ဟိုမီယမ်
ဟိုမီယမ်သည် နူးညံ့ပျော့ပြောင်းပြီး ပုံသွင်းရလွယ်ကူသော တောက်ပသည့် ငွေရောင် သတ္တုတစ်မျိုးဖြစ်ပြီး လန်သန်နိုက်ဒ် (Lanthanide) အုပ်စုတွင် ပါဝင်သည်။ အင်္ဂလိပ်ဘာသာဖြင့် Holmium ဟုရေးသားပြီး ဓာတုဗေဒ သင်္ကေတမှာ Ho ဖြစ်သည်။ ၎င်းသတ္တုသည် အောက်စီဂျင်၊ ရေတို့နှင့် နှေးကွေးစွာ ဓာတ်ပြုနိုင်ပြီး အက်ဆစ်များတွင် ပျော်ဝင်နိုင်ပါသည်။ ၎င်းသည် အခန်းအပူချိန်ရှိ ခြောက်သွေ့သော လေထုတွင် ဓာတ်ပြုခြင်းမရှိပဲ တည်ငြိမ်ပါသည်။
မာတိကာ |
အသုံးပြုခြင်း [ပြင်ဆင်ရန်]
ဟိုမီယမ်သတ္တုစပ်များကို စွမ်းအားအမြင့်ဆုံး သံလိုက်စက်ကွင်းများ ဖန်တီးရာတွင် Magnetic Flux Concentrator အဖြစ်အသုံးပြုကြသည်။ ၎င်းကို နျူးကလီးယား ဓာတ်ပေါင်းဖိုများ၌ Control Rods အပိုင်းတွင်လည်း အသုံးပြုကြသည်။ ဟိုမီယမ်အောက်ဆိုဒ်ကို ဓာတ်ငွေ့အဝါရောင်အဖြစ်လည်း အသုံးပြုသေးသည်။
ပတ်ဝန်းကျင်တွင် တွေ့ရှိရမှု [ပြင်ဆင်ရန်]
ဟိုမီယမ်သည် ရှားပါဒြပ်စင်များထဲတွင် ပိုမိုရှားပါးသော ဒြပ်စင်တစ်ခုဖြစ်သော်လည်း ငွေထက် အဆ ၂၀ ပိုမိုများပြားပါသည်။ တစ်ခြားသော ရှားပါးဒြပ်စင်များကဲ့သို့ပင် ဟိုမီယမ်ကို သီခြား လွတ်လပ်စွာ မတွေ့ရှိရပေ။ အလွန်ငယ်သော အစိတ်အပိုင်းအဖြစ် Monazite and Bastanasite သတ္တုရိုင်းများတွင် တွေ့ရှိရပါသည်။ အဓိက သတ္တုတွင်း နေရာများမှာ တရုတ်၊ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဩစတြေးလျ နိုင်ငံတို့ဖြစ်ကြသည်။ ထုတ်လုပ်ပြီး ဟိုမီယမ်ပမာဏမှာ တန်ပေါင်း ၄၀၀ ၀၀၀ ခန့်ဖြစ်ပြီး ကမ္ဘာ့ ဟိုမီယမ်ထုတ်လုပ်သန့်စင်မှု နှုန်းမှာ တစ်နှစ်လျှင် ၁၀ ဖြစ်သည်။
ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုများ [ပြင်ဆင်ရန်]
ဟိုမီယမ်သည် ဇီဝဗေဒ အခန်းကဏ္ဍတွင် ပါဝင်မှု မရှိပါ။ ၎င်းသည် လူ့ခန္ဓာကိုယ်အတွင်း ပါဝင်မှုပမာဏ အနည်းဆုံး ဒြပ်စင်များထဲမှ တစ်ခုဖြစ်သည်။ အစွမ်းနိမ့် အဆိပ်အတောက်ပမာဏရှိသော်လည်း လူ့ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးနိုင်မှုရှိကြောင်း သတ်မှတ်ထားကြသည်။
ပတ်ဝန်ကျင်သို့ အကျိုးသက်ရောက်မှု [ပြင်ဆင်ရန်]
ဟိုမီယမ်သည် အပင်များနှင့် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့်ထိခိုက်မှုမျှ မဖြစ်စေပါ။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ရေးဆွဲမှုပရောဂျက်တွင် ပါဝင်သူ ကိုအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||