မဂ္ဂနီစီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မဂ္ဂနီစီယမ် (Magnesium)
မဂ္ဂနီစီယမ် ပုံဆောင်ခဲ
အက်တမ် အမှတ်စဉ် 12
အက်တမ် အလေးချိန် 24.305 g.mol -1
သိပ်သည်းဆ 1.74 g.cm -3 at 20 °C
အီလက်ထရို နက်ဂတစ်ဗတီး 1.2
အရည်ပျော်မှတ် 650 °C
ဗင်န်ဒါဝေါလ် အချင်းဝက် 0.16 nm
အိုင်ယွန်နစ် အချင်းဝက် 0.065 nm
အိုင်ဆိုတုပ် မျိုးကွဲပေါင်း 5
အီလက်ထရွန်းနစ် ရှဲလ် [Ne] 3s2
ပထမ အိုင်ရွန်နိုင်ဇေးရှင်း
ဖြစ်ရန် လိုသောစွမ်းအင်
737.5 kJ.mol -1
ရှာဖွေတွေ့ရှိသူ Sir Humphrey Davy
တွေ့ရှိသည့် ခုနှစ် 1808*


မဂ္ဂနီစီယမ် (Magnesium)သည် သတ္တုဒြပ်စင် တမျိုးဖြစ်ပြီး ဒြပ်စင်အလှည့်ကျဇယား (Periodic table) ၏ အုပ်စု အမှတ် -၂ (Group -II) တွင် ပါဝင်ပြီး အတိုကောက်သင်္ကေတ အဖြစ် (Mg) ဟု သတ်မှတ်ထားပါသည်။ ၎င်း၏ အက်တမ် အမှတ်စဉ် သည် ( ၁၂ ) ဖြစ်ပြီး၊ အက်တမ် ၏ အလေးချိန်သည် (၂၄.၃၁၂) ဖြစ်ပါသည်။ မဂ္ဂနီစီယမ် သည် ငွေရောင်သန်းနေသော အဖြူရောင်ဖြစ်ပြီး အလွန်ပေါ့ပါး ပါသည်။ ၎င်း၏ သိပ်သည်းဆ သည် ၁.၇၄ (1740 kg/m3 (0.063 lb/in3 or 108.6 lb/ft3) ) ဖြစ်သည်။ မဂ္ဂနီစီယမ် ကို စက်ရုံများတွင် အလွန်ပေါ့ပါးစွာ တည်ဆောက်ထားသော သတ္တုအဖြစ် ရှေးယခင်ထဲက သိရှိထား သည် ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ နိမ့်ပါးသော အလေးချိန် နှင့် ခံနိုင်ရည် ရှိသောသတ္တုစပ် ပုံစံ ဖြင့်ဖွဲ့စည်းထားသော ကြောင့်ဖြစ်သည်။ မဂ္ဂနီစီယမ် သည် လွယ်ကူစွာ ဓာတ်ပြုနိုင်ပြီး၊ ၎င်းကို ဟိုင်ဒြိုဂျင်ရှိသော ဆူပွက်နေသော ရေထဲတွင်ထားရှိသောအခါ ဆားနှင့် အောက်စီဂျင်ဓာတ်ပေါင်းကို လျော့နည်းသွားစေခြင်းဖြင့် အကောင်းဆုံး သတ္တုကို ထုတ်လုပ်ပေးနိင်ပါသည်။ ၎င်းသည် non-metals များ၊ အက်စစ်များ နှင့် လည်း အတူတကွ ပေါင်းနိုင်သည်။ မဂ္ဂနီစီယမ် ကို ဓာတ်ကူ ပစ္စည်း အဖြစ် ဇီဝဓာတု ဓာတ်ပြုခြင်းများဖြစ်သော လျော့ချခြင်း၊ ပေါင်းစပ်ခြင်း၊ ဟိုက်ဒရိုဂျင်ဖယ်ရှားခြင်းတို့တွင် အသုံးပြုပါသည်။ ၎င်းကို အချိန်ကြာမြင့်စွာအသုံးပြုပြီး အထူးသဖြင့် ပေါင်းစပ်ခြင်း နှင့် အစိတ်အပိုင်းများစွားပါဝင်သော organic တွင် Grignard ပေါင်းစပ်ခြင်းနည်းကို လူအများသိရှိပြီးဖြစ်ပါသည်။ အဓိက သတ္တုများမှာ – Aluminium, Manganese, zircon, zinc, rare-earth metals နှင့် thorium တို့ဖြစ်ပါသည်။

အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

မဂ္ဂနီစီယမ် ဓာတ်ပေါင်းကို (သတ္တု ၊ဖန်) မီးပြင်းဖိုတွင် ပေါင်းစပ်ရန်ခက်ခဲသော သံစတီး၊ သံဓာတ်ပါသော သတ္တု၊ ဖန် နှင့် ဘိလပ်မြေတို့တွင် အသုံးပြုပါသည်။ အထူးသဖြင့် aeroplane နှင့် missile တည်ဆောက်ရေးတွင် ၎င်းကို အလူမီနီယမ်၏ အလေးချိန်လျော့ချရာတွင် အရေးကြီးဆုံး ဖြစ်သည်။ ၎င်း ကို ဖွဲ့စည်းမှု မရှိသေးသော ဓာတုပစ္စည်းများ၊ သတ္တုစပ်များတွင် အများဆုံးအသုံးပြုပါသည်။ မဂ္ဂနီစီယမ် ပါဝင်သော အရာများကို စက်ရုံများ ၊စိုက်ပျိုးမွေးမြူရေး များတွင် ကျယ်ပြန့်စွာအသုံးပြုပါသည်။ မဂ္ဂနီစီယမ်ကို အချို့နေရာများတွင်လည်း အသုံးပြုနိင်ပါသည်။ ဥပမာ- သံ နှင့် စတီးများတွင် ကန့်(sulphur) ကိုဖယ်ထုတ်ခြင်း ၊ ယူရေနီယမ် သန့်စင်ရာတွင်အသုံးပြုခြင်း၊ ဓာတ်ပုံ တံဆိပ်တုံး ထုသော အပြားထုတ်လုပ်ခြင်း ၊ မီးရှူးမီးပန်း ဗြောက်အိုးစသည့်လုပ်ငန်းများ၊ အချက်ပြမီးထုတ်လုပ်ခြင်း နှင့် ဓာတ်ပုံရိုက်ရာတွင် လျှက်တပြက် မီးလုံး ထုတ်လုပ်ခြင်းတို့တွင် အသုံးပြုပါသည်။

သဘာဝတွင်တွေ့ရှိမှုအခြေအနေ[ပြင်​ဆင်​ရန်​]

မဂ္ဂနီစီယမ် သည် ပတ်ဝန်းကျင်တွင် ၈ ခုမြောက် အများဆုံပါဝင်သော ဒြပ်စင်ဖြစ်ပြီး မာကြောသော ကမ္ဘာမြေကြီးတွင် ၂ % ပါဝင်ပြီး၊ ပင်လယ်ရေထဲတွင် တတိယ အပေါ များဆုံးပျော်ဝင်နေသော ဒြပ်စင် ဖြစ်ပါသည်။ ၎င်းသည် သဘာဝအားဖြင့် အလွန်ပေါများပြီး များသောအားဖြင့် ကျောက်တုံးကျောက်ခဲတို့နှင့် ပြည့်နှက်နေသော တွင်းထွက်ပစ္စည်း၊ တွင်းထွက်ပစ္စည်း ကဲ့သော အရာများ သံလိုက်ဓာတ် ပါဝင်သောအရာများ၊ များတွင် တွေ့ရှိရတတ်ပါသည်။ ထို့အပြင် ၎င်းကို ပင်လယ်ရေ၊ မြေအောက်ဆားရည် နှင့် ဆားပါဝင်သော အလွှာများတွင်လည်း တွေ့ရတတ်ပါသည်။ ၎င်းသည် မာကြောသော ကမ္ဘာမြေကြီး ၏ မျက်နှာပြင်တွင် တတိယအများဆုံးပါဝင်ပြီး အလူမီနီယမ် ၊သံတို့ထက် သာလွန်စွာပါဝင်ပါသည်။ အမေရိကန်တွင် ၎င်းသည် အဓိက အထောက်အပံ့ သတ္တုဖြစ်ပြီး 1995 ထိ ကမ္ဘာ ၏ ၄၅%ကို ထုတ်လုပ်ပေးပါသည်။ China ၊ Turkey ၊ North Korea ၊ Slovakia ၊Austria ၊ Russia နှင့် Greece နိုင်ငံများတွင် တွင်းထွက်ပစ္စည်း နှင့် သံလိုက်ဓာတ်ပါသော အရာများကို သတ္တုတွင်းများတွင် ၁ နှစ်လျင် တန်ပေါင်း ၁၀ မီလီယံ ထုပ်လုပ်ပေးပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

