ပလူတိုနီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပလူတိုနီယမ် (Plutonium) ကို ၁၉၄၁ ခုနှစ်တွင် Dr. Glenn T. Sea Borg and Edwin McMillan, Kennedy, and Wahl တို့က ကယ်လီဖိုးနီးယား နှင့် ဘားကလေး တက္ကသိုလ် တို့ရှိ ဓါတ်ခွဲခန်းမှ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်း ရှာဖွေမှုကို လျှို့ဝှက်ခဲ့ကြသည်။ Neptunium ကို တိုက်ရိုက် ရှာဖွေ ခဲ့ပြီးမှ ပလူတိုနီယမ် ကိုရှာဖွေတွေ့ရှိခဲ့ကြသည်။ တနည်းအားဖြင့် ပလူတိုဂြိုဟ် ကို အစွဲပြု၍ ပလူတိုနီယမ် ဟု အမည်ပေးခဲ့သည်။

ပလူတိုနီယမ် ဒြပ်စင်သည် ငွေရောင်ရှိပြီး အနည်းငယ်ဓါတ်တိုးမှု ပြုလုပ်သောအခါ အဝါဖျော့ဖျော့ အရောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ ပလူတိုနီယမ် အပိုင်းအစကြီး တစ်ခုကို ထိတွေ့ကြည့် ပါက ပူးနွေးနေသည် သိရှိနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အလိုလျှောက် အယ်ဖာရောင်စဉ် ယိုယွင်းမှု (Alpha decay) ဖြစ်စဉ်မှ ထွတ်ရှိလာသော စွမ်းအင်ကြောင့် ဖြစ်သည်။ ကြီးမားသော ပလူတိုနီယမ် အပိုင်းများ သည် ရေဆူပွက် နိုင်သည်အထိ လုံလောက်သော အပူစွမ်းအင် ကို ထုတ်ပေးနိုင်သည်။ ပလူတိုနီယမ် သည် ပြင်းအားရှိသော Hydrochloric acid, Hydroiodic acid သို့မဟုတ် Perchloric acid တို့တွင် ပျော်ဝင်နိုင်သည်။ ၎င်းတို့ဖြင့် ဓါတ်ပြုပါက အမျိုးမျိုးသော ပုံဆောင်ခဲ သဏ္ဌာန်များ ဖြစ်ပေါ်နိုင်သည်။

ပလူတိုနီယမ် ဒြပ်စင် တစ်ခု၏ အရေးပါဆုံး အိုင်ဆိုတုပ် မှာ 239Pu ဖြစ်သည်။ ၎င်း၏ သက်တမ်းဝက် (half-life) မှာ 24,200 years ဖြစ်သည်။ သဘာ၀ ယူရေနီယမ် သတ္တုရိုင်းတွင် ပလူတိုနီယမ်ကို အလွန့်အလွန် သေးငယ်သော ပမာဏမျှသာ တွေ့ရှိနိုင်သည်။ ၎င်းဒြပ်စင်ကို နျူကလီးယား စက်ရုံများတွင် သဘာဝယူရေနီယမ်မှ တွင်ကျယ်စွာ ထုတ်ယူနိုင်သည်။ 238U(n, gamma) –> 239U–(beta) –> 239Np–(beta) –> 239Pu

အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

ပလူတိုနီယမ် ဒြပ်စင်သည် ခေတ်မှီသော နယူးကလီးယား လက်နက်များ ထုတ်လုပ်ရာတွင် ပေါက်ကွဲမှုအတွက် သော့ချက် တစ်ခုဖြစ်သည်။ ပလူတိုနီယမ်သည် ပမာဏ တစ်ခုသို့ ရောက်ရှိပါက ၎င်းကိုယ်တိုင်ပြောင်းလဲခြင်းဖြင့် နျူကလီးယား ဓါတ်ပြုမှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် ပမာဏများစွာ စုပုံခြင်းမှ ရှောင်ကြဉ်ရမည်။ ပလူတိုနီယမ် သည် ဓါတုဗေဒ လက်နက်များတွင် ထည့်သွင်း အသုံးပြုပြီး ပြင်ပသက်ရောက်မှုများကြောင့် ပြောင်းလဲခြင်းမရှိနိုင်သော်လည်း၊ ကိုယ်ပိုင်အပူစွမ်းအင်ကြောင့် ပါတ်ဝန်းကျင်ကို ပြောင်းလဲပျက်စီးစေနိုင်သည်။

