ဖာမီယမ်
ဖာမီယမ်(Fermium) သည် ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်ခုဖြစ်ပြီး အက်တမ်အမှတ်စဉ် ၈၉ မှ ၁၀၃ရှိသော (Actinoids) အုပ်စုထဲတွင်ပါဝင်သည်။ ၎င်း၏ ဓာတုဗေဒ ဂုဏ်သတ္တိကို အသေးစိတ်လေ့လာရန် ခက်ခဲသော်လည်း လေ၊ ရေနွေးငွေ၊ အက်ဆစ် တို့ဖြင့်တိုက်စားလျှင် ငွေသတ္တုစပ်အဖြစ်သို့ ပြောင်းလဲနိုင်သည်ဟု ယူဆကြသည်။ Tm ကို (Actinoids) အုပ်စုထဲတွင် ၈ ခုမြောက်အဖြစ် ရှာတွေ့ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် Albert Ghiorso နှင့် သူ၏တွဲဖက် လက်ထောက်များက အပူထုတ်နယူကလီးယားပေါက်ကွဲခြင်း (Thermonuclear explosion) ဖြင့်ဓာတ်ခွဲခန်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၅၃ နှင့် ၁၉၅၄ ခုနှစ်အစောပိုင်းကာလများတွင် အက်တမ် အမှတ်စဉ် ၉၉ နှင့် ၁၀၀ တွေ့ရှိမှုကို လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် ပုံနှိပ်ထုတ်ဝေခွင့်မပြုခဲ့ပေ။ ဆွီဇလန်နိုင်ငံ မြို့တော် Stockholm ရှိ Nobel Institute of Physics မှ အဖွဲ့တစ်ဖွဲ့သည် 238U ကို 16O ion နှင့် တိုက်ခိုက်စေခြင်းဖြင့် ၃၀ မိနစ်ခန့် ကြာသော alpha ရောင်စဉ်တန်း တစ်ခု သီးခြား ထွက်ပေါ်လာသည်။ ထို alpha ရောင်စဉ်တွင် atomic weight 250 ဝန်းကျင်နှင့် proton အရည်အတွက် 100 ပါဝင်နေသည်။ (တနည်းအားဖြင့်ဆိုသော် 100Fm250 ဖြစ်သည်)။ ထိုအဖွဲ့သည် ၎င်းတွေ့ရှိမှုအား ၁၉၅၄ ခုနှစ်တိုင်အောင် ကြေငြာနိုင်ခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် Fm250 အိုင်ဆိုတုပ်အဖြစ် အတိအကျ သတ်မှတ်ခဲ့ကြသည်။ ၎င်းဒြပ်စင်၏ သက်တမ်းဝက်(half-life) မှာ ၃၀ မိနစ်ဖြစ်သည်။ ဖာမီယမ်၏ ဓာတုဗေဒ ဂုဏ်သတ္တိကို လေ့လာရန်မှာ မရှိသလောက်ဖြစ်သည်။ 254Fm နှင့် စွမ်းအားမြင့် အိုင်ဆိုတုပ်ပ်များမှ ပမာဏကြီးမားသော နယူထရွန်စီးကြောင်းကို ပလူတိုနီယမ်ဒြပ်စင် ကဲ့သို့ ထုတ်လွတ်ပေးသည်။ ဖာမီယမ်တွင် အိုင်ဆိုတုပ် ၁၆ ခု ပါဝင်ကြောင်း ုတွေ့ရှိနိုင်သည်။ 257Fm သည် ရက်ပေါင်း ၁၀၀.၅ အထိ သက်တမ်းရှည်နိုင်ပြီး 250Fm သည် ၃၀ မိနစ်သာခံသည်။ 250Fm ကို ဓာတုဗေဒနည်းဖြင့် ခွဲခြမ်းစိတ်ဖြာအတည်ပြုကာ 120Nb (nobelium) ကိုထုတ်လုပ်သည်။
မာတိကာ |
အသုံးပြုခြင်း [ပြင်ဆင်ရန်]
ဖာမီယမ်ကို စီးပွားဖြစ်ထုတ်လုပ်ရန် အကြောင်းပြချက်မရှိပေ။ သို့သော် တနေ့နေ့တွင်တော့ ဆေးပညာနယ်ပယ်တွင် အသုံးချနိုင်ပါလိမ့်မည်။
ကျန်းမာရေးအပေါ်သက်ရောက်မှုများ [ပြင်ဆင်ရန်]
ဖာမီယမ်သည် သဘာဝတွင် ဖြစ်ပေါ်ခြင်းမရှိပေ။ ကမ္ဘာ့မျက်နှာပြင်အလွာ တွင်လဲမတွေ့ရပေ။ ထို့ကြောင့် ၎င်း၏ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ကို ဖော်ပြပြောဆိုနိုင်ခြင်း မရှိပေ။
ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ [ပြင်ဆင်ရန်]
ဖာမီယမ်သည် သဘာဝတွင် ဖြစ်ပေါ်ခြင်းမရှိပေ။ ကမ္ဘာ့မျက်နှာပြင်အလွာ တွင်လဲမတွေ့ရပေ။ ထို့ကြောင့် ၎င်း၏ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများကို ဖော်ပြပြောဆိုနိုင်ခြင်း မရှိပေ။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုငွေတိုးအောင်မှ ဘာသာပြန်ဆိုသည်။
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||