လူသားများ သည် မဂ္ဂနီစီယမ် ၁ ရက်ကို ၂၅၀ နှင့် ၃၀၀ မီလီဂရမ် စားသုံးရမှာဖြစ်ပြီး အနည်းဆုံး၂၀၀ မီလီဂရမ် စားသုံးရမှာဖြစ်သည်။ ခန္ဓာကိုယ်အတွက် ၎င်းကို အစားအစာများမှ ရယူနိုင်ပါသည်။ မဂ္ဂနီစီယမ် အဆိပ်အတောက် မဖြစ်သော်လည်း ၄င်းကို အလွန်အကျွံ စားသုံးလျှင် ကြွက်သားများအားနည်းခြင်း၊ ထုံထိုင်းခြင်း နှင့် စိတ်ရှုပ်ထွေးမှုများကို ဖြစ်စေနိုင်ပါသည်။ မဂ္ဂနီစီယမ် အမှုန့်ထိတွေ့ခြင်းဖြင့် အကျိုးသက်ရောက်မှုများမှာ အဆိပ်တောက်အနည်းငယ် ဖြစ်သော်လည်း လူ၏ ကျန်းမာရေးကို မထိခိုက် စေနိုင်ပါ။ ဂဟေဆော်ရာတွင် မျက်မှန်မတပ်ပဲ ဂဟေဆော်လျှင် မဂ္ဂနီစီယမ် အမှုန့်များ မျက်လုံးထဲဝင်ရောနိုင်ပြီး အန္တရာယ်ရှိနိင်ပါသည်။ အရေပြားထဲသို့လည်း ဝင်ရောက်နိုင်ပြီး မဂ္ဂနီစီယမ် အမှုန့် ပမာဏများပါက အန္တရာယ် ရှိနိုင်ပါသည်။ မဂ္ဂနီစီယမ်အောက်ဆိုဒ် အငွေ့လောင်ကျွမ်းခြင်း၊ ဂဟေဆော်ခြင်း သတ္တု အရည်ကျိုခြင်း လုပ်ငန်းများတွင် ထွက်ပေါ်လာသော အငွေ့များသည် လူသားများကို ကိုယ်ပူခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ သို့သော် ၎င်းသည် မဂ္ဂနီစီယမ်အောက်ဆိုဒ် အငွေ့ ဖြစ်ပေါ်ပြီး ၁၂ နာရီ အတွင်း နှင့် နောက်ဆုံး ၄၈ နာရီအတွင်းသာ တွေ့နိုင်ပါသည်။ မဂ္ဂနီစီယမ်အောက်ဆိုဒ် အငွေ့သည် မဂ္ဂနီစီယမ် ကို လောင်ကျွမ်းခြင်းဖြင့် ဖြစ်ပေါ်စေပါသည်။ ရုပ်ပိုင်းဆိုင်ရာအန္တရာယ် များမှာ အမှုန်များသည် လေထုထဲတွင် ရောနှောခြင်းဖြင့် ပေါက်ကွဲနိုင်ခြင်း (သို့) အဖြုန်းစေ့ပုံစံအဖြစ် ပြောင်းလဲနိုင်ပါသည်။ ခြောက်သွေ့နေလျှင် ၎င်းသည် လှည့်ပတ်နေနိုင်ခြင်း ၊ လေနှင့်သက်ဆိုင်သော ပို့ဆောင်ခြင်း နှင့် သွန်ထွက်ခြင်း တို့ကြောင့် လျှပ်စစ်ဓာတ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဓာတုဗေဒနှင့် ပတ်သက်သောအန္တရာယ်များမှာ ၎င်းသည် လေထဲတွင် လောင်ကျွမ်းစေနိုင်ခြင်း (သို့) ရေငွေ့တွင် မအီမသာဖြစ်ခြင်း (သို့) အဆိပ်အတောက် အငွေ့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ၎င်းသည် အောက်စီဂျင် ဓာတ်ပေါင်းများဖြင့် ပြင်းထန်စွာ ဓာတ်ပြုနိုင်ပါသည်။ အခြားသော ဒြပ်စင်များဖြင့်လည်း ပြင်းထန်စွာဓာတ်ပြု ခြင်းဖြင့် မီလောင်နိုင်ခြင်း၊ ပေါက်ကွဲစေခြင်းဖြင့် အန္တရာယ်ဖြစ်ပေါ်စေနိုင်ပါသည်။ အက်စစ်များ နှင့် ဟိုင်ဒရိုဂျင် (see ICSC000 1 ) အရည်များဖြင့် ဓာတ်ပြုပြီး မီးလောင်နိုင်ခြင်း၊ ပေါက်ကွဲစေခြင်းဖြင့် အန္တရာယ်ဖြစ်ပေါ်စေ နိုင်ပါသည်။


