ဘန်ကီမွန်း

ဝီကီပီးဒီးယား မှ
Ban Ki-moon
반기문
ဘန်ကီမွန်း (ဧပြီ ၂၀၁၅)
အဋ္ဌမမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
တာဝန်သက်တမ်း
၁ ဇန်နဝါရီ ၂၀၀၇ – ၃၁ ဒီဇင်ဘာ ၂၀၁၆
လက်ထောက်အာရှာရို့စ် မီဂျီရို
ဂျန် အီလီယာဆန်
ယခင်လူကိုဖီအန်နန်
ဆက်ခံသူအန်တိုနီရို ဂူတာရက်စ်
နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီး
တာဝန်သက်တမ်း
၁၇ ဇန်နဝါရီ ၂၀၀၄ – ၁ ဒီဇင်ဘာ ၂၀၀၆
သမ္မတRoh Moo-hyun
ဝန်ကြီးချုပ်Goh Kun
Lee Hae-chan
Han Duck-soo
Han Myeong-sook
ယခင်လူYoon Young-kwan
ဆက်ခံသူSong Min-soon
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1944-06-13) ၁၃ ဇွန်၊ ၁၉၄၄ (အသက် ၇၉)
အွန်နန်မြို့နယ်၊ အင်ဂျုံကောင်တီ၊ ချူဆိုင်ဟိုခုပြည်နယ်၊ ကိုရီးယားနိုင်ငံ[၁][၂]
(ယခု ဝမ်နမ်မြို့နယ်၊ ယွမ်ဆွမ်ခရိုင်၊ မြောက်ချန်ချွန်ပြည်နယ်၊ တောင်ကိုရီးယားနိုင်ငံ)
လူမျိုးတောင်ကိုရီးယားနိုင်ငံသား
ကြင်ဖော်(များ)Yoo Soon-taek
သားသမီး[၃]
မိခင်ကျောင်းဆိုးလ်အမျိုးသားတက္ကသိုလ် (ဘီအေ)
ဟားဗတ် တက္ကသိုလ် (အမ်ပီအေ)
လက်မှတ်

ဘန်ကီမွန်း သည် ကုလသမဂ္ဂ၏ ရှစ်ယောက်မြောက် အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ကိုဖီအန်နန် ထံမှ တာဝန်ကို လွှဲပြောင်းရယူခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်မထမ်းဆောင်မီ အချိန်က ဘန်ကီမွန်းသည် သံတမန် တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ တို့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ သူသည် တက္ကသိုလ်မှ ဘွဲ့ရသည့် နှစ်တွင်ပင် သံတမန်လောက သို့ ဝင်ရောက်ခဲ့ပြီး ပထမဆုံး တာဝန်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စတင်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်ကပင် သူသည် အရည်အချင်းရှိမှုနှင့် ရိုးရှင်းမှုတို့ကြောင့် နာမည်ကျော်ခဲ့သည်။

ဘန်ကီမွန်းသည် တောင်ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၄ ဇန်နဝါရီလမှ ၂၀၀၆ ဒီဇင်ဘာလ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ဖေဖော်ဝါရီလမှ စတင်၍ သူသည် အထွေထွေအတွင်းရေးမှူးချုပ်ရုံးအတွက် ကန်ပိန်းကို စတင်ခဲ့သည်။ အစပထမက ထိုရာထူးသည် သူ့အတွက် မဖြစ်နိုင်ဟု အများက တွက်ဆခဲ့ကြသည်။ သို့သော်လည်း သူသည် ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ အားလုံးသို့ ခရီးလှည့်လည် သွားနိုင်ခဲ့ပြီး သူ့အား ထိုရာထူး အတွက် ထိပ်ဆုံးမှ ပြေးသူ တစ်ဦးဖြစ်အောင် အလှည့်အပြောင်း လုပ်နိုင်ခဲ့သည်။ သူ့အား အများစုက ယုံကြည်ကိုးစားလောက်သော သူ အဖြစ် လက်ခံကြပြီး သူသည် လှိုက်လှိုက်လဲလဲ ပြုံးတတ်သော အပြုံးကြောင့် နာမည်ကျော်ကြားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. pg 493, "Local Administration, Chapter XXIV: Korea (Chōsen)," The Japan-Manchukuo Year Book 1938, Japan-Manchukuo Year Book Co., Kojimachi-ku, Tokyo
  2. Eumseong County: "The Birthplace of the UN Secretary-General Ban Ki-moon"
  3. Official U.N. biography။ United Nations။ 11 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-08-12 တွင် ပြန်စစ်ပြီး။