အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

Template:Infobox ကု​လ​သမ္မဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်​သမား​အဖွဲ့(အိုင်​အယ်လ်​အို)။ International Labour Organization(ILO)

အပြည်​ပြည်​ဆိုင်​ရာ အလုပ်​သမား​ရေးရာ​အဖွဲ့ (အိုင် အယ်​အို) ကို ၁​၉​၁​၉ ခု​နှစ်​တွင် စတင်​ဖွဲ့​စည်း​တည်ထောင်​ခဲ့​သည်။ အဖွဲ့​၏ ရည်​ရွယ်​ချက်​များ​မှာ လူ​မှု​ရေး တရား​မျှတ​မှု​ကို ရှေ့ဆောင်​ရှေ့​ရွက် ပြု​ရန်​နှင့် ထာ​ဝ​စဉ်​တည်တံ့​သော ကမ္ဘာ့​ငြိမ်း​ချမ်း​ရေး​ကို အ ထောက်​အကူ​ပြု ရန်​ပင်​ဖြစ်​သည်။ ၁​၉​၄​၆ ခု​နှစ်​တွင် အပြည် ပြည်​ဆိုင်​ရာ အလုပ်​သမား​ရေးရာ​အဖွဲ့​သည် ကုလသမဂ္ဂ​၏ အထူး သီးခြား အဖွဲ့​တစ်​ခု​အဖြစ်​သို့ ရောက်​ရှိ​လာ​၏။ အပြည်​ပြည်​ဆိုင်​ရာ အလုပ်​သမား​ရေးရာ အဖွဲ့​သည် အလုပ် လုပ်ကိုင်​မှု အဆင့်​အတန်း​များ တိုးတက် ကောင်းမွန်​လာ​စေ​ရန် အတွက် အလုပ်​သမား၊ အစိုးရ​နှင့် အလုပ်​ရှင်​တို့ သုံး​ပွင့်​ဆိုင် ပူးပေါင်း​ဆောင်ရွက်​နိုင် ကြ​ရန် စုရုံး​ပေး​သည်။ အစိုးရ​များ​အား လည်း ကျွမ်းကျင်​သူ အကူအညီ​နှင့် ပညာသင်​ဆု​များ​ပေး​ကာ ကူညီ လျက်​ရှိ​သည်။ အပြည်​ပြည်​ဆိုင်​ရာ အလုပ်​သမား ရေးရာ​အဖွဲ့​၏ ညီလာခံ​ကို နှစ်စဉ် တစ်​နှစ်​တစ်​ကြိမ် ကျင်းပ​ပြီး အစိုးရ​ကိုယ်စားလှယ် ၂​၄ ဦး၊ အလုပ်​သမား​ကိုယ်စားလှယ် ၁​၂ ဦး​နှင့် အလုပ်​၈ှင် ကိုယ်စားလှယ် ၁​၂ ဦး​ပါ ဝင်​သော အုပ်ချုပ်​ရေး​အဖွဲ့​ကို ညီ​လာ ခံ​က ရွေးချယ်​တင်​မြှောက်​ပေး​ရ​သည်။ ညီလာခံ​က ချ​မှတ်​သော သဘော တူညီ​ချက်​များ​နှင့် အကြံပေး​ချက်​များ​အပေါ် မူ​တည်​၍ အလုပ်​သမား​စံ​နှုန်း​များ​နှင့် အလုပ်​သမား​ဥပဒေ​များ​ကို သတ်​မှတ်​သည်။ အပြည်​ပြည်​ဆိုင်​ရာ အလုပ်​သမား​ရေးရာ အဖွဲ့​တွင် အဖွဲ့​ဝင် ၁​၂​၆ နိုင်ငံ​ပါဝင်​ပြီး အဖွဲ့​၏ ဌာန​ချုပ် ကို ဂျီ​နီ​ဗာ​မြို့​တွင် ထား​ရှိ​သည်။ အဖွဲ့​၏ အနှစ် ၅​၀ မြောက်​ရွှေ​ရတု သဘင်​ကို ၁​၉​၆​၉ ခု​နှစ် ဇွန်​လ​အတွင်း က ဂျီ​နီ​ဗာ​မြို့​တွင် ကျင်းပ​ခဲ့​ရာ ျ​နိုင်ငံ​အသီး​သီး​မှ ကိုယ်စားလှယ် ၁​၃​၀​ဝ ခန့် တက်​ရောက်​ခဲ့​ပေ​သည်။ [၁]

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. မြန်​မာ့​စွယ်​စုံ​ကျမ်း နှစ်​ချုပ် (၁​၉​၇​၈)