ပထမအဆင့်ကာကွယ်ခြင်း[ပြင်​ဆင်​ရန်​]

သန့်ရှင်းသော လေထဲသို့ ဖယ်ထုတ်ခြင်း၊ မျက်လုံးကို ရေဖြင့်ဆေးကြောခြင်း၊ အရေပြားကို ဆပ်ပြာဖြင့် ဆေးကြောခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ အကယ်၍ မဂ္ဂနီစီယမ် အမှုန့် ပမာဏများပါက ကိုယ်တွင်းသို့ဝင်ရောက်နိင်ပြီး အော့အန်ခြင်းကို ဖြစ်စေပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရပါမည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

မဂ္ဂနီစီယမ် အောက်ဆိုဒ် အငွေ့သည် ပတ်ဝန်းကျင်အကျိုးသက်ရောက်မှု အနည်းငယ်သာ တွေ့ရှိရပါသည်။ အခြားနို့တိုက်သတ္တဝါများ အတွက်လည်း ၎င်းကို ရှူရှိုက်ခြင်းဖြင့် လူသားတို့ကဲ့သို့ပင် အန္တရာယ်ကို ဖြစ်ပေါ်စေတတ်ပါသည်။ ၀-၃ မဂ္ဂနီစီယမ်အောက်ဆိုဒ် အငွေ့သည် ပတ်ဝန်းကျင် ရောင်စဉ်အဖြစ် ၀.၈ သတ်မှတ်ထားပါသည်။ ၃ သည် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်စေပြီး ၊ ဝ သည် အန္တရာယ် ဖြစ်စေမှုမရှိခြင်းကို ကိုယ်စားပြုပါသည်။ ပတ်ဝန်းကျင်တွင် ၎င်းသည် သဘာဝအဆိပ်များ၊ အဆိပ်အတောက် ဖြစ်စေသောပစ္စည်းများ နှင့် အဆိပ်အတောက် ကင်းမဲ့သောနေများတွင် ပါရှိပြီး ၊ ဇီဝရုပ်ကြွင်းများတွင်လည်း ပါဝင်ပါသည်။ မဂ္ဂနီစီယမ်အမှုန့်သည် ပတ်ဝန်းကျင်ကို ကြီးမားသော အန္တရာယ်ကို မဖြစ်ပေါ်စေပါ။[၁]

