အောက်စ်ဖိုဒ် တက္ကသိုလ်
| အောက်စ်ဖိုဒ် တက္ကသိုလ် | |
| University of Oxford | |
| ဘုရားသခင်သည် ကျွန်ုပ်တို့၏ အလင်းတန်း | |
| The Lord is my Light | |
| Dominus Illuminatio Mea (လက်တင်) | |
| တည်ထောင်ခုနှစ် | မသိ၊ ၁၀၉၆မှ စတင်ခဲ့ |
| တည်နေရာ | အောက်စ်ဖိုဒ်အင်္ဂလန်နိုင်ငံယူနိုက်တက်ကင်းဒမ်း |
| ရန်ပုံငွေ | £3.772 billion (inc. colleges) |
| အထိမ်းအမှတ်အရောင် | နက်ပြာရောင် |
အောက်စ်ဖိုဒ်တက္ကသိုလ်သည် တက္ကသိုလ်တစ်ခုဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်း ရှိ အောက်စ်ဖိုဒ်မြို့တွင် တည်ရှိသည်။ အင်္ဂလိပ်ဘာသာသည် ပြည်သူတို့၏ ပထမဘာသာဖြစ်သည့်နိုင်ငံများ၏ အအိုဟောင်းဆုံးသော တက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်ကြီးသည် ကောလိပ်ပေါင်း ၃၈ ခုနှစ်ပါရှိပြီး ပုဂ္ဂလိကပိုင် ဟောပြောခန်း ၆ ခုရှိပါသည်။ ဖော်ပြပါအဆောက်အဦးများတွင် ၎င်းတို့၏ ကိုယ်ပိုင်အဆောက်အဦးများရှိ၍ ကိုယ်ပိုင်ဝန်ထမ်းများလည်းထားရှိကြသည်။ ထိုအချင်းအရာသည် တက္ကသိုလ်ပရိဝုဏ်တစ်ခုတွင် နေကြရသည့် အခြားခေတ်သစ် တက္ကသိုလ်များနှင့် အောက်စ်ဖိုဒ်တက္ကသိုလ်၏ အတော်ကြီး ခြားနားသည့် အချက်ပင်ဖြစ်သည်။ အောက်စ်ဖိုဒ်တွင် တက္ကသိုလ် ပရိဝုဏ်မရှိချေ၊ သို့သော် ၎င်းတွင် ဗဟိုဌာနအချို့ရှိပြီး ထိုဗဟိုဌာနနေရာများကို အခြားကောလိပ်များမှ ကျောင်းသားများအတူလာရောက်နိုင်သည် သို့မဟုတ် လေ့လာနိုင်သည့်ပြင် ၎င်းတို့ချင်းလည်း ဆက်သွယ်နိုင်ပါသည်။(ဥပမာအနေဖြင့် အောက်စ်ဖိုဒ် ယူနီယမ်)