ဒိုင်စပရိုဆီယမ်
ဒိုင်စပရိုဆီယမ် (Dysprosium) သည် တောက်ပ သောငွေရောင် ရှိသည့် သတ္တုတစ်မျိုးဖြစ်သည်။ ဓာတုဗေဒ သင်္ကေတမှာ Dy ဖြစ်သည်။ ၎င်းသတ္တုသည် အောက်ဆီဂျင်နှင့် နှေးကွေးစွာ ဓာတ်ပြုနိုင်သော်လည်း အခန်းအပူချိန်ရှိ လေထုထဲတွင် ဓာတ်ပြုခြင်းမဖြစ်ပဲ တည်ငြိမ်နေတတ်ပါသည်။ ရေအေးနှင့် ဓာတ်ပြုပြီး အက်ဆစ်များ အတွင်း လျှင်မြန်စွာ ပျော်ဝင်သည်။ တောက်ပ၍ အရောင်များစွာရှိသော ဆားဖြစ်နိုင်သည်။ ဒိုင်စပရိုဆီယမ် (Dysprosium) ၏ ဝိသေသလက္ခဏာ များသည် ညစ်ညမ်းမှုများ အနေဖြင့် ပြင်းထန်စွာ သက်ရောက်စေနိုင်သည်။
မာတိကာ |
အသုံပြုမှုများ[ပြင်ဆင်ရန်]
ဒိုင်စပရိုဆီယမ် (Dysprosium)ကို နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် အပူဒဏ်ခံနိုင်သော ကြွေထည်ပစ္စည်းများ နှင့် ပေါင်းစပ်ပြုရာတွင် လည်းကောင်း၊ အပူဒဏ် ခံနိုင်သော သတ္တု အဖြစ်လည်းကောင်း၊ လေဆာ ပစ္စည်းများ ပြုလုပ်ရာတွင်လည်းကောင်း၊ နျူကလီးယားဓာတ်ပေါင်းဖိုတွင် Control Rods အပိုင်းတွင် လည်းကောင်း၊ ဓာတုဗေဒ ဓာတ်ပြုခြင်းများ လေ့လာရာတွင် အနီအောက်ရောင်ခြည် ထုတ်ပေးသော အရင်းအမြစ် အဖြစ်လည်းကောင်း အသုံးပြုသည်။ အခြား အသုံးပြုမှု အနေဖြင့် ရေဒီယို သတ္တုကြွခြင်းအပိုင်းတွင် ရေဒီယို ဓာတ်ရောင်ခြည် ထိသင့်မှုကို တိုင်းတာသော Dosimeters များတွင်သုံးသည်။
သဘာဝမှာတွေ့ရှိမှုအခြေအနေ[ပြင်ဆင်ရန်]
ဒိုင်စပရိုဆီယမ် (Dysprosium)သည် သံဖြူထက် နှစ်ဆ ပိုမို ပေါများသော Lanthanide ဒြပ်စင်များ ထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို များစွာသော သဘာဝသတ္တု အရင်းအမြစ် များတွင် တွေ့ရသော်လည်း သီခြား လွတ်လပ်စွာ မတွေ့ရှိရပါ။ Dy အဓိက ပါဝင်သော သတ္တုရိုင်းများမှာ Monazite နှင့် Bastnasite တို့ဖြစ်သည်။ ကမ္ဘာ့ Dy ထုတ်လုပ်သန့်စင်မှု နှုန်းမှာ တစ်နှစ်လျှင် တန် ၁၀၀ ခန့်ရှိသည်။
ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်ဆင်ရန်]
ဒိုင်စပရိုဆီယမ် (Dysprosium)သည် ဇီဝဗေဒ အခန်းကဏ္ဍ တွင် ပါဝင်မှု မရှိပါ။ ပျော်ဝင် နိုင်သော ဒိုင်စပရိုဆီယမ် (Dysprosium) ဆားများသည် ခန္ဓာကိုယ်အတွင်း ရောက်ရှိပါက အနည်းငယ် အဆိပ်အတောက်ဖြစ်နိုင်သည်။ ပျော်ဝင်နိုင်ခြင်းမရှိသော ဆားများမှာမူ အဆိပ်အတောက် မရှိပါ။ အဆိပ်အတောက် သင့်မှု ပမာဏကို ကြွက်များတွင် စမ်းသပ်တွက်ချက်မှုအရ Dy ပမာဏ ၅၀၀ ဂရမ်နှင့် အထက်သည် လူတစ်ယောက်၏ အသက်ကို အန္တရာယ် ဖြစ်စေနိုင်သည်။
ပတ်ဝန်းကျင်သက်ရောက်မှုများ[ပြင်ဆင်ရန်]
ဒိုင်စပရိုဆီယမ် (Dysprosium) သည် အပင်များနှင့် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုအောင်မျိုးသူမှ ဘာသာပြန်ဆိုသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||