အက်တမ်

From Wikipedia

Atom အက်တမ် ဆိုသည်မှာ အရာဝတ္တု ပစ္စည်းတစ်ခု ၏ အသေးငယ်ဆုံး အစိတ်အပိုင်းအား အက်တမ်ဟု ခေါ်ဆိုပါသည်။ ဂရိ ဘာသာစကား အရ indivisible ခွဲခြားလို့ မရနိုင်သော ဟူပြီး အဓိပ္ပါယ် ရပါသည်။ အက်တမ်၏ ဖွဲ့စည်းပုံမှာ.ထိုအက်တမ် ၏ အလယ်ဗဟို တွင် နယူကလီးယပ်(Nucleus) ရှိပြီး ထို နျူကလီယပ်အား အီလက်ထရွန် (electron)က လှည့် ပါတ်နေပါသည်။ အက်တမ်၏ အလယ်ဗဟို တွင်ရှိသော နယူကလီးယပ်(Nucleus) ထဲတွင် ပရိုတွန်(proton) လျှပ်စစ်အဖိုဂုဏ်သတ္တိ ရှိသည့် အမှုန် နှင့် နယူထရွန်(neutron) မည်သည့် လျှပ်စစ်ဂုဏ်သတ္တိ မှ မဆောင်သော အမှုန်တို့ ရှိပါသည်။ ထို့ကြောင့် နယူကလီးယပ်(Nucleus) သည် လျှပ်စစ်အဖို ဂုဏ်သတ္တိ(positive) အား ပိုင်ဆိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ပရိုတွန် နှင့် နယူထရွန် ရှိသည့် အနက် နယူထရွန်မှာ မည်သည့် ဂုဏ်သတ္တိမှ မပိုင်ဆိုင်သောကြောင့် အဖို ဂုဏ်သတ္တိ ရှိသော ပရိုတွန်က ကြီးစိုးသောကြောင့် နယူကလီးယပ် တွင် အပေါင်း (positive) သို့ လျှပ်စစ်အဖို ဂုဏ်သတ္တိ ရှိပါသည်။ ထို နယူကလီးယပ် အား လှည့်ပါတ်နေသော အီလက်ထရွန်(electron) တွင် လျှပ်စစ်အမ ဂုဏ်သတ္တိ(negative) ရှိပါသည်။ အက်တမ် တစ်ခု လုံးသည် ကား မည်သည့် လျှပ်စစ် ဂုဏ်သတ္တိကို မှ မဆောင် ပါ။ အဘယ်ကြောင့် ဆိုသော် အက်တမ်၏ အလယ်ဗဟို တွင် ရှိသော နယူကလီးယပ်(Nucleus)တွင် အဖို ဂုဏ်သတ္တိ ရှိပြီး ထို နယူကလီးယပ်(Nucleus)အား လှည့်ပါတ်နေသော အီလက်ထရွန်(electron) တွင် အမ ဂုဏ်သတ္တိ ရှိသောကြောင့် အဖို နှင့် အမ ဓါတ်ပြုပြီး..အက်တမ် အမှုန်သည် မည်သည့် လျှပ်စစ်ဂုဏ်သတ္တိမှ မရှိခြင်း ဖြစ်ပါသည်။

အ​ခြား​ဘာ​သာ​ဖြင့်​