ပလူတိုနီယမ် ဒြပ်စင်၏ ပုံသဏ္ဌန်သည် လုံးဝန်း ရွေ့လျားနိုင်ပီ ကျစ်လစ်သော ပုံသဏ္ဌန်အားဖြင့်ဆပ်စပ်နေသည်။ ပလူတိုနီယမ်ဒြပ်စင် ကို radiological weapons များ တီထွင်မှု တွင်လည်း အသုံးပြုနိုင်သည်။ 238Pu သည် Alpha ရောင်စဉ်တန်းများ ကို သက်တမ်းဝက် (half-life) 87 years ဖြင့်ထုတ်လုပ်ပေးသည်။ ပလူတိုနီယမ် သည် လူနေမှု အဆင့်တန်းတစ်ခု အတွက် တိုက်ရိုက်ပြောင်းလဲမပေးနိုင်သော်လည်း လျှပ်စစ်စွမ်းအားများ ထုတ်လုပ်ရာတွင် အသင့်တော်ဆုံး ပစ္စည်းတစ်ခု ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် 238Pu ကို စွမ်းအင် အတွက် Seismic ပစ္စည်းအဖြစ် Apollo-14 lunar လေယာဉ်ပျံ တွင်အသုံးပြု ခဲ့ကြသည်။ ထို့အပြင် လကမ္ဘာပေါ်တွင် အသုံးပြုသော ပစ္စည်းတန်ဆာ များထုတ်လုပ်ရာတွင် အသုံးပြုကြသည်။ ထို့နောက် ၁၉၇၇ ခုနှစ်တွင် လည်း Voyager အမည်ရှိသော သင်္ဘောကြီးတွင် စွမ်းအင် ထောက်ပံ့နိုင်ရန်အတွက် အသုံးပြုခဲ့ကြသည်။ 239Plutonium ကို မျိုဆက်သစ် ခေတ်မှီနယူကလီးယား လက်နက်များ ထုပ်လုပ်ရာတွင် လောင်စာ တစ်ခု အဖြစ် အသုံးပြုနိုင်သည်။

သဘာဝမှာတွေ့ရှိမှုအခြေအနေ[ပြင်​ဆင်​ရန်​]

ပလူတိုနီယမ် ၏ မူလ ဇစ်မြစ် ကို သဘာ၀ ယူရေနီယမ်သတ္တုရိုင်းများထဲတွင် တွေ့ရသည်။ လူသားများ သည် ပလူတိုနီယမ် မြောက်များစွာကို နယူးကလီးယား စက်ရုံများတွင် ထုပ်လုပ်ကြသည်။ နယူးကလီးယား စက်ရုံများ မှ အညစ်ကြေး စွန့်ပစ်မှူ နှင့် လက်နက်ခဲများ ထုတ်လုပ်မှု စီမံကိန်းများ တို့မှလည်း သဘာဝပတ်ဝန်းကျင်သို့ ရောက်ရှိလာနိုင်သည်။ ထိုကဲ့သို့ ရောက်ရှိလာသော ပမာဏသည် အနည်းငယ်မျှသာ ဖြစ်သည်။ နယူးကလီးယား လက်နက်များ စမ်းသက်မှု သည် ပလူတိုနီယမ် ၏ မူလဇစ်မြစ် အခန်း ဂဏ္ဍ တစ်ခုလည်းဖြစ်သည်။ နှစ်စဉ်ကမ္ဘာ့ပလူတိုနီယမ် ထုတ်လုပ်မှု ပမာဏမှာ ၅၀ တန် မျှ ဖြစ်ပြီး၊ လက်နက်နှင့် ဗုံးများ အတွက် အသုံးပြုမှုမှာ တစ်တန်မျှသာ ဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