မဂ္ဂနီစီယမ်သည် ပေါ့ပါးသောသတ္တုတစ်မျိုးဖြစ်၏။ မဂ္ဂနီစီယမ်သန့်သန့်ကို တူးဖော်မရနိုင်ဘဲ၊ မဂ္ဂနီစီယမ် ပါဝင်သည့် သဘာဝအလျောက် ဖြစ်ပေါ်နေသော အက်စဗက်စ တော့ (ကျောက်ဂွမ်း) နှင့် မက်ဂနီဆိုက်တို့မှ ထုတ်ယူနိုင်ပေ သည်။ မဂ္ဂနီစီယမ်ကို ၁၈ဝ၈ ခုနှစ်တွင် သိပ္ပံပညာရှင်ကြီး ဆာဟမ်ဖရီဒေဗီဆိုသူက ပထမဆုံးတွေ့ရှိခဲ့သည်။ မဂ္ဂနီစီယမ် ထုတ်ယူပုံမှာ များသောအားဖြင့် ကာနဲလိုက်ခေါ် မဂ္ဂနီစီယမ် ပါသော သတ္တုရိုင်းကို ပထမ အပူတိုက်ပေး၍ အရည်ပျော်စေ ပြီးနောက်၊ လျှပ်စစ်ဓာတ်စီးကို ထိုအရည်တွင် ဖြတ်သန်းသွား စေခြင်းဖြင့် ထုတ်ယူသည်။ ရရှိသောသတ္တုကို ထပ်မံ၍ ပေါင်း ချွေ ခံယူသောအခါ မဂ္ဂနီစီယမ် သန့်သန့်ကို ရရှိသည်။ မဂ္ဂနီစီယမ်စစ်လျှင် ငွေရောင်အဆင်းရှိ၍ စိုထိုင်း သောလေ၌ထားလျှင် တဖြည်းဖြည်း အရောင်မှိန်သွားသည်။ မဂ္ဂနီစီယမ်သည် အထုအရိုက်ခံ၏။ နန်းဆွဲခံ၏။ မီးရှို့လျှင် ဖြူဝင်းတောက်ပသော အလင်းရောင်ကို ဖြစ်စေသောကြောင့် ဓာတ်ပုံရိုက်ရန် အလင်းရောင်ပေးရာ၌ မဂ္ဂနီစီယမ်ကို မီးရှိူ့ ကာ အသုံးပြုကြသည်။ မဂ္ဂနီစီယမ်၏ သိပ်သည်းဆမှာ ၁.၇၄ ရှိ၍ အပူချိန်စင်တီဂရိတ် ၆၃၂.၇ ဒီဂရီ၌ အရည်ပျော်ပြီး လျှင် စင်တီဂရိတ် ၁၁ဝဝ ဒီဂရီ၌ ဆူပွက်သည်။ မဂ္ဂနီစီယမ်ဖြင့် ပေါ့ပါးသောသတ္တုရောများ ပြုလုပ်နိုင်သည်။ မဂ္ဂနီစီယမ် ဆာလဖိတ်မှာ ကျွနု်ပ်တို့ အများဆုံးအသုံးပြုကြသော ဆားခါးပင်ဖြစ်၍ ဝမ်းနုတ်ရန်ကောင်းသောဆေး ဖြစ်သည်။ အခြား မဂ္ဂနီစီယမ် ဓာတ်ဆားများဖြစ်သော ကာဗွန်နိတ်၊ ဟိုက်ဒရောက်ဆိုက်နှင့် အောက်ဆိုက်တို့မှာလည်း အစာအိမ်နှင့် သက်ဆိုင်သောဆေးများ ဖော်ရာ၌ အသုံးဝင်ကြသည်။ မဂ္ဂနီစီယမ်ကလိုရိုက်နှင့် မဂ္ဂနီစီယမ်အောက်ဆိုက်တို့မှာ မီးခံအုတ် များ ပြုလုပ်ရာ၌ များစွာအသုံးဝင်လေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဒြပ်စင်အလှည့်ကျဇယားဘာသာပြန်ဆိုမှုပရောဂျက်တွင် ပါဝင်သူ ကိုထွန်းကိုဦး မှ ဘာသာပြန်ဆိုသည်။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)