တိုင်‌တေနီယမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တိုက်တေနီယမ်ချောင်း

တိုင်‌တေနီယမ်သတ္တုကို ၁ရ၉၁ ခုနှစ်တွင် အင်္ဂလိင်္ပ်လူမျိုး ဝီလျံဂရက်ဂါဆိုသူက စတင်‌တွေ့ရှိခဲ့သည်။ ဂျာမန်လူမျိုး အမ်၊ အိပ်၊ ကလပ်ပရုပ်ဆိုသူက ရူတီး‌ခေါ် တိုင်‌တေးနီယမ်‌အောက် ဆိုက် တွင်းထွက်ပစ္စည်းရိုင်းမှ ‌အောင်မြင်စွာ ထုတ်ယူ၇ရှိ၍ ဂရိဒဏ္ဍာရီ၌ပါ‌သော ယူ‌ရေးနပ်၏သား တိုင်တန်ကို အစွဲပြုပြီးလျှင် တိုင်‌တေးနီယမ်ဟု အမည်‌ပေးခဲ့သည်။ ကမ္ဘာ့အ‌ပေါ်ယံ ‌မြေလွှာတွင် တိုင်‌တေးနီယမ်သည် ရာခိုင်နှုန်း ဝ. ၆၅ မျှပါဝင် သည်။ ကမ္ဘာ‌ပေါ်တွင် အ‌တွေ့ရအများဆုံး ဒြပ်စင်စာရင်းတွင် ယင်းသည် နဝမ‌မြောက် ဒြပ်စင်ဖြစ်သည်။ အစ်လမင်နိုက်နှင့် ရူတီး တွင်းထွက်ပစ္စည်းရိုင်းနှစ်မျိုးသည် တိုင်‌တေးနီယမ်သတ္တု ထုတ်ယူ ရရှိ‌သော အဓိက ပစ္စည်းနှစ်မျိုးဖြစ်သည်။ သို့‌သော် တိုင်‌တေးနီဖာရပ် မက်ဂနက်တိုက်၊ တိုင်တင်းနိုက်၊ ပီ‌ရော့စ ကိုက်နှင့် အခြားတွင်းထွက်ပစ္စည်းရိုင်များတွင်လည်း ဤသတ္တု ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုကနေဒါနိုင်ငံဆွီဒင်နိုင်ငံဩစတြေးလျနိုင်ငံသီရိလင်္ကာနိုင်ငံအိန္ဒိယနိုင်ငံဘရာဇီးနိုင်ငံရုရှနိုင်ငံနှင့် ‌နော်ဝေနိုင်ငံများတွင် တိုင်‌တေနီယမ် တွင်းထွက်ပစ္စည်းရိုင်းကို အနှံ့အပြား ‌တွေ့ရ သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