ကမ္ဘာ့မီဒီယာ သတင်းများက ပလူတိုနီယမ်သည် လူသားများ အဖို့ အဆိပ်အတောက်ဖြစ်စေသော အရာဝတ္ထု ဟု ဖော်ပြခဲ့ကြသော်လည်း၊ လေ့လာသူတို့က ၎င်းယူဆမှုသည် မှန်ကန်မှူ့မရှိကြောင်း ကိုယျေဘူရ သဘောတူညီကြသည်။ ၂၀၀၃ ခုနှစ်တွင် ပလူတိုနီယမ် ကို ထုတ်လုပ်မှုသည် လူသားများကို သေစေနိုင်သော အကြောင်းရာတစ်ခု ဖြစ်သည်ဟု စွပ်စွဲ ခဲ့ကြသည်။ သဘာ၀ဖြစ်စဉ် အရ Radium ဒြပ်စင်သည် ပလူတိုနီယမ် ဒြပ်စင်ထက် ပို၍ ရေဒီယိုအဆိပ်အတောက် ဖြစ်ပွားမှု အဆ ၂၀၀ ခန့် ပိုကြောင်း တွေ့ရသည်။ အရည်အသွေးမပြည့်၀သော တာရှည်ခံအစားအစာများထဲတွင်ပါရှိသည့် ဗက်တီရီးယားပိုးကြောင့် ဖြစ်သော ဇီဝအဆိပ်အတောက် အချို ့သည် ပလူတိုနီယမ် ထက် အဆ ဘီလီယံ သန်းပေါင်းများစွာ ပို၍ အဆိပ်အတောက်ဖြစ်စေသည်။

ပလူတိုနီယမ် ဒြပ်စင်ထဲတွင် ပါဝင်သည့် Alpha ရောင်စဉ်တန်းသည် အရေပြား ကို ထိုးဖောက်ဝင်ရောက်နိုင်ချင်း မရှိပါ။ သို့သော် ပလူတိုနီယမ် ဒြပ်စင်ကို ရှူမိ (သို့) စားသုံးမိပါက ကိုယ်တွင်း အင်္ဂါများကို ဓါတ်ရောင်ခြည်သင့်စေသည်။ ၎င်း ဒြပ်စင်ကို ရှူမိပါက အဆုပ်ထဲသို့ အလွန်သေးငယ်လှသည့် အမှုံများ ဝင်ရောက်သွားနိုင်သည်။ Micrograms မျှလောက်သော ၎င်းပမာဏသည် အဆုပ်ကင်ဆာကို ဖြစ်စေနိုင်သည်။ အလွန်များပြားသော ပမာဏ ကို စားသုံးမိ (သို့) ရှူမိပါက ဓါတ်ရောင်ခြည် အဆိပ်သင့်မှု ကို ကြီးမားစွာ ဖြစ်စေခြင်း နှင့် သေကြေပျက်စီးခြင်းတို့ကို ဖြစ်ပွားစေသည်။ ပလူတိုနီယမ် ကို ပေါက်ကွဲမှု ဖြစ်စဉ်များတွင် အသုံးပြုပါက အန္တရာယ် ဖြစ်စေသည်။ ဥပမာအားဖြင့်ဆိုရသော် နယူကလီးယား နက်လက်ခဲယမ်းများ ထုတ်လုပ်သည် ့နေရာဌာနများ၌ ရုတ်တရက်ဖြစ်စဉ်များ ဖြစ်ပွားတတ်ခြင်း နှင့် နယူးကလီးယား လက်နက်ခဲယမ်းများ ကို လေထုအတွင်း စမ်းသပ်မှုတို့တွင် အန္တရာယ် ဖြစ်စေနိုင်ခြင်းဖြစ်သည်။ ပလူတိုနီယမ် ကို လေထုအတွင်းသို့ ထုပ်လွှတ်လိုက်သော အခါ ၎င်းသည် ကမ္ဘာမြေကြီးသို့နောက်ဆုံး၌ ပြန်လည်ကျရောက်လာပြီး ညစ်ညမ်းမှု နှင့် ပျက်စီးမှုတို့ကိုဖြစ်စေသည်။

ပလူတိုနီယမ် တွင် Gamma ရောင်ခြည် ဖြာထွက်မှုမရှိပါ။ ကျန်းမာရေး အကျိုးဆက် အရ ပလူတိုနီယမ်ကြောင့် လုပ်ငန်းအားလုံး ဆိုးကျိုး မဖြစ်နိုင်ပါ။ သို့သော် လူသားများ အနေဖြင့် ၎င်းဒြပ်စင်ကို ရှူရှိုက်မိသောအခါ ပလူတိုနီယမ် သည် အဆုတ်တွင်း ၊ အရိုးအတွင်း သို့မဟုတ် ကိုယ်တွင်း အင်္ဂါများအတွင်း သို့ရောက်ရှိသွားနိုင်သည်။ ယေဘုယျ အားဖြင့် ၎င်း ဒြပ်စင်သည် ကိုယ်ခန္ဓာအတွင်း ကြာရှည်တည်ရှိစေပြီး တစ်ဆက်ထဲ ခန္ဓာအတွင်းရှိ ဆဲလ် များကို ဓါတ်ရောင်ခြည်သင့်မှု များကိုဖြစ်စေသည်။ နောက်နှစ်အနည်းငယ် ကြာပြီးလျှင် ကင်ဆာ ရောဂါများ ဖြစ်ပွားစေသည်။ ထို့အပြင် ပလူတိုနီယမ်၏ ဆိုးကျိုးအရ ကိုယ်ခံအား ကျဆင်းစေပြီး ၎င်းဒြပ်စင်၏ ဓါတ်ရောင်ခြည်သင့်မှုကြောင့် နောက်ဆုံးတွင် သေကြေပျက်စီး သွားနိုင်သည်။

ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများ[ပြင်​ဆင်​ရန်​]

ရေဒီယိုသတ္တိကြွစေသော အညစ်ကြေးများ စွန့်ပစ်ခြင်းနှင့် အမှတ်မထင် စွန့်ထုတ်မိခြင်း တို့ကြောင့် ရေထုအတွင်းသို့ ပလူတိုနီယမ်များ ရောက်ရှိနိုင်သည်။ ပလူတိုနီယမ်ဖြင့် နယူးကလီးယား လက်နက်ခဲယမ်းများကို စမ်းသပ်ပစ်လွှတ်စဉ် အတွင်း ရေဒီယိုသတ္တိ ကြွစေသော အမှုံများ ကြောင့် ကမ္ဘာ့မြေဆီလွှာများကို ညစ်ငြမ်းမှု ဖြစ်စေသည်။ ပလူတိုနီယမ်ဒြပ်စင် သည် မြေဆီလွှာထဲသို့ဖြည်းဖြည်း ခြင်း စိမ့်ဝင်စေပြီး မြေအောက်ရေအထိ ရောက်ရှိစေသည်။ သစ်ပင်သစ်တောများ သည် ပလူတိုနီယမ်ကို စုပ်ယူနိုင်မှု နည်းပါးသည်။ ထို့ကြောင့် သတ္တဝါများ၏ ခန္ဓာကိုယ်အတွင်းသို့စုပုံရောက်ရှိခြင်း (သို့) စားသောက်ဖွယ် များ အပေါ် ၌ ပလူတိုနီယမ်၏ Bio magnification ဖြစ်ပေါ်ရန် ခဲယဉ်းသည်။