| ကင်းဒမ်းအော့ဖ်နော်ဝေ |
| Kongeriket Noreg |
|
|
| နိုင်ငံတော်သီချင်း - မရှိ |
ပထဝီ
|
 |
| မြို့တော် |
အော့စလိုမြို့ |
ဧရိယာ
- ဧရိယာ - ၃၈၅,၂၅၂ (အဆင့်: )
- ရေဖုံးလွှမ်းမှု - ၇.၀%
|
| စံတော်ချိန်ဇုန် |
UTC ဂရင်းနစ် +၁ |
| လူနေမှု |
| လူဦးရေ
|
| နိုင်ငံရေး |
အစိုးရခေါင်းဆောင်များ
- ဘုရင် - ဟာရဲလ် ၅
- ဝန်ကြီ:ချုပ် - ဂျန် စတိုလ်တန် ဘဂ်
|
| ထူထောင်မှု
|
| စီးပွားရေး |
| GDP(PPP) |
၂၅၉.၀၉၄ ဘီလီယံ (အဆင့် - ) |
| GDP(PPP) |
အမေရိကန်ဒေါ်လာ ၅၂,၉၆၄.၂၈၀ (အဆင့် - ) |
| ငွေ |
နော်ဝေ ကရုမ်း |
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ |
| CCLTD |
.no |
| Calling code |
+၄၇ |
နော်ဝေနိုင်ငံ (တရားဝင် အခေါ် ကင်းဒမ်းအော့ဖ် နော်ဝေ) သည် မြောက်ဥရောပတွင် ရှိသော နော်ဒစ်တိုင်းပြည်တစ်ခုဖြစ်ပြီး စကင်ဒီနေဗီးယား ကျွန်းဆွယ်၏ အနောက်ဘက်ပိုင်း နှင့် ဂျန်မေယန် (Jan Mayen) ဟုခေါ်သော အာတိတ် ကျွန်းစုများထဲမှ Svalbard နှင့် Bouvet ကျွန်းများ တွင် တည်ရှိသည်။ နော်ဝေသည် အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၈,၇၄၇ (၃၈၅,၂၅၂ စတုရန်းကီလိုမီတာ) မျှ ရှိပြီး လူဦးရေ ၄.၉ သန်းရှိသည်။ ဥရောပတွင် ဒုတိယမြောက် လူဦးရေ အနည်းဆုံးတိုင်းပြည် ဖြစ်သည်။ နိုင်ငံ၏ ဧရိယာ အတော်များများမှာ အရှေ့ဘက်တွင် ဆွီဒင်နိုင်ငံ နှင့် ထိစပ်လျှက် ရှိပြီး မြောက်ဘက်တွင် ဖင်လန်နိုင်ငံ နှင့် တောင်ဘက်တွင် ရုရှားနိုင်ငံတို့ဖြင့် ထိစပ်လျှက် ရှိသည်။ တောင်ဘက်တွင် နော်ဝေနိုင်ငံသည် Skagerrak ရေလက်ကြားနှင့် ထိစပ်လျှက် ရှိသည်။ ထိုရေလက်ကြား၏ တစ်ဖက်ခြမ်းတွင် ဒိန်းမတ်နိုင်ငံ တည်ရှိသည်။ နော်ဝေနိုင်ငံ၏ မြို့တော်မှာ အော့စလိုမြို့ ဖြစ်သည်။