နယူးယောက်မြို့

Wikipedia မှ
(နယူးယောက် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နယူးယောက်မြို့
—  မြို့ပြ  —
City of New York
လက်ဝဲဘက် ထိပ်မှစ၍: မန်ဟက်တန်မြို့လယ်၊ ကုလသမဂ္ဂ ဋ္ဌာနချုပ်၊ လစ်ဘာတီ ရုပ်ထု၊ တိုင်းစကွဲယား၊ ကွင်းန်မှ ယူနီစဖီးယား၊ ဘရွတ်ကလင်တံတား၊ မန်ဟက်တန်အောက်ပိုင်းနှင့် စတိတ်အိုင်းလန်း ဖယ်ရီ
လက်ဝဲဘက် ထိပ်မှစ၍: မန်ဟက်တန်မြို့လယ်၊ ကုလသမဂ္ဂ ဋ္ဌာနချုပ်၊ လစ်ဘာတီ ရုပ်ထု၊ တိုင်းစကွဲယား၊ ကွင်းန်မှ ယူနီစဖီးယား၊ ဘရွတ်ကလင်တံတား၊ မန်ဟက်တန်အောက်ပိုင်းနှင့် စတိတ်အိုင်းလန်း ဖယ်ရီ
Flag of နယူးယောက်မြို့
Flag
Official seal of နယူးယောက်မြို့
Seal
Nickname(s):
ပန်းသီးကြီး, ဂိုသမ်,စကြာဝဠာ၏ အလယ်ဗဟို, မအိပ်သောမြို့
နယူးယောက်ပြည်နယ် အတွင်း တည်နေရာ
နယူးယောက်ပြည်နယ် အတွင်း တည်နေရာ
နယူးယောက်မြို့ is located in USA
နယူးယောက်မြို့
အမေရိကန်ပြည်ထောင်စု အတွင်း တည်နေရာ
Coordinates: 40°43′N 74°0′W / 40.717°N 74°W / 40.717; -74
နိုင်ငံ အမေရိကန်ပြည်ထောင်စု
ပြည်နယ် နယူးယောက်
ကောင်တီများ ဘရောင့်စ်
ကင်းစ်
နယူးယောက်
ကွင်းစ်
ရစ်ချ်မွန်
တည်ထောင်ခြင်း ၁၆၂၄
အစိုးရ
 - အမျိုးအစား မြို့တော်ဝန် ကောင်စီ
 - မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ်ဂ် (တသီးပုဂ္ဂလ) [၁]
ဧရိယာ
 - မြို့ပြ ၄၆၈.၉ sq mi (၁၂၁၄.၄ km²)
 - မြေ ၃၀၄.၈ sq mi (၇၈၉.၄ km²)
 - ရေ % ၁၆၅.၆ sq mi (၄၂၈.၈ km²)
 - ဆင်ခြေဖုံး ၃၃၅၂.၆ sq mi (၈၆၈၃.၂ km²)
 - မြို့ပြကြီး ၆၇၂၀ sq mi (၁၇၄၀၅ km²)
Elevation ၃၃ ft (၁၀ m)
လူဦးရေ (July 1, 2009)
 - မြို့ပြ ၈၃၉၁၈၈၁
 - သိပ်သည်းမှု ၂၇၅၃၂/sq mi (၁၀၆၃၀/km²)
 - ဆင်ခြေဖုံး ၁၈၂၂၃၅၆၇
 - Urban Density ၅၄၃၅.၇/sq mi (၂၀၉၈.၇/km²)
 - မြို့ပြကြီး ၁၉၀၀၆၇၉၈
 - Metro Density ၂၈၂၈.၄/sq mi (၁၀၉၂/km²)
 - Demonym New Yorker
အချိန်ဇုန် EST (UTC-5)
 - Summer (DST) EDT (UTC-4)
ZIP codes 100xx-104xx, 11004-05, 111xx-114xx, 116xx
Area code(s) 212, 718, 917, 347, 646
Website www.nyc.gov

နယူးယောက်မြို့ (New York City) သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးဖြစ်သည့် နယူးယောက် မက်ထရိုပိုလစ်တန် ဧရိယာ၏ ဗဟိုအချက်အချာဖြစ်သည်။ နယူးယောက်မြို့သည် ကမ္ဘာ့ စီးပွားရေး၊ ငွေရေးကြေးရေး၊ မီဒီယာ၊ ယဉ်ကျေးမှု၊ အနုပညာ၊ သုတေသန၊ ပညာရေးနှင့် ဖျော်ဖြေရေးနယ်ပယ်အပေါ် သိသာထင်ရှားသည့် လွှမ်းမိုးမှုရှိသည်။ ကုလသမဂ္ဂဌာနချုပ် တည်ရှိရာလည်း ဖြစ်သောကြောင့် အပြည်ပြည်ဆိုင်ရာ အရေးကိစ္စများ၏ အရေးပါသည့် အချက်အချာလည်းဖြစ်သည်။ နယူးယောက်မြို့တော်ကို နယူးယောက်ပြည်နယ်မှ ခွဲခြားနိုင်ရန်အတွက် နယူးယောက်စီးတီးဟု ခေါ်ဝေါ်လေ့ ရှိကြသည်။

အမေရိကန်ပြည်ထောင်စု၏ အရှေ့မြောက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ၏ သဘာဝ ဆိပ်ကမ်းပေါ်တွင် တည်ရှိသော နယူးယောက်မြို့တွင် ဘရောင့်စ်၊ ဘရွတ်ကလင်၊ မက်ဟက်တန်၊ ကွင်းစ် နှင့် စတိတ်အိုင်းလန်း ဟူသော ဒေသကြီး ၅ ခု ရှိသည်။ ၂၀၁၀ ခုနှစ် စာရင်း အရ ၃၀၅ စတုရန်းမိုင် (၇၉၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသော ဒေသတွင် လူဦးရေ ၈,၁၇၅,၁၃၃ ဦး နေထိုင်သည်။ နယူးယောက်သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ အသိပ်သည်းဆုံး မြို့ဖြစ်သည်။ ဘာသာစကား အမျိုးပေါင်း ၈၀၀ ကျော်ကို နယူးယောက်မြို့တွင် အသုံးပြုလျှက် ရှိပြီး ကမ္ဘာပေါ်ရှိ မြို့များတွင် ဘာသာစကား အမျိုးပေါင်း အများဆုံး အသုံးပြုသော မြို့ဖြစ်သည်။ နယူးယောက် မက်ထရိုပိုလစ်တန် ဧရိယာသည် အမေရိကန် ပြည်ထောင်စုတွင် စာရင်းအရ လူအများဆုံးဒေသဖြစ်ပြီး ၆၇၂၀ စတုရန်းမိုင် (၁၇,၄၀၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသော နေရာတွင် လူဦးရေ ၁၉.၁ သန်းနေထိုင်လျှက် ရှိကြသည်။

နယူးယောက်မြို့၏ အစမှာ ၁၆၂၄ ခုနှစ်တွင် ဒတ်ချ်ကိုလိုနီ ရှာဖွေသူတို့က နယူး အမ်စတာဒမ် အနေဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ မြို့တော်နှင့် မြို့တော်ပတ်ဝန်းကျင်သည် အင်္ဂလိပ်တို့၏ ထိန်းချုပ်မှုအောက်သို့ ၁၆၆၄တွင် ရောက်ရှိခဲ့ပြီးနောက် နယူးယောက်ဟု အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။ ချားလ် ၂ ဘုရင်က ထိုမြေကို သူ၏ ညီအစ်ကို တော်စပ်သူ ယောက် နယ်စားကြီးကို ပေးအပ် အပြီးတွင် ဖြစ်သည်။ နယူးယောက်သည် ၁၇၈၅ မှ ၁၇၉၀ အထိ အမေရိကန် ပြည်ထောင်စု၏ မြို့တော် ဖြစ်ခဲ့သည်။ ၁၇၉၀ မှစ၍ အမေရိကန် ပြည်ထောင်စုတွင် အကြီးဆုံး မြို့တစ်မြို့ အဖြစ် တည်ရှိနေခဲ့သည်။၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ရာစု အစောပိုင်းများတွင် ရွှေ့ပြောင်းနေထိုင်သူများ နယူးယောက်သို့ ရောက်ရှိလာချိန်တွင် လစ်ဘာတီ ရုပ်တုမှ နှုတ်ခွန်းဆက်သ နေသည့် ပမာပင် ဖြစ်သည်။

နယူးယောက်မြို့ရှိ ရပ်ကွက်များနှင့် အထိမ်းအမှတ် အဆောက်အဦးများကို အပြင်လူများက ကောင်းစွာ သိရှိကြသည်။ နယူးယောက် တိုင်းမ်စကွဲယားကို ကမ္ဘာ၏လမ်းဆုံ ဟု တင်စားခေါ်ဝေါ်ကြပြီး ဘရော့ဒ်ဝေး ဇာတ်ရုံ ရပ်ကွက်တွင် ရှိသော နေရာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးသော လူသွားလမ်းဆုံ တစ်ခု ဖြစ်ကာ ကမ္ဘာ့ဖျော်ဖြေရေး လုပ်ငန်းများ၏ အဓိက နေရာတစ်ခု ဖြစ်သည်။ နယူးယောက်မြို့တွင် ကမ္ဘာကျော် မိုးပျံတိုက်များ၊ တံတားများနှင့် ပန်းခြံများလည်း ရှိသည်။ နယူးယောက်မြို့တော်၏ ငွေကြေးရပ်ကွက်တွင် မက်ဟက်တန်အောက်ပိုင်းရှိ ဝေါလ်လမ်း အပါအဝင်ဖြစ်ပြီး ကမ္ဘာ့ငွေကြေး မြို့တော် အဖြစ် သတ်မှတ်ကြသည်။ ထိုနေရာတွင် ကမ္ဘာပေါ်တွင် အကြီးဆုံးစတော့ ဈေးကွက် ဖြစ်သော နယူးယောက် စတော့ဈေးကွက် (NYSE) တည်ရှိသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. the Mayor, New York City Office of (2010-01-08). Biography. New York, City of. Retrieved on 2010-01-08