ဖလိုရင်း
ဖလိုရင်း(Fluorine- ဓာတုသင်္ကေတ F) သည် ဒြပ်စင်အားလုံး၏ အီလက်ထရွန် အနုတ်လက္ခဏာနှင့် ဓာတုဓာတ်ပြုနိုင်မှု အကောင်းဆုံးဖြစ်ပြီး၊ စိမ်းဝါရောင် နှင့် Gaseous halogen ပေါင်းစည်းအား (၁) ရှိ သည်။ ဖလိုရင်းသည် Noble gases ဖြစ်သော Krypton, xenon ,radon နှင့် အခြားသော ဒြပ်စင်များနှင့် ဓာတ်ပေါင်းများ ဖြစ်ရန် လွယ်ကူပါသည်။ ထို့အပြင် ဖန်၊ သတ္တု၊ ရေ နှင့်အခြားသော အရာဝတ္ထုများနှင့်လည်း ဓာတ်ပြုနိုင်ပြီး ဖလိုရင်း ဓာတ်ငွေ့ဖြင့် မီးတောက်ကို ပိုမို တောက်စေနိုင်ပါသည်။ အပေါင်းလက္ခဏာ ရှိသော counterpart အချို့နှင့် ဖလိုရိုက် ပေါင်းစပ်၍ ဖလိုရင်း ဓာတ်ပေါင်းများ ဖြစ်စေနိုင်ပါသည်။
မာတိကာ |
အသုံးပြုခြင်းများ [ပြင်ဆင်ရန်]
အက်တမ် အခြေအနေနှင့် မော်လီကျူး အခြေအနေတွင် ရှိကြသော ဖလိုရင်းများကို လျှပ်ကူးပစ္စည်းထုတ်လုပ်ရာ၌ ပလပ်စတစ် ပုံဖော်ရာတွင်လည်းကောင်း၊ Flat panel နှင့် MEMs ထုတ်လုပ် ပြသရာတွင်လည်း ကောင်း အသုံးပြုနိုင်ပါသည်။ ယူရေနီယမ် ထုတ်လုပ်ရာတွင် ဖလိုရင်းကို ဖယ်ယွန် (ferron) ကဲ့သို့ သော်လည်းကောင်း၊ ဟေလွန် (halon) အတွင်းရှိ တတ်ဖလွန် (teflon) ကဲ့သို့သော်လည်းကောင်း အရာဝတ္ထု ပွတ်တိုက်ခြင်းနိယာမ အရ တိုက်ရိုက်အသုံးမပြုနိုင်ပါ။
သဘာဝပတ်ဝန်းကျင်တွင် တွေ့ရှိရမှုအခြေအနေ [ပြင်ဆင်ရန်]
ကမ္ဘာပေါ်တွင် ဖလိုရင်းသတ္တုကို နှစ်အလိုက်ထုတ်လုပ်မှုမှာ ၄သန်း မတ်ထရစ် တန် နီးပါရှိပြီး၊ အရန်သတ္တု မှာသန်း ၁၂၀ မတ်ထရစ်တန် ခန့်ရှှိခဲ့ပါသည်။ အဓိကသတ္တုတွင်း နေရာများမှာ တရုတ်၊ မကဆီကို နှင့်အနောက်ဥရောပနိုင်ငံများဖြစ်ကြသည်။ ဖလိုရင်းကို သဘာဝ တွင် ရွှံစေး၊ ကျောက်မီးသွေး၊ ကျောက်တုံးတို့ တွင်တွေ့နိုင်ပါသည် ။ ဖလိုရင်းသည် လေထဲတွင်ပျံနှံနေပြီး အနည်ထိုင်လေ့ရှိသည်။ ဖလိုရင်းသည် မြေဆီလွှာတွင် ခန့်မှန်းခြေ ၃၃၀ ပီပီအမ် (ppm)ခန့်ပါဝင်ပြီး ၁၄၀ မှ ၄၀၀ ပီပီအမ်(ppm)ထိအစီအရီ ရှိနေတတ်သည်။ အချို့မြေဆီလွှာများတွင် ဖလိုရင်းကို ၁၀၀၀ ပီပီအမ် (ppm) ခန်တွေ့ရှိရပြီး မြေဆီလွှာညစ်ညမ်းမှုကို ၃၅၀၀ ပီပီအမ် (ppm) တွင်တွေ့ရှိရသည်။ စက်ရုံတွေတွင် ဟိုက်ထရိုဂျင်ဖလိုရိုက် ကိုလေထဲမှ ဖယ်ထုတ်ပြီး အပူနှင့်အလင်းကိုထုတ်လုတ်နိုင်ပါသည်။
ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ [ပြင်ဆင်ရန်]
သဘာဝတွင်ရှိသော ဖလိုရင်း ပမာဏအနည်းငယ်သည် ရေ၊ လေ၊ အပင် နှင့် တိရစ္ဆာန်များတွင် တွေ့ရပါသည်။ လူသားများအတွက် zysteကျိုးရလဒ်များမှာ အစားအစာ၊ သောက်သုံးရေ နှင့် အသက်ရှူသည့် လေများကို ဖလိုရင်း ဖြတ်၍ export ဖြစ်စေပါသည်။ ဖလိုရင်းကို အရေအတွက် အနည်းငယ်ရှိသော အစားအစာများ ထဲများတွင် တွေ့နိုင်ပြီး၊ အရေအတွက်များပြားသော အခွံမာရှိသည့် စားကောင်းသည့် ရေသတ္တဝါ နှင့် လက်ဖက်ရည်များတွင် ဖလိုရင်းကိုတွေ့နိုင်ပါသည်။ ဖလိုရင်းသည် ရိုးတွင်းချဉ်ဆီများ ထိန်းသိမ်းရာတွင် အဓိကလိုအပ်ပါသည်။ အကယ်၍ဖလိုရင်းကို တစ်နေ့လျှင်နှစ်ကြိမ် သွားတိုက်ဆေးအဖြစ် အသုံးပြုမည် ဆိုပါက သွားယို့ယွင်းပျက်စီးမှုမှ ကာကွယိနိုင်ပါသည်။ ပြင်းအား အရမ်းများပါက ဖလိုရင်း ဓါတ်ငွေ့သည် သေစေနိုင်သောကြောင့် ၎င်းဓါတ်ငွေ့သည် အန္တရယ်ရှိနိုင်ပါသည်။ ပြင်းအားနည်းလျှင် မျက်လုံးနှင့် နှာခေါင်းတို့ကို ကျိန်းစပ်စေနိုင်ပါသည်။
ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ [ပြင်ဆင်ရန်]
ဖလိုရင်းသည် မြေဆီလွှာများတွင် တည်ရှိပြီးအပင်များတွင် စုပြုံနေတတ်သည်။ မြေဆီလွှာတွင် တွေ့ရသော ဖလိုရင်းအမျိုးအစား၊ ပမာဏနှင့် မြေဆီလွှာ အမျိုးအစား၊ အပင်အမျိုးအစားများ အပေါ်မှုတည်ပြီး ပမာဏအနည်းအများဖြင့် အသုံးပြုနိုင်ပါသည်။ တိရစ္ဆာန်များသည် ဖလိုရင်းရှိသောအပင်များကို စားသုံးလိုက်သောအခါတွင် ၎င်းတို့၏ ခန္ဒာကိုယ်ထဲတွင် ပြင်းအားကြီးမားသော ဖလိုရင်းများကို စုဆောင်းမိလာနိုင်သည်။ အရိုးထဲတွင် ဖလိုရင်းကို ပထမဆုံး စုဆောင်းမိလာနိုင်သည်။ ထို့ကြောင့် ဖလိုရင်းပြင်းအားများသည် များပြားလာပြီး အရိုးများ၊ သွားများကို ပျက်စီးသည် ကိုတွေ့ရပါသည်။[၁]
အခြား စိတ်ဝင်စားစရာများ [ပြင်ဆင်ရန်]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုအောင်ဇော်မင်းမှ ဘာသာပြန်ဆိုသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||