်၍ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်လာ လေသည်။ ၁၇ ရာစုနှစ် အစလောက်တွင် တန်ခိုးကြီးသော ဥရောပနိုင်ငံကြီး တစ်နိုင်ငံ ဖြစ်လာသည်။ နှစ်သုံးဆယ်စစ်ပွဲတွင် ဂျာမနီနိုင်ငံဖက်မှနယ်မြေ များကို သိမ်းယူခဲ့၏။ သို့ရာတွင် ၁၇ဝ၉ ခုနှစ်၌ ၁၂ ဆက် မြောက် ချားဘုရင်သည် ရုရှားနိုင်ငံတောင်ပိုင်း၌ ပီတာဘုရင် ကြီးနှင့်တိုက်ခိုက်ရာ စစ်ရေးရှုံးနိမ့်ပြီးလျှင် ဆွီဒင်နိုင်ငံမှာ တန်ခိုးမှေးမှိန်သွား၏။ ဆွီဒင်ပိုင်နယ်ပယ်များလည်း တစ်ဖြည်း ဖြည်း ဆုံးရှုံးသွားတော့၏။ ၁၈ဝ၇-၉ ခုနှစ်တွင် ရုရှနှင့်စစ်ဖြစ် ၍ အရေးရှုံးနိမ့်ရာ ဖင်းလန်နယ်ကို ရုရှနိုင်ငံသို့ ပေးအပ်လိုက်ရ ၏။ သို့ရာတွင် တစ်ဘက်မှ နော်ဝေးနိုင်ငံကို ဆွီဒင်နိုင်ငံနှင့် ပေါင်း၍ အုပ်ချုပ်နိုင်ခဲ့လေသည်။ သို့သော် ၁၉ဝ၅ ခုနှစ်တွင် နော်ဝေးသည် ဆွီဒင်နှင့်ခွဲထွက်၍ မိမိတို့ကြိုက်နှစ်သက်သူကို ဘုရင်အဖြစ်တင်မြေ|ာက်၏။ ဆွီဒင်နိုင်ငံသည် ကမ္ဘာစစ်ကြီးများ အတွင်းတွင် ကြားနေနိုင်ငံအဖြစ် တည်ရှိခဲ့လေသည်။ စတုရန်းမိုင် ၁၇၃၄၃၆ မိုင် ကျယ်ဝန်း၍ လူဦးရေ ၇၁၉၂၃၁၆ ယောက် (၁၉၅၃ ခုနှစ်) ရှိသည်။ ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လက်လူမျိုးများ နေထိုင်၍ ငါးဖမ်းခြင်း၊ အမဲ လိုက်ခြင်းအလုပ်များဖြင့် အသက်မွေးမြူကာ အိုးခြေအိမ်ခြေ အတည်တကျမရှိဘဲ၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းနေ ထိုင်လေ့ရှိကြသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)