သန်းအေး၊ ဒေါ်
| ဒေါ်သန်းအေး | |
| Than E | |
| ဘိလပ်ပြန် သန်း | |
| ၁၆ ဖေဘဝါရီ ၁၉၀၈ - ၁၇ ဇွန် ၂၀၀၇ | |
မသန်းအေး(ဝဲ) နှင့် စာရေးဆရာမ မိမိခိုင် (ယာ) |
|
| ကိုယ်ရေး အချက်အလက် | |
| မွေးရက် | ၁၆ ဖေဘဝါရီ ၁၉၀၈ |
| နိုင်ငံသား | |
| ဘာသာ | ခရစ်ယာန် |
| ပညာရေး | [[ Teacher's Training College London University]](ရန်ကုန် တက္ကသိုလ်) |
| လူသိများခြင်း | လူမှုဝန်ထမ်း၊ အသံလွှင့်သူ၊ ပညာရေးဆရာမ၊ အဆိုတော် |
| ကြင်ဖော် | Warner Fend |
| ကွယ်လွန်ရက် | ၁၇ ဇွန် ၂၀၀၇ |
ဒေါ်သန်းအေး(ဘိလပ်ပြန် သန်း) လူသိများသည့် အဆိုတော် ဖြစ်ပြီး၊ ကုလသမဂ္ဂ၌ (၂၅) နှစ်ကြာ ပထမဆုံး အမှုထမ်းသော မြန်မာအမျိုးသမီးလည်း ဖြစ်သည်။ ၂၀ရာစုနှစ်စမ်းပိုင်းကာလတွင် ဘိလပ်ပြန်သန်း အဖြစ် နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်ခဲ့ပြီး၊ လူမှုဝန်ထမ်းတစ်ဦးအနေဖြင့်လည်း ကုလသမဂ္ဂတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ [၁] သူသည် သြစတီးယားလူမျိုးဖြစ်သည့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဝါနာဖန်းနှင့် အိမ်ထောင်ကျခဲ့ပြီး၊ အောင်ဆန်းစုကြည်နှင့် လွန်စွာ ရင်းနှီးသူလည်းဖြစ်၊ 'စု' မိဘများ၏ မိသားစု သူငယ်ချင်းဖြစ်ခဲ့ခြင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား နယူးယောက်သို့ ပြောင်းရွှေ့နေထိုင်ကာ ကုလသမဂ္ဂတွင် အလုပ်လုပ်ကိုင်စေလိုသူလည်းဖြစ်ခဲ့သည်။[၂] သန်းအေးသည် ဘပ်တစ် ခရစ်ယာန် မိသားစုသို့ မွေးဖွားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် ပညာစည်းပူးခဲ့ပြီး၊ ဆရာ၊ ဆရာမ သင်ကြားရေး ကောလိပ်တွင် တက်ရောက်ခဲ့သည်။[၃]ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်များ မြန်မာနိုင်သို့ ဝင်ရောက်သိမ်းပိုက်ချိန်တွင် ဒေါသန်းအေးသည် အန္ဒိယသို့ တိမ်းရှောင်နေထိုင်ခဲ့ပြီး၊ အားလံုးအတွက် အိန္ဒိယ ရေဒီယို မြန်မာပိုင်းဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး၊ ကျန်ရှိသည့် သူ့၏ ဘဝကို ပြည်ပနိုင်ငံများတွင်သာ ကုန်ဆုံးခဲ့သည်။[၃]၂၀၀၇ ခုနှစ် ဇွန်လ ၁၇ရက်နေ့တွင် အောက်စ်ဖို့ဒ်ရှိ သူ၏ ပင်ဆင်စားနေအိမ်၌ပင် ကွယ်လွန်ခဲ့သည်။[၄]
ဘဝအစ [ပြင်ဆင်ရန်]
ဒေါ်သန်းအေးကို ရန်ကုန်မြို့၌ မိဘများဖြစ်သူ ဦးပိုမြ နှင့် ဒေါ်ထူးတို့မှ မွေးဖွားခဲ့သည်။ ဖခင်သည် ဥရောပကုန်သွယ်ရေး ကုမ္ပဏီတစ်ခု၌ အလုပ်လုပ်ကိုင်ခဲ့ပြီး၊ မြန်မာစာနှင့် ပါလိဘာသာရပ်ကို အမှတ်(၆)ဗိုလ်တထောင် စိန့်ပေါ အမျိုးသားကျောင်းတွင် ဆက်လက် သင်ကြားပို့ချခဲ့သည်။ ထို့အပြင် အင်္ဂလိပ်လူမျိုးများ မြန်မာနိုင်ငံတွင် မြန်မာ့အစိုးရနှင့် ဆက်သွယ်ရန် သို့မဟုတ် စီးပွားရေးလုပ်ကိုင်နိုင်ရန် မြန်မာစာတတ်မြောက်ကြောင်း အောင်လက်မှတ်ပြသနိုင်ရန်အတွက်လည်း သင်ကြားမှုများပို့ချခဲ့သည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ Aung San Suu Kyi (2010). in Michael Aris: Freedom from Fear: And Other Writings. Penguin. ISBN 9781101564004.
- ↑ Popham, Peter (2012). The Lady and the Peacock: The Life of Aung San Suu Kyi. Workman Publishing. ISBN 9781615190645.
- ↑ ၃.၀ ၃.၁ Wintle, Justin (2007). Perfect Hostage. Skyhorse Publishing, 200–201. ISBN 9781602392663.
- ↑ Kyi May Kaung. "Daw Than E- Burmese woman for all seasons", Mizzima, 19 June 2007. Retrieved on 21 September 2012.