အောင်ကြီး၊ ဦး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဦးအောင်ကြီး
Aung Gyi
၁၆ ဖေဖါဝါရီ ၁၉၁၉ - ၂၅ အောက်တိုဘာ ၂၀၁၂(အသက် ၉၃)
အောင်ကြီး
အမျိုးသားဒီမိုကရေစီပါတီ
တည်ထောင်သူ
၁၆ ဒီဇင်ဘာ ၁၉၈၈ -
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ
၂၇ ဆက်တင်ဘာ ၁၉၈၈ - ၃ ဒီဇင်ဘာ ၁၉၈၈
မြည်ထောင်စု တော်လှန်ရေး ကောင်စီ အဖွဲ့
အဖွဲ့ဝင်
၂ မတ် ၁၉၆၂ - ၈ ဖေဖါဝါရီ ၁၉၆၃
ကိုယ်ရေး အချက်အလက်
မွေး​ရက် ၁၆ ဖေဖါဝါရီ ၁၉၁၉
မွေးရပ်ဇာတိ ပေါင်းတဲ၊ ဗြိတိသျှမြန်မာ
အလုပ်အကိုင် စစ်ဝန်ထမ်း၊ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းရှင်၊
ကြင်ဖော် မူမူသိန်း
သားသမီး လေးဦး
ကွယ်လွန်​ရက် ၂၅ အောက်တိုဘာ ၂၀၁၂(အသက် ၉၃)

ဦးအောင်ကြီးသည် စစ်ဝန်ထမ်း ဗိုလ်မှူးချုပ် (Brig. General ) -ကြည်း ၅၄၅၈ - အထိ ထမ်းဆောင်ခဲ့သူ ဖြစ်၏။ ၁၉၆၂ -ခုနှစ် စစ်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီအဖွဲ့တွင် ဒုတိယ နေရာတာဝန် ပေးခံရသူဖြစ်၏။ ဗိုလ်ချုပ်နေဝင်း နိုင်ငံခြားခရီးသွားလျှင် တိုင်းပြည်ခေါင်းဆောင်နေရာတွင် တာဝန်ယူထမ်းဆောင်ရ၏။ ၁၉၆၃-ခုနှစ် ဂျပန်ပြည်တွင် စစ်လျော်ကြေးနှင့် ပြန်လည်ဆွေးနွေးမှုလုပ်စဉ် သတင်းစာရှင်းလင်းပွဲမှာ အရပ်သားအစိုးရကို ပြန်လည်အာဏာပေးအပ်ဖို့ အစီအစဉ် ရှိပါသည်လို့ ဖြေကြားခဲ့၏။ ထိုစဉ်က ဗိုလ်ချုပ်နေဝင်း၏ အရမ်းကာ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင် သိမ်းဆီးမှုများ လုပ်ပြီးကာစဖြစ်၍ ဂျပန်-မြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက် သတင်းကောင်းတခု ဖြစ်သွားသလို သူအားမလိုလားသော ရာထူးပြိုင်ဖက် တင်ဖေ၊စန်းယုအဖွဲ့က ဗိုလ်ချုပ်နေဝင်းအား ခြေထိုးယုတ်မာကြတော့သည်။ ထိုအဖြစ်အပျက်များ မတိုင်ခင်ကလည်း သူ၏ ပွင့်ပွင့်လင်းလင်း ဆိုရှယ်လစ်စီးပွားရေးစံနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ရှိ၏။ ဗိုလ်ချုပ်နေဝင်းရဲ့ သူ့ထက်သာသူ၊ သူ့ခြေရာနင်း၊ သူ့ထက်လူကြိုက်များသူတို့အား ဖြုတ်ထုတ်မှု လုပ်လေ့ရှိသောကြောင့် သူ့အားရာထူးမှ ဖယ်ရှားထောင်ချခြင်း ခံခဲ့ရ၏။ တိုင်းပြည်မှ ပညာတတ်များ၊ စီးပွားလုပ်ငန်းရှင်များက ဆိုရှယ်လစ်၏ တိုင်းပြည်ဖျက်ဆီးမှုကို ပာန်တားနိုင်သူ တယောက် ဆုံးရှုံးသည်ဟု သုံးသပ်ခဲ့ကြ၏။

ဦးအောင်ကြီး သည် အောင်စုတင် ဟု ၈၈၈၈ ကာလတွင် နာမည်ကြီးခဲ့သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ဗိုလ်မှုးအောင်အဖြစ်လည်း လူသိများသည်။ နာမည်ကြီး သီချင်းဖြစ်သော ဘကြီးအောင်ညာတယ် ဆိုသော သီချင်းဖြင့်လည်း ခနဲ့ခံရသူဖြစ်သည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

၂၀၁၂ အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီကျောင်းလမ်းနှင့် မောရဝတီလမ်းရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. News. Retrieved on 252012။ Retrieved on Oct 2012။