အိုင်စ်တိုင်နီယမ်
အိုင်စ်တိုင်နီယမ်(Einsteinium)သည် အသနိုက်စီးရီးတွင်ပါဝင်သော အဖွဲ့ဝင်တခုလည်းဖြစ်သည်။ အိုင်စ်တိုင်နီယမ် သည် ရေဒီယိုသတ္တိကြွသော သတ္တုဖြစ်သည်။ ၎င်းကို အောက်စီဂျင်၊ ရေနွေးငွေ့ နှင့် အက်စ်ဆစ်များဖြင့် ဖျက်စီးနိူင်သော်လည်း အယ်လ်ကာလီများဖြင့် မဖျက်စီးနိူင်ပေ။ အိုင်စ်တိုင်နီယမ် ကို အယ်လ်ဘတ် အိုင်စ်တိုင်း (Albert Einstein) အား ဂုဏ်ပြု ပေးခဲ့ကြခြင်း ဖြစ်သသည်။ အိုင်စ်တိုင်နီယမ်သည် atomic number မြင့်မားသော elements များထဲတွင် အဆင့်(၇)ရှိသည်။ (၁၉၅၂) ခုနှစ် ဒီဇင်ဘာလတွင် Berkeley တက္ကသိုလ်၊ ကယ်လ်လီဖိုးနီးယားတက္ကသိုလ်မှ Albert Ghiorso နှင့် G.R. Choppin ခေါင်းဆောင်သော အဖွဲ့တို့မှ Los Alamos မြို့၌ အတည်ပြု သတ်မှတ်ခဲ့ကြသည်။ (၁၉၅၂) ခုနှစ် နိူဝင်ဘာလတွင် နျူးကလီးယားလက်နက်မှ စမ်းသပ်မှုမှ အပျက်အစီး အစအနများကို စစ်ဆေးမှုမှ Einsteinium isotope (253Es) ကိုတွေ့ရှိခဲ့သည်။ (253Es) ၏ သက်တမ်းဝက်မှာ 20.5 days ဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် isotope 253 ၏လုံလောက်သော ပမာဏကို (သာမန်မျက်လုံးဖြင့် မြင်နိုင်သောအရွယ်) ရရှိရန် အိုင်စ်တိုင်နီယမ်ကို ထုတ်လုပ်သည်။ ၎င်း isotope 253 သည် 0.01mg အလေးချိန်ရှိပြီး ညီမျှမှုရှိအောင် တိုင်းတာ ပြုလုပ်ထားပါသည်။ ၎င်းသတ္တုမှ Mendelevium(Md) သတ္တုဒြပ်စင်ကို ရရှိရန် အသုံးပြုကြသည်။ နောက်ပိုင်းတွင် အိုင်စ်တိုင်နီယမ်ကို Oak Ridge National ဓာတ်ခွဲခန်းတွင်လည်းထုတ်လုပ်ခဲ့ကြသည်။ အိုင်စ်တိုနီယမ် 3 mg အလေးချိန်ခန့် ရရှိစေရန် လေးနှစ်ကျော်ကြာ ရောင်စဉ်ဖြာထွက်စေခြင်း နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ပလူတိုနီယမ် အိုင်ဆိုတုပ်၏ ၁ ကီလိုဂရမ် ပမာဏကို ဓာတုဆိုင်ရာ ခွဲခြာနည်းဖြင့် ရရှိခဲ့သည်။ အိုင်စ်တီင်နီယမ်၏ isotopes ၁၄ ခုသည် သတ်မှတ်ပြီးဖြစ်သည်။ ယင်းတို့၏သက်တမ်းဝက်မှာ နှစ်စက္ကန့်(အိုင်ဆိုတုပ် ၂၅၇) မှ ၄၇၁ ရက် ( ရှိသော (အိုင်ဆိုတုပ် ၂၅၂) ထိ ကြာမြင့်ကြသည်။
မာတိကာ |
အသုံးပြုခြင်း[ပြင်ဆင်ရန်]
အိုင်စ်တိုင်နီယမ်၏ အသုံးချပြုခြင်းကို လက်ရှိအချိန်၌ တွင်ကျယ်စွာ မတွေ့ရသေးပေ။
ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေ[ပြင်ဆင်ရန်]
လက်ရှိအချိန်၌ အိုင်စ်တီင်နီယမ်ကို သဘာဝတွင် မတွေ့ရှိရသေးသော်လည်း နျူးကလီးယား ဓာတ်ပေါင်းဖိုများတွင် မသိမသာ ပါဝင်ဖြစ်ပေါ်လျှက်ရှိပါသည်။
ကျန်းမာရေးအပေါ်သက်ရောက်မှုများ[ပြင်ဆင်ရန်]
အိုင်စ်တိုင်နီယမ်(Einsteinium)သည် သဘာဝကျကျ မဖြစ်ပွားသေးသည့်အပြင် ကမ္ဘာ့မျက်နှာပြင် အလွှာတွင်လည်း မတွေ့ရှိသေးပေ။ ထို့ကြောင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ကျရောက်နိူင်သော အန္တရာယ် မရှိသေးဟု ဆိုရသော်လည်း ၎င်းဒြပ်စင်မှ ရောင်စဉ်ထုတ်လွှတ်ခြင်းများကိုမူ ကာကွယ်ရန် လိုအပ်ပေသည်။
ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများ[ပြင်ဆင်ရန်]
သဘာဝတွင် အိုင်စ်တီင်နီယမ်(Einsteinium)ကို မတွေ့ရှိရသောကြောင့် ပတ်ဝန်းကျင်နှင့်ဆိုင်သော အန္တရာယ် ဖြစ်ပေါ်မှု အခြေအနေမရှိသေးပေ။
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||