အက်စ်တက်တိုင်း
အက်စ်တက်တိုင်း (Astatine) (ဓာတုသင်္ကေတ- At)သည် အလွန်ပြင်းထန်သော ရေဒီယိုသတ္တိကြွဒြပ်စင်တခုဖြစ်ပြီး ၎င်းသည် လေးလံသော halogen အုပ်စုထဲတွင်ပါဝင်သည်။ ၎င်း၏ ဒြပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများသည် iodine ဒြပ်စင်နှင့် ဆင်တူနိုင်သည်ဟု လက်ခံထားကြသည်။ ၎င်းဒြပ်စင်၏ အားလုံးသော isotopes များ၏ သက်တမ်းဝက်သည် ကာလတိုတောင်းသောကြောင့် အနည်းသာ သုတေသနပြုလုပ်နိုင်ခဲ့သည်။ ၎င်းဒြပ်စင်အကြောင်း သိရှိရသော အချက်အားလုံးသည် ခန့်မှန်းထားချက်များသာ ဖြစ်ပြီး ဒြပ်စင်အလှည့်ကျဇယား (periodic table) ၌ ၎င်း၏တည်နေရာကို iodine ဒြပ်စင်၏အောက်၌ ထားရှိသည်။ ၎င်းဒြပ်စင်အား ဓါတုဗေဒဆိုင်ရာလေ့လာမှုများပြုလုပ်ရာတွင် အလွန်အားပျော့သော ပျော်ရည်အသွင်ပြုလုပ်၍ လေ့လာနိုင်သည်။
မာတိကာ |
အသုံးပြုခြင်း [ပြင်ဆင်ရန်]
၎င်းဒြပ်စင်ကို နျူကလီးယားစက်ရုံများနှင့် သုတေသနပြုလုပ်ရာ ဓါတ်ခွဲခန်းများ ပြင်ပ၌ မတွေ့ရှိနိုင်ပါ။
သဘာဝတွင်တွေ့ရှိမှုအခြေအနေ [ပြင်ဆင်ရန်]
ကမ္ဘာပေါ်၌ ယနေ့ထိ အက်စ်တက်တိုင်း(Astatine) ဒြပ်စင်အား ထုတ်လုပ်မှု ပမာဏသည် ၁ မိုက်ခရိုဂရမ် (1 microgram=one millionth of gram) ခန့်သာရှိပြီး ထိုပမာဏအားလုံးသည် ထုတ်လုပ်ပြီးအချိန်အနည်းငယ်အတွင်း ပြိုကွဲပျက်စီးခဲ့သည်ဟု ခန့်မှန်းချက်များအရ သိရှိရသည်။
ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ [ပြင်ဆင်ရန်]
အချိန်အနည်းငယ်တိုင်းတွင် ကမ္ဘာမြေမျက်နှာပြင်ပေါ်၌ ဖြစ်ပေါ်သော Astatine ဒြပ်စင်၏ စုစုပေါင်း ပမာဏသည် ၃၀ ဂရမ် အောက်နည်းပါးပြီး၊ ဓါတ်ခွဲခန်းအတွင်းမှ ထုတ်နိုင်သော ပမာဏသည် မိုက်ခရိုဂရမ်အနည်းငယ်မျှသာ ဖြစ်သည်။ ထိုပမာဏ နှစ်ခုလုံးသည်အလွန်တိုသော Astatine ဒြပ်စင်၏ သက်တမ်းဝက် (half-life) ကြောင့်လျင်မြန်စွာ ပြိုကွဲပျက်စီးသွားသည်။ ထို့ကြောင့် ၎င်းဒြပ်စင်မှ လူသားတို့၏ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားစရာ မလိုပါ။ Astatine ဒြပ်စင်အား အနည်းငယ်သောနယူကလီယာသုတေသနလုပ်ငန်းများအတွက် ဓါတ်ခွဲခန်းများတွင် လေ့လာမှုများပြုလုပ်ရာ၌ ၎င်း၏ မြင့်မားသော ရေဒီယိုသတ္တိကြွ ရောင်စဉ်ဖြာထွက်ခြင်းကြောင့် လိုအပ်သော အထူးခေတ်မှီစက်ပစ္စည်းကိရိယာများ၊ ကိုင်တွယ်ရေးနည်းပညာများနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပြီးမှသာ လေ့လာမှုများပြုလုပ်သင့်သည်။ အက်စ်တက်တိုင်း(Astatine) ဒြပ်စင်သည် halogen(ဟေလိုဂျင်) တမျိုးဖြစ်ပြီး စားသောက်မိပါက iodine ကဲ့သို့ လည်ချောင်းအတွင်းတွင် စုပုံနိုင်သည်။ ဓါတုဗေဒ ရှူထောင့်မှ ခန့်မှန်းချက်တစ်ခုအရ ၎င်းကို iodine အဖြစ်သို့ တုပပြုလုပ်၍ အသုံးပြုလျင် အဆိပ်အတောက် ဖြစ်စေနိုင်သည်။
ပတ်ဝန်းကျင်သို့သတ်ရောက်မှုများ [ပြင်ဆင်ရန်]
အက်စ်တက်တိုင်း(Astatine) ဒြပ်စင်သည် သက်ရှိများ ရှင်သန်ရာ ဝန်းကျင်တွင် တစ်စုံတစ်ရာအရေးပါသော ပမာဏ ဖြစ်ပေါ်နိုင်ခြင်း မရှိသောကြောင့် သာမန်အခြေအနေတွင် ဆိုးကျိုးဖြစ်နိုင်ရန် အကြောင်းမရှိပါ။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုညီညီဟန်မှ ဘာသာပြန်ဆိုသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||