အက်တီနီယမ်
အက်တီနီယမ် (Actinium) ဒြပ်စင်သည် ငွေရောင် ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်ခု ဖြစ်ပါသည်။ အနက်ရောင်များ ပါဝင်ပြီး ကြီးမားသော ရေဒီယို သတ္တိကြွခြင်း နှင့်အတူ အပြာရောင် အလင်းတန်းများ အသွင် တောက်ပနေသော ဒြပ်စင်ဖြစ်ပါသည်။ Actinium ဒြပ်စင်အား ၁၈၉၉ ခုနှစ်တွင် ပြင်သစ် ဓါတုဗေဒ ပညာရှင် André-Louis Debierne ဆိုသူမှ စတင်ရှာဖွေ တွေ့ရှိခဲ့ပါသည်။ ၁၉၀၂ ခုနှစ် တွင် Friedrich Otto Giesel က ထပ်မံ အသေးစိတ်ရှာဖွေ လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ Actinium ၏ ဓာတုဗေဒနှင့်ပတ်သက်သော ဂုဏ်သတ္တိ အချက် အလက်များသည် ရှားပါးဒြပ်စင် lanthanum နှင့် ဆင်တူပါသည်။ Actinium ဟူသော အမည်သည် ဂရိဘာသာစကား aktinos မှ ဆင်းသက်လာပြီး အဓိပ္ပါယ် အားဖြင့် ရောင်ခြည်တန်း သို့မဟုတ် ရောင်ခြည်ဟု သတ်မှတ်နိုင်ပါသည်။
မာတိကာ |
အသုံးပြုခြင်း [ပြင်ဆင်ရန်]
Actinium သည် ရေဒီယို သတ္တိကြွမှု မြင့်မားသဖြင့် စက်မှုလုပ်ငန်းများတွင် အသုံးမပြုနိုင်ပေ။ ဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် Actinium-225 ကို အပူစွမ်းအင် ရရှိစေရန် တွဲဖက် အသုံးပြုပါသည်။ အထူးသဖြင့် radioimmunotherapy ကုထုံးများတွင် များစွာ အသုံးဝင်ပါသည်။
သဘာဝမှာတွေ့ရှိမှုအခြေအနေ [ပြင်ဆင်ရန်]
Actinium အား ယူရေနီယမ် သတ္ထုရိုင်းများ ထဲတွင် အနည်းငယ် တွေ့ရှိရပါသည်။ α- ray နှင့် β – ray များ ထုတ်လွှတ်ပြီး တည်ရှိမှု သက်တမ်းသည် ၂၁.၇၇၃ နှစ်ခန့် ရှိပါသည်။ Uranium သတ္ထုရိုင်း ၁ တန်တွင် actinium ၁၀ ဂရမ်ခန့် ပါဝင်ပါသည်။ Actinium ကို Uranium သတ္ထုရိုင်းများ ထဲတွင် အနည်းငယ် တွေ့ရှိရသော်လည်း အဏုမြူ ဓာတ်ပေါင်းဖိုများတွင် 226-Ra ၏ နျူထရွန် ကွဲထွက်ခြင်းမှာ မီလီဂရမ် အနည်းငယ်မျှ ရှိသည် ဟုသာ ဖော်ပြကြပါသည်။ Actinium ၏ အိုင်ဆိုတုပ် တစ်ခုဖြစ်သော Ac-227 ကို သဘာဝတွင် အများအပြား တွေ့ရှိရပါသည်။ Ac-227 (သက်တမ်း ၂၁.၇၇၃ နှစ် )၊ Ac-225 (သက်တမ်း ၁၀ ရက်)၊ Ac-226 (၂၉.၃၇ နာရီ)၊ အစရှိသော အိုင်ဆိုတုပ်များ ကိုလည်း တွေ့ရှိရပါသည်။
ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ [ပြင်ဆင်ရန်]
ရေဒီယို သတ္တိကြွသော Actinium-227 မှ ထုတ်လွှတ်သော ရောင်ခြည်များသည် ကျန်းမာရေးကို များစွာ ထိခိုက်စေပါသည်။ Actinium-227 သည် plutonium ကဲ့သို့ အန္တရာယ်ပေးနိုင်သော ဒြပ်စင်တစ်ခုဖြစ်ပါသည်။ Actinium မှ ထုတ်လွှတ်သော ရောင်ခြည်များကြောင့် မျိုးရိုးဗီဇဆိုင်ရာ ဆဲလ်များ ပျက်စီးစေ နိုင်ပါသည်။ ၎င်း ဒြပ်စင်သည် ခန္ဓာကိုယ်အတွင်း ကြာရှည်စွာ ခိုအောင်းနေနိုင်ပြီး အခြားဆဲလ်များအား ဓါတ်ရောင်ခြည် သင့်စေကာ အမျိုးမျိုးသော ကင်ဆာ ရောဂါများကို ဖြစ်ပွား စေနိုင်ပါသည်။
ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ [ပြင်ဆင်ရန်]
ရေဒီယို သတ္တိကြွစေသော အညစ် ကြေးများ စွန့်ပစ်ခြင်း နှင့်အမှတ်မထင် စွန့်ထုတ်မိခြင်း တို့ကြောင့် ရေထု၊ လေထု နှင့် မြေထုထဲသို့ Actinium-227 များ ရောက်ရှိ နိုင်ပါသည်။ ထို့သို့ ရောက်ရှိခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ ရှိစေနိုင်ပါသည်။
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||