ဘော့ဒလီယန် စာကြည့်တိုက်
Wikipedia မှ
ဘော့ဒလီယန် စာကြည့်တိုက် (Bodleian Library) သည် အောက်စ်ဖိုဒ် တက္ကသိုလ်၏ ပင်မ သုတေသီ စာကြည့်တိုက်ဖြစ်ပြီး၊ ဥရောပတိုက်ရှိ အသက်ကြီးဆုံး စာကြည့်တိုက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဗြိတိသျှရှိ အကြီးဆုံးစာကြည့်တိုက်ဖြစ်သည့် ဗြိတိသျှ စာကြည့်တိုက်ပြီးလျင် ဒုတိယအကြီးဆုံးဖြစ်သည်။ အောက်စ်ဖိုဒ် တက္ကသိုလ် တွင်တက်ရောက်နေသူများမှ ဘော့ဒလေ ဟု ခေါ်ဆိုလေ့ရှိပြီး၊ ယူနိုင်တက်ကင်းဒမ်းနိုင်ငံရှိ စာပေထုတ်ဝေမှုများ စုဆောင်းရာ စာကြည့်တိုက် ၆ ခုမှ တစ်ခုဖြစ်သည်။ [၁][၂] အိုင်ယာလန်ဥပဒေအရ အိုင်ယာလန်နိုင်ငံတွင် ထုတ်ဝေသည့် စာပေတိုင်းကို၊ စာကြည့်တိုက်တွင် စုဆောင်းနိုင်ရန် တောင်းဆိုခွင့်ရှိသည်။[၃]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Legal Deposit Libraries Act 2003
- ↑ Agency for the Legal Deposit Libraries
- ↑ S198(5) Copyright and Related Rights Act 2000