ရူဘီဒီယမ်
ရူဘီဒီယမ်သည် အလွန်နူးညံ့ပြီး ဆင်စွယ်ရောင် သတ္တုဒြပ်စင်တစ်မျိုး ဖြစ်ပြီ၍၊ အုပ်စုနံပါတ်တစ်(alkali metals group) တွင် ပါဝင်သည်။ ၄င်းဒြပ်စင်သည် ဓါတ်ဖို သတ္တိရှိပြီး၊ ပတ်ဝန်းကျင်ရှိ သာမာန်အပူချိန်တွင် အရည်အဖြစ် တည်ရှိနိုင်သည်။သို့သော် အပူချိန် မြင့်မားသော နေ့တွင် ၎င်း၏ အရည်ပျော်မှတ်သည် 40 °C ခန့်ရှိတွင် ရှိသည်။ ၄င်းဒြပ်စင်သည် လေထုထဲတွင် ရေနှင့် လျှင်မြန်စွာ ဓါတ်ပြုပေါင်းစပ်နိုင်သည်။ -100 °C တွင် ရေခဲနှင့်ပင် ဓါတ်ပြုနိုင်သည်။ ဟိုက်ထရိုဂျင် ဖယ်ထုတ်နိုင်ရန်အတွက် မီးနှင့်အပူပေးရန် လိုအပ်သည်။ ရူဘီဒီယမ်သည် မာကျူရီကဲ့သို့သော ပြဒါးသတ္ထုစပ်ပုံစံ ဖြစ်ပြီး၊ gold, cesium, sodium, potassium တို့နှင့် သတ္ထုစပ် (alloy) ပြုလုပ်နိုင်သည်။ ထိုသတ္တုစပ်များ၏ မီးတောက်သည် အဝါရောင်ဖျော့ဖျော့ သန်းနေသော ခရမ်းရင့်ရောင် ဖြစ်သည်။
မာတိကာ |
အသုံးပြုခြင်း [ပြင်ဆင်ရန်]
ရူဘီဒီယမ် နှင့် ၎င်းပါဝင်သော ဆားများကို စီးပွားဖြစ် အနည်းငယ် အသုံးပြုသည်။ ၄င်းဒြပ်စင်ကို photocells ထုတ်လုပ်ရာတွင် လည်းကောင်း၊ လေဟာနယ်ပြွန်ထဲမှ လွတ်နေသောဓါတ်ငွေ့များကို ဖယ်ထုတ်သည့် နေရာများတွင် အသုံးပြုနိုင်သည်။ ရူဘီဒီယမ်ဆားများကို ဖန်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခင်းနှင့်၊ မီးရှူးမီးပန်းထုတ်လုပ်သည့် နေရာများတွင် ခရမ်းရောင် ဖြစ်ပေါ်စေရန်အတွက် အသုံးပြုသည်။ ကုန်းသွားယာဉ်များအတွက် ion engines ထဲတွင် အတည်စွမ်းအင် ဖြစ်ပေါ်စေရန်အတွက်လည်း အသုံးပြုသည်။
သဘာဝမှာတွေ့ရှိမှုအခြေအနေ [ပြင်ဆင်ရန်]
ရူဘီဒီယမ်ကို ကမ္ဘာ့မြေမျက်နှာပြင်လွှာထဲတွင် ၁၆ ခုမြောက် အပေါများဆုံး တွေ့ရသော ဒြပ်စင်အဖြစ် သတ်မှတ်ယူဆခဲ့ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြန်လည်သုံးသပ်ချက်အရ ရူဘီဒီယမ်သည် ယခင်တွက်ချက်ထားမှုထက် ပိုမိုပေါများနေသည်ကို တွေ့ရှိရသည်။ ရူဘီဒီယမ်၏ သဘာဝတွင်းထွက် မဟုတ်သော ဆက်စပ်ဒြပ်ပေါင်းများကိုလည်း ထပ်မံတွေ့ရှိရသည်။ သို့သော် ၎င်းသည် lepodite(1.5%), Pollucite နှင့် carnallite ကဲ့သို့သော အခြားတွင်းထွက်ပစ္စည်းများတွင် ပမာဏများစွာ ပါဝင်နေတတ်သည်။ နှစ်စဉ်နှစ်တိုင်း ရူဘီဒီယမ် ပမာဏကို အနည်းငယ်သာ ထုတ်လုပ်သည်။ **
ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ [ပြင်ဆင်ရန်]
ရူဘီဒီယမ်၏ ထိတွေ့ခြင်းအပေါ်သက်ရောက်မှု [ပြင်ဆင်ရန်]
ရူဘီဒီယမ်ကို စားသုံးမိပါက အတန်အသင့် အဆိပ် ဖြစ်စေနိုင်သည်။ ရူဘီဒီယမ် နှင့် ထိတွေ့ပါက အပူလောင်ခြင်းကို ဖြစ်စေသည်။ ရူဘီဒီယမ်သည် rubidium hydroxide ဖြစ်ရန် စိုစွတ်သော အရာများနှင့် လွယ်ကူစွာ ဓါတ်ပြုသည်။ထို့ကြောင့် မျက်လုံး နှင့် အရေပြားတို့ကို ဓါတုဗေဒသဘောအရ လောင်ကျွမ်းမှုများ ဖြစ်စေသည်။
ရူဘီဒီယမ်နှင့် အလွန်အကြူးထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများ [ပြင်ဆင်ရန်]
အသားအရေနှင့် မျက်လုံးကို လောင်ကျွမ်းစေသည်။ ကိုယ်ခန္ဓာ ကြီးထွားမှုကို လျှော့နည်းစေသည်။ ခြေလက်ဆာခြင်း၊ အရေပြားတွင် ပြည်တည်အနာဖြစ်ခြင်းနှင့် ပြင်းပြင်းထန်ထန် စိတ်တုန်လှုပ်လွယ်ခြင်းတို့ကို ဖြစ်စေသည်။
ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ [ပြင်ဆင်ရန်]
ရူဘီဒီယမ်ကို ဇီဝဗေဒ ပိုင်းတွင် သက်ရောက်နိုင်မှု နည်းပါးသည်။ သို့သော် metabolics အပေါ်တွင် အနည်းငယ် သက်ရောက်မှု တွေ့ရသည်။ အဘယ်ကြောင့် ဆိုသော် ပိုတက်ဆီယမ်နှင့် တူညီနိုင်သောကြောင့် ဖြစ်သည်။ ပိုတက်ဆီယမ်သည် ရူဘီဒီယမ်ထက် ပေါကြွယ်ဝသော်လည်း၊ ၄င်းဒြပ်စင် နှစ်မျိုးလုံးကို တွင်းထွက်ပစ္စည်းများနှင့် မြေဆီလွှာထဲတွင် တွေ့ရသည်။ အပင်များသည် ရူဘီဒီယမ်ကို လျှင်မြန်စွာ စုပ်ယူနိုင်သည်။[၁]
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယားဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုရာဇာထွန်းမှ ဘာသာပြန်ဆိုသည်။
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||