လော့စ်အိန်ဂျယ်လိစ်မြို့

From Wikipedia

လော့အိန်ဂျယ်လိစ်
—  မြို့တော်  —
City of Los Angeles
ပုံများ အထက်မှစ၍ (ဝဲမှယာ) : ဆောင်းရာသီမှ ကောင်းကင်နောက်ခံ လော့အိန်ဂျယ်လိစ် ၊ Venice ကမ်းခြေ၊ Griffith Observatory၊ ဟောလီးဝုဒ် အမှတ်အသား
ပုံများ အထက်မှစ၍ (ဝဲမှယာ) : ဆောင်းရာသီမှ ကောင်းကင်နောက်ခံ လော့အိန်ဂျယ်လိစ် ၊ Venice ကမ်းခြေ၊ Griffith Observatory၊ ဟောလီးဝုဒ် အမှတ်အသား
Flag of လော့အိန်ဂျယ်လိစ်
Flag
Official seal of လော့အိန်ဂျယ်လိစ်
Seal
အခြားအမည်များ -L.A., The City of Angels, The Big Orange, The Entertainment Capital of the World
ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းမှ လော့စ်အိန်ဂျယ်လိစ် ကောင်တီ၏ နေရာပြပုံ
ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းမှ လော့စ်အိန်ဂျယ်လိစ် ကောင်တီ၏ နေရာပြပုံ
ပြည်နယ် ကယ်လီဖိုးနီးယား
ကောင်တီ လော့စ်အိန်ဂျယ်လိစ် ကောင်တီ
Settled September 4, 1781
Incorporated April 4, 1850
အုပ်ချုပ်ရေး
 - Type မြို့တော်ဝန် ကောင်ဆယ်လ်
 - မြို့တော်ဝန် Antonio Villaraigosa
 - မြို့တော် ရှေ့နေ Rocky Delgadillo
 - အုပ်ချုပ်သည့်အဖွဲ့အစည်း City Council
ဧရိယာ
 - မြို့တော် ၄၉၈.၃ sq mi (၁၂၉၀.၆ km²)
 - ကုန်းမြေ ၄၆၉.၁ sq mi (၁၂၁၄.၉ km²)
 - ရေထု ၂၉.၂ sq mi (၇၅.၇ km²)  5.8%
 - မြို့ပြ ၁၆၆၇.၉ sq mi (၄၃၁၉.၉ km²)
ပင်လယ်ရေမျက်နှာပြင်ထက်အမြင့် ၂၃၃ (city hall) ft (၇၁ m)
လူဦးရေ (2006)
 - မြို့တော် ၃,၈၄၉,၃၇၈ (၂nd U.S., ၄၅th World)
 - လူဦးရေသိပ်သည်းမှု ၈၂၀၅/sq mi (၃၁၆၈/km²)
 - မြို့ပြ ၁၂,၈၇၅,၅၈၇
 - Metro ၁၇,၇၅၅,၃၂၂
 - Demonym Angeleno
Time zone ပစိဖိတ်ဒေသ စံတော်ချိန် (UTC-၈)
 - Summer (DST) PDT (UTC-7)
ZIP code 90001-90068, 90070-90084, 90086-90089, 90091, 90093-90097, 90099, 90101-90103, 90174, 90185, 90189
ဒေသဆိုင်ရာ တယ်လီဖုန်းကုတ်ဒ် 213, 310, 323, 424, 661, 818
အင်တာနက်စာမျက်နှာ: lacity.org

လော့အိန်ဂျယ်လိစ် (IPA: /lɑˈsændʒələs/, စပိန်ဘာသာစကားဖြင့် IPA: /los ˈaŋxeles/ ) သည် ကယ်လီဖိုးနီးယား ပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ အမြဲမကြာခဏ ဆိုသလိုပင် အတိုကောက် L.A ဟု ခေါ်ဆိုလေ့ရှိကြပြီး နတ်သမီးတို့၏မြို့တော် ဟုလည်း ခေါ်ဆိုလေ့ရှိသည်။ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃.၈ သန်းခန့်ရှိပြီး ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ၄၉၈.၃ စတုရန်းမိုင် (၁၂၉၀.၆ စတုရန်းကီလိုမီတာ) အကျယ်အဝန်းဖြင့် ဖြန့်ကျက်ထားသည်။ ထိုမျှသာမက လော့အိန်ဂျယ်လိစ် မြို့ပြဧရိယာတွင် နေထိုင်သူ စုစုပေါင်း ၁၂.၉ သန်းခန့်ရှိသည်။ ထိုသူများမှာ ကမ္ဘာအရပ်ရပ်မှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး ဘာသာစကား ၂၂၄ မျိုးကို ပြောဆိုကြသည်။ လော့စ်အိန်ဂျယ်လိစ်သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအများဆုံးနှင့် ယဥ်ကျေးမှု အမျိုးအစား အစုံဆုံး ကောင်တီတစ်ခုဖြစ်သည့် လော့စ်အိန်ဂျယ်လိစ်ကောင်တီ၏ အုပ်ချုပ်ရေးမြို့ဖြစ်သည်။ လော့အိန်ဂျယ်လိစ်တွင် နေထိုင်သူများကို အိန်ဂျယ်လီနို (English: "Angelenos" IPA: /ændʒəˈlinoʊz/) ဟု ခေါ်ဝေါ်ကြသည်။