 |
| အက်တမ် အမှတ်စဉ် |
၇၉ |
| အက်တမ် အလေးချိန် |
196.9666(4) g·mol−1 |
| ပုံသဏ္ဌန် |
အခဲ |
| သိပ်သည်းဆ |
19.30 g·cm−3 |
| အီလက်ထရို နက်ဂတစ်ဗတီး |
2.54 (Pauling scale) |
| အရည်ပျော်မှတ် |
1064.18 °C |
| ရေဆူမှတ် |
2856 °C |
| ဗင်န်ဒါဝေါလ် အချင်းဝက် |
166 pm |
| အိုင်ဆိုတုပ် မျိုးကွဲပေါင်း |
၅ |
| အီလက်ထရွန်းနစ် ရှဲလ် |
[Xe] 4f14 5d10 6s1 |
ပထမ အိုင်ရွန်နိုင်ဇေးရှင်း
ဖြစ်ရန် လိုသောစွမ်းအင် |
890.1 kJ·mol−1 |
ရွှေသည် သာမန် အပူချိန်နှင့် ဖိအားအောက်တွင် အခဲသဏ္ဌာန် တည်ရှိသည့် သတ္တု ဒြပ်စင်တစ်မျိုး ဖြစ်သည်။ ဓာတုသင်္ကေတမှာ လက်တင် ဝေါဟာရ (Aurum - တောက်ပသည့် အရုဏ်ဦး) ၏ ထိပ်နှစ်လုံး Au ဖြစ်ပြီး အက်တမ်အမှတ်စဉ်မှာ ၇၉ ဖြစ်သည်။ သမိုင်းတင်ခေတ်မှ စ၍ လူသားများသည် ရွှေကို အဖိုးတန် လက်ဝတ်ရတနာများ၊ ခွက်၊ ယောက်၊ ပန်းကန်စသည့် လူသုံးကုန်ပစ္စည်းများ အဖြစ် သွန်းလုပ် အသုံးပြုကြသည်။ မြန်မာ့ ယဉ်ကျေးမှုတွင်မူ စေတီပုထိုးများ၏ ထီးတော်၊ သင်္ကန်းတော်အဖြစ် လည်းကောင်း ဗုဒ္ဓဆင်းတုတော်များအား ရွှေသင်္ကန်း ချရာတွင်လည်းကောင်း အသုံးပြုကြသည်။
ရွှေဝါရောင် ဝင်းလက်တောက်ပသည့် ရွှေသည် သိပ်သည်းဆကြီးပြီး နန်းဆွဲရလွယ်သော ပျော့ပျောင်းသည့် သတ္တုတစ်မျိုးဖြစ်သည်။ လျှပ်လျှောက် ကောင်းသောကြောင့် ယခုခေတ် ကွန်ပျူတာ၏ မားသားဘုတ်၊ အီလက်ထရွန်းနစ် ပစ္စည်း၏ အိုင်စီပြားတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။