မန်ဒယ်လီဗီယမ်
| မန်ဒယ်လီဗီယမ်(Mendelevium) | |
| အက်တမ် အမှတ်စဉ် | 101 |
|---|---|
| အက်တမ် အလေးချိန် | (258) g.mol -1 |
| သိပ်သည်းဆ | မသိ |
| အီလက်ထရို နက်ဂတစ်ဗတီး | မသိ |
| အရည်ပျော်မှတ် | မသိ |
| ဗင်န်ဒါဝေါလ် အချင်းဝက် | မသိ |
| အိုင်ယွန်နစ် အချင်းဝက် | မသိ |
| အိုင်ဆိုတုပ် မျိုးကွဲပေါင်း | ၁ |
| အီလက်ထရွန်းနစ် ရှဲလ် | [ Rn ] 5f12 6d1 7s2 |
| ရှာဖွေတွေ့ရှိသူ | G.T. Seaborg |
| တွေ့ရှိသည့် ခုနှစ် | ၁၉၅၅ |
မန်ဒဲလီဗီယမ်(Mendelevium) သည် ဓာတ်ခွဲခန်းမှသာထုတ်ယူရရှိနိုင်သည့် ပထမမြောက် transuranic [transuranic elements=ransuranium element, chemical element with an atomic number greater than 92 (which is the atomic number of uranium)] ဒြပ်စင်ဖြစ်သည်။ ဘားကလေး(Berkekey) ဓာတ်ရောင်ခြည်ဓာတ်ခွဲခန်း၌ ၆၀ လက်မ ဒြပ်မှုန်အရှိန်မြင့်စက် (60-inch cyclotron) အတွင်း 253 Es အား ဟီလီယန်(helium) အယ်လဖာ ဒြပ်မှုန် နှင့်တိုက်ခိုက်စေခြင်းဖြင့် 256Md ကိုထုတ်လုပ်ခဲ့သည်။ ၎င်း၏သက်တမ်းဝက်(half life)သည် ရ၆ မိနစ် ရှိပြီး၊ 258Md သက်တမ်းဝက်(half life) သည် ၅၂ ရက် ရှိသည်။ မန်ဒဲလီဗီယမ် ၏ ဓာတုဗေဒဆိုင်ရာ အချက်အလက်များမှာ ၎င်း၏ အက်တမ်အမှတ်စဉ်(Atomic Number)၊ သက်တမ်းဝက်(half life) နှင့် အိုင်ဆိုတုပ်စ်(isotopes) များကြောင့် ကန့်သတ်ချက်များရှိသည်။ ၎င်း၏အိုင်ဆိုတုပ်စ် အကွာအဝေးမှာ ၂၄၄ မှ ၂၆၁ အထိရှိသည်။ မန်ဒဲလီဗီယမ် ကို Periodic table ကို ပထမဆုံးတီထွင်ခဲ့သူ ရုရှားသိပ္ပံပညာရှင် မန်ဒဲလီးယပ်ဖ်အား ဂုဏ်ပြုနာမည်ပေးထားခြင်း ဖြစ်သည်။
မာတိကာ |
အသုံးပြုခြင်း [ပြင်ဆင်ရန်]
ပြောင်းလွယ်ပြင်လွယ် ရှိသော ဒြပ်စင်ဖြစ်သောကြောင့် စီးပွားရေး နှင့် အခြား နေရာများအားလုံးတွင် အသုံးပြုနိုင်ခြင်း မရှိသေးပေ။
ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေ [ပြင်ဆင်ရန်]
ပြောင်းလွယ်ပြင်လွယ် ရှိသော ဒြပ်စင်များသည် သဘာတွင်မတည်ရှိသည့်အပြင် အလွန်မတည်ငြိမ်သော nuclei ဖြစ်ကြောင်း တွေရှိသည်။ ထို့ကြောင့် ၎င်းတို့ကို ရှာတွေ့ရန်ခက်ခဲသည်။
ကျန်းမာရေးအပေါ် သက်ရောက်မှုများ [ပြင်ဆင်ရန်]
မန်ဒဲလီဗီယမ်သည် သဘာဝတွင် ဖြစ်တည်ခြင်း မရှိသည့်အပြင် ကမ္ဘာ့မျက်နှာပြင်လွာတွင် လဲမတွေ့ရပေ။ ထို့ကြောင့် ၎င်း၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများကို ထည့်တွက်စရာမလိုပေ။
ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ [ပြင်ဆင်ရန်]
မန်ဒဲလီဗီယမ်သည် သဘာဝတွင် ဖြစ်တည်ခြင်း မရှိသည့်အပြင် ကမ္ဘာ့မျက်နှာပြင်လွာတွင် လဲမတွေ့ရပေ။ ထို့ကြောင့် ပတ်န်းကျင်အပေါ် သက်ရောက်မှုများကို ထည့်တွက်စရာမလိုပေ။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုငွေတိုးအောင်မှ ဘာသာပြန်ဆိုသည်။
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||