ဂါဒိုလီနီယမ်
ဂါဒိုလီနီယမ် (Gadolinium) သည် ပျော့ပြောင်း တောက်ပပြီး ငွေရောင်ရှိသည့် ပုံသွင်းရလွယ်ကူသော သတ္တု တစ်ခုဖြစ်သည်။ ဓာတုဗေဒသင်္ကေတမှာ Gd ဖြစ်သည်။ Periodic Table ရှိ Lanthanide အုပ်စုတွင်ပါဝင်သည်။ ၎င်း သတ္တုသည် ခြောက်သွေ့သော လေထုထဲတွင် အောက်စီဂျင်နှင့် ဓာတ်ပြုခြင်း မဖြစ်နိုင်သော်လည်း စိုစွတ်သောလေထုထဲတွင် ဓာတ်ပြုနိုင်ပါသည်။ Gd သည် ရေနှင့် နှေးကွေးစွာ ဓာတ်ပြုနိုင်ပြီး အက်ဆစ်တွင် ပျော်ဝင်နိုင်ပါသည်။ ၎င်း သတ္တုသည် ၁၀၈၃ ကယ်လ်ဗင် အောက်တွင် လျှပ်စီးကူးမှု အလွန်ကောင်းမွန်ပါသည်။ အခန်းအပူချိန်တွင် အားကောင်းသော သံလိုက်ဓာတ် ရှိသည်။
မာတိကာ |
အသုံးပြုမှု [ပြင်ဆင်ရန်]
ဂါဒိုလီနီယမ် ကို နျူကလီးယား ဓာတ်ပေါင်းဖို များတွင် Control Rod နှင့် Power Plants အပိုင်းများတွင် အသုံးပြုသည်။ ၎င်းကို မိုက်ကရိုဝေ့ဖ် အသုံးပြုသော ကဏ္ဍများအတွက် အသုံးပြုသည်။ ၎င်း၏ ဒြပ်ပေါင်းများကို TV Tubes ရောင်စုံ ရုပ်မြင်သံကြားစက်များ တွင် မီးစုန်းဓာတ်အတွက် အသုံးပြုသည်။ Gd ကို သတ္တု သီးသန့်အနေဖြင့် အသုံးပြုမှု နည်းပါးသော်လည်း သတ္တုစပ် အဖြစ် သံလိုက်ပြုလုပ်ရာတွင် လည်းကောင်း၊ လျှပ်စစ်ပစ္စည်းများတွင်လည်းကောင်းအသုံးပြုသည်။ ဗီဒီယို ကူးစက်များတွင်လည်း Recrodin Heads အဖြစ်အသုံးပြုသည်။ စီဒီခွေများနှင့် ကွန်ပျူတာ မန်မိုရီ များပြုလုပ်ရာတွင်လည်း အသုံးပြုသည်။
သဘာဝတွင်တည်ရှိပုံ [ပြင်ဆင်ရန်]
ဂါဒိုလီနီယမ်သည် ရှားပါးဒြပ်စင်များ ထဲတွင် ပိုမိုပေါများစွာ တည်ရှိသော ဒြပ်စင်တစ်ခုဖြစ်သည်။ သဘာဝတွင် လွတ်လပ်စွာ မတွေ့ရှိနိုင်သော်လည်း ရှားပါးသော သတ္တု အရင်းအမြစ် အမြောက်အများတွင် ပါဝင်ပါသည်။ အဓိက သတ္တုတွင်း နေရာများမှာ တရုတ်၊ အမေရိကန်၊ ဘရာဇီး၊ သီရိလင်္ကာ၊ အိန္ဒိယ နှင့် ဩစတြေးလျ တို့ဖြစ်သည်။ ထုတ်လုပ်ပြီး ပမာဏမှာ တန်ချိန် တစ်သန်း ခန့်ဖြစ်ပြီး ကမ္ဘာ့ ဂါဒိုလီနီယမ် ထုတ်လုပ်သန့်စင်မှုမှာ တစ်နှစ်လျှင် တန် ၄၀၀ ခန့်ရှိပါသည်။
ကျန်းမာရေးသက်ရောက်မှု [ပြင်ဆင်ရန်]
ဂါဒိုလီနီယမ် သည် အခြားသော Lanthanides ဒြပ်စင်များ ကဲ့သို့ပင် မပြင်းထန်သော အဆိပ်အတောက် ဖြစ်စေပါသည်။ ဂါဒိုလီနီယမ် ဆားများသည် အသားအရေ နှင့် မျက်လုံးများကို နာကျင်ကျိန်းစပ် စေနိုင်ပြီး ကင်ဆာဆဲလ် ဖြစ်ဖို့ သံသယရှိစေပါသည်။ Gd ၏ အဆိပ် အတောက်ပမာဏကို အသေးစိတ် လေ့လာဆဲဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင်သက်ရောက်မှု [ပြင်ဆင်ရန်]
ဂါဒိုလီနီယမ် (Gadolinium) သည် အပင်များနှင